ဟောကြားတော်မူသော သုံးထွေ စရိယ၊ကျင့်သုံးကြ
တရားတော်မှ
သစ္စဥာဏ် ကိစ္စဥာဏ် ကတဥာဏ်
ဆင်းရဲလား ချမ်းသာလားမေးရင် ဆင်းရဲပါတယ် ဆင်းရဲတဲ့ အတွက်ကြောင့်
ဒုက္ခ လို့ ပြောတာ။ အမှန်တကယ် ဟုတ်လို့ မို့ လဲ သစ္စာလို့ ပြောတာ။
ဒါကြောင့်နာတယ် ကျင်တယ် အောင့်တယ် ပူတယ် အေးတယ်
ဆိုတာတွေဖြစ်လာတိုင်း ဒုက္ခ သစ္စာ ပါလားလို့ ဆုံးဖြတ်ချက်ချနိုင်ရမယ်။
ဒီလိုဆုံးဖြတ်ချက်ချနိုင်တာဟာ သူတော်ကောင်းတွေရဲ့အသိပဲ ဖြစ်တယ်။
နာတာကို နာတယ်လို့ သိပြီး ငါနာတယ် ငါကျင်တယ် ငါအေးတယ်လို့ 
ယူရင် တွေးရင် ဒိဋ္ဌိဖြစ်ပါတယ်။ခန္ဓာမှာဖြစ်ပေါ်လာတာတွေကို ဆင်းရဲမှန်း
အမှန်အတိုင်းသိပြီး ဒါဟာ ဒုက္ခသစ္စာ ပါလားလို့ သိခြင်းသည် သူတော်
ကောင်းတို့ ရဲ့ သိခြင်းဖြစ်ပြီး သစ္စာ ကိုသိခြင်းဖြစ်တယ်။ ဒုက္ခသစ္စာ
ဆိုတာ သိရမယ့် တရားပဲဖြစ်တယ်။ ဒုက္ခသစ္စာကိုဒုက္ခသစ္စာမှန်းသိတော့
သစ္စ ဥာဏ် ကိုရတယ်။ ငါနာတယ် ငါကျင်တယ် ငါအောင့်တယ်
ငါအေးတယ်
ငါပူတယ်လို့  မတွေးနဲ့ မယူနဲ့ မဆုံးဖြတ်ပါနဲ့။
ဆင်းရဲ့တဲ့သဘောလေးတွေပဲ ဖြစ်လို့ ဒုက္ခသစ္စာလို့  ဆုံးဖြတ်ပါ။
ဒီလို ခန္ဓာကြီးက ပူလိုက်အေးလိုက် နာလိုက်ကျင်လိုက် လှူုပ်လိုက်ငြိမ်လိုက်
ဖြစ်နေ တာဟာ ရုပ်ရဲ့ ဖေါက်ပြန်ခြင်း သဘောလေးပါပဲ။ ရုပ်ဆိုတာ ဖေါက်ပြန်ခြင်း
သဘောလေးတွေပဲ ရှိတယ်။ မနာချင်ပဲ နာရတယ် မကျင်ချင်ပဲ
ကျင်ရတယ်
မအေးချင်လည်း အေးရတယ် မပူချင်လည်းပူရတယ်
အဲ့ဒီလို ကိုယ်မဖြစ်ချင်ပဲ
ဖြစ်နေတာကိုက ခန္ဓာ က နှိပ်စက်တာပဲ။ ခန္ဓာက နှိပ်စက်တာကိုနှိပ်စက်တယ်လို့ 
မြင်ပါ။ ပူလာရင် နှိပ်စက်ပြန်ပြီ။ အေးလာရင် နှိပ်စက်ပြန်ပြီ။ နာလာရင် နှိပ်စက်ပြန်ပြီ။ ခန္ဓာ က နှိပ်စက်တတ်တဲ့ သဘောလေးရှိလို့  နှိပ်စက်တာ။မနှိပ်စက်နဲ့လို့  ပြောလို့ မရဘူး။ တားလို့ မရဘူး။ ခန္ဓာရဲ့ သဘောကိုက နှိပ်စက်တဲ့ သဘောပဲ ရှိတယ်။ အကြောင်းတိုက်ဆိုင်
တိုင်း ဒီခန္ဓာကြီးက နှိပ်စက်နေတယ်ဆိုတာ သူ့ ကိစ္စ သူလုပ်တာ။ သူ့ ကိစ္စ သူလုပ်
တိုင်း ကိုယ် က ဥာဏ်နဲ့ စောင့်ကြည့်ပြီး နှိပ်စက်ပြန်ပြီးလို့ ဒီလိုဆုံးဖြတ်ချက်ချပေး
ရမယ်။ငါနာတယ် ငါကျင်တယ် ငါဆာတယ် ငါအိပ်ချင်တယ်လို့  ဒီလို မဆုံးဖြတ်နဲ့ ။
ခန္ဓာ ရဲ့ သဘောလေးအတိုင်း နှိပ်စက်ပြန်ပြီ။ နှိပ်စက်ပြန်ပြီ လို့  ဒီလိုဆုံးဖြတ်ပေးပါ။
ခန္ဓာ က သူ့ ကိစ္စ သူလုပ်တာကို ဥာဏ်နဲ့ သိပြီး ဆုံးဖြတ်ပေးတဲ့အတွက်
ကိစ္စ ဥာဏ်ကိုရပါတယ်။ ဘာမှန်း ညာမှန်းမသိပဲ နှိပ်စက်ပြန်ပြီလို့ တော့
မဆုံးဖြတ်နဲ့ ပေါ့။ ပူရင် ပူတာလေးသိပြီး နှိပ်စက်ပြန်ပြီ လို့  ဆုံးဖြတ်။
အေးရင် အေးတာလေးသိပြီး နှိပ်စက်ပြန်ပြီလို့ ဆုံးဖြတ်။ နာရင် နာတာလေးသိပြီး
နှိပ်စက်ပြန်ပြီလို့  ဆုံးဖြတ်။ ဒီလိုလေး ခန္ဓာ ရဲ့ အဖြစ်ကို ဥာဏ်နဲ့ မြင်အောင်ကြည့်ပြီး
သေသေချာချာ မှန်မှန်ကန်ကန် ဆုံးဖြတ်ချက် ချပေးရမှာဖြစ်တယ်။ ဒါမှ ကိစ္စဥာဏ် ကိုရမှာ။
အဲ့ဒီလို ခန္ဓာ မှာ ဖြစ်ပေါ်လာသမျှတွေက ဆင်းရဲမှန်းသိရင်
ခန္ဓာ က နှိပ်စက်တယ်ဆိုတာကို ဥာဏ်နဲ့  ဆင်ခြင်းပြီး အမြဲမပြတ်
ရှူမှတ်မှူများလာရင် ဒီနှိပ်စက်တတ်တဲ့  ဆင်းရဲတဲ့ ခန္ဓာကို ငြီးငွေ့ 
စိတ်ကုန်လာတာပဲ။ ဥာဏ်ထဲမှာ ငြီးငွေ့ စိတ်ကုန် တဲ့  အသိဥာဏ်
ဖြစ်လာခြင်းဟာ ကတဥာဏ်ဖြစ်ပါတယ်။ ငြီးငွေ့ စရာကြီးပါလား။
ဒီခန္ဓာကြီးဟာ ရွံမုန်းစရာကြီးပါလား။ ဒီခန္ဓာ ဟာ ကောင်းတာ တခုမှ
မရှိပါလားလို့  ဥာဏ်ထဲမှာ ပိုင်းခြားထင်ထင်ဖြစ်လာခြင်းဟာ ကတဥာဏ် ကို
ရခြင်းပဲ ဖြစ်ပါတယ်။
ခန္ဓာမှာပေါ်လာတဲ့ဓမ္မလေးတွေရဲ့ ဆင်းရဲခြင်းကိုသိပြီး ဒုက္ခသစ္စာပါလားလို့ 
ဆုံးဖြတ်ချက်ချနိုင်ရင် ငါကောင်သူကောင် အမြင်တွေဝင်မလာတော့ပဲ ဒိဋ္ဌိစင်
သွားတယ်။သစ္စဥာဏ်ကိုရတယ်။ဆုံးဖြတ်ချက်ချနိုင်ခြင်းက သိတ်ကိုအရေးကြီး
တာပါ။ဒုက္ခသစ္စာပါလား ဆင်းရဲပါလားလို့  ဒီလိုအမှန်ကိုမြင်တဲ့အတွက်
ဒိဋ္ဌိလည်းစင်တယ် သစ္စဥာဏ်ကိုလည်းရတယ်။ဘယ်လောက်ဟန်ကျလိုက်သလဲ။
နောက်တစ်ဆင့် ခန္ဓာမှာပေါ်လာတဲ့ဓမ္မလေးကို နှိပ်စက်ပြန်ပြီလို့  ဆုံးဖြတ်ချက်ချနိုင်
ခြင်းက မဂ္ဂသစ္စာ မှန်ကန်တဲ့အမြင်အယူဆုံးဖြတ်ချက်။ခန္ဓာက သူ့ ကိစ္စ သူလုပ်တာကို အမှန်အတိုင်းသိတဲ့အတွက် ကိစ္စဥာဏ်။ စဉ်ဆက်မပြတ် ခန္ဓာက သူ့ ကိစ္စသူလုပ်တာကို
ဥာဏ်နဲ့ပိုင်းခြားပြီး အမှန်အတိုင်း ဆုံးဖြတ်ချက်ချ နိုင်ရင် စက်ဆုပ်စရာ ရွံ့မုန်းစရာ
ကောင်းတဲ့ ဒီခန္ဓာကို ပိုင်းခြားထင်ထင်တွေ့ မြင်လာပါလိမ့်မယ်။
ဆင်းရဲပါလားလို့  အမှန်အတိုင်းမြင်သိခြင်းဖြင့် သစ္စဥာဏ်
နှိပ်စက်ပါလားလို့  သူ့ သဘောကိုသိခြင်းဖြင့် ကိစ္စဥာဏ်
စက်ဆုပ်ရွံ့ မုန်းစရာ ငြီးငွေ့ စက်ပျက်စရာပါလားလို့ သိခြင်းဖြင့် ကတဥာဏ်
ဥာဏ်သုံးဥာဏ်ကိုရဖို့  ဘာမှမခက်ပါဘူး သို့ သော် သတိကပ်ပြီး
မှန်မှန်ကန်ကန်ဆုံးဖြတ်တတ်ဖို့ တော့လိုပါတယ်။ပေါ်လာတာနဲ့ ဒုက္ခသစ္စာပါလား။
ဖေါက်ပြန်တာနဲ့  နှိပ်စက်ပါလား.။ဒီလိုလေး သိသိပြီးမှတ်သွားဖို့ ပဲ အရေးကြီးပါတယ်။
ဒီလိုမြင် ဒီလိုသိခြင်းဟာ သူတော်ကောင်းတို့ ရဲ့ သိခြင်း။ အရိယာတို့ ရဲ့
ဥာဏ်အမြင်ဖြစ်လို့  နိဗ္ဗာန်ကို အရောက်ပို့ ဆောင်ပါလိမ့်မယ်။
Reference:
မိုးကုတ်ဆရာတော် - ကိလေသာစင်ရန် ကိစ္စဥာဏ် ကတဥာဏ်
U
Thu Nanda ဓမ္မရံသီဆရာတော် ဦးသုနန္ဒ (မိုးကုတ်) အပိုင်း(၁)
U
Thu Nanda ဓမ္မရံသီဆရာတော် ဦးသုနန္ဒ (မိုးကုတ်) အပိုင်း(၂)
U
Thu Nanda ဓမ္မရံသီဆရာတော် ဦးသုနန္ဒ (မိုးကုတ်) အပိုင်း(၃)
U
Thu Nanda ဓမ္မရံသီဆရာတော် ဦးသုနန္ဒ (မိုးကုတ်) အပိုင်း(၄)
U Thu
Nanda ဓမ္မရံသီဆရာတော် ဦးသုနန္ဒ (မိုးကုတ်) အပိုင်း(၅)