Pages

ဗုဒ္ဓ မြတ်စွာဘုရား နှင့် ဗုဒ္ဓဘာသာ The Buddha (BC 623- BC 543) အပိုင်း (၁) by သမိုင်းပညာရှင် မြို့ မ မြင့်ကြွယ် Myoma Myint Kywe



The Buddha (BC 623- BC 543)
ဗုဒ္ဓ မြတ်စွာဘုရား နှင့် ဗုဒ္ဓဘာသာ  အပိုင်း () Part 1
Researched by-Myoma Myint Kywe
မြို့ မ မြင့်ကြွယ်

ဗုဒ္ဓ ဆိုသောဝေါဟာရမှာ ဉာဏ်အလင်းရသူ (Enlightened) သို့မဟုတ် စိတ်အာရုံ နိုးကြားနေသူ (Mentally awakened) ဟု အဓိပ္ပါယ်ရသည်။ ဗုဒ္ဓမြတ်စွာဘုရားက ဒုက္ခ ငြိမ်းရာ လွတ်မြောက်ရာကို ညွှန်ပြခဲ့ပါသည်။ အမှန်တရားလေးပါး (သစ္စာလေးပါး) ကို ကိုယ်တော်တိုင် ကိုယ်ပိုင်ဥာဏ်ဖြင့် ထိုးထွင်း၍သိမြင်သော အမြင့်မြတ်ဆုံး ပုဂ္ဂိုလ်ဟု ချမ်းမြေ့ဆရာတော် အရှင်ဇနကာ ဘိဝံသ က အဓိပ္ပါယ်ဖွင့်သည်။

သရဏံဂုံသုံးပါးသည် ဗုဒ္ဓဘာသာဝင်တစ်ဦးဖြစ်ခြင်း၏ မူလအစဖြစ်သည်။ ထေရဝါဒ ဗုဒ္ဓဘာသာတွင် ဗုဒ္ဓ
တရားတော်များကို ၀ိနည်းပိဋကတ်၊ သုတ္တန်ပိဋကတ်၊ အဘိဓမ္မာပိဋကတ် ဟူ၍ ပိဋကတ်သုံးပုံအဖြစ် ခွဲခြား
ထားပါသည်။ ဗုဒ္ဓဘာသာဝင်ဆိုသည်မှာ မြတ်ဗုဒ္ဓ၏အဆုံးအမများပေါ်တွင်တည်သူ တစ်နည်းအားဖြင့် မြတ်
ဗုဒ္ဓ ဟောကြားခဲ့သော တရားများ အဆုံးအမများကို လိုက်နာကျင့်သုံးသူ ကိုခေါ်ဝေါ်သည်။ ‘ဗုဒ္ဓ’‘ဓမ္မ’‘သံဃ 
ခေါ်တဲ့ ရတနာသုံးပါးသည် အားကိုးရာ၊ အားထားရာ ကိုးကွယ်ရာအနေနဲ့ ယုံကြည် ဆည်းကပ်ထိုက်တဲ့ သရဏ များ ဖြစ်၏။
 
ယုံကြည်ဆည်းကပ်ထိုက်တဲ့ ရတနာသုံးပါးသည် ကိလေသာဆင်းရဲ ဝဋ်ဆင်းရဲ ခပ်သိမ်း ငြိမ်းလိုတဲ့ ပုဂ္ဂိုလ်တို့ရဲ့ အားကိုးရာ အားထားရာ မှီခိုရာ ကိုးကွယ်ရာ သရဏ တွေပဲ ဖြစ်၏။

ယုံကြည်ဆည်းကပ်စိတ်သည် သရဏဂုံ ဖြစ်၏။ ထိုရတနာသုံးပါးကို အားကိုး အားထားရာ ကိုးကွယ်ရာမှီခိုရာပဲလို့ ယုံကြည် ဆည်းကပ်တဲ့ စိတ်ကို သရဏဂုံလို့ ခေါ်သည်။ သရဏဂုံဆိုသည်မှာ အားကိုး အားထားရာ ကိုးကွယ်ရာဟု ယုံကြည် ဆည်းကပ်သော စိတ်ဖြစ်သည်။

 
ဘုရား ကို သရဏဂုံ လို့ မခေါ်ပါ။
တရား ကို သရဏဂုံ လို့ မခေါ်ပါ။
သံဃာ ကို သရဏဂုံ လို့ မခေါ်ပါ။
ဘုရား’ ‘တရား’ ‘သံဃာ ကို သရဏ လို့သာ ဆိုနိုင်သည်။
သရဏဂုံ လို့ မဆိုနိုင်ပါ။
သရဏဂုံ ဆိုသည်မှာ ဘုရား၊ တရား၊ သံဃာကို ယုံကြည် ဆည်းကပ်တဲ့ စိတ်ဖြစ်ပါ
သည်။

ဘယ်သူ့ကို ယုံကြည် ဆည်းကပ်တာလဲ?
ဗုဒ္ဓ - ရှင်တော်မြတ်ဘုရား ကို ယုံကြည် ဆည်းကပ်သည်။
ဓမ္မ - တရားတော် ကို ယုံကြည် ဆည်းကပ်သည်။
သံဃ - သံဃာတော် ကို ယုံကြည် ဆည်းကပ်သည်။ 

သို့ပါ၍ ‘ဘုရား’ ‘တရား’ ‘သံဃာရတနာသုံးပါးသည် အားကိုး အားထားရာဖြစ်တဲ့ သရဏ များ ဖြစ်ကြသည်။ ထို ယုံကြည်ထိုက်၊ ကိုးကွယ်ထိုက်၊ ဆည်းကပ်ထိုက်တဲ့ ဘုရား’ ‘တရား’ ‘သံဃာ ကို ယုံကြည်တဲ့ စိတ်၊ ဆည်းကပ် ကိုးကွယ်တဲ့ စိတ်က သရဏဂုံ ဖြစ် တ်ာမူပါသည်။


ပါမောက္ခချုပ် ဆရာတော် အရှင်သီလာနန္ဒာဘိဝံသ က "သရဏဂုံ တည်နေသမျှ ကာလပတ်လုံး ဗုဒ္ဓဘာသာလို့ မှတ်ရမယ်။ ဥပါသက (ဥပါသကာ) လို့ ခေါ်တယ်။ဥပါသကဆိုတာ ဘုရား တရား သံဃာကို ကိုးကွယ် ဆည်းကပ်တဲ့ ပုဂ္ဂိုလ်ကို ဥပါသကလို့ ဆိုတယ်။ ရတနာသုံးပါး ကိုးကွယ် ဆည်းကပ်တဲ့ ပုဂ္ဂိုလ်-သရဏဂုံ တည်နေသမျှ ကာလပတ်လုံး ဥပါသက  ဥပါသကာ လို့ ခေါ်တယ်။ အမျိုးသားကို ဥပါသကာ၊ အမျိုးသမီးကို ဥပါသိကာ လို့ ဒီလို ခွဲခေါ်တယ်။" ဟု မိန့်ကြားခဲ့တော်မူပါသည်။

သရဏဂုံ သုံးပါး

ဗုဒ္ဓံသရဏံဂစ္ဆာမိ
I take refuge in the Buddha.
ဓမ္မံသရဏံဂစ္ဆာမိ
I take refuge in the Dharma. 
သံဃံသရဏံဂစ္ဆာမိ
I take refuge in the Sangha.

To become a Buddhist is to take refuge in the Three Jewels, also called the Three Treasures. The Three Jewels are the Buddha, the Dharma, and the Sangha.
 
ထေရ၀ါဒ ဗုဒ္ဓဘာသာ စင်စစ်သည် သစ္စာလေးပါး ကို အခြေပြုသောတရားသာလျှင်ဖြစ်ပေသည်။ ၃၈ဖြာ
သော မင်္ဂလာ တရားတော်သည် လောကီရေးရာအဖြာဖြာအတွက် အကောင်းဆုံးသော ဘ၀နေနည်း လမ်းညွှန်ဖြစ်ပေသည်။ ရွတ်ဖတ်ပူဇော်ခြင်းထက် လိုက်နာကျင့်သုံးနိုင်ပါက အဖိုးဖြတ်ခြင်းငှာ၊ တန်ဖိုးဖြတ်ရန်မထိုက်သော ဘ၀အတွက်ကျင့်စဉ်ကောင်းတစ်ခုဖြစ်ပေသည်။ ဗုဒ္ဓမြတ်စွာဘုရား၏ သစ္စာလေးပါးတရားသည် လွန်စွာထင်ရှား၏။
သစ္စာလေးပါး


(၁) ဒုက္ခသစ္စာ The truth of suffering.
(၂) သမုဒယသစ္စာ The truth of origin of suffering.
(၃) နိရောဓသစ္စာ  The truth of the extinction of suffering.
(၄) မဂ္ဂသစ္စာ The truth of the noble 8 fold path leading 
     to the extinction of suffering.

(၁) လောကတွင် ရှိသောအရာများသည် ဒုက္ခ (ဆင်းရဲခြင်း) တွေပါလား ဟူသော အမှန်တရား
(
၂) ဒုက္ခတွေ ဖြစ်ပေါ်လာခြင်းများမှာ အကြောင်းတွေ ရှိလို့ပါလား ဟူသော အမှန်တရား
(
၃) ဒုက္ခတွေ လွတ်မြောက်ရာ နိဗ္ဗာန်ဆိုတာ ရှိပါလား ဟူသော အမှန်တရား
(
၎) နိဗ္ဗာန်ကို ရောက်ဖို့ရာ စောင့်ထိန်းကျင့်ကြံကြိုးစားရမယ့် အမှန်တရား ဟူသော မဂ္ဂင် ၈ ပါး အမှန်တရား နည်းစနစ် အကုန်လုံး အပြည့်အစုံ ရှိသည်။ 

ဗုဒ္ဓမြတ်စွာဘုရား၏ မဂ္ဂင် (၈) ပါး တရားသည် လွန်စွာ ထင်ရှား၏။ မဂ္ဂင် (၈) ပါး သည် မဂ္ဂသစ္စာ ပင် ဖြစ်၏။  

မဂ္ဂသစ္စာ

(The Noble True of the Path leading to the Cessation of suffering)


မဂ္ဂသစ္စာ ဆိုတဲ့ အမှန်တရားကတော့ ဒုက္ခ၏ ချုပ်ငြိမ်းရာ နိဗ္ဗာန်သို့ရောက်ကြောင်း အကျင့်ကို ဆိုလိုပါသည်။ တနည်းပြောရရင် ၃၁ ဘုံ က ထွက်မြောက်ရာ လမ်းပါပဲ။
သည်ကျင့်စဉ်မှာ ပါရှိတဲ့ မဂ္ဂင် (၈) ပါး လမ်းရှစ်သွယ်ကတော့ -


(၁) Right view - ကောင်းမွန်မှန်ကန်စွာ သိမြင်ခြင်း၊
(၂) Right thought - ကောင်းမွန်မှန်ကန်စွာ ကြံစည်ခြင်း၊
(၃) Right speech - ကောင်းမွန်မှန်ကန်စွာ ပြောဆိုခြင်း၊
(၄) Right action - ကောင်းမွန်မှန်ကန်စွာ ပြု မူနေထိုင်ခြင်း၊
(၅) Right livelihood ကောင်းမွန်မှန်ကန်စွာ အသက်မွေးခြင်း၊
(၆) Right effort - ကောင်းမွန်မှန်ကန်စွာ အားထုတ်ခြင်း၊
(၇) Right mindfulness - ကောင်းမွန်မှန်ကန်စွာ သတိရှိခြင်း နှင့် 
(၈) Right concentration - ကောင်းမွန်မှန်ကန်စွာ သမာဓိတည်ကြည်ခြင်း

တို့ပဲ ဖြစ်ပါသည်။ မဂ္ဂင်ရှစ်ပါးလို့လည်းခေါ်ပါသည်။

မဂ္ဂင်ရှစ်ပါးကို အစု သုံးစု ခွဲလို့ ရပါသည်။ ပညာ၊ သိက္ခာနှင့် သမာဓိ ဆိုတဲ့ အစုသုံးစု ဖြစ်ပါသည်။ ပထမအစုမှာ ပါသော လမ်းနှစ်သွယ်ကတော့ ကောင်းစွာသိမြင်ခြင်း၊ ကောင်းစွာကြံစည်ခြင်းတို့ ဖြစ်ကြပါသည်။

ဒုတိယအစုမှာ ကောင်းတာ ပြောဆိုခြင်း၊ ကောင်းစွာ ပြုလုပ်ခြင်း၊ ကောင်းစွာ အသက်မွေးခြင်း ဆိုတဲ့ကျင့်စဉ်သုံးမျိုး ဖြစ်ပါသည်။ တတိယအစုမှာ ကောင်းစွာ အားထုတ်ခြင်း၊ ကောင်းစွာ သတိရှိခြင်း၊ 
ကောင်းစွာ သမာဓိတည်ကြည်ခြင်း ဆိုတဲ့ စူးစိုက်ခြင်း သုံးမျိုးပဲ ဖြစ်ပါသည်။

မြတ်စွာဘုရားသည် မဂ္ဂင်ရှစ်ပါး ကျင့်စဉ် ရှစ်မျိုးကို အလယ်အလတ်ကျင့်စဉ် noble middle ways ဟူ၍ ညွန်ပြခဲ့သည်။ အလယ်အလတ် ကျင့်စဉ်လို့ ဆိုရတဲ့ အကြောင်းမှာ အဆိုပါ လမ်းစဉ်သည် အစွန်းနှစ်ဖက်ကို ရောက်အောင် မသွားဘဲ အစွန်းနှစ်ဖက်ကိုပယ်ဖို့ပဲ ဖြစ်သည်။ 

အစွန်းတစ်ခုမှာ လောကကြီးရဲ့ သာယာမှုတွေမှာ နစ်မြုပ်ပြီး သံသရာက လွတ်ရာလွတ်ကြောင်းကိုမေ့လျော့နေခြင်း ဆိုတဲ့ အစွန်းတစ်ဖက်၊ နောက်အစွန်းတစ်ခုကတော့ မိမိကိုယ်မိမိ အလွန်အကျူး ညှင်းပန်း နှိပ်စက်ပြီး လောကကြီးက စွန့်ခွာနိုင်ဖို့ ကြိုးစားနေတဲ့ အစွန်း ဖြစ်သည်။
 
ဒီနှစ်ပါးမှာ ပထမအစွန်းမှာ လောကအာရုံတွေကို အလွန်အကျူး ခင်တွယ်နေတဲ့အတွက် ဒီလောကကြီးက မလွတ်မြောက်နိုင်ဘူး။ ကာမချမ်းသာကိုသာ အဖန်တလဲလဲ ခံစားခြင်းဖြစ်ပြီး မှားယွင်းသောကြောင့် မြတ်စွာဘုရားက ငြင်းပယ်ပါသည်။

ဒုတိယအစွန်းကတော့ မိမိကိုယ်၏ ပင်ပန်းခြင်းကို အဖန်တလဲလဲ ဖြစ်စေတတ်ပြီး ဒီလောကကြီးက လွတ်မြောက်အောင် မဆောင်ရွက်နိုင်ပြီး မှားယွင်းသောကြောင့် ဗုဒ္ဓက ပယ်ခြင်းဖြစ်ပါသည်။
 
ထိုကြောင့် ဗုဒ္ဓမြတ်စွာဘုရားက အထက်မှာ ပြောခဲ့တဲ့ မဂ္ဂင်ရှစ်ပါးကို အလယ်အလတ်ကျင့်စဉ်လို့ ညွန်ပြခြင်း ဖြစ်ပါသည်။ ဒုက္ခကို ချုပ်ငြိမ်းအောင် ပြုလုပ်တဲ့နည်းကို လက်တွေ့ဥပမာနဲ့ ပြောရရင် အနာရောဂါတစ်ခုကို ပျောက်ကင်းအောင် ရောဂါရဲ့ အကြောင်းရင်းကို ရှာပြီး ဒီရောဂါနဲ့ ကိုက်ညီမယ့်ဆေးဝါးကို အသုံးပြု ကုသရတဲ့ ဥပမာ ဖြစ်သည်။ ဘာသာခြားတစ်ချို့ က ဗုဒ္ဓမြတ်စွာဘုရား၏ တရားတော်များသည် အနိစ္စ၊ ဒုက္ခ၊ အနတ္တဟူသော မွေး (birth) အို (old age) နာ (sickness) သေ (death) လူမှုဒုက္ခများ စိတ်ညစ်စရာများကိုသာ ဟောကြောင်း လွဲမှားစွာ သုံးသပ်လေ့ရှိသည်။ အမှန်စင်စစ်မှာ ထိုသို့ မဟုတ်ချေ။ ဗုဒ္ဓမြတ်စွာ၏ ဒုက္ခဖြစ်ခြင်း၊ ဒုက္ခဖြစ်ခြင်းအကြောင်းသာ ဟောကြားသည်
မဟုတ်။ လူမှုဒုက္ခများမှ အပြီးအပိုင် လွတ်မြောက်ရာ နိဗ္ဗာန်၊ စိတ်ညစ်စရာများ ဒုက္ခမှ ချုပ်ငြိမ်းရာ နိဗ္ဗာန်သို့လည်းကောင်း၊ ထိုနိဗ္ဗာန်သို့ ရောက်ရှိနိုင်ရေးအတွက် ကျင့်ရမည့် လမ်းစဉ် (သစ္စာလေးပါး၊ မဂ္ဂင်ရှစ်ပါး) ကိုလည်းကောင်း၊ တိတိကျကျ ဟောကြားတော်မူခဲ့သည်ကို မသိ၍သာလျှင် ဤသို့လွဲမှားစွာ သုံးသပ်ခြင်းဖြစ်သည်။ ယုံကြည်ခြင်း တစ်ခုထဲသာမက ယုံကြည်ခြင်း၊ အသိဉာဏ်နှင့် စရဏကျင့်စဉ်တို့ပါ စနစ်တကျ ဖွဲ့စည်းပါရှိသည်မှာ ဗုဒ္ဓဘာသာ၏ထူးခြားချက် ဖြစ်သည်။

ဒုက္ခသည် ရောဂါဆိုလျှင် ရောဂါဖြစ်ရခြင်း အကြောင်းရင်းကို သိအောင် လုပ်ရသလို ဒုက္ခဖြစ်ရာဖြစ်ကြောင်း၊ တပ်မက်တွယ်တာမှုတွေကို တွေ့အောင် ရှာရပါသည်။ သိအောင်မြင်အောင် လုပ်ရပါသည်။ တွေ့ပြီဆိုလျှင် အနာရောဂါတစ်ခုကို ပျောက်ကင်းနိုင်မယ့် ဆေးကို ရှာဖွေရသလို ဆေးနဲ့တူတဲ့ နည်းလမ်းကိုရှာပြီး ကုသရပါမည်။

နောက်ဆုံး ထိုဆေးနဲ့ ပျောက်အောင် ကုရသလို ဒုက္ခမှ လုံးလုံးလျားလျား လွတ်မြောက်အောင် သွားနိုင်တဲ့ အကျင့်ကို လက်တွေ့ကျင့်ရပါသည်။ ထိုအကျင့်ကို အထက်က ပြောခဲ့တဲ့အတိုင်း အလယ်အလတ် အကျင့်လို့ ခေါ်ပြီး လမ်းရှစ်ပါး ပါဝင်ကြောင်း ညွှန်ပြခဲ့ခြင်း ဖြစ်ပါသည်။ ထိုမျှဆိုရင် မြတ်စွာဘုရားရှင်သည် သတ္တဝါများအပေါ် အဘယ်မျှလောက် ကရုဏာ ကြီးမားတော်မူတယ်ဆိုတာ ဓမ္မမိတ်ဆွေတို့ စဉ်းစားလို့ ရလောက်ပြီ ထင်ပါသည်။

ယခုဘဝကနေပြီး အဖန်တလဲလဲ ဆင်းရဲကျင်လည်နေရမယ့် ဒုက္ခသံသရာမှ လွတ်မြောက်ရာလမ်းကို ဗုဒ္ဓက ညွှန်ပြတော်မူခဲ့ပါသည်။ ဒုက္ခ၊ သမုဒယ၊ နိရောဓ၊ မဂ္ဂ ဟူသော ဓမ္မအနှစ်လေးခုတို့သည်သမ္မာသမ္ဗုဒ္ဓရှင်တော်မှ လွဲလျှင် မည်သည့်တန်ခိုးရှင် (God) တို့မှ မည်သည့်ပညာရှိ (Wise men) တို့မှ မဟောပြနိုင်၊ မတည်ထွင်နိုင်၊ မသိရှိနိုင်၊ မဖျက်ဆီးပစ်နိုင်၊ ပြောင်းပြန်မလှန်နိုင်အောင် ပကတိ တည်တည်ခန့်ခန့် အစဉ်အမြဲသာ ပြောင်းလဲမရှိ မှန်၍ မှန်၍နေသောကြောင့် သစ္စာတရားတို့ဖြစ်ကြပါသည်။


 ဤသစ္စာတရားတို့၌

ခြင်း၊

ပယ ခြင်း၊

ဆိုက ရောက် ခြင်း၊
ပွား ခြင်း ဟူသည့် ကိစ္စ (၄)ရပ် တို့ကို အရိယာတို့သာပြုလုပ်နိုင်စွမ်းရှိသောကြောင့်
(သို့မဟုတ်) ဤကိစ္စ (၄)ရပ်တို့ကို တကယ်ကျင့်ကြံအားထုတ်နိုင်လျှင် အရိယာစစ်စစ် ဧကန်ပင် ဖြစ်မည်ဖြစ်သောကြောင့် အရိယာသစ္စာ လို့ခေါ်ပါသည်။ 

ဗုဒ္ဓ၀ါဒ
 
(၁) မကောင်းမှုရှောင်
To abstain from all evil  

(၂) ကောင်းမှုဆောင်
To cultivate good

(၃) ဖြူ အောင် စိတ်ကိုထား
To purify the mind

ထေရ၀ါဒစင်စစ်သည် မကောင်းမှုရှောင် ကောင်းမှုဆောင် စိတ်ကို ဖြူ အောင်ထား အခြေပြုသော အကောင်းဆုံးသော ဘ၀နေနည်းလမ်းညွှန်တရားသာလျှင်ဖြစ်ပေသည်။ လိုက်နာကျင့်သုံးနိုင်ပါက အဖိုးဖြတ်ခြင်းငှာ တန်ဖိုးဖြတ်ရန်မထိုက်သော ဘ၀အတွက်ကျင့်စဉ်ကောင်းတစ်ခုဖြစ်ပေသည်။
ဗုဒ္ဓဘာသာဝင်တို့၏ အထွတ်အမြတ်မှာ ဘုရား၊ တရား၊ သံဃာ ဟူသော ရတနာသုံးပါး ဖြစ်၏။
 အရာရာတိုင်းသည် ရတနာသုံးပါးသည် နတ်၊ လူ၊ ဗြဟ္မာ (God) အားလုံး၏ အထက်မှာသာ ရှိပြီး အမြင့်မြတ်ဆုံး ဖြစ်သည်။

ရတနာသုံးပါး
The Three Jewels or Triple Gem

ဗုဒ္ဓ (ဘုရား) The Buddha
ဓမ္မ (တရား) The Dhamma
သံဃ (သံဃာ) The Sangha

ဘုရား ဂုဏ်တော် ၉ ပါး
The Nine Qualities of the Buddha
အရဟံ ၊ သမ္မာသမ္ဗုဒ္ဓေါ ၊ ဝိဇ္ဇာစရဏသမ္ပန္နော ၊ သုဂတော ၊ လောကဝိဒူ ၊
အနုတ္တရော ပုရိသ ဓမ္မသာရတ္ထိ ၊ သတ္တာဒေဝ မနုသာနံ ၊ ဗုဒ္ဓေါ ၊ ဘဂဝါ ။


(၁) အရဟံ
The Accomplished One (Arahan)
  * (က) အရဟံ = လူနတ် ဗြဟ္မာတို့၏ ပူဇော်အထူးကို ခံထိုက်ခြင်း။
  * (ခ) အရ ဟံ = ကိလေသာရန်သူတို့ကို ပယ်သတ်တော်မူပြီးဖြစ်ခြင်း။
  * (ဂ) အ ရဟံ = ဆိတ်ကွယ်ရာ၌ပင် မကောင်းမှု မပြုခြင်း။

(၂) သမ္မာသမ္ဗုဒ္ဓေါ = အလုံးစုံသောတရားတို့ကို ဆရာမရှိပါဘဲ ပါရမီစွမ်းအားဖြင့်သိခြင်း။
The Perfectly Enlightened One (Sammasambuddho)

(၃) ၀ိဇ္ဇာစရဏသမ္ပန္နော = အသိဥာဏ် (၀ိဇ္ဇာ)၊ အကျင့်တရား (စရဏ) တို့နှင့် ပြည့်စုံခြင်း။
The Endowed One with Knowledge and Conduct ( Vijjacaranaasampanno)

(၄) သုဂတော = ကောင်းမြတ်သောစကား(သီလ၊ သမာဓိ၊ ပညာ) ကိုသာပြောခြင်း
The Well-gone One or The Well-spoken One ( Sugata)
(ကောင်းသောလာခြင်း/သွားခြင်း)

(၅) လောက၀ိဒူ = လောကကြီးသုံးပါးကို သိခြင်း။ (သတ္တ၊ သြကာသ၊ သင်္ခါရ)
The Knower of the Worlds  (Lokavidu)
 
(၆) အနုတ္တရောပုရိသ ဓမ္မသာရတ္ထိ = ရိုင်းစိုင်းသော တိရိစ္ဆာန်၊ လူ၊ နတ်တို့ကို ယဉ်ကျေးသိမ်မွေ့အောင် ဆုံးမခြင်း။
The Incomparable Leader of men to be Tamed (Anuttaro purisadammasarathi)

(၇) သတ္တာဒေဝ မနုသာနံ = လူ နတ် ဗြဟ္မာ သတ္တ၀ါ အားလုံးတို့၏ ဆရာဖြစ်ခြင်း။
The Teacher of Celestial Gods and Human Beings (Sattha devamanussanan)

(၈) ဗုဒ္ဓေါ = အမှန် (သစ္စာ) တရားလေးပါးကို သိခြင်း၊ ဟောကြားပြသခြင်း။
The Enlightened One (Buddho)

(၉) ဘဂ၀ါ = ဘုန်းတော် (၆) ပါးနှင့်ပြည့်စုံခြင်း။
The Blessed One (Bhagava)
 (ဂင်္ဂါ ၀ါလု သဲစုမက ပွင့်တော်မူပြီး ကြကုန်သော မြတ်စွာဘုရားရှင်တို့အား ရှိခိုးပူဇော် ကန်တော့ပါ၏)


တရားဂုဏ်တော် (၆) ပါး


The Six Qualities of The Dhamma (Dharma)

(၁) သွာက္ခာတော ဘဂဝတာ ဓမ္မော။
Svakkhato: The Dhamma is not a speculative philosophy, but is the Universal Law found through enlightenment and is preached precisely. Therefore it is Excellent in the beginning (Sila: Moral principles), Excellent in the middle (Samadhi: Concentration) and Excellent in the end (Panna: Wisdom),
(၂) သန္ဒိဋ္ဌိကော။
Sanditthiko: The Dhamma is testable by practice and known by direct experience,
(၃) အကာလိကော။
Akaliko: The Dhamma is able to bestow timeless and immediate results here and now, for which there is no need to wait until the future or next existence
(၄) ဧဟိပသိကော
Ehipassiko: The Dhamma welcomes all beings to put it to the test and to experience it for themselves.
(၅) သြပနေယျိကော။
Opaneyiko: The Dhamma is capable of being entered upon and therefore it is worthy to be followed as a part of one's life.
(၆) ပစ္စတ္တံ ဝေဒိတဗ္ဗော ဝိညူ ဟိ။
Paccattam veditabbo vinnunhi: The Dhamma may be perfectly realized only by the noble disciples who have matured and enlightened enough in supreme wisdom.

(ဂင်္ဂါ ၀ါလု သဲစုမက ပွင့်တော်မူပြီး ကြကုန်သော မြတ်စွာဘုရားရှင်တို့၏ တရားတော်များအား ရှိခိုးပူဇော် ကန်တော့ပါ၏)
(၁) ဟော = ဘုရားကိုယ်တိုင်ဟောခြင်း။
(၂) ကိုယ် = ကျင့်ကြံသူအတွက် မျက်မှောက်ဘ၀၌ပင် ကိုယ်တိုင်ရှုမြင်နိုင်ခြင်း။
(၃) ဆိုင်း = ရှုပွားသူအတွက် မဂ်ပြီးလျှင် ဖိုလ်အချိန်မဆိုင်းဘဲဖြစ်ခြင်း။
(၄) ဖိတ် = တရားနှင့်ပတ်သက်ပြီး ရဲရဲဝံ့ဝံ့ ဖိတ်ခေါ်ရဲခြင်း။
(၅) ကပ် = မိမိသန္တာန်၌ အစဉ်ကပ်၍ ဆောင်ထားသင့်ခြင်း။
(၆) လက် = မဂ်၊ ဖိုလ်၊ နိဗ္ဗာန် ဓမ္မရသကိုလက်တွေ့ခံစားနိုင်ခြင်း။

သံဃာ ဂုဏ်တော် (၉) ပါး
The Nine Qualities of The Sangha (Monks)


၁။ သုပ္ပဋိပန္နော-လောဘ ဒေါသ မောဟ ကင်းကြောင်း (သီလ သမာဓိ ပညာ အကျင့်ကောင်းကို) ကောင်းစွာ ကျင့်တော်မူသော သံဃာတော် မြတ်ပါပေတကား။
supatipanno (practising the good way)

၂။ ဥဇုပ္ပဋိပန္နော-ကိုယ်နှုတ်စိတ်ထား အကောက် သုံးပါးကင်းရန် ဖြောင့်မှန်စွာ ကျင့်တော်မူသော သံဃာတော် မြတ်ပါပေတကား။
ujupatipanno (practising the upright way)

၃။ ဥာယပ္ပဋိပန္နော- ဆင်းရဲငြိမ်းရန် နိဗ္ဗာန်အလို့ငှါ သင့်လျော်စွာ ကျင့်တော်မူသော သံဃာတော်မြတ်ပါပေတကား။
naya patipanno (practising the knowledgeable or logical way)

၎။ သာမီစိပ္ပဋိပန္နော- သူများကပြုသည့် ရိုသေမှုနှင့် သင့်တင့်ထိုက်တန်အောင် ကျင့်ကြံတော်မူသော သံဃာတော် မြတ်ပါပေတကား။
samicipatipanno (practising the proper way)
ယဒိဒံ စတ္တာရိ ပုရသာယုဂါနိ အဋ္ဌပုရိသပုဂ္ဂလာ ဧသာ ဘဂ၀တော၊ ယဒိဒံ- ယာနိဣမာနိ စတ္တာရိ ပုရသာယုဂါနိ၊ အကြင်လေးယောက်သော ယောက်ျားအစုံတို့သည်။ ယဒိဒံ- ယေဣမေ အဋ္ဌပုရိသပုဂ္ဂလာ၊ အကြင်အသီးအသီး ရှစ်ယောက်သော ယောက်ျားမြတ် ပဂ္ဂိုလ်တို့သည်။
yadidam cattari purisayugani, attha purisapuggal, esa bhagavato savakasamgho;
that is, the four pairs of persons, the eight types of individuals - This Sangha of the Blessed One's disciples is:

၅။ အာဟုနေယျော-အရပ်ဝေးမှသော်လည်း ဆောင်လာ၍ ပေးလှူပူဇော်ထိုက် ပေးလှူသည်ကို ခံယူတော်မူထိုက်သော သံဃာတော် မြတ်ပါပေတကား။
ahuneyyo (worthy of gifts)

၆။ ပါဟုနေယျော- ချစ်မြတ်နိုးအပ်သည့် ဧည့်သည်များအတွက် အထူးပြုပြင်ထားသော စားကောင်းသောက်ဖွယ်ကိုသော်လည်း ပေးလှူပူဇော်ထိုက် ခံယူတော်မူထိုက်သော သံဃာတော်မြတ်ပါပေတကား။
pahuneyyo (worthy of hospitality)

၇။ ဒက္ခိဏေယျော-နောင်တမလွန်လောက၌ ကောင်းကျိုးရမည်ဟု ယုံကြည်၍ ပေးလှူသည်ကို ခံယူတော်မူထိုက်သော သံဃာတော် မြတ်ပါပေတကား။
dakkhineyyo (worthy of offerings)

၈။ အဉ္စလိကရဏီယော- ကောင်းကျိုးချမ်းသာ မှန်စွာရမည်ဟု ယုံကြည်မျှော်ကိုးလျက် လက်အုပ်မိုး၍ ရှိခိုးထိုက်သော သံဃာတော် မြတ်ပါပေတကား။
anjalikaraniyo (worthy of reverential salutation)

၉။ အနုတ္တရံ ပုညက္ခေတံ္တ လောကဿ- ကောင်းမှုမျိုးကို စိုက်ပျိုးရန်အလို့ငှါ သတ္တဝါအပေါင်း၏ အကောင်းဆုံး လယ်ယာမြေ ဖြစ်တော်မူသော သံဃာတော်မြတ်ပါပေတကား။
anuttaram punnakkhettam lokassati (the unsurpassed field of merit for the world)

(၁) ကောင်း = ကောင်းသောအကျင့်ရှိခြင်း။
(၂) ဖြောင့် = ဖြောင့်မတ်စွာကျင့်ကြံခြင်း။
(၃) နိဗ် = နိဗ္ဗာန်ရောက်ရေးကျင့်ခြင်း။
(၄) လော = လောကုတ္တရာတရားနဲ့ အညီကျင့်ခြင်း။
(၅) ဝေး = အဝေးကသယ်ဆောင်လာသည့် ပစ္စည်းကိုပင် ခံယူထိုက်ခြင်း။
(၆) ဧည့် = ဧည့်သည်အတွက် အထူးစီမံထားသည့်ပစ္စည်းကိုပင် အလှူခံထိုက်ခြင်း။
(၇) မြင့် = မြင့်မြတ်သောအလှူကို ခံထိုက်ခြင်း။
(၈) လက် = လက်အုပ်ချီမိုး ရှိခိုးခြင်းကို ခံထိုက်ခြင်း။
(၉) လယ် = သတ္တ၀ါအပေါင်းတို့၏ ဒါနမျိုးစေ့ စိုက်ပျိုးရာ လယ်မြေ ကောင်းဖြစ်ခြင်း။

ဂင်္ဂါ ၀ါလု သဲစုမက ပွင့်တော်မူပြီး ကြကုန်သော မြတ်စွာဘုရားရှင်တို့၏ သံဃာတော်မြတ်အပေါင်းတို့ အား ရှိခိုးပူဇော် ကုန်တော့ပါ၏။

ဗုဒ္ဓဘာသာဝင် ဆိုသည်မှာ မြတ်ဗုဒ္ဓ ၏အဆုံးအမများတွင် လိုက်နာသူ၊ တစ်နည်းအားဖြင့် မြတ်ဗုဒ္ဓ
ဟောကြားခဲ့သော တရားများ အဆုံးအမများကို လိုက်နာကျင့်သုံးသူ၊ ကံ-ကံ၏အကျိုး လိုက်နာကျင့်သုံးသူ ကို ခေါ်ဝေါ်သည်။ ဘာသာတရားတိုင်းသည် သူ့နည်းသူ့ဟန်နဲ့သူ လူသားများအကျိုးစီးပွားအတွက် 
ကောင်းကျိုးဖြစ်စေသော အဆုံးအမများ ကိုယ်စီ ပါရှိကြသည်ကို နားလည်ရပါမည်။ ငါနဲ့မတူ-ငါ့ရန်သူ ဟူ၍ ဘာသာတစ်ခုနှင့်တစ်ခု၊ လူမျိုးတစ်မျိုးနှင့်တစ်မျိုး ပဋိပက္ခ အသွင်မဆောင်သင့်ပါ။ အမုန်းတရားများ၊ အမုန်း
စကားများ ရှောင်ကြဉ်သင့်ပါသည်။ အမုန်းတရားများနှင့် အမုန်းစကားများကို ဗုဒ္ဓဘာသာဝင်များမှ စတင်ပြီး
ပြောကြားလေ့မရှိပါ။ မကောင်းတဲ့သူ တစ်ဦးကြောင့် ထိုသူ၏ လူမျိုး၊ ဘာသာကို သိမ်းကြုံး ပုတ်ခတ်
စော်ကားခြင်းကို မည်သူမှ မလုပ်သင့်ချေ။ လူသတ်ခြင်း၊ မုဒိန်းကျင့်ခြင်း၊ ဘာသာကို စော်ကားခြင်းနှင့် သဘောကောင်း၍ သည်းခံခြင်းကို ကမ်းတက်ပြီး ထပ်တလဲလဲစော်ကားကျူးလွန်သည့် ယုတ်မာပက်စက်
သည့် ဖြစ်ရပ်မျိုးဆိုရင်လည်း ဥပဒေကြောင်းအရ မည်သူ့ကိုမဆို ထိထိရောက်ရောက် အရေးယူသင့်သည်။
တိုက်ပွဲ ၁၀၀ကို အောင်မြင်အောင် တိုက်ခိုက်နိုင်ခြင်းသည် အကျွမ်းအကျင်ဆုံး မဟုတ်ပါ၊ ရန်သူကို မတိုက်ခိုက်ပဲနဲ့ အောင်နိုင်ခြင်းသည်သာ အားလုံးထဲတွင် အကျွမ်းဆုံးဖြစ်သည် ("For to win one hundred victories in one hundred battles is not the acme of skill. To subdue the enemy without fighting is the acme of skill." -- Sun Tzu) ဟူသော ဆွန်ဇူး၏ အဆိုအမိန့်ကို ကြည့်ခြင်းအားဖြင့် အရာရာကို မေတ္တာ (Metta - Pure Love) နှင့် ဖြေရှင်းနိုင်ရင် အကောင်းဆုံးဖြစ်သည်။

ဗုဒ္ဓမြတ်စွာဘုရားနှင့် ဗုဒ္ဓဘာသာဝင်တို့၏ မေတ္တာတရားနှင့် သည်းခံခြင်းသည် ကမ္ဘာတွင် လွန်စွာထင်ရှား
လှသည်။ ယေရှု ခရစ်တော် (Jesus Christ) ၏ မေတ္တာတရားနှင့် ခွင့်လွှတ်ခြင်းသည်လည်း သူ့နည်း
သူ့ဟန်နဲ့သူ ရေပန်းစားသည်။  Holy Bible ရှင်လုကာ အခန်းကြီး (၆) (Luke 6:27-36) သည် မေတ္တာ
နှင့် သည်းခံခြင်းထင်ရှားလှသည်။

ဗုဒ္ဓဘာသာဝင်တို့ ယုံကြည်ခြင်းသည် ရတနာသုံးပါးကိုသာ အဓိက အထွတ်အမြတ်ထားသည်။ ကံကံ၏
အကျိုးကို ယုံကြည်ကြသည်။ ဗုဒ္ဓဘာသာသည် ဖီလော်ဆော်ဖီကဲ့သို့ အတွေးအခေါ်တစ်ခုထဲကိုသာ အခြေခံခြင်းမဟုတ်သကဲ့သို့ ယုံကြည်မှု တစ်ခုတည်းကိုသာ တည်ဆောက်ထားသော ဘာသာလည်း
မဟုတ်ချေ။

မှန်ကန်သော အတွေးအခေါ်၊ မှန်ကန်သော ယုံကြည်ချက် နှင့် မှန်ကန်သော အသိတရားအပေါ် အခြေခံပြီး မှန်ကန်သော လက်တွေ့ကျင့်စဉ် (practice) များ စုစည်းပေါင်းစပ်ဖွဲ့စည်းထားသော အမှန်တရားကျင့်စဉ် (ထာဝရအမှန်တရား-Universal real truth) သည် ဗုဒ္ဗဘာသာ-သာသနာတွင်၌သာ တွေ့မြင်နိုင်ကြောင်း၊
နိုင်ငံတကာ သိပ္ပံ၊ ဝိဇ္ဇာပညာရှင်များက အခိုင်အမာ မှတ်ချက်ပြု ကြသည်။ ဗုဒ္ဓဘာသာတွင် ဘုရားသခင်/ ကယ်တင်ရှင်/ ဖန်ဆင်းရှင် God ပါဝင်ဖွဲ့စည်းထားခြင်းမရှိ။ ယုံကြည်ခြင်းလည်း မရှိချေ ။ (All Buddhists don't believe in creator God.)

ထို့အပြင် ဗုဒ္ဓဘာသာတွင် Judgement Day မရှိပါ၊ အယုံအကြည်လည်း မရှိပါ။ ကယ်တင်ခြင်းဝါဒ Salvation ကိုလည်း အယုံအကြည် မရှိပါ။ ပစ္စုပ္ပန်တွင် မိမိ၏ကောင်းမှု၊ မကောင်းမှု လုပ်ဆောင်ခြင်း အရ ပစ္စုပ္ပန်နှင့် အနာဂတ်တွင် ကောင်းမှု၊ မကောင်းမှု ဖြစ်ခြင်းကိုသာ ယုံကြည်သည်။

အပြစ်ရှိရှိ မရှိရှိ ငါ့ကို ယုံကြည်သူတွေကို အပြစ်မှ ကင်းလွတ်ခွင့်ပေးမယ်…..ကယ်တင်မယ် (Salvation လုပ်ပေးမယ်) ချမ်းသာခွင့်ပေးမယ်……အပြစ်ရှိရှိ မရှိရှိ မည်သူမဆို ငါ့ကိုမယုံကြည်လျှင် ငါ့ဘာသာကို မကိုးကွယ်လျှင် punishment အပြစ်ပေးမယ်ဟူ၍ ဗုဒ္ဓမြတ်စွာဘုရား က ဘယ်သောအခါမှ မပြောခဲ့ချေ။ မက်လုံးမပေးခဲ့ချေ။ ဗုဒ္ဓဘုရားသည် ဘယ်သောအခါမှ လူသားတွေကို မခြိမ်းခြောက်၊ မရက်စက်ခဲ့ပေ။ မသတ်ဖြတ်ခဲ့ပေ။ 

ဗုဒ္ဓဘာသာတွင်ခွဲခြမ်းစိတ်ဖြာဝေဖန်ခွင့် (Analysis, self-verification and self critical analysis) ရှိသည်။ တရားတော်များတွင် မရှင်းလင်းသည့် အချက်များရှိပါက မည်သူမဆို ကြိုက်သလို လွတ်လပ်စွာ
ဝေဖန်ခွင့်ရှိသည်။ ဆွေးနွေးခွင့်ရှိသည်။ ဗုဒ္ဓဘာသာသည် ခွဲခြမ်းစိတ်ဖြာ ဝေဖန်စစ်ဆေးမေးမြန်းခံနိုင်သော Verification လုပ်ခွင့်ရှိသော၊ ဝေဖန်ပိုင်းခြားပြီးမှ ယုံကြည်ရသော ၀ိဘဇ္ဇ၀ါဒဖစ်သည်။ ဗုဒ္ဓဘုရားရှင်၏
ကာလာမသုတ် (Kalama Sutta) သည် ဗုဒ္ဓဘာသာ တိုင်းပြည်များတွင်သာမက ကမ္ဘာ့နိုင်ငံအသီးသီး
တွေလည်း ကောင်းသတင်း ကျော်စောသည်။

ဤသည်မှာ ဗုဒ္ဓ မြတ်စွာဘုရား ၏ မေတ္တာဝါဒ (Metta-Pure Loving Kindness) သည်းခံခြင်း (Tolerance) နှင့် ခွင့်လွှတ်ခြင်း (Forgiveness) အဆုံးအမများကြောင့်ပင်ဖြစ်သည်ဟု အခိုင်အမာပြော
နိုင်သည်။ Hatred is never subdued by hatred in this world; it is subdued by METTA ဟူ၍ နားလည်ရပါမည်။

လူသားတို့ ကိုယ်စီ၏ ပြုလုပ်ခဲ့သော အတိတ်ကံ ကောင်းမှု မကောင်းမှု၊ ယခုဘဝ ပြုလုပ်လျက်ရှိသော
ကောင်းမှု မကောင်းမှု ပစ္စုပ္ပန်ကံ တို့၏ ရလာဒ်အတိုင်း ကိုယ်စီခံစားရမည်ကို ကံ-ကံ ၏အကျိုး (kamma: cause and effect law in Buddhism) အနေဖြင့် မြတ်စွာဘုရား က ထည့်သွင်းဟောကြားဆုံးမတော်
မူခဲ့သည်။

လူဆိုသည်မှာ မိမိသမိုင်းကို မိမိရေး၊ မိမိကြမ္မာကို မိမိဖန်တီး၊ မိမိတရားကို မိမိစီရင်သည် သာဖြစ်သည်...
မိမိဘဝအတွက် မိမိသည်သာ ဖန်ဆင်းရှင်ဖြစ်သည် (You are the creator of your life.) ဟု  မြတ်စွာဘုရားက ထည့်သွင်းဟောကြားဆုံးမတော်မူခဲ့သည်။

လူသားတို့၏ အနာဂတ် ကောင်းမွန်စေရေးအတွက် ဗုဒ္ဓမြတ်စွာဘုရား၏ မှန်ကန်သည့် အဆုံးအမကို ကိုးကွယ် ယုံကြည်ခြင်းဖြစ်သည်။ ပစ္စုပ္ပန်တွင် မိမိတို့၏ ကံ၊ ဉာဏ်၊ ဝိရိယတို့ကို ရင်းနှီးအသုံးချနိုင်အောင် လမ်းပြပေးသော ဘဝ၏ ဆရာသခင် ကျေးဇူးရှင်ဘုရားအဖြစ် ကိုးကွယ်ယုံကြည်ခြင်းဖြစ်သည်။ ဖန်ဆင်းရှင် ထာဝရဘုရားpunishment အပြစ်ပေးမှာ ကြောက်လို့ ကိုးကွယ်ရသလိုမျိုး မဟုတ်ပါ။ 

ဗုဒ္ဓဘာသာတွင် စိတ်ဓာတ် ငြိမ်းချမ်းရေး၊ Mental Peace and Happiness စိတ်ဓာတ် ယဉ်ကျေးမှု Mental Culture စိတ်ကို ပြုစုပျိုးထောင်မှု Mental Cultivation စသည်ဖြင့် ကျင့်စဉ်နည်းလမ်း အပြည့်အစုံ ရှိသည်။

ပစ္စုပ္ပန်ကံ ဆိုသည်မှာ ယခုလက်ရှိ မိမိတို့၏ လူမူရေး စီးပွားရေး ဘာသာ သာသနာရေး ကိစ္စအ၀၀တို့ကို
ပြုလုပ်နေဆဲဖြစ်သော ယခုဘဝအချိန်ကာလလေးတခုကို ဆိုလိုပါသည်။  

ပစ္စုပ္ပန်ကံထက် ကောင်းမွန်သောအခွင့်ရေး ဟူသည် မရှိပါ၊ ထိုအခွင့်ရေးကိုကား နှစ်ကြိမ် မရပေ၊ အတိတ်ကံ ဆိုသည်မှာ ပြီးဆုံးခဲ့ပြီမို့ ပြုပြင်ပြောင်းလဲလို့ မရပါ။ ပြုပြင်ပြောင်းလဲ တည်ဆောက်လို့ရသည်
ကား ပစ္စုပ္ပန်ကံသာ ဖြစ်သည်။ အနာဂတ် နှင့် ပစ္စုပ္ပန် ကံတွင် ပစ္စုပ္ပန် ကံ ကသာ အဓိက ကျသည်။

အနာဂတ်က ကောင်းမွန်စေရေးအတွက်ကို ပြုပြင်ပြောင်းလဲဖို့  ပစ္စုပ္ပန် ကံ ကိုသာ နေ့စဉ်နေ့တိုင်း အကောင်းဆုံး ဖြစ်အောင်၊ အမှန်ဆုံးဖြစ်အောင် ဦးစွာပြုပြင်ပြောင်းလဲလေ့ကျင့်ဖို့ လွန်စွာအရေးကြီး
လှပါသည်။

ပစ္စုပ္ပန်ကံ က အနာဂတ်ကို စတင်မွေးဖွားခဲ့သည်။ ပစ္စုပ္ပန်ကံ ကောင်းရင် အနာဂတ် လှပမည်၊ ပစ္စုပ္ပန်ကံ မကောင်းရင် အနာဂတ်မှာ ဆိုးဝါးသော ဒုက္ခများစွာနဲ့ ကြုံတွေ့ရပါလိမ့်မည်။ ဘာဝနာအတွက် အတိတ် ဆိုတာ မရှိပါ။ အနာဂတ် ဆိုတာ မရှိပါ။ ယခု ပစ္စုပ္ပန်သာ ရှိ သည်။ ယခု ပစ္စုပ္ပန် မှာသာ အချိန်ကာလကို
ဖြတ်ကူးသွားလို့ ရတဲ့ တံခါးပေါက်ရှိသည်။ 

ကရူးဆိတ် စစ်ပွဲ (Crusades wars) ကဲ့သို့ ဘာသာရေးစစ်ပွဲ (Religious wars) များသည် လွန်စွာ အကျည်းတန်လှပြီး လူ့အသက်များစွာ သေဆုံးစေခဲ့သည်။ လူတို့၏ လောဘ၊ ဒေါသ၊ မောဟ၊ မာန၊ မှားယွင်းမှု၊ မကောင်းမှု၏ သင်္ကေတပင် ဖြစ်သည်။ 

ကမ္ဘာ့သမိုင်းအရ ကရူးဆိတ်ကဲ့သို့ ဘာသာရေးစစ်ပွဲ (In Buddhism never concept any religious wars) ဟူ၍ ဗုဒ္ဓဘာသာတွင် လုံးဝမရှိချေ။ ဗုဒ္ဓဘာသာဝင် တိုင်းပြည်တို့မှ စတင်တိုက်ခိုက်သော ကမ္ဘာ့စစ်ပွဲများလည်း မရှိချေ။ 


တစ်စုံတစ်ယောက်က မိမိကို ထိခိုက်နာကျင်စေသော ဒေါသ စကားမျိုး၊ မကောင်းမှု အပြု အမူမျိုး ပြုလုပ်ခံ
ရတဲ့အခါ မိမိအလွယ်တကူ ခွင့်လွှတ်သည်းခံနိုင်ဖို့ ဆိုတာ အမှန်စဉ်စစ် မလွယ်ကူချေ။ သို့ရာတွင် တစ်ဦး
နှင့် တစ်ဦး အတတ်နိုင်ဆုံး ခွင့်လွှတ်သည်းခံတတ်အောင် နှစ်ဦးနှစ်ဖက်စလုံးက ကြိုးစားသင့်ပါသည်။ ခွင့်လွှတ်သည်းခံမှုဆိုတာ မိမိကို ထိခိုက်နာကျင်စေတဲ့ စကားလုံးများနဲ့ အပြုအမူတွေကို မေတ္တာ ဖြင့် မေ့ပျောက်သည်းခံကျေအေးလိုက်ခြင်းပင် ဖြစ်ပါသည်။ အင်မတန်ပဲ မွန်မြတ်လှတဲ့ အရည်အချင်း တစ်ရပ်ဖြစ်သည်။

တချို့ လူတို့သည် ၄င်းတို့ အတိတ်က နာကျင်စေတဲ့ ဖြစ်ရပ်တွေကို ပြန်ပြောင်း တွေးတောရင်း အတိတ်
ထဲမှာ မိမိဘ၀တစ်ခုလုံး ပိတ်မိနေတဲ့ ဒေါသ (Anger) အာဃာတ (Grudge) အမုန်းစကား (Hate speech)၊ မလိုမုန်းထားခြင်း အမုန်းတရား (Hatred) ဆိုသော မကောင်းမှု ၀ဲကယက်များကနေ မိမိတို့ ရုန်းထွက်နိုင်အောင် ကြိုးစားအားထုတ်နိုင်ရန် လွန်စွာမှ အရေးကြီးလှပေသည်။

လူတိုင်းအမှားနှင့် မကင်းပါ။ မမှားသောသူ မရှိသလို ၁၀၀% မှန်သောလူ ဟူ၍လည်းမရှိပါ။ ဒေါသ၊ အာဃာတ၊ အမုန်းတရားများ အတက်နိုင်ဆုံး လျှော့ပစ်နိုင်ရပါမည်။ အကယ်၍ ဒေါသဖြစ်စရာ၊ နာကြည်း
စရာများ ရင်ဆိုင်ရသည့် အခါတွင် လောကပါလတရားများကို လက်ကိုင်ထား၍ တစ်ဦးနှင့် တစ်ဦး အတတ်နိုင်ဆုံး သဘောထားကြီးစွာဖြင့် ခွင့်လွှတ်ဖြေရှင်းနိုင်ရပါမည်။ နာစရာရှိလျှင် တရားနှင့်ဖြေပြီး
ခွင့်လွှတ်တတ်ရမည်။ မေတ္တာတရား (metta)သည်းခံခြင်း (Tolerance) ခွင့်လွှတ်ခြင်း (Forgiveness) တို့သည် မြင့်မြတ်လှပေသည်။

လူ့ ဘဝသက်တမ်းသည် တိုလွန်း၍ လူ့ဘဝရခိုက် ခွင့်လွှတ်ခြင်း သည်းခံခြင်းကို အတတ်နိုင်ဆုံး အတိုင်းအတာ တစ်ခုထိတော့ထားရှိသင့်ပါသည်။ တစ်ဦးနဲ့ တစ်ဦး နားလည်မှုလွဲခြင်းသည် ဒေါသမီးကို ပိုမိုတောက်လောင်၍ ကိုယ်ထိလက်ရောက် ကျူးလွန်ခြင်းပါ ဖြစ်ပွားကြောင်း သတိပြုမိပါသည်။

တစ်စုံတစ်ယောက်က သူပြောမိ ပြုမိတဲ့ မှားယွင်းမှု အရာအတွက်မိမိကို တောင်းပန်တဲ့အခါ သဘောထား ကြီးမားစွာနဲ့ ပြီးခဲ့တာတွေ ပြီးပါစေ (Let by gones, be by gones) သဘောမျိုးနဲ့ ခွင့်လွှတ်
ကျေအေးတတ်ဖို့လိုပါသည်။ တစ်ဦးနှင့် တစ်ဦး look on the bright side အကောင်းမြင်တတ်ရပါမည်။

သို့ရာတွင် မည်သည့်နေရာအခြေအနေတွင် ဖြစ်စေ နူးညံ့ခြင်းသည် ကောင်းသော်လည်းပဲ ပျော့ညံ့ခြင်း
သည် မကောင်းပါ။ ထက်မြက်ခြင်းသည် ကောင်းသော်လည်း ရိုင်းစိုင်းခြင်းသည် မကောင်းပါ။ သည်းခံခြင်း
သည် ကောင်းသော်လည်း ထပ်တလဲလဲ အနိုင်ကျင့် စော်ကားခြင်းများကို ခေါင်းငုပ်ခံ ဒူးထောက်အရှုံးပေး
နေခြင်းသည် မကောင်းပါ။

ထို့ကြောင့် သည်းခံခြင်း၊ သဘောကောင်းခြင်းကို အခွင့်ကောင်းယူကာ ထပ်ကာထပ်ကာ စော်ကားခြင်း
ကို စော်ကားသူက ရှောင်ကြဉ်သင့်ပါသည်။ အခွင့်ရေးတစ်ရပ်အနေနဲ့ ထပ်တလဲလဲ မစော်ကားသင့်ပါ။ သည်းခံခြင်း၊ ခွင့်လွှတ်ခြင်းသည် နေရာတိုင်း ရာခိုင်နှုန်းပြည့် အောင်နိုင်သည်ဟု မဆိုနိုင်သော်လည်း ရာခိုင်နှုန်းပြည့်နီးပါး အောင်နိုင်မည်ဖြစ်ကြောင်း ယုံကြည်မိပါသည်။



သာသနာ ဟူသော ဝေါဟာရသည် ဗုဒ္ဓဘာသာ၏ ကိုယ်ပိုင် စကားလုံးသီးသန့်ဖြစ်၏။



သာသနာ ဟူသော ဝေါဟာရသည် ဗုဒ္ဓသာသနာ၏ ကိုယ်ပိုင်သီးသန့် စည်းကမ်း သက်မှတ်ချက်နှင့်အညီ အသုံးပြုသော စကားလုံးဖြစ်သော်လည်း ဗုဒ္ဓဘာသာမဟုတ်သော အခြားဘာသာများက သူတို့၏ စာပေကျမ်းကန်များတွင် သာသနာဟူသော ဝေါဟာရကို မကြာခဏ သုံးစွဲလေ့ရှိသည်ကို သတိပြုမိသည်။ ထိုသို့ မှားယွင်းစွာ သုံးစွဲသောကြောင့် ဗုဒ္ဓဘာသာတွင်သာမက ဗုဒ္ဓဘာသာမဟုတ်သော အဆိုပါ အခြားဘာသာများအတွက်ပါ နှစ်ဦးနှစ်ဖက် နစ်နာမှု ရှိစေပါသည်။ အဘယ်ကြောင့်ဆိုသော် သာသနာ ဟု သုံးသည်နှင့် သူတို့၏ ကိုယ်စီအဆုံးအမများသည် ဗုဒ္ဓ၏ အမိုးအကာအောက်သို့ ခိုလုံဝင်ရောက်သလို ဖြစ်စေပါသည်။ 

ဗုဒ္ဓဘာသာအနေနဲ့လည်း religion (ခ) ဘာသာ မဟုတ်သောကြောင့် သာသနာဟူသော စကားလုံးဝေါဟာရကို ဘာသာခြားများ သုံးစွဲသည်ကို နှစ်သက်မှု
ရှိသည်မဟုတ်မှာ သေချာလှပါသည်။ religion ဆိုသည်မှာ ဖန်ဆင်းရှင် God ရှိရပါမည်။ ထို God ၏ ကောင်းကျိုး၊ ဆိုးကျိုးဟူသမျှသည် ထို God ကသာ လုပ်သည်ဟု ယုံကြည်ရမည်။ God အလိုအကျ မလုပ်လျှင် punishment အပြစ်ပေးခြင်း ခံရမည်။ God အလိုအကျလုပ်သောသူသာလျှင် salvation/save ကယ်တင်ခြင်း ခံရမည်ဟု ဖြစ်သည်။ ဗုဒ္ဓဘာသာသည် ဤသို့မဟုတ်။ ဗုဒ္ဓသာသနာတွင် ဖန်ဆင်းရှင် God/creator မရှိပါ။ မယုံကြည်ပါ။ ကောင်းကျိုး၊ ဆိုးကျိုးဟူသမျှသည် မိမိ၏ အတိတ်နှင့် ပစ္စုပန်ကြောင့်သာဖြစ်သည်ဟု ယုံကြည်သည်။ မိမိမကောင်းတာလုပ်ရင် မကောင်းတာဖြစ်မည်။ မိမိကောင်းတာလုပ်ရင် ကောင်းတာဖြစ်သည်။ လူသားအားလုံး ဗုဒ္ဓဘုရားလို ကျင့်ကြံလျှင် အားလုံးဘုရားဖြစ်ခွင့်ရှိသည်။ မိမိဘဝအတွက် ဖန်ဆင်းရှင်မှာ မိမိသာလျှင် ဖြစ်သည်။ ဗုဒ္ဓဘာသာသည် ယုံကြည်ခြင်း ဘာသာမဟုတ်။ ယုံကြည်မှု၊ အသိဉာဏ်နှင့် ကျင့်စဉ် ပူးပေါင်းထားသော သာသနာဖြစ်သည်။

အမှန်စင်စစ် ဗုဒ္ဓသာသနာကို ဗုဒ္ဓဘာသာလို့ ခေါ်ဆိုနေခြင်းသည်ပင်လျှင် မှားသည်ဖြစ်ကြောင်း၊ ဗုဒ္ဓသာသနာ (သို့) ဗုဒ္ဓဝါဒ လို့ ခေါ်မှာသာလျှင် မှန်ကန်မည်ဖြစ်ကြောင်း ဓမ္မဒူတ အရှင်ပညာဇောတ က
မိန့်တော်မူခဲ့ပါသည်။

"ဘုန်းကြီးတို့ ပိဋကတ်တော်မှာ ဗုဒ္ဓဘာသာလို့ တွဲခေါ်တဲ့စကားလုံး တစ်လုံးမှ မရှိပါ၊ ဗုဒ္ဓသာသနာလို့ တွဲခေါ်တဲ့ စကားလုံးတွေတော့အများကြီး ရှိတယ်။ 'ဗုဒ္ဓသာသန' (Buddha sasana) ကို မြန်မာလိုပြန်ရင် 'ဗုဒ္ဓရဲအဆုံးအမ' (Teachings of Buddha) လို့ အဓိပ္ပာယ် ဖွင့်ဆိုပါတယ်။ ဘုရားရဲ့ အဆုံးအမလို့ ပြန်ရင် ဗုဒ္ဓသာသနာမှာ မပါဝင်တဲ့  ဘာသာခြားတွေရဲ့ ဘုရားတွေနဲ့ ရောနှောသွားမှာ စိုးလို့ပါ။ အဲဒီ ဗုဒ္ဓ က ဘယ်လိုသာသန အဆုံးအမတွေ ပေးခဲ့လဲမေးရင် အချုပ်အားဖြင့် ပြောပြပါလား မေးရင် ပါဠိဟာ အချုပ်ပါပဲ။

သဗ္ဗပါပဿ     အကရဏံ၊
ကုသလဿ     ဥပသမ္ပဒါ။
သစိတ္တ ပရိယောဒပနံ၊
ဧတံ ဗုဒ္ဓါန သာသနံ။ ... တဲ့"

"
အဲဒီမှာ ဗုဒ္ဓါန သာသနံ-ဆိုတာ ဗုဒ္ဓသာသနာ-ဆိုတာပါပဲ၊ အဲဒီပါဠိကို မြန်မာမပြန်ဘဲ ရှစ်လုံးဘွဲ့နဲ့ ပြန်ကြည့်ရအောင်ပါ။"

အကုသိုလ်စု၊ မပြုရှောင်ခွာ၊
ကုသိုလ်အများ၊ ကြိုးစားစုံစွာ၊
မိမိစိတ်ရင်း၊ ပွတ်ဝင်းဖြူငှာ၊
ဤသုံးပါး၊ ဘုရား သာသနာ။ ... တဲ့"

"
ဘုရား သာသနာဆိုတာ ဗုဒ္ဓသာသနာ၊ ဗုဒ္ဓ အဆုံးအမကို ခေါ်တယ်။ ပွင့်ပြီးသမျှသော ဗုဒ္ဓတိုင်းရဲ့အဆုံးအမကို ခေါ်ပါတယ်။ အဲဒီအဆုံးအမကို မြန်မာစကားပြေနဲ့ ပြောရရင် -


(
၁) အကုသိုလ်မှန်သမျှ ဘာမှ မလုပ်နဲ့၊ To abstain from all evil
(
၂) ကုသိုလ်ကို စုံအောင်လုပ်၊ To do good
(
၃) မိမိစိတ်ကို ဖြူစင်အောင်ထား။ To purify the mind... တဲ့ "

"
အဲဒီအဆုံးအမ သုံးမျိုးကို အကျယ်ချဲ့ရင် နိကာယ်ငါးရပ် ပိဋကတ်သုံးပုံ ဖြစ်လာပါတယ်။ အဲဒီအဆုံးအမ တစ်နည်းပြောရရင် 'ဓမ္မဝိနယ'လို့ ပြောနိုင်ပါတယ်၊ ဓမ္မဝိနယနဲ့ သာသနသည် သဘောချင်းတူပါတယ်။ သာသနကို တရားကိုယ်အချုပ်ကောက်ရင်- မဂ်လေးတန်၊ ဖိုလ်လေးတန်၊ နိဗ္ဗာန်ပရိယတ်ကို ကောက်ရသလို ဓမ္မဝိနယ-အရလည်း အဲဒီတရားတွေပဲ ကောက်ရပါတယ်။ အဲဒါကြောင့် ဘုန်းကြီးက ဗုဒ္ဓသာသနာ၊ ဗုဒ္ဓဝါဒလို့ ခေါ်တာပဲ ကြိုက်ပါတယ်။"

သူတို့ နားလည်သလို သူတို့ ဘာသာများနဲ့ တန်းတူထားပြီး သူတို့အခေါ်အတိုင်း ခေါ်ဝေါ်ရာမှ 'ဗုဒ္ဓဘာသာ' ဆိုတဲ့ အခေါ် ဖြစ်လာတာပါ၊ ရှင်းရှင်းပြောရရင် ဂျပ်ဆင်အဘိဓာန် မှ ဘာသာပြန်ဆိုချက်ကို နားယောင်ပြီး ခေါ်ရာမှ ဗုဒ္ဓဘာသာ ဆိုတဲ့ အသုံးအနှုန်း ပေါ်ပေါက်လာပါတယ်။"

"
ဘာသာဆိုတာ တစ်ဆူတည်းသော ဘုရား Creator and God ကို ကိုးကွယ်တဲ့ ယုံကြည်တဲ့ ဘာသာကို ခေါ်ပါတယ်။ ဗုဒ္ဓဝါဒ ဗုဒ္ဓသာသနာက ဒီလို မဟုတ်ပါ၊ ဂင်္ဂါ ဝါဠု သဲစု မက ပွင့်တော်မူတဲ့ ဗုဒ္ဓ ဘုရားများကို ယုံကြည်တဲ့ ဝါဒပါ။ တစ်ဆူတည်းသောဘုရားကို ကိုးကွယ်တဲ့ Religion ဘာသာမဟုတ်ခြင်းကြောင့် ဗုဒ္ဓဝါဒကို ဗုဒ္ဓဘာသာ-လို့ မခေါ်သင့်ပါ။ ဗုဒ္ဓဝါဒ၊ ဗုဒ္ဓသာသနာလို့သာ ခေါ်သင့်ပါတယ်။"

"
Religion ဘာသာရေးဆိုတာ ထာဝရဘုရား God  နဲ့ ပြန်လည်ပူးပေါင်းရန် တဲ့နည်းလမ်းကို ခေါ်ပါတယ်။ ဘာသာရေးဆိုတာ ရိုသေကိုင်းရှိုင်းမှု (သို့) ထာဝရ ဘုရားသခင်အား ဂုဏ်ပြုချီးကျုးမှုကို ခေါ်ပါတယ်၊ ဗုဒ္ဓဝါဒသည် အဲဒီလို မဟုတ်ပါ၊ ဗုဒ္ဓသာသနာ ဝါဒ ဟာ ထာဝရ ဘုရား God နဲ့ ပြန်လည်ပူးပေါင်းရန် နည်းလမ်း မဟုတ်ပါ"

ဗုဒ္ဓဝါဒက ထာဝရဘုရား၊ အတ္တဝိညာဏ်၊ ကောင်းကင်ဘုံ ဆုတောင်းမှုကို လက်မခံလို့ 'ဗုဒ္ဓရဲ့ အဆုံးအမ'  ကို ဗုဒ္ဓဘာသာ-လို့ မခေါ်သင့်ပါနော်"

"
ဗုဒ္ဓဘာသာဝင်တွေ ဗုဒ္ဓ ကို ကိုးကွယ်တာက ဗုဒ္ဓရဲ့ ဂုဏ်တော်တွေကို ယုံကြည်ကိုးကွယ်တာပါ၊ ဗုဒ္ဓ ဘုရားရှင်ကို ကယ်တင်ရှင်အနေမျိုးနဲ့ ယုံကြည်တာ မဟုတ်ပါ၊ ကိုးကွယ်တာ မဟုတ်ပါ။ religion မဟုတ်ပါ…..ဗုဒ္ဓကျင့်သလို ကျင့်က ဗုဒ္ဓဖြစ်နိုင်တဲ့ နည်းလမ်းတွေ ထားခဲ့ပါတယ်။ ဗုဒ္ဓဝါဒ၊ ဗုဒ္ဓသာသနာက ဆုတောင်းသက်သက် ဝါဒမဟုတ်ပါ၊ ဆုတောင်း ဘာသာ မဟုတ်ပါ။ ဆုတောင်းသက်သက်ဆိုရင် Religion ဘာသာရေးလို့ ခေါ်ရပါတယ်။ ဒါဖြင့် ဗုဒ္ဓဝါဒ ဗုဒ္ဓသာသနာမှာ ဆုတောင်းမှု မရှိဘူးလား-ဆိုတော့ ရှိပါတယ်။ ဗုဒ္ဓဝါဒရဲ့ ဆုတောင်းမှုက ကိုယ်ပြုထားတဲ့ ကုသိုလ်ကံရဲ့ အကျိုးကို တောင်းယူတာပါ၊ ဘာမှမလုပ်ဘဲနဲ့ တောင်းတာမဟုတ်ပါ၊ ယခုအခါမှာ ဗုဒ္ဓဝါဒ၊ ဗုဒ္ဓသာသနာဟာ ဘာသာရေးဆန်နေပြီနော်၊ သတိထားပါ။"

"
ဗုဒ္ဓဝါဒဟာ ပစ္စုပ္ပန်ကံ ပစ္စုပ္ပန် အကြောင်းအကျိုးတရားတွေကို ဦးစားပေးတဲ့ ဝါဒပါ။ ဗုဒ္ဓဟာ ကိုယ်တိုင်ဓမ္မကို ရှာဖွေပြီး ကိုယ်တိုင် ဗုဒ္ဓဖြစ်မှ ဗုဒ္ဓအဖြစ် ရောက်ပုံ လမ်းစဉ် ကျင့်စဉ်တွေပဲ ဟောခဲ့ပါတယ်၊ ဆုတောင်းဖို့ မဟောခဲ့ပါ။ အဲဒီအဆုံးအမ လမ်းစဉ်တွေ မိမိတို့ ကိုယ်ကို မိမိတို့ အားကိုးပြီး အဆင့်ဆင့်သော ဝီရိယနဲ့ အားထုတ်ကျင့်ကြံဖို့သာ ဟောခဲ့ပါတယ်။ ဗုဒ္ဓဝါဒ၊ ဗုဒ္ဓသာသနာမှာ မေ့လျော့ ပေါ့တန်နေလို့ မရပါ၊ သတိတရား လက်ကိုင်ထားပြီး ကြိုးစား အားထုတ်ယူမှ ကိုယ်လိုရာ ရနိုင်ပါတယ်။ ဗုဒ္ဓသာသနာက ကိုယ်အကျိုးကိုယ်စံ၊ ကိုယ့်အပြစ် ကိုယ်ခံပါ၊ ဗုဒ္ဓက အကျိုးကိုလည်း မပေးပါ၊ အပြစ်ကိုလည်း မပေးပါ၊ ဒါကြောင့် ဗုဒ္ဓကို မကြောက်ရပါ။ ပြီးတော့ ဗုဒ္ဓသာသနာမှာ ဗုဒ္ဓကို နည်းပေးလမ်းညွှန်အဖြစ်နဲ့ အားထားယုံကြည်တဲ့ သဘောမျိုးပါ၊ မိမိကိုယ်ကို လုံးဝပုံအပ်ပြီးအားကိုးတဲ့ သဘောမျိုး မဟုတ်ဘူးနော်"

"
ဗုဒ္ဓသာသနာမှာ ဗုဒ္ဓအတွက် ဘာမှလုပ်ပေးစရာ မလိုပါ၊ Religion ဘာသာရေးမှာ ဘာသာဘုရားအတွက် လုပ်ပေးရပါတယ်။ ဗုဒ္ဓသာသနာမှာ ဗုဒ္ဓက လမ်းညွှန်တဲ့ ကိစ္စပါ၊ ဗုဒ္ဓသာသနာဝင်တွေက လိုက်နာကျင့်ကြံရသူတွေပါ။ ဗုဒ္ဓဝါဒ၊ ဗုဒ္ဓသာသနာမှာ ကိုယ့်အတွက် ကိုယ်ကျင့်တာသည်ပင်လျှင် ဗုဒ္ဓကို အမြတ်ဆုံး ပူဇော်ခြင်းဖြင့် ပူဇော်တယ်လို့ ခေါ်ပါတယ်။"

"
ဗုဒ္ဓဝါဒက အတ္တဟိတ = ကိုယ်ကျိုးကျင့်သက်သက်နဲ့ ပရဟိတ = သူတစ်ပါးအကျိုးသက်သက်ကျင့်တဲ့ဝါဒနှစ်ခုရဲ့ အလယ်က သွားတဲ့ အလယ်အလတ် လမ်းစဉ်ဝါဒပါ၊ သာသနာပါ၊ religion (ခ) ဘာသာ မဟုတ်ပါ။ "

 
ကမ္ဘာ့ ဒီမိုကရေစီ ပထမ အစ၊ ဗုဒ္ဓဘုရား  က
ဗုဒ္ဓ မြတ်စွာဘုရား ၏ တရားတော်များသည် လွန်ခဲ့သော နှစ်ပေါင်း ၂၆၀ဝ ကပင် လွတ်လပ်စွာ ပြောဆို
ဝေဖန်ဆန်းစစ်ခွင့် ရှိသောကြောင့် ဒီမိုကရေစီပထမအစ၊ ဗုဒ္ဓက ဟု ဆိုအပ်လှပေသည်။ ဒီမိုကရေစီ ဟု ဆိုရလောက်အောင်ပင် ဒီမိုကရေစီစံနှုန်းအနှစ်သာရကိုညွှန်ပြသော လမ်းညွှန်တော်မူချက်တစ်ရပ်ကို ဗုဒ္ဓမြတ်စွာဘုရားက လွန်ခဲ့သော နှစ်ပေါင်း(၂၆၀ဝ)ကျော်ကတည်းက လမ်းညွှန်တော်မူခဲ့ပေသည်။ ဒီမိုကရေစီ၏အစ၊ ပထမ ဟု အများက သက်မှတ်ထားသော ဂရိ နိုင်ငံ တွင်ထိုစဉ်က ဒီမိုကရေစီ မပေါ်ထွန်းသေးပါ၊

ဆရာကြီး ဆိုကရေးတီး (ဘီစီ ၄၆၉-၃၉၉)၊ မဟာအလက်ဇန္ဒား (ဘီစီ ၃၅၆-ဘီစီ၃၂၃)၊ ပလေတို (ဘီစီ ၄၂၈-၃၄၈) နှင့် ဆရာကြီး အရစ္စတိုတယ် (ဘီစီ ၃၈၄-၃၂၂) တို့ မမွေးသေးပါ။ ဗုဒ္ဓ မြတ်စွာဘုရား သည် ကျင့်ကြံအားထုတ် ခဲ့သဖြင့် ဘီစီ ၅၈၈ ခုတွင် အမြင့်မြတ်ဆုံးသော မြတ်စွာဘုရား ဖြစ်ချိန်တွင် တရုတ်
အတွေးအခေါ်ပညာရှင် ဒဿန ဆရာကြီး ကွန်ဖြူးရှပ် (ဘီစီ ၅၅၁--၄၇၉) မမွေးသေးပါ။

ဗုဒ္ဓမြတ်စွာဘုရား နှင့် ဗုဒ္ဓဘာသာ သည် ကမ္ဘာ့ ဝိဇ္ဇာပညာ နှင့် သိပ္ပံပညာ(ARTS & SCIENCE) တို့၏ 
ရှေ့  ဆောင် ပထမ ဆရာ ဖြစ်ပေသည်။

ဗုဒ္ဓဘာသာတွင်အကြောင်းအရာတစ်ခုကိုလေ့လာ ကျင့်ကြံရာ၌ နည်းစံနစ်ကျသည်။ သိပ္ပံနည်းကျသည်။ ဗုဒ္ဓတရားတော်များသည် အကြောင်း အကျိုး ဆက်စပ်မှုရှိခြင်း၊ ယုတ္တိနည်းကျ လက်တွေ့ကျခြင်း၊ စနစ်တကျ ဖွဲ့စည်းမှု ရှိခြင်း၊ မှန်သည်-မှားသည်၊ လုပ်သင့်သည်-မလုပ်သင့်သည်၊ အကျိုးရှိသည်-အကျိုးမဲ့သည် တို့ကို မိမိတို့ကိုယ်တိုင် (critical analysis and scientific verification)  ဝေဖန်စမ်းစစ်ခွင့်ရှိခြင်း၊ အချိန်မရွေး၊ နေရာမရွေး၊ လူမျိုး ဘာသာမရွေး လက်တွေ့ကျင့်ကြံပြီး အေးချမ်းမှုကို ကိုယ်တိုင်သိရှိနိုင်ခြင်း၊ အမြဲထာဝရ မှန်ကန်ခြင်း စသော အရည်အချင်းများပြည့်စုံသောကြောင့် ဗုဒ္ဓဘာသာသည် ဝိဇ္ဇာပညာ၊ သိပ္ပံပညာကို ဦးဆောင်သည့်- အမှန်တရားနှင့် လက်တွေ့သဘာဝကျ သည့် ဘာသာလည်း ဖြစ်သည်။

ဓမ္မစကြာတရားတော် တွင် အစွန်းနှစ်ပါးရှောင်ခြင်း (avoiding the two extremes) - အစွန်းရောက်မှုကို
ရှောင်ခြင်း နှင့် မဇ္ဈိမ ပဋိပဒါ အလယ်အလတ်အမှန်လမ်းစဉ် majjhima patipada (middle way and correct view of life) ကသာ မှန်ကန်ကြောင်း ဗုဒ္ဓမြတ်စွာဘုရားကဟောကြားတော်မူခဲ့ပေသည်။

ပဋိစ္စသမုပ္ပါဒ် သည် ဗုဒ္ဓမြတ်စွာဘုရား၏ အကြောင်း အကျိုးသဘောတရား လမ်းညွှန်တရားတော်ဖြစ်ပါ
သည်။  ရူပဗေဒ ပညာရှင်၊ သင်္ချာ ပညာရှင်၊ နက္ခတ္တဗေဒ ပညာရှင်၊ အတွေးအခေါ် ပညာရှင် ဆရာကြီး နယူတန်၏ နိယာမ တွေ့ရှိချက်များသည် ဂေါတမ မြတ်စွာဘုရား၏ ကံကံ၏အကျိုး (cause and effect law) အဆုံးအမ အမှန်တရားတော် နောက် နှစ်ပေါင်း (၂၄ဝဝ) နောက်ကျပြီးမှ နယူတန်သည် (cause and effect law) ကို ရှာဖွေ ဖော်ထုတ်နိုင်ခဲ့သည်။

ဆရာကြီး အဲလ်ဘတ် အိုင်းစတိုင်း ၏ ရီလေတီဗတီ သီအိုရီ (Relativity Theory) နိယာမ တွေ့ ရှိချက်များ
သည် ဂေါတမ မြတ်စွာဘုရား၏ ပဋိစ္စသမုပ္ပါဒ် အကြောင်းအကျိုးသဘောတရားများ၊ ဟေတုပစ္စယော- အာရမ္မဏပစ္စယော- အဓိပတိပစ္စယော- အနန္တရပစ္စယော- သမနန္တရပစ္စယော- သဟဇာတပစ္စယော- အညမညပစ္စယော .......စသော ပဋ္ဌာန်း ၂၄-ကျမ်း နှင့် ကံ- ကံ၏အကျိုး cause and effect law အဆုံးအမ အမှန်တရားတော် ၏ နောက် နှစ်ပေါင်း (၂၄ဝဝ) နောက်ကျပြီးမှ အိုင်းစတိုင်း သည် (၂၄ ပစ္စည်း ပဋ္ဌာန်း (ပဋ္ဌာန်း)) ၏ အခြေခံ Theory of relativity and E = mc² ကို ရှာဖွေ ဖော်ထုတ်နိုင်ခဲ့သည်။

ရတနသုတ်တော် အရ ဗုဒ္ဓ အလိုတော်ကျ ကျင့်စဉ် သုံးဆင့် တွင် ပထမကျင့်စဉ် အဆင့်မှာ လောက အတွက်ဖြစ်၏။ ဒုတိယအဆင့် အနေဖြင့် မိမိ၏ နိုင်ငံနှင့် အမျိုးသားများ အတွက်ဖြစ်၏။ တတိယအဆင့် အနေဖြင့် မိမိအတွက်နှင့် မိမိ၏ မိသားစု အတွက်ဖြစ်၏။ မိမိ အတွက် နှင့်မိသားစု အတွက်ဆိုသော်လည်း မိမိအတွက်နှင့်မိသားစုအတွက်သီးခြားမဟုတ်။ လောကနှင့်လည်း စပ်၏။ မိမိ၏ နိုင်ငံ၊ မိမိ၏ အမျိုးသားများ
နှင့်လည်း စပ်၏။ မိမိ အားကောင်းလျှင် အားကောင်းသည်နှင့်အမျှ လောကအတွက်လည်း ပို၍ဆောင်ရွက်
နိုင်၏။ မိမိ၏ နိုင်ငံ နှင့် မိမိ၏ အမျိုးသားများအတွက်လည်း ပို၍ ဆောင်ရွက်နိုင်၏။

ထိုအခါ လူသည် လူအနေဖြင့် မိမိ၏ကျင့်စဉ်သုံးဆင့်ကို ဆောင်ရွက်ရာတွင် ရတနသုတ်လာ ပန်းတိုင်
သဘောအရ လောအကျိုးကို ပထမ ထားရာရောက်၏ ။ မိမိ၏ နိုင်ငံ နှင့် မိမိ အမျိုးသား အကျိုးကို ဒုတိယ ထားရာရောက်၏။ မိမိ၏ အကျိုးကို နောက်ဆုံးထားရာရောက်၏ ။ ဤသို့ ထားရာရောက်ခြင်းမှာ ခံစားမှု
ဆိုင်ရာအကျိုးအနေဖြင့် ထားရာရောက်ခြင်းဖြစ်၏ ။ မိဘဟူသည် လုပ်ငန်း (အကြောင်းတရား) နှင့်
ပတ်သက်လာလျှင် မိမိကသာအနစ်နာခံပြီး အကျိုးခံစားမှုနှင့်ပတ်သက်လာလျှင် သားသမီးများကို ဦးစားပေးသည့် သဘောမျိုးဖြစ်၏။

တစ်နည်းဆိုရသော် အနာခံစရာရှိပါက မိမိကို ပထမ ထား၏။ အသာစံ စရာရှိပါက သားသမီးများကို ပထမ ထား၏။ ဤသို့ ကျင့်ဆောင်ရန် ဗုဒ္ဓ က သွန်သင်တော်မူခြင်းဖြစ်၏။ အသာစံခြင်း၊ အနာခံခြင်းနှင့် ပတ်သက်
၍ ဗုဒ္ဓ၏ ၀ါဒအတိုင်း လိုက်နာနိုင်မည်ဆိုပါလျှင် လောကသည် မည်မျှချမ်းသာ၍ မည်မျှ ငြိမ်းချမ်းမည်ကို မှန်းဆ၍ ကြည့်နိုင်ပေသည်။ အကောင်းဆုံးမှာ မိဘနှင့် သားသမီး အပြန်အလှန် ချစ်ခင်မှု၊ နားလည်မှု
ရှိရန်ပင် ဖြစ်သည်။


TAGS:
Myoma Myint Kywe, Myoma Myint Kywe articles 2014, Karate Myint, Buddhism, Buddha BC 623, Buddha articles 2014, Buddhism booksie, Booksie Myoma Myint Kywe,
မြို့ မ-မြင့်ကြွယ်
Metta 2014, About Metta 2014, Metta articles 2014, Metta Is Essential (Metta ist wichtig), มิวม่า มิตร จอย    เมตตา Burmese Buddhism 2014, Burmese Buddhism articles, Theravada Buddhism articles, Theravada Buddhism 2014, Theravada monks 2014, Metta in Theravada Buddhism, Buddha and Metta, Metta meditation 2014 article, What is metta in Buddhism, what is Buddhism 2014, Myint Kywe, Myint Buddhism, Myoma Myint Kywe 2014, Articles of Myoma Myint Kywe, Buddha was born in BC 623, Buddhist philosophy 2014, Buddhism logic,