ဩကာသ Okasa နှင့် လောကနီတိ Loka Niti အပိုင်း (၁) Part 1
Researched by- Myoma Myint Kywe
မြို့ မ မြင့်ကြွယ်
မြို့ မ မြင့်ကြွယ်
ဩကာသ ဘုရားရှိခိုး
သြကာသ၊ သြကာသ
သြကာသ၊
ကာယကံ၊
ဝစီကံ၊ မနောကံ၊
သဗ္ဗဒေါသ
ခပ်သိမ်းသောအပြစ်တို့ကို ပျောက်ပါစေခြင်း အကျိုးငှါ၊
ပထမ၊ ဒုတိယ၊
တတိယ တစ်ကြိမ် နှစ်ကြိမ် သုံးကြိမ်မြောက်အောင်
ဘုရားရတနာ၊တရားရတနာ၊သံဃာရတနာ
ရတနာမြတ်သုံးပါးတို့ကို အရိုအသေ အလေးအမြတ် လက်စုံမိုး၍ ရှိခိုးပူဇော် ဖူးမြော်မာန်လျော ကန်တော့ပါ၏
အရှင်ဘုရား။
ဆုတောင်း
ကန်တော့ရသော
အကျိုးအားကြောင့်
အပါယ်လေးပါး၊
ကပ်သုံးပါး၊ ရပ်ပြစ်ရှစ်ပါး၊ ရန်သူမျိုးငါးပါး၊
ဝိပတ္တိတရားလေးပါး၊
ဗျသနတရားငါးပါးတို့မှ အခါခပ်သိမ်း ကင်းလွတ်ငြိမ်းသည်ဖြစ်၍ မဂ်တရား၊ ဖိုလ်တရား
နိဗ္ဗာန်တရားတော်မြတ်ကို ရပါလို၏အရှင်ဘုရား။
Asking
permission to pay Homage.
Okatha,
Okatha, Okatha
(Say Okathaa three times) |
Kayakan, Wezikan, Manawkan,
thaba
dawtha khatheinthaw apyit toego pyaukpa zaychin akyoe ngha
Pa
htama dootiya tatiya,
tachein,
hnichein, thonchein myauk aung
Phayar
Yadana, Tayar Yadana, Thagar Yadana,
Yadana
myat thone par toego
ayo
athay alay amyat let oak moe ywe shi hko puzaw
hpu
hmyaw hman lyawt kadaw bar ei ashin Phayar.
kadaw
yathaw akyoe ah chaungt
Apal
lay bar, cut thone bar, Yapyit shipa,
Yanthu myo ngapar, Weikpathi tayar lay par,
Byat
tana tayar ngar bar do hma akha khat thein kin lut nyein thee hpyit ywe
Met
tayar, Pho taya, Neikban tayar daw myat ko yaba lo ei Ashin Phayar.
(Translation)
Okasa
Okasa Okasa
(asking permission to pay homage)- Venerable Sir:
May I pay obeisance to thee!
So as to be free from all my offences, accumulated from evil deeds done physically,
verbally and mentally. I pay homage to the Three Gems: the Buddha, the Dhamma
and the Samgha, once, twice, thrice with my joined-palms on my forehead very
respectfully and humbly.
(For
the elimination of all offences committed in hatred or anger through my Deeds,
Speeches or Thoughts,
I
respectfully and humbly raise my hands….. once, twice, thrice to the gem of
Buddha, to the gem of Dhamma, to the gem of Samgha in obeisance, adoration,
and subdued pride).
For
this meritorious act and will of obeisance,
May
I be liberated and be freed from the woeful states, namely, the three epochs
of affliction, the eight uncongenial
locations, the five enemies, the four misfortunes and the five losses,
And
thereby attain Magga-phala and finally, Nibbana (ultimate peacefulness; 1st to attain magga-phala;
1st to become sotāpanna;
nibbana, aka nirvana).
|
သြကာသ
ကန်တော့ချိုးမှာ ရှိခိုးဝန်ချတောင်းပန်မှုအပိုင်းနဲ့ ဆုတောင်းတဲ့အပိုင်း နှစ်ပိုင်းရှိပါတယ်။
ဒီအပိုင်းတွေကို
အသေးစိပ်ရှင်းပြရရင် သြကာသ ကတော့
ပါဠိစကားလုံးပါ။ အခွင့်၊ အခွင့်တောင်း
ခြင်းလို့
အဓိပ္ပါယ်ရပါတယ်။ ရှိခိုးဝန်ချတောင်းပန်ခွင့်ပြုဖို့စကားပလ္လင်ခံတဲ့သဘောပါ။
သုံးကြိမ်ဆို
တာကပိုပြီးလေးနက်အောင်လို့ပါ။
နောက် ကာယကံ၊
ဝစီကံ မနောကံ မှာ ကာယကံ က ကိုယ်ဖြင့်ပြုလုပ်တဲ့အမှု၊(စေတနာ)၊ ၀စီကံ က
နှုတ်ဖြင့်ပြောဆိုတဲ့အမှု(စေတနာ)၊
မနောကံ က
စိတ်ဖြင့်ကြံစီတဲ့အမှု(စေတနာ) ကိုဆိုလိုတာပါ။ ကိုယ်နှုတ်နှလုံးသုံးပါးမှာ ကိုယ်အမူအရာနဲ့ ဖြစ်စေ၊စကားဖြင့်ဖြစ်စေ၊စိတ်ဖြင့်ဖြစ်စေဒီသုံးမျိုးဖြင့်
ပြုလုပ်ခြင်းကို
ကံသုံးပါးလို့ ဆိုပါတယ်။ ဒီသုံးပါးမှာတစ်ပါးပါးနဲ့ ပြစ်မှာမိတာတွေကို
ဝန်ချတောင်းပန်မှုပြုခြင်းဖြင့် ကျေပျောက်စေလိုတဲ့ သဘောပါ။
ဒီနေရာမှာ ပြောတဲ့ ကံသုံးပါးနဲ့
ဒုစရိုက်ဆယ်ပါး မှာ လာတဲ့ ကာယကံ၊ ၀စီကံ၊ မနောကံတွေနဲ့
တော့မတူပါဘူး။ ပိုပြီး ကျယ်ကျယ်ပြန့်ပြန့် ပြောရရင် ဒုစရိုက်ဆယ်ပါးမှာ ကာယကံသုံးပါး၊ ၀စီကံ လေးပါး၊မနောကံ က သုံးပါးရှိပါတယ်။
ကာယကံ သုံးပါးက
ပါဏာတိပါတ-သက်ရှိသတ္တ၀ါကိုသတ်ဖြတ်ခြင်း၊
အဒိန္နဒါန-ပိုင်ရှင်မပေးတဲ့
သူတစ်ပါးဥစ္စာကို ခိုးယူခြင်း၊
ကာမေသုမိစ္ဆာစာရ-သူတစ်ပါးသားမယားကို
ပြစ်မှားလွန်ကျူးခြင်းတို့ဖြစ်ပြီး
ဝစီကံ လေးပါးက
မုသာဝါဒါ-လိမ်ညာပြောဆိုခြင်း၊
ပိသုဏ၀ါစာ-
ချောပစ်ကုန်းတိုက်သော စကားကိုပြောဆိုခြင်း၊
ဖရုသ၀ါစာ-ကြမ်းကြုတ်သောစကားကို
ပြောဆိုခြင်း၊
သမ္ဖပ္ပလာပ-အကျိုးမရှိ
ပြိန်ဖျင်းသော စကားကိုပြောဆိုခြင်းတို့ဖြစ်ကာ
မနောကံသုံးပါကတော့
အဘိဇ္ဈာ-အလိုကြီးခြင်း၊
တပ်မက်ခြင်း၊
ဗျာပါဒ-မကောင်းကြံခြင်း၊
စောင်းမြောင်းခြင်း၊
မိစ္ဆာဒိဋ္ဌိ-
မှားယွင်းသောအမြင်အယူတို့ပဲ ဖြစ်ပါတယ်။
ဒါတွေက
မကောင်းတဲ့စရိုက် ဆယ်ပါးဖြစ်ပါတယ်။ ဒီဆယ်ပါးကို
ကျူးလွန်မိပါက
ဝန်ချတောင်းပန်ရုံနဲ့ မကျေပျောက်ပါဘူး။ သူ့ကံအကျိုးပေးမှု ပေါ်ပြီးမှ ကျပျောက်ပါတယ်။)
သဗ္ဗဒေါသနဲ့
ခပ်သိမ်းသော
အပြစ်က အဓိပ္ပါယ်အတူတူပါပဲ။ ပါဠိနဲ့ မြန်မာကိုတွဲပြီး
ရေးထားတာပါ။
ရှိခိုးဝန်ချတောင်းပန်မှုအပိုင်းမှာ အဓိကသိထားသင့်တာတွေကတော့
ဒီလောက်ပါပဲ။
ဆုတောင်းတဲ့အပိုင်းမှာတော့သိထားသင့်တဲ့အပိုင်းတွေကများပါတယ်။
တစ်ခုချင်းရှင်းပြရရင်…
အပါယ်လေးပါး (အပါယ=ပျက်စီး၍ကျရောက်အပ်သော
ချမ်းသာကင်းရာအရပ်)
၁။ ငရဲ၊
၂။ တိရစ္ဆာန်၊
၃။ ပြိတ္တာ၊
၎။ အသုရကာယ်
(အသုရကာယ-ယုတ်ညံ့သောအသုရကာယ်နတ်အပေါင်း)
ကပ်သုံးပါး
(ကပ္ပ=သတ္တ၀ါတို့၏အပြစ်ကံအလျောက်စီရင်ခံရခြင်း)
၁။ ဒုဗ္ဘိက္ခန္တရကပ်
= အစာရေစာ ငတ်မွတ်ခေါင်းပါးခြင်း
၂။ သတ္ထန္တရကပ်
= တိုက်ခိုက်သတ်ဖြတ် စစ်မက်များဖြစ်ပွားခြင်း
၃။
ရောဂန္တရကပ် = အနာရောဂါ ကျရောက်သေကျေ ပျက်ဆီးခြင်း
ရပ်ပြစ်ရှစ်ပါး (မဂ်ဖိုလ်နိဗ္ဗာန်မရနိုင်သော
ဘ၀ဖြစ်တည်မှု)
၁။
ငရဲဘုံ၌ဖြစ်ခြင်း၊
၂။
တိရစ္ဆာန်ဘုံ၌ဖြစ်ခြင်း၊
၃။
ပြိတ္တာဘုံ၌ဖြစ်ခြင်း၊
၎။
အသညသတ်ဘုံ၊ အရူပဗြဟ္မာဘုံ၌ဖြစ်ခြင်း၊
၅။
ပစ္စန္တရစ်အရပ်ခေါ် သာသနာမရှိသောအရပ်၌ဖြစ်ခြင်း၊
၆။
မှားယွင်းသောမိစ္ဆာဒိဋ္ဌိအယူရှိခြင်း၊
၇။
သုဂတိအဟိတ်ပဋိသန္ဓေနေခြင်း (မွေးရာပါ၊ ဆွံ့၊ အ၊ နားမကြားခြင်းစသည်)
၈။
တိဟိတ်ပဋိသန္ဓေ (ခြေလက်အင်္ဂါအစုံအလင်)ဖြစ်သော်လည်း ဘုရားမပွင့်သော ကမ္ဘာ၌ဖြစ်ခြင်း)
ရန်သူမျိုးငါးပါး
၁။ ရေ၊ ၂။
မီး၊ ၃။ မင်း၊ ၄။ ခိုးသူ၊ ၅။ မချစ်မနှစ်သက်သူ
ဝိပတ္တိတရားလေးပါး (ပျက်ဆီးခြင်းသို့ရောက်ခြင်းတရား)
၁။ ဂတိဝိပတ္တိ
= အပါယ်လေးဘုံ၌ဖြစ်ရခြင်း
၂။ ဥပဓိဝိပတ္တ
= ကိုယ်အင်္ဂါချို့ယွင်းသော ခန္ဓာကိုယ်အတ္တဘောကိုရခြင်း
၃။ ကာလ၀ိပတ္တိ
= မကောင်းယုတ်မာသော မင်းတို့၏လက်ထက်၌ ကာလဖောက်ပြန်ခြင်း
၎။
ပယောဂ၀ိပတ္တိ = မကောင်းမှုတို့နှင့်အသက်မွေးခြင်း (အသက်မွေးရခြင်း)
ဗျသနတရားငါးပါး (ပျက်ဆီးခြင်းတရား)
၁။ ဉာတိဗျသန
= ဆွေမျိုးတို့ပျက်ဆီးခြင်း
၂။ ဘောဂဗျသန
= စည်းစိမ်ဥစ္စာများပျက်ဆီးခြင်း
၃။ ရောဂဗျသန
= အနာရောဂါနှိပ်စက်၍ ပျက်ဆီးခြင်း
၎။ သီလဗျသန =
အကျင့်သီလပျက်ဆီးခြင်း
၅။ ဒိဋ္ဌိဗျသန
= မှန်ကန်သည့်အယူဝါဒ ပျက်ဆီးခြင်း
ဩကာသ အဓိပ္ပါယ်(Meaning of Okāsa)
အခွင့်တောင်းခြင်းကို (supplication for permission) ဩကာသ ဟုခေါ်သည်။ ရှိခိုးခွင့်ပြုပါ(ခွင့်လွှတ်ပါ) ဟုခွင့်တောင်းခြင်းဖြစ်သည်။ ရိုသေလေးစားသောအားဖြင့် ဩကာသ၊ ဩကာသ၊ ဩကာသ ဟု သုံးကြိမ်ဆိုရသည်။
အခွင့်တောင်းခြင်းကို (supplication for permission) ဩကာသ ဟုခေါ်သည်။ ရှိခိုးခွင့်ပြုပါ(ခွင့်လွှတ်ပါ) ဟုခွင့်တောင်းခြင်းဖြစ်သည်။ ရိုသေလေးစားသောအားဖြင့် ဩကာသ၊ ဩကာသ၊ ဩကာသ ဟု သုံးကြိမ်ဆိုရသည်။
Okāsa
means the location for the performance of obeisance, adoration, worship and
paying respect.
Okāsa
(In
English)
In
order that all my sins, accumulated from evil deeds done physically, verbally
and mentally, may be eliminated and excused, I raise both folded hands up above
my forehead, worship, honour, greet, and humbly pay homage to the Three
Precious Jewels of the Buddha, the Dhamma and the Samghā; once, twice, thrice I
pray, O My Lord, Sir.
By
this act of salutation may I be excused forever from the four Apāya, the Three
Kappa, the Eight Ahaṭṭkkhaṇa, the Five Verāni, the Four Vipatti, the Five
Vyasana, Diseases; and at the final existence may I attain Magga, Phala and
Nibbāna. O My Lord. Sir.
Buddhaṁ pūjemi = I worship the
Enlightened One (Buddha).
Dhammaṁ pūjemi = I worship the Doctrine, the Law (Dhamma/Dharma).
Sanghaṁ pūjemi = I worship the Order of Sanghā (Monks).
Dhammaṁ pūjemi = I worship the Doctrine, the Law (Dhamma/Dharma).
Sanghaṁ pūjemi = I worship the Order of Sanghā (Monks).
Pāli
Meanings (ပါဠိ အဓိပ္ပါယ်များ)
1. Four Apāya – Four states of Woe [Rebirth in hell, as an animal, a ghost, a demon]
(အပါယ်လေးပါး) – {ငရဲ၊ တိရစ္ဆာန်၊ ပြိတ္တာ၊ အသူရကာယ် တို့၌ဖြစ်ရခြင်း}
1. Four Apāya – Four states of Woe [Rebirth in hell, as an animal, a ghost, a demon]
(အပါယ်လေးပါး) – {ငရဲ၊ တိရစ္ဆာန်၊ ပြိတ္တာ၊ အသူရကာယ် တို့၌ဖြစ်ရခြင်း}
2. Three Kappa – Three Scourges [war,
epidemic, famine]
(ကပ်သုံးပါး) – {လက်နက်ဘေး၊ ရောဂါဘေး၊ အစာအဟာရငတ်ပြတ်ခြင်းဘေး အမျိုးမျိုးတို့ဖြင့် ပျက်စီးခြင်း}
(ကပ်သုံးပါး) – {လက်နက်ဘေး၊ ရောဂါဘေး၊ အစာအဟာရငတ်ပြတ်ခြင်းဘေး အမျိုးမျိုးတို့ဖြင့် ပျက်စီးခြင်း}
3.Eight Ahaṭṭkkhaṇa –
Eight Wrong Circumstances
[(1) Born in hell (2) Born as an animal (3) Born as a ghost (4) Born as a lifeless brahmā, a formless deity
(5) Born with deformed faculty (6) Born in a slum (7) Born as heretic; and
(8) Being born with adequate intelligence but not during the time of the Buddha's arising.]

ရပ်ပြစ်ရှစ်ပါး
{၁။ငရဲ ၂။တိရစ္ဆာန် ၃။ပြိတ္တာ-အသူရကာယ် တို့၌ဖြစ်ရခြင်း
၎။ရုပ်သာရှိ၍ နာမ်မရှိသော အသညသတ်ဗြဟ္မာ – နာမ်သာရှိ၍ ရုပ်မရှိသော အရူပဗြဟ္မာဘုံ၌ ဖြစ်ရခြင်း
၅။တရားကိုနားလည်နိုင်သော ဥာဏ်မရှိသူဖြစ်ခြင်း ( မျက်စိ၊ နားစသည့် အင်္ဂါကြီးငယ်ချို့တဲ့ခြင်း – ဣနြေ္ဒချို့တဲ့သူ )
၆။(ဘုရားနှင့် ရဟန္တများမရောက်သော)တိုင်းစွန်နယ်ဖျား ဆင်းရဲသောဇနပုဒ်၌ဖြစ်ရခြင်း ၇။အယူအဆမှားယွင်းသူဖြစ်နေဖြင်း
၈။အသိဥာဏ်ပြည့်ဝစွာဖြင့် မွေးဖွားသော်လည်း ဘုရားပွင့်သောအချိန်အခါ၌မဟုတ်ခြင်း – ဘုရားမပွင့်သောအခါ လူဖြစ်ရခြင်း
(ဘုရားပွင့်ဆဲအခါ ၇-ပါး၊ မပွင့်သောအခါ ၁-ပါး၊ ပေါင်းရပ်ပြစ်
၈-ပါး)}
4. Five Verāni – Five Enemies [ tyrants
(wicked king), conflagration(destroyed fire)
, flood, robber, foe (enemy) ]
(ရန်သူမျိုးငါးပါး) – {မင်းဆိုး, မီး, ရေ, ခိုးသူ, မချစ်မနှစ်သက်သူ}
(ရန်သူမျိုးငါးပါး) – {မင်းဆိုး, မီး, ရေ, ခိုးသူ, မချစ်မနှစ်သက်သူ}
5. Four Vippatti –
Four Deficiencies
[(1)Dark age, wartime depression time (2)Born in four states of woe
(3)unlawful earning of life (4)physically deformed]
[(1)Dark age, wartime depression time (2)Born in four states of woe
(3)unlawful earning of life (4)physically deformed]
ဝိပ္ပတ္တိတရားလေးပါး
{၁။ လူများစရိတ္တပျက်၊ မင်းဆိုးမင်းယုတ် အုပ်စိုးသောကာလ၊ စစ်ဖြစ်သောအချိန်ကာလ၊ ခေတ်ကာလဖောက်ပြန်ခြင်းကာလ တို့၌ဖြစ်ခြင်း
၂။ လားရာဂတိဖောက်ပြန်ချို့ယွင်းခြင်း( အပါယ်လေးပါး၌ဖြစ်ခြင်း )
၃။ အသိ အလိမ္မာ ဥာဏ်ပညာ လုံလ၀ီရိယဖောက်ပြန်ချို့ယွင်းခြင်း
( မတရားသဖြင့် အသက်မွေးခြင်း )
၎။ ရုပ်ဆင်းအင်္ဂါဖောက်ပြန်ချို့ယွင်းပျက်စီးခြင်း}
၎။ ရုပ်ဆင်းအင်္ဂါဖောက်ပြန်ချို့ယွင်းပျက်စီးခြင်း}
6. Five Vyasanas –
Five Misfortunes [ Loss of; relatives, wealth, health, virtue - moral
destruction, ideology - view ]
-ဗျသနတရား ငါးပါး-
(ပျက်စီးဆုံးရှုံးခြင်းဟူသော ဗျသနတရား) –
{ ဆွေမျိုး၊ စည်းစိမ်၊ အနာရောပါ၊ သီလ
တို့ပျက်စီးခြင်း၊ အယူဝါဒ မှားယွင်း ပျက်စီးခြင်း }
အင်္ဂလိပ်စာပါ အဓိပ္ပယ်များ
၁။Order – အလို့ငှာ ၂။sins – အပြစ် ၃။accumulated – တိုးပွားများပြားလာသော ၄။evil deeds – အကုသိုလ်
၁။Order – အလို့ငှာ ၂။sins – အပြစ် ၃။accumulated – တိုးပွားများပြားလာသော ၄။evil deeds – အကုသိုလ်
၅။physically
– ကာယကံ ၆။verbally – ၀စီကံ ၇။mentally – မနောကံ ၈။eliminated – ပယ်ဖျက်သည်
၉။excused
– ခွင့်လွတ်သည် ၁၀။both folded hands up – လက်အုပ်မိုး ၁၁။forehead – နဖူး ၁၂။worship
– ရှိခိုး
၁၃။humbly
pay homage – မာန်လျှော့၊ အရိုအသေပေး ၁၄။Three Precious Jewels – ရတနာမြတ်သုံးပါး ၁၅။pray – တောင်းပန်
၁၆။my
Lord – အရှင်ဘုရား ၁၇။salutation – ဂါရ၀ပြုခြင်း ၁၈။final
existence – နောက်ဆုံးဘ၀ ၁၉။attain – ရရှိသည်
၂၀။obeisance
– ဦးခေါင်းညွှတ်၍ အရိုအသေပေးခြင်း ၂၁။adoration ကြည်ညိုခြင်း
သြကာသ ဘုရားရှိခိုး ကို ပုဂံခေတ်၊ ရှင်အရဟံမထေရ် ရေးသားသည် ဟု ပညာရှင်များ
ယူဆကြသည်။
သရဏံဂုံ သုံးပါး Three Jewels
လောကုတ္တရာ ရတနာကား (၁) ဘုရား (၂) တရား (၃) သံဃာ ဟူ၍
သုံးပါးဖြစ်သည်။ ယင်းသုံးပါးကို သရဏဂုံသုံးပါး လည်း ခေါ်သည်။
တစ်လောကလုံး၌ ရှိရှိသမျှ လောကီရတနာများကား လောကုတ္တရာ
ရတနာများနှင့် အနည်းငယ်မျှ မတူပေ။ သို့အတွက် တစ်လောကလုံး၌ လောကုတ္တရာ ရတနာဖြစ်သော
ဘုရား၊ တရား၊ သံဃာတို့သာ အကောင်းဆုံး အမြင့်ဆုံး အမြတ်ဆုံးရတနာများ ဖြစ်လေသည်။
ဘုရား တရား
သံဃာ ရတနာသုံးပါးကို ယုံကြည်ဆည်းကပ်ခြင်းသည် သရဏဂုံတည်ခြင်း ဖြစ်ပါသည် ။
မြတ်စွာဘုရားကို
ကိုးကွယ်ဆည်းကပ်ပါ၏။
" I take refuge in the Buddha "
Buddham
saranam gacchāmi
တရားတော်မြတ်အပေါင်းကို ကိုးကွယ်ဆည်းကပ်၏။
" I take refuge in the Dhamma "
Dhammam
saranam gacchāmi
သံဃာတော်မြတ်အပေါင်းကို ကိုးကွယ်ဆည်းကပ်ပါ၏။
" I take refuge in the Sangha "
Sangham
saranam gacchāmi
(၁) ဘယ - ဘေးရန်ကင်းရှင်း စေပါသည် ။
(၂) သန္တာသ - ကြောက်ရွံမှု ပူလောင်မှု မှန်သမျှကို ပျောက်ကင်းစေပါသည် ။
(၃) ဒုက္ခ - ကိုယ်ဆင်းရဲခြင်း စိတ်ဆင်းရဲခြင်းကိုလည်း ပျောက်ကင်းစေပါသည် ။
(၄) ဒုဂတိ - အပါယ်လေးဘုံ ကျရောက်မည့် ဘေးကိုလည်း ပယ်ပျောက်စေပါသည် ။
(၅) ပရိကိလေသ - မိမိစိတ်၏ ညစ်နွမ်းမှု မှန်သမျှတွေကိုလည်း ပယ်ပျောက်စေပါသည် ။

(၁) ပါဏာတိပါတာ ဝေရမဏိ သိက္ခာပဒံ သမာဒိယာမိ။
Pāṇātipātā veramaṇī sikkhāpadaṃ samādiyāmi.
I abstain from killing living things.
(သူ့အသက် သတ်ခြင်းမှ ရှောင်ကြဉ်ပါ၏။)
Adinnādānā veramaṇī sikkhāpadaṃ samādiyāmi.
I abstain from stealing others' properties.
(သူတစ်ပါး ပစ္စည်း ခိုးယူခြင်းမှ ရှောင်ကြဉ်ပါ၏။)
(၃) ကာမေသုမိစ္ဆာစာရာ ဝေရမဏိ သိက္ခာပဒံ သမာဒိယာမိ။
Kāmesumicchācāra veramaṇī sikkhāpadaṃ samādiyāmi.
I abstain from sexual misconduct.
(သူတစ်ပါး သားမယား ပြစ်မှားခြင်းမှ ရှောင်ကြဉ်ပါ၏၊)
(၄) မုသာဝါဒါ ဝေရမဏိ သိက္ခာပဒံ သမာဒိယာမိ။
Musāvādā veramaṇī sikkhāpadaṃ samādiyāmi.
I abstain from lying.
(လိမ်ညာ ပြောဆိုခြင်းမှ ရှောင်ကြည်ပါ၏၊)
(၅) သုရာ မေရယ မဇ္ဇပမာဒဋ္ဌာနာ ဝေရမဏိ သိက္ခာပဒံ သမာဒိယာမိ။
Surāmerayamajjapamādaṭṭhānā veramaṇī sikkhāpadaṃ samādiyāmi.
I abstain from taking intoxicating drinks and drugs.
( သေရည် အရက်သောက်ခြင်းမှ ရှောင်ကြဉ်ပါ၏။)
တရား အားထုတ်ရန် ကျင့်စဉ်အလင်္ကာ
1. ဆိတ်ငြိမ်ရာတွင် ချဉ်းကပ်ဝင် အစဉ်ရှုပွား။
Approach a quiet place to practise meditation constantly.
Approach a quiet place to practise meditation constantly.
2. တင်ပလင်ခွေကာ (ကြုံကြုံနဲ့သာ) ထိုင်နေပါ ကိုယ်မှာ ဖြောင့်စွာထား။
Sit a cross-legged form (for men ), courtesy form ( for women ) and straighten the body.
Sit a cross-legged form (for men ), courtesy form ( for women ) and straighten the body.
3.ဘယ်လက်ပေါ်မှာ ညာတင်ပါ ကိုယ်မှာသက်သာထား။
Put the right palm on the left and keep the body comfortable and relaxed.
Put the right palm on the left and keep the body comfortable and relaxed.
4. မျက်စိမှေးကာ မှိတ်ထားပါ စိတ်မှာ တည်ကြည်ထား။
Close the eyes lightly and keep the mind calm and relax.
Close the eyes lightly and keep the mind calm and relax.
5. နှာသီးဝ မှာ ထိ-သိ ကာ ၊ မှတ်ဥာဏ်ယှဉ်ပွား။
Concentrate
with insight on the touch and awareness at the entrance of the nose.
6. ထိ-သိ ဆတ်ဆတ် အသိကပ် မပြတ်ရှုကာပွား။
Mediate with mindfulness just at the presence of in-and-out breathing.
Mediate with mindfulness just at the presence of in-and-out breathing.
7. မကြမ်း မနု၊ လယ်လတ်ရှု့ သိမှုကပ်ခါထား။
Keep the normally middle way of breathing neither strong nor soft.
Keep the normally middle way of breathing neither strong nor soft.
8. မပြတ်လုံ့လ ၀ီရိယ ပြည့်ဝစုံညီ မြတ်ယောဂီ။
Keep on with a continuous endeavor.
Keep on with a continuous endeavor.
9. မပြတ်သတိ ဥာဏ်နှင့်ကြည့် ရှုသိနေသည်မြတ်ယောဂီ။
Meditate on the Phenomena of mind and body with a constant awareness.
Meditate on the Phenomena of mind and body with a constant awareness.
10. မပြတ်ဥာဏ်ယှဉ် သမဇဉ် အစဉ်ရှုသည် မြတ်ယောဂီ။
Meditate constantly accompanied with mindful insight.
Meditate constantly accompanied with mindful insight.
11. မရှုပွားက ဥာဏ်မရ မဂ်ဝေးမည်သာ၊
If you are negligent (careless) in meditation, you will be far away from insight knowledge of the path.
If you are negligent (careless) in meditation, you will be far away from insight knowledge of the path.
12. မဂ်နှင့်ဝေးက ပါယ်လေးဝ ရောက်ရလိမ့်ဦးမှာ။
If you are far away from the path, you may fall down again into the four states of woe (Rebirth in hell, as an animal, a ghost, a demon)
If you are far away from the path, you may fall down again into the four states of woe (Rebirth in hell, as an animal, a ghost, a demon)
13. ရှု့ပွားကျင့် ဥာဏ်မြင့်က မဂ်ရဖိုလ်ဆိုက်မှာ။
Only when you practise meditation, then can you realize the Path and fruition.
Only when you practise meditation, then can you realize the Path and fruition.
14. မင်္ဂဖိုတရား ရလိုငြား ကြိုးစားရမည် မြတ်ယောဂီ။
If you really want to attain the path, fruition and Nibbana, you must ardently strive for insight meditation.
If you really want to attain the path, fruition and Nibbana, you must ardently strive for insight meditation.
15.နှာဖျားသိကပ် ဥာဏ်နှင့်မှတ် မပြတ်ရှု့ပါ ထိသိကာ။
Concentrate with insight on the touch and awareness at the tip of the nose.
Concentrate with insight on the touch and awareness at the tip of the nose.
16.လျောင်း-ထိုင်-ရပ်-သွား သည်လေးပါး ရှုပွားကျင့်ပါ ၀ိပသနာ။
Meditate on the four postures, lying, sitting, standing and walking.
Meditate on the four postures, lying, sitting, standing and walking.
17. မြင်ကြားထိသိ ဥာဏ်နှင့်ကြည့် သတိကပ်ခါ ရှု့မှတ်ပါ။
Be vigilantly mindful of seeing, hearing, touching and knowing.
It is by following the Noble Eight-fold Path which consists of:
Be vigilantly mindful of seeing, hearing, touching and knowing.
How
is nibbana
(nirvana) to be attained?
It is by following the Noble Eight-fold Path which consists of:
Right
understanding, sammā-ditthi.
Right thought, sammā-sankappa.
Right speech, sammā-vācā.
Right action, sammā-kammanta.
Right livelihood, sammā-ājiva.
Right effort, sammā-vāyāma.
Right mindfulness, sammā-sati.
Right concentration, sammā-samādhi.
Right thought, sammā-sankappa.
Right speech, sammā-vācā.
Right action, sammā-kammanta.
Right livelihood, sammā-ājiva.
Right effort, sammā-vāyāma.
Right mindfulness, sammā-sati.
Right concentration, sammā-samādhi.
The
Buddha summarizes His Middle Way in the following verse :-
Sabba
pāpassa akaranam
Kusalassa upasampadā
Sacitta pariyodapanam
Etam Buddhāna sāsanam.
Kusalassa upasampadā
Sacitta pariyodapanam
Etam Buddhāna sāsanam.
To
refrain from all evil,
To do what is good,
To purify the mind,
To do what is good,
To purify the mind,
This
is the advice of all Buddhas.
Sila is the first stage
on this path to nibbāna.
ပါရမီ ( ၁၀ ) ပါး
10 Kinds of the fulfilment of the perfection
၁ ။ ဒါန ပါရမီ - Danaparami = The fulfilment of the perfection of Charity .
ဒါန ပါရမီ= ပေးကမ်းစွန့်ကြဲ လှူဒါန်း၍ ပါရမီဖြည့်ကျင့်ခြင်း။
၂ ။ သီလ ပါရမီ - Silaparami = The fulfilment of the perfection of Morality
သီလ ပါရမီ= (၅)ပါး၊ (၈)ပါး၊ (၉)ပါး စသည့် သီလတို့ကို စောင့်ထိန်း၍ ပါရမီဖြည့်ကျင့်ခြင်း။
၃ ။ နိက္ခမ ပါရမီ- Nekkhammaparami = The fulfilment of the perfection of Renunciation .
နေက္ခမ္မ ပါရမီ= လောကီအာရုံ ကာမဂုဏ်ကို စွန့်လွှတ်၍ ပါရမီဖြည့်ကျင့်ခြင်း။
၎ ။ ပညာ ပါရမီ - Pannaparami = The fulfilment of the perfection of Wisdom
၎ ။ ပညာ ပါရမီ - Pannaparami = The fulfilment of the perfection of Wisdom
ပညာ ပါရမီ= လောကီ လောကုတ္တရာဉာဏ်ပညာ တိုးပွါးအောင် ပါရမီဖြည့်ကျင့်ခြင်း။
၅ ။ ဝီရိယ ပါရမီ - Viriyaparami = The fulfilment of the perfection of Effort .
၅ ။ ဝီရိယ ပါရမီ - Viriyaparami = The fulfilment of the perfection of Effort .
ဝီရိယ ပါရမီ= ဇွဲလုံ့လ ၀ီရိယဖြင့် အမြဲကြိုးစား၍ ပါရမီဖြည့်ကျင့်ခြင်း။
၆ ။ ခန္တီ ပါရမီ - Khantiparami = The fulfilment of the perfection of Patience .
၆ ။ ခန္တီ ပါရမီ - Khantiparami = The fulfilment of the perfection of Patience .
ခန္တီ ပါရမီ= အရာရာတိုင်းကို သည်းခံ၍ ပါရမီဖြည့်ကျင့်ခြင်း။
၇ ။ သစ္စာ ပါရမီ - Saccaparami = The fulfilment of the perfection of Truthfulness .
၇ ။ သစ္စာ ပါရမီ - Saccaparami = The fulfilment of the perfection of Truthfulness .
သစ္စာ ပါရမီ= အမြဲတမ်း မှန်ကန်သော စကားကို ပြောဆို၍ ပါရမီဖြည့်ကျင့်ခြင်း။
၈ ။ အဓိဋ္ဌာန် ပါရမီ - Adhitthanaparami = The fulfilment of the perfection of Resolution .
၈ ။ အဓိဋ္ဌာန် ပါရမီ - Adhitthanaparami = The fulfilment of the perfection of Resolution .
အဓိဋ္ဌာန် ပါရမီ= စိတ်ဆုံးဖြတ်သည့်အတိုင်း စွဲမြဲခိုင်မာစွာ ပြုလုပ်၍
ပါရမီဖြည့်ကျင့်ခြင်း။
၉ ။ မေတ္တာ ပါရမီ - Mettaparami = The fulfilment of the perfection of Loving-kindness .
၉ ။ မေတ္တာ ပါရမီ - Mettaparami = The fulfilment of the perfection of Loving-kindness .
မေတ္တာ ပါရမီ= သူတပါးအကျိုးကို လိုလား၍ သတ္တ၀ါတိုင်းအပေါ် မေတ္တာထားကာ
ပါရမီဖြည့်ကျင့်ခြင်း။
၁၀ ။ ဥပေက္ခာ ပါရမီ - Upekkhaparami = The fulfilment of the perfection of Equanimity .
၁၀ ။ ဥပေက္ခာ ပါရမီ - Upekkhaparami = The fulfilment of the perfection of Equanimity .
ဥပေက္ခာ ပါရမီ= ဆင်းရဲ ချမ်းသာမှုအပေါ် တုန်လှုပ်မှုမရှိဘဲ၊ လစ်လျူရှု၍
ပါရမီဖြည့်ကျင့်ခြင်း။
When the above 10 are multiplied by 3 perfection, there are all together 30.
When the above 10 are multiplied by 3 perfection, there are all together 30.
မေတ္တာ၏အကျိုးကျေးဇူးများ
Benefits of Mettā Bhāvanā
(၁) ချမ်းချမ်းသာသာ အိပ်ပျော်ရသည် ။ Comfortable sleep.
(၂) ကိုယ်မှာ ဖောက်ပြန်မှုမရှိဘဲ ချမ်းချမ်းသာသာ အိပ်ရာက နိုးရသည် ။ Waking up comfortably.
(၃) အိပ်မက်ကောင်းတွေကိုပဲ မြင်မက်နိုင်ပြီး ယုတ်ညံ့ရွံ့မုန်း ကြောက်လန့်ဖွယ် အိပ်မက်များ မမက်ပါ ။ Not having bad dreams.
(၄) လူအပေါင်းက ချစ်ခင်မြတ်နိုးသည် ။ Being loved by all human beings.
(၅) မမြင်ရတဲ့ နတ်များကလည်း ချစ်ခင်ကြသည် ။ Being loved by Gods.
(၆) မိဘက သားသမီးကို စောင့်ရှောက်သလို နတ်များကလည်း မေတ္တာပွားသူကို စောင့်ရှောက်ကြ သည် ။ Protection by Gods.
(၇) မေတ္တာဘာဝနာပွားတဲ့သူကို မီး၊ အဆိပ်၊ လက်နက်တွေရဲ့ ဘေးရန် မကျရောက်ပါ ။

Not being subject to danger from fire, poisons and weapons.
(၈) မေတ္တာဘာဝနာနှင့်နေလေ့ရှိတဲ့ပုဂ္ဂိုလ်ဟာ စိတ်တည်ကြည်လွယ်ပြီး သမာဓိဖြစ်လွယ်သည် ။
(၈) မေတ္တာဘာဝနာနှင့်နေလေ့ရှိတဲ့ပုဂ္ဂိုလ်ဟာ စိတ်တည်ကြည်လွယ်ပြီး သမာဓိဖြစ်လွယ်သည် ။
Mental poise and Calm.(
A state of balance or equilibrium; stability and freedom from
affectation or embarrassment)
(၉) မျက်နှာ အမြဲပဲ ကြည်ကြည်လင်လင်ရှိသည် ။ Clear and brightness of facial complexion.
(၁၀) အိပ်ပျော်သွားသလိုပဲ မတွေမဝေ မပင်မပန်း သေလွန်ရသည် ။ Ability to face death without fear when they die.
(၁၁) နိဗ္ဗာန်ကို မရသေးသော်လည်း ယခုလူ့ဘ၀စုတေပြီးနောက် အိပ်ပျော်ရာမှနိုးလာသလိုပဲ ဗြဟ္မာ့ပြည်မှာ ဖြစ်ရသည် ။

The birth in the Brahma world after death
မေတ္တာဘာဝနာပွားပြီးနေတဲ့သူဟာ အသက်ရှင်နေဆဲဘ၀မှာ လူချစ်သည်၊ နတ်ချစ်သည်၊ ကြံတိုင်းအောင်ပြီး ဆောင်တိုင်းမြောက်သည်။ ဒါ့ကြောင့် မေတ္တာကမ္မဋ္ဌာန်းက ဘ၀မှာ နေဖို့ရော၊ သေဖို့ကိုပါ အားကိုးနိုင်လောက်တဲ့ ကမ္မဋ္ဌာန်းဖြစ်ပါသည်။
မေတ္တာပွားပြီးနေတဲ့ပုဂ္ဂိုလ်တစ်ဦးဟာ ပတ်ဝန်းကျင်လောကတစ်ခုလုံးမှာရှိတဲ့ မြင်ရမမြင်ရသတ္တ၀ါအားလုံးရဲ့အကျိုးကို သယ်ပိုးဆောင်ရွက်နေသူလည်းဖြစ်တယ်။ သူ့ပတ်ဝန်းကျင်တစ်ခုလုံး ငြိမ်းချမ်းသည်၊ အေးမြတယ်၊ နတ်များလည်း အချင်းချင်း ချစ်ခင်ကြတယ်ဆိုတဲ့ သာဓကတွေ အများကြီးရှိတယ်၊ ယုံယုံကြည်ကြည် ကြိုးကြိုးစားစား အားထုတ်ကြပါ။

Please click
here for
“ဩကာသ Okasa နှင့် လောကနီတိ Loka Niti အပိုင်း (၂) Part 2.”
→
“ဩကာသ Okasa နှင့် လောကနီတိ Loka Niti အပိုင်း (၂) Part 2.”
→
TAGS:
Myoma Myint Kywe, Myoma Myint Kywe articles 2014, Karate Myint, Buddhism, Buddha BC 623, Buddha articles 2014, Buddhism booksie, Booksie Myoma Myint Kywe,
Myoma Myint Kywe, Myoma Myint Kywe articles 2014, Karate Myint, Buddhism, Buddha BC 623, Buddha articles 2014, Buddhism booksie, Booksie Myoma Myint Kywe,
မြို
့မ-မြင့်ကြွယ်
Metta 2014, About Metta 2014, Metta
articles 2014, Metta Is Essential (Metta ist wichtig), มิวม่า มิตร
จอย เมตตา Burmese Buddhism 2014, Burmese Buddhism articles, Theravada
Buddhism articles, Theravada Buddhism 2014, Theravada monks 2014, Metta
in Theravada Buddhism, Buddha and Metta, Metta meditation 2014 article,
What is metta in Buddhism, what is Buddhism 2014, Myint Kywe, Myint
Buddhism, Myoma Myint Kywe 2014, Articles of Myoma Myint Kywe, Buddha
was born in BC 623, Buddhist philosophy 2014, Buddhism logic,