Pages

ဗုဒ္ဓ သာသနာ မကွယ်ပျောက် ပါစေနှင့် by- Myoma Myint Kywe ဦးမြင့်ကြွယ် ( မြို့ မ မြင့်ကြွယ် )



ဗုဒ္ဓ သာသနာ မကွယ်ပျောက် ပါစေနှင့်


Researched by- Myoma Myint Kywe
 ဦးမြင့်ကြွယ် ( မြို့ မ မြင့်ကြွယ် သမိုင်းပညာရှင် 
ဆိုရှိကိ ကရာတေးအသင်း နည်းပြချုပ်




သာသနာ Śāsana (Teachings Of Buddha) မှာ- ဗုဒ္ဓမြတ်စွာဘုရား၏ အဆုံးအမ တရားတော်များ + ဗုဒ္ဓမြတ်စွာဘုရားဟောကြားသော ပိဋကတ်ကျမ်းစာလာ အဆုံးအမ တရားတော်များ + ဗုဒ္ဓမြတ်စွာဘုရား၏ သားတော်ရဟန်းသံဃာတော်များ၏ အဆုံးအမ တရားတော်များ ဖြစ်သည်။

မိမိတို့အမျိုးဘာသာ သာသနာ မကွယ်ပျောက်ဖို့ မိမိတို့ဗုဒ္ဓဘာသာဝင် အားလုံးမှာတာဝန်ရှိပါသည်။ အမျိုး ဘာသာကို မိမိတို့ကာကွယ်ထိန်း သိမ်းမှု အားနည်းခြင်းကြောင့် ကွယ်ပျောက်သွားခဲ့ကြရသော သာဓကများစွာရှိခဲ့ပါ သည်။

မိမိကြောင့် ဗုဒ္ဓဘာသာ သာသနာ မညိုးနွမ်းစေပါနှင့်။

မိမိနေထိုင်ရာ နိုင်ငံ၏ ကျေးဇူးသစ္စာကို လိုက်နာသူ စောင့်ထိန်းသူ ကာကွယ်သူများကို နိုင်ငံ့သစ္စာစောင့်သိသူဟု ဆိုရမည်။ နိုင်ငံသားတိုင်းသည် မိမိနေထိုင်ရာ နိုင်ငံ၏ အချုပ်အခြာအာဏာကို၊ အမျိုး ဘာသာ သာသနာကို၊ ယဉ်ကျေးမှုကို လိုက်နာဖို့၊ စောင့်ထိန်းဖို့ ကာကွယ်ဖို့ သစ္စာစောင့်ဖို့ တာဝန်ရှိသည်။ ထိပါးနှောင့်ယှက်သူများကိုလည်း တွန်းလှန်ဖို့ တာဝန်ရှိသည်။

ဘာသာရေးခေါင်းဆောင် ဆရာတော် သံဃာတော်များသည် မိမိဘာသာဝင်များကို အမျိုး ဘာသာ သာသနာ ထိန်းသိမ်းစောင့်ရှောက် ကာကွယ်နိုင်အောင် အသိပညာဖြန့်ဖြူးရမည်၊ လမ်းညွှန်ပေးရမည်၊ ဘဝရပ်တည်နိုင်ဖို့ အသိပညာ၊ အတတ်ပညာများ သင်ပေးဖို့ လမ်းညွှန်ပေးဖို့ တာဝန်ရှိသည်။ မိမိနှင့် မဆိုင်သလို ကြောင့်ကြမဲ့နေလျှင် အမျိုး-ဘာသာ- သာသနာ မကြာမီ ပျောက်ကွယ်သွားမည်မှာ မလွဲပေ။



ထို့ကြောင့်……ယခုအချိန်မှာ ဘာသာရေး ခေါင်းဆောင် ဆရာတော် သံဃာတော်များ နိုင်ငံရေးခေါင်းဆောင်များ၊ နိုင်ငံတော် ခေါင်းဆောင် များသည် မိမိနှင့် မဆိုင်သလို ကြောင့်ကြမဲ့ မနေသင့်တော့ပါ။
စိတ်လိုက်မာန်ပါ အကြမ်းဖက် ဖြေရှင်းနည်းများမှာလည်း မှန်ကန်သော ထိရောက်သော ဖြေရှင်းနည်းမဟုတ်ပါ။ လုပ်လည်း မလုပ်သင့်ပါ။
မှန်ကန်ထိရောက်သော နည်းတို့ကို ဝိုင်းဝန်းရှာကြံပြီး အမျိုး- ဘာသာ- သာသနာ မပျက်သုဉ်းရေးအတွက် လုပ်ဆောင်ကြဖို့ အချိန်တန်နေပါပြီ။

ဗုဒ္ဓဘာသာသည် ဖန်ဆင်းရှင်(Creator God) ကို လုံးဝလက်မခံကြပါ။ ဖန်ဆင်းရှင်ကို လုံးဝ မယုံကြည်ကြပါ။ (Buddhists do not believe in a Creator God) လုံးဝအသိအမှတ်မပြုကြပါ။

ဗုဒ္ဓ၊ ဓမ္မ၊ သံဃာ ရတနာသုံးပါး ကိုသာ အသိအမှတ်ပြု ယုံကြည်ဆည်းကပ်ကိုးကွယ်၏။ ဗုဒ္ဓဘာသာ သာသနာ (teaching, practice, doctrine of Buddha Śāsana) တခုတည်းကသာ ယုံကြည်ခြင်း တခုတည်းကို သာမက ဘုရား တရားသံဃာ ကိုလုံးဝမှီခိုအားထား
ကိုးကွယ်ယုံကြည်ခြင်း(believe in Lord Buddha, believe in Dharma teaching of Lord Buddha and believe in Sangha) + မိမိကိုယ်မိမိယုံကြည်ခြင်း(self-confidence )+ မေတ္တာ-ဂရုဏာ (Loving-kindness) + မိမိကိုယ်မိမိအားကိုးခြင်း (self reliance) + အသိဉာဏ်(intelligence) + လက်တွေ့ကျင့်စဉ်(practice) လမ်းစဉ်ပေါ်တွင် အဓိက အခြေခံထားသည်။ 


ဗုဒ္ဓမြတ်စွာဘုရားသည် အပြစ်ဒဏ်(punishment and Capital punishment ) သေဒဏ်ပေးသော နာကျင်စေအောင် အပြစ်ပေးသော စစ်ဘုရား မဟုတ်ပါ။ သေဒဏ်ချမှတ်သောဘုရား(God) မဟုတ်ပါ။


အပင်မျိုးစေ့ ဘယ်လောက် ကောင်းပါစေ မြေဆွ-ရေလောင်း-ပေါင်းသင် မြေသြဇာပေးရသလို အခြားတဖက်ကလည်း ကာကွယ် စောင့်ရှောက်မှုတွေ လုပ်ဖို့လိုပါသည်။ လွန်ခဲ့သော သမိုင်းဖြစ်စဉ်မျာကနေ သင်ခန်းစာယူကြဖို့ အထူးအရေးကြီးပါသည်။
ယနေ့ ထေရဝါဒ ဗုဒ္ဒဘာသာဝင်များ စုပေါင်းညီညာ လက်တွဲလုပ်ဆောင်ကြဖို့ အထူးလိုအပ်နေပါသည်။
ဗုဒ္ဓမြတ်စွာဘုရား သည် သူကို ယုံကြည်သူများကို လည်းကောင်း၊ မယုံကြည်သူများကို လည်းကောင်း၊ မေတ္တာထားသော လူ သတ္တဝါ တို့အား ဒုက္ခအပေါင်းမှကယ်တင်သော မေတ္တာဘုရား ဖြစ်သည်။

ဗုဒ္ဓဘာသာသည် Religion မဟုတ်ပါ။
ယုံကြည်ခြင်း+ အသိဉာဏ်+ လက်တွေ့ကျင့်စဉ်
"Buddhism is not a religion , it is more of a philosophy" but a way of life (the truth of the cessation of suffering, anxiety, hatred, and dissatisfaction) ဖြစ်သည်။ 



ဗုဒ္ဓဘာသာသည် မြန်မာ့ စွယ်စုံကျမ်းသဖွယ်ဖြစ်နေ၍ ဗုဒ္ဓဘာသာကို မြန်မာ့ယဉ်ကျေးမှု၏ ရေသောက်မြစ်ဟုလည်း တင်စားခေါ်ဆိုကြသည်။ မြန်မာနိုင်ငံ တွင် ဘီစီ ၅၈၈ ကပင် စတင် ပွင့်ထွန်း ပေါ်ပေါက်ခဲ့ကြောင်း သမိုင်းအထောက်အထားများအရ အတည်ပြု မှတ်သားနိုင်ပါသည်။

မြန်မာ့ဗုဒ္ဓသာသနာတော်အစ-တဖုဿ       နှင့် ဘလ္လိက ဟု လည်းကောင်း၊ မြန်မာ့ဗုဒ္ဓသာသနာအစ- ရွှေတိဂုံ က လည်းကောင်း၊ ဆိုကြသည်။ တဖုဿ       နှင့် ဘလ္လိက ကုန်သည်ညီနောင်တို့သည် ထူးခြားစွာ ဘုရားရှင်အား ကမ္ဘာပေါ်တွင်ပထမဆုံး ဆွမ်းကပ်ရသူ ကမ္ဘာပေါ်တွင်ပထမဆုံး သရဏဂုံ တည်သူများ နှင့် ကမ္ဘာပေါ်တွင်ပထမဆုံး ဗုဒ္ဓဘာသာဝင်များ ဖြစ်ခဲ့၏။ ထို ရွှေတိဂုံစေတီတော် သည် ဂေါတမ ဘုရားရှင်၏ သာသနာတော်မှာ ကမ္ဘာမြေပြင်တွင် ပထမဦးဆုံးစေတီဖြစ်၏။ ထို့ကြောင့် မြန်မာနိုင်ငံ၌ ဗုဒ္ဓသာသနာအစ- ရွှေတိဂုံကဟု ကဗ္ဗည်းထိုး မော်ကွန်းတင်ခဲ့ပြီ ဖြစ်သတည်း။ 

အဂုင်္တ္တိုရ် ပါဠိတော်လာ ပဟာရာဒသုတ် တွင် သမုဒ္ဒရာ၏ အံ့ဖွယ်ရှစ်ပါးနှင့် ဥပမာပြု၍ သာသနာတော်၏ အံ့ဖွယ်ရှစ်ပါးကို ဟောတော်မူထားပါသည်။ အကျဉ်းချုံး၍ ဖော်ပြပါမည်။

၁။ သမုဒ္ဒရာသည် ကမ်းစပ်မှ အလယ်သို့ တစတစနက်သွားသကဲ့သို့ သာသနာတော်၌ တစတစကျင့်သွားရသော ကျင့်စဉ် ရှိလေသည်။
၂။ သမုဒ္ဒရာရေသည် ကမ်းကို မလွန်သကဲ့သို့ သာသနာတော်၌ တပည့်သားတို့သည် သိက္ခာပုဒ်များကို လွန်ကျူး၍ မကျင့်။

၃။ အကောင်ပုတ် များကို သမုဒ္ဒရာက လက်မခံ ( ကမ်းသို့ ပုတ်၍တင်ပစ် ) သကဲ့သို့ သာသနာတော်က ယုတ်မာသူတို့ကို လက်မခံ၊ သူ့အလိုလိုပင် သာသနာ မှ ဝေးရာသို့ ရောက်သွားရသည်။

၎။ မြစ်ချောင်းတို့သည် သမုဒ္ဒရာသို့ရောက်လျှင် မူလအမည်ပျောက်၍ သမုဒ္ဒရာဟူသော အမည်သာ ဖြစ်ရသကဲ့သို့ မည်သည့်အမျိုးမှဝင်၍ ရဟန်းပြုပြု သာသနာတော်သို့ရောက်လျှင် ဘုရားသားတော်သာ ဖြစ်ရသည်။

၅။ မိုး မည်မျှပင်ရွာရွာ၊ နေ မည်မျှပင်ပူပူ သမုဒ္ဒရာ၌ ရေအတိုးအလျော့ မရှိသကဲ့သို့ နိဗ္ဗာန်ဟူသော ငြိမ်းအေးမှု ဓာတ်တမျိုးသည် သာသနာတော်၌ အတိုးအလျော့ မရှိ။

၆။ သမုဒ္ဒရာသည် ငန်သောအရသာ တမျိုးတည်းသာ ရှိသကဲ့သို့ သာသနာတော်၌ လွတ်မြောက်မှု ဝိမုတ္တိရသ တမျိုးတည်းသာ ရှိသည်။

၇။ သမုဒ္ဒရာသည် ရတနာအမျိုးမျိုး၏ တည်ရာဖြစ်သကဲ့သို့ သာသနာတော်သည် သတိပဋ္ဌဌာန်၊ သမ္မပ္ပဓာန် စသော ဗောဓိပက္ခိယတရား ၃၇-ပါးတို့၏ တည်ရာဖြစ်သည်။

၈။ သမုဒ္ဒရာသည် ကြီးမားသော ငါးသတ္တဝါကြီးတို့၏ နေရာဖြစ်သကဲ့သို့ သာသနာတော်သည် သောတာပန်စသော အရိယာတို့၏ နေရာ ကျင့်သုံးရာ ဖြစ်လေသည်။

သာသနာ(၃) ရပ်ကို အဆက်ဆက် ဆင့်ကာဆင့်ကာ သယ်ဆောင်ပေးခဲ့တာ ရဟန်းသံဃာတောများပဲ မဟုတ်ပါလား….!
သာသနာတော် အစဉ်မပြတ် တည်တံ့နေပါစေ…………