ရှိခိုးဦးချပုံ ဦးချနည်း
Researched by- Myoma Myint Kywe သမိုင်းပညာရှင် မြို
့မ မြင့်ကြွယ်
ဘုရားနှင့် သံဃာတော်တို့ထံ
ဆည်းကပ်ရှိခိုးသောအခါ ရိုသေစွာ လက်အုပ်ချီပြီးနောက် “နီး၊ ဝေး၊ ရှေ့၊ နောက်၊ မြင့်မောက်၊ လေညာ” ဟူသော အပြစ်ခြောက်မျိုးလွတ်သော နေရာ၌ နေ၍ ရှိခိုးပြီး လျှောက်ထားဖွယ် စကားတို့ကို လျှောက်ထားရမည်။
လျှောက်ထား နာယူပြီးလျှင် ရှိခိုးဦးချ၍ ပြန်ရမည်။ ပြန်သောအခါ ဘုရားရှင်နှင့် သံဃာတော်တို့ကို ကျောပေး၍မပြန်ဘဲ လက်အုပ်ချီကာ လေးငါးလှမ်းခန့်
နောက်ဆုတ်ပြန်ရမည်။
ရှိခိုးခြင်း သုံးမျိုး
(၁) ထိခြင်းငါးပါးနှင့်အညီ ကိုယ်ဖြင့်ရှိခိုးခြင်း (ကာယ၀န္ဒနာ)၊
(၂) နူတ်ဖြင့် ရွတ်ဆို ရှိခိုးခြင်း (၀စီဝန္ဒနာ)၊
(၃) စိတ်ဖြင့် ရည်မှတ် ရှိခိုးခြင်း (မနောဝန္ဒနာ)။
ထိခြင်းငါးပါး ရှိခိုးခြင်း
ဒူးနှစ်ဘက်၊ လက်နှစ်ဘက်၊ နဖူးတို့ကို မြေ၌ သို့မဟုတ် ကြမ်းပြင်၌ ထိစေ၍
ရှိခိုးခြင်းသည် ထိခြင်းငါးပါးနှင့်အညီ ရှိခိုးသည် မည်၏။
ဆောင်ပုဒ် ။ ။ ခြေ လက် နဖူး၊ တံတောင် ဒူး၊ ငါးဦး မြေထိစေ။
ရပ်လျက်ရှိခိုးခြင်း
လမ်းတွင် ရဟန်းသံဃာတော်တို့ကို တွေ့ဆုံသောအခါ ဦးထုပ် ဖိနပ်ချွတ်၍
ခြေစုံရပ်ကာ လက်အုပ်ကို ဦးထိပ် ၌ တင်လျက် ကိုယ်ကို ရှေ့သို့ ညွတ်ကာ ရှိခိုးရမည်။
ထိုင်လျက် ရှိခိုးခြင်း
အမျိုးသားဖြစ်လျှင် ဆောင့်ကြောင့်ထိုင်လျက်၊ အမျိုးသမီးဖြစ်လျှင် ကြုံ့ကြုံ့ထိုင်လျက် ထိခြင်းငါးပါးနှင့် အညီ တုပ်ဝပ်လျက် ရှိခိုးရမည်။
ဘုရားရှိခိုးသောအခါ ဦးစွာပထမ ဦးချရမည်။ ဦးချသောအခါ -
ဗုဒ္ဓံ ပူဇေမိ = ဗုဒ္ဓံ - မြတ်စွာဘုရားကို၊ ပူဇေမိ - ပူဇော်ပါ၏ အရှင်ဘုရား။
ဓမ္မံ ပူဇေမိ = ဓမ္မံ - တရားတော်မြတ်ကို၊ ပူဇေမိ - ပူဇော်ပါ၏ အရှင်ဘုရား။
သံဃံ ပူဇေမိ = သံဃံ - သံဃာတော်အရှင်မြတ်ကို၊ ပူဇေမိ - ပူဇော်ပါ၏ အရှင်ဘုရား။
ဟု ဆို၍ ဦးချရမည်။
(မှတ်ချက်။ ။ ပြည်ထောင်စု မြန်မာနိုင်ငံတော် အစိုးရ သာသနာရေးဝန်ကြီးဌာန ဗုဒ္ဓဘာသာ တရားတော် အခြေခံအဆင့် စာအုပ်မှ ထုတ်နုတ်ဖော်ပြထားသည်။)

Prostration (叩头,
Kowtow)
A prostration (叩头 , Kowtow) is a gesture used in Buddhist
practice
to show reverence to the Triple Gem (comprising the
Buddha, his teachings, and the spiritual community) and other objects of
veneration.
Gadot (ကန်တော့) is a Burmese verb referring to a Burmese
tradition
in which a person, always of lower social standing, pays respect or homage to a person of
higher standing (including Buddhist monks, elders, teachers and Buddha), by
kneeling before them and paying obeisance with joined hands, and bowing. This is usually done by students to their teachers or children or
grandchildren to their elders (parents, aunts, uncles and grandparents), in
order to show gratitude and reverence and an opportunity to ask for
forgiveness, often involving gift-giving.
Prostration
is a general practice in Buddhism. Kowtow, which is
borrowed from kau tau in Cantonese,
or koutou in Mandarin Chinese, Gadot
(ကန်တော့) in Burmese, is
the act of deep respect shown by prostration, that is, kneeling and bowing so low as
to have one's head touching the ground. An alternative Chinese term is ketou,
however the meaning is somewhat altered: kou
has the general meaning of knock, whereas ke
has the general meaning of "touch
upon (a surface)",
tou meaning head.
Theravada Buddhists execute a type of prostration that is known as "five-point veneration" or the "five-limbed prostration" where the two palms and elbows, two sets of toes and knees, and the forehead are placed on the floor. More specifically:
... In the kneeling position, one's hand in Anjali (palms together, fingers flat out and pointed upward) are raised to the forehead and then lowered to the floor so that the whole forearm to the elbow is on the ground, the elbow touching the knee. The hands, palm down, are four to six inches apart with just enough room for the forehead to be brought to the ground between them. Feet are still as for the kneeling position and the knees are about a foot apart...
Three prostrations infer deep respect
for Buddha’s teachings. By performing three full prostrations, one expresses
his/her intention to adhere to The Three Jewels - the Buddha, the Dhamma and
the Sangha. Likewise, the act symbolizes the discarding of the Three Poisons -
hatred, ignorance and excess.
http://mittayinkwin.blogspot.com/2012/10/blog-post_3881.html
TAGS:
Myoma Myint Kywe, Myoma Myint Kywe articles 2014, Karate Myint, Buddhism, Buddha BC 623, Buddha articles 2014, Buddhism booksie, Booksie Myoma Myint Kywe,
Myoma Myint Kywe, Myoma Myint Kywe articles 2014, Karate Myint, Buddhism, Buddha BC 623, Buddha articles 2014, Buddhism booksie, Booksie Myoma Myint Kywe,
မြို
့မ-မြင့်ကြွယ်
Metta 2014, About Metta 2014, Metta
articles 2014, Metta Is Essential (Metta ist wichtig),Burmese Buddhism 2014, Burmese Buddhism articles, Theravada
Buddhism articles, Theravada Buddhism 2014, Theravada monks 2014, Metta
in Theravada Buddhism, Buddha and Metta, Metta meditation 2014 article,
What is metta in Buddhism, what is Buddhism 2014, Myint Kywe, Myint
Buddhism, Myoma Myint Kywe 2014, Articles of Myoma Myint Kywe, Buddha
was born in BC 623, Buddhist philosophy 2014, Buddhism logic,