Pages

ဗုဒ္ဓ မြတ်စွာဘုရား နှင့် ဗုဒ္ဓဘာသာ The Buddha (BC 623- BC 543) အပိုင်း (၃) by- မြို့ မ မြင့်ကြွယ် Myoma Myint Kywe



The Buddha (BC 623- BC 543)
ဗုဒ္ဓ မြတ်စွာဘုရား နှင့် ဗုဒ္ဓဘာသာ    အပိုင်း () Part 3

Researched by- Myoma Myint Kywe
မြို့ မ မြင့်ကြွယ်


မြန်မာ့ ဗုဒ္ဓသာသနာ နှင့် ကမ္ဘာ့ ဗုဒ္ဓသာသနာ အစ ရွှေတိဂုံ က
ပြည်ထောင်စုမြန်မာနိုင်ငံ တွင် ဗုဒ္ဓဘာသာ၊ ဟိန္ဒူဘာသာ၊ ခရစ်ယာန်ဘာသာ၊ အစ္စလာမ်ဘာသာ တို့သည် လွတ်လပ်စွာ ကိုးကွယ်ခွင့်ရှိကြသည် ဟု ဖွဲ့စည်းပုံ အခြေခံဥပဒေတွင် ပြဌာန်းခဲ့သည်။ ဘာသာအားလုံးတို့သည် ကောင်းမွန်သော ဆုံးမချက်များ ကိုယ်စီပါရှိကြသည်ကို သတိပြုမိသည်။ သို့ရာတွင် မေတ္တာကို အခြေခံပြီး တစ်ဦးနှင့် တစ်ဦး၊ တစ်ဘာသာနှင့် တစ်ဘာသာ အကောင်းမြင် တတ်ဖို့ လိုအပ်သည်။ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေတွင် ဗုဒ္ဓဘာသာသည် နိုင်ငံတော်ဘာသာ ဖြစ်သည်ဟု အသိအမှတ်ပြု ပြဋ္ဌာန်း ပါရှိသည်။

ဗုဒ္ဓသာသနာသည် မြန်မာနိုင်ငံတွင် ဘီစီ ၅၈၈ ကပင် စတင် ပွင့်ထွန်း ပေါ်ပေါက်ခဲ့ကြောင်း သမိုင်းအထောက်အထားများအရ အတည်ပြု မှတ်သားနိုင်ပါသည်။ ဗုဒ္ဓဝင်သမိုင်းကို ပြန်ကြည့်လျှင် ဂေါတမဘုရားရှင် လက်ထက်၌ မြန်မာနိုင်ငံ တဖုဿ      နှင့် ဘလ္လိက ကုန်သည်ညီနောင်တို့သည် ထူးခြားစွာ ဗုဒ္ဓဘုရားရှင်အား ကမ္ဘာပေါ်တွင် ပထမဆုံး ဆွမ်းကပ်ရသူနှင့် ပထမဆုံး သရဏဂုံ တည်သူများ ဖြစ်ခဲ့၏။

မြန်မာ့ဗုဒ္ဓသာသနာအစ ရွှေတိဂုံက ဖြစ်သည်။ ထို ရွှေတိဂုံစေတီတော် သည် ဂေါတမဘုရားရှင်၏ သာသနာတော်မှာ ကမ္ဘာမြေပြင်တွင် ပထမဦးဆုံးစေတီဖြစ်၏။ ထို့ကြောင့် မြန်မာနိုင်ငံ၌ ဗုဒ္ဓသာသနာအစ- ရွှေတိဂုံကဟု ကဗ္ဗည်းထိုး မော်ကွန်းတင်ခဲ့ပြီ ဖြစ်သတည်း။ ကမ္ဘာ့ဗုဒ္ဓသာသနာစေတီတော်အစ-မြန်မာ က ဖြစ်သတည်း။ ဗုဒ္ဓဘာသာသည် ဘီစီ ၅၈၈ တွင် စတင်ပေါ်ထွန်းခဲ့သည်။ သမိုင်းပညာရှင်များသည် ဗုဒ္ဓ မြတ်စွာဘုရား ၏ မွေးဖွားချိန်အားဘီစီ ၆၂၃ သတ်မှတ်ကြသည်။ ဗုဒ္ဓသည် မဟာလူသားတစ်ဦး ဖြစ်ခဲ့သည်။ ဗုဒ္ဓ သည် ကျင့်ကြံအားထုတ်ခဲ့သဖြင့် ဘီစီ ၅၈၈ တွင် အမြင့်မြတ်ဆုံးသော မြတ်စွာဘုရား ဖြစ်လာခဲ့သည်။

ယနေ့ကမ္ဘာတွင် သာသနာ သက္ကရာဇ်ကို ဗုဒ္ဓ ပရိနိဗ္ဗာန် စံလွန်တော်မူသည့် ဘီစီ ၅၄၃ မှစပြီး ရေတွက်သောကြောင့်(သဗ္ဗညု မြတ်စွာဘုရားသခင် ပရိနိဗ္ဗာန် စံဝင်တော်မှူ သည့်နှစ်ကို သာသနာ သက္ကရာဇ် ၁ နှစ်ဟူ ၍ စတင် ရေတွက်ခဲ့ရာ) ၊ ဥပမာ-ခရစ်နှစ် ၂၀၁၄တွင်၂၅၅၇ ဗုဒ္ဓ သာသနာနှစ် (၂၀၁၄+ဘီစီ ၅၄၃=၂၅၅၇ ဗုဒ္ဓ သာသနာနှစ်) ဖြစ်နေသည်။ 



ထိုသို့ တွက်ချက်နည်းမှာ မမှန်ကန်ကြောင်း နှင့် ဗုဒ္ဓသာသနာနှစ်ကို မှန်ကန်စွာ တွက်ချက်လိုပါက မြတ်စွာဘုရားက ဗုဒ္ဓ ဝါဒ ကို စတင်တည်ထောင်ခဲ့သော ဘီစီ ၅၈၈ မှစပြီး ရေတွက်ရမည်ဖြစ်ကြောင်း သီတဂူဆရာတော် ဦးဉာဏိဿ     ရ ၊ ချမ်းမြေ့ဆရာတော် အရှင်ဇနကာဘိဝံသ နှင့်  မြို့ မ မြင့်ကြွယ် တို့က မှတ်ချက်ပြုပြောကြားခဲ့သည်။   ဥပမာ-ခရစ်နှစ် (၂၀၁၄)တွင် (၂၆၀၂) ဗုဒ္ဓ သာသနာနှစ် (၂၀၁၄+ဘီစီ ၅၈၈=၂၆၀၂ ဗုဒ္ဓ သာသနာနှစ်) ဖြစ်ရပါမည်။  (ယနေ့ သာသနာနှစ်+၄၅ ဝါ ဖြစ်ရပါမည်) ထို့ကြောင့် ဗုဒ္ဓဘာသာသာသနာ သက်တမ်းမှန် သည် ရွှေတိဂုံစေတီတော် ၏ သက်တမ်းနှင့် အတူတူဖြစ်ကြောင်း သမိုင်းအထောက်အထားများအရ အတည်ပြု မှတ်သားနိုင်ပါသည်။ ဗုဒ္ဓဘာသာ သာသနာသက်တမ်း တွက်ချက်ပုံကို မြို့ မ မြင့်ကြွယ် มิวม่า มิตร จอย ရေးသားခဲ့သော "မြန်မာ့ယဉ်ကျေးမှု အထူးမှတ်သားဖွယ် နှင့် လူငယ်ရေးရာ မှတ်စုများ စာအုပ်" တွင် မြင်တွေ့နိုင်ပါသည်။

ဗုဒ္ဓဘာသာ၏ အခြေခံအုတ်မြစ်မှာ ဘုရား၊ တရား၊ သံဃာ ဟူသော ရတနာမြတ်သုံးပါးတို့ကို ယုံကြည်ကိုးကွယ်ဆည်းကပ်ခြင်းဖြစ်သည်။ ထေရဝါဒ ဗုဒ္ဓဘာသာဝင် အားလုံးသည် တိပိဋက ("ပိဋကတ်သုံးပုံ") ကို ဘုရားဟောတရားဓမ္မအဖြစ် (၁၀ဝ) ရာခိုင်နှုန်း လိုက်နာကျင့်ကြံကြပြီး မဟာယာန ဗုဒ္ဓဘာသာဝင်များသည် ထေဝါရဒဗုဒ္ဓဘာသာမှ လက်မခံသော မဟာယာနသုတ်ခေါ် ကျမ်းစာများကို လိုက်နာကျင့်ကြံသည်။

ဗုဒ္ဓဘာသာဝင်တို့၏ ငါးပါးသီလ ကိုယ်ကျင့်တရားသည် ဗုဒ္ဓမြတ်စွာ၏ ဆုံးမဩဝါဒဖြစ်၍ လူတို့ စောင့်ထိန်းအပ်သော ကိုယ်ကျင့်တရားငါးပါး ဖြစ်၏။ သီလ၏ အနက်ကို ကိုယ်၊ နှုတ်၊ စိတ်အမူအရာတို့ကို ငြိမ်သက်စွာ ထားခြင်းဟုလည်ကောင်း၊ ကုသိုလ်တရားတို့ကို ဆောင်ခြင်းဟုလည်ကောင်း၊ ဝိသုဒ္ဓိမဂ် အဋ္ဌဌကထာ တွင် ဖွင့်ဆိုလေသည်။ တစ်နည်းအားဖြင့် သီလသည် ဦးခေါင်းနှင့် တူသောအနက်၊ အေးမြချမ်းအေးခြင်းအနက်၊ အကုသိုလ်တို့ မဝင်လေအောင် ပိတ်ပင်တားမြစ်ခြင်းအနက်၊ ဒုစရိုက်အကျင့်ပျက်၏ အိပ်စက်ကြောင်း
အနက်တို့၌ ထင်ပေသည်။ သီလ ၏အနက်မှာ အကျင့်၊ အလေ့ သဘောဟု ဖြစ်လေသည်။


ငါးပါးသီလမှာ

၁။ ပါဏာတိပါတီဟောတိ၊ Refrain from killing living things (humans and animals.
၂။ အဒိန္နာဒါယီဟောတိ၊ Refrain from stealing.
၃။ ကာမေသုမိစ္ဆာစာရီဟောတိ၊ Refrain from unchastity and sexual misconduct.
၎။ မုသာဝါဒီဟောတိ၊ Refrain from wrong speech: telling lies, deceiving others, manipulating others, using hurtful words.
၅။ သုရာမေရယ မဇ္ဇပမာဒဋ္ဌဌာယီဟောတိ၊ Refrain from taking intoxicants.

ငါးပါးသီလ ခံယူဆောက်တည်ကြောင်းကို ဖော်ပြသည့် သူ့အသက်ကိုသတ်ခြင်းမှ၊ သူ့ဥစ္စာ
ကို ခိုးယူခြင်းမှ၊ ကာမတို့မှ အမှားကျင့်ခြင်းမှ၊ လိမ်လည်ပြောဆိုခြင်းမှ အရက်သေစာ
သောက်စားမူးယစ်ခြင်းမှ၊ ရှောင်ကြဉ်ကြောင်း အကျင့်ကိုကောင်းစွာ ဆောက်တည်ပါသည်
ဟု အောက်ပါအတိုင်း ရွတ်ဆို ဆောက်တည်ရလေသည်။

၁။ ပါဏာတိပါတာ ဝေရမဏိသိက္ခာပဒံ သမာဒိယာမိ၊
(သူတစ်ပါး၏ အသက်ကို သတ်ဖြတ်ခြင်းအမှုကိစ္စတို့အားမပြုလုပ်ပဲ ရှောင်ကြဉ်မည်ဟူသော သိက္ခာပုဒ်အားထိန်းသိမ်းစောင့်ရှောက်ခြင်း)
၂။ အဒိန္နဒါနာ ဝေရမဏိသိက္ခာပဒံ သမာဒိယာမိ၊ (သူတစ်ပါးမပေးသောပစ္စည်းဥစ္စာတို့ကိုယူငင်ခြင်း "ခိုးယူခြင်း"စသောအမှုကိစ္စတို့အား မကျူးလွန်ပဲ ရှောင်ကြဉ်စောင့်ထိန်းခြင်း)
၃။ ကာမေသုမိစ္ဆာစာရာ ဝေရမဏိသိက္ခာပဒံသမာဒိယာမိ၊
(မိမိ ကာမပိုင်လင်ယောကျာ်း၊ ဇနီးမယားမှတစ်ပါး အခြားယောကျာ်း-မိန်းမ များနှင့် ကျူးလွန်ဖောက်ပြားခြင်းမှ ရှောင်ကြဉ်စောင့်ထိန်းခြင်း)
၎။ မုသာဝါဒါ ဝေရမဏိ သိက္ခာပဒံ သမာဒိယာမိ၊
(မဟုတ်မမှန်သောစကားပြောခြင်း၊ လိမ်လည်လှည့်ဖျားပြောဆိုခြင်းတို့မှ ရှောင်ကြဉ်စောင့်ထိန်းခြင်း)
၅။ သုရာမေရယ မဇ္ဇပမာဒဋ္ဌဌာနာ ဝေရမဏိသိက္ခာပဒံ သမာဒိယာမိ၊
(မူးယစ်မေ့လျော့စေသော အရက်သေစာ ဘိန်းဘင်းကစော် လှော်စာ စသည့် မူးယစ်ထုံထိုင်း ဘေးဖြစ်စေတတ်သောဆေးဝါးများ သုံးစွဲခြင်းမပြုပဲ ရှောင်ကြဉ်စောင့်ထိန်းခြင်း)

သရဏဂုံသုံးပါးနှင့်တကွ ငါးပါးသီလ၏ အနက်သဘောကို သိရှိပါက ပါဠိ လိုလည်းကောင်း၊
မြန်မာလိုလည်ကောင်း၊ အချိန်အခါမရွေး ငါးပါးသီလကို ခံယူဆောက်တည်နိုင်သည်။

ဗုဒ္ဓဂေါတမဘုရား ၏ ဘာသာတရားကို ဘဝနေထိုင်မှုလမ်းစဉ်တစ်ရပ်အဖြစ် အဓိပ္ပာယ်ဖွင့်ဆိုချက်မှာ `မကောင်းမှုဟူသမျှကို ရှောင်ကြဉ်ခြင်း (Avoid all evils) ကုသိုလ်ကောင်းမှုများကို ပွားများအားထုတ်ပြီး ဘဝကို ပျိုးထောင်မြင့်တင်ခြင်း (do all that are good) နှင့် ကိလေသာ အညစ်အကြေးမှ ကင်းဝေးစေလျက် မြင့်မြတ်ဖြူစင်စေသော စိတ်နှလုံးကို အစဉ်ထိန်းသိမ်းခြင်း (purify one's mind) (ဓမ္မပဒ၊ ၁၈၃) ဟူ၍ဖြစ်သည်။ ဗုဒ္ဓဘာသာသာသနာသည် ဗုဒ္ဓမြတ်စွာဘုရား + ဗုဒ္ဓမြတ်စွာဘုရားဟောကြားသော ပိဋကတ်ကျမ်းစာ”လာ အဆို အမိန့်များ တရားတော်များ + ဗုဒ္ဓမြတ်စွာဘုရား၏ သားတော်ရဟန်းသံဃာတော်များ ကိုသာ ယုံကြည်ကိုးကွယ်လိုက်နာ၏။ ဗုဒ္ဓဘာသာသည်ဖန်ဆင်းရှင်(Creator God) ကို လုံးဝလက်မခံကြပါ။ ဖန်ဆင်းရှင်ကို(Buddhists do not believe in a Creator God) လုံးဝ မယုံကြည်ကြပါ။ လုံးဝအသိအမှတ်မပြု ကြပါ။ ဗုဒ္ဓ၊ ဓမ္မ၊ သံဃာ ရတနာသုံးပါး ကိုသာ အသိအမှတ်ပြု ယုံကြည်ဆည်းကပ်ကိုးကွယ်၏။

ဗုဒ္ဓဘာသာ တခုတည်းကသာ ယုံကြည်ခြင်း တခုတည်းကို သာမက ဘုရား၊တရား၊ သံဃာကို လုံးဝ မှီခိုအားထားကိုးကွယ်ယုံကြည်ခြင်း (believe in Lord Buddha, believe in Dharma teaching of Lord Buddha and believe in Sangha) + မိမိကိုယ်မိမိယုံကြည်ခြင်း(self-confidence )+ မေတ္တာ-ဂရုဏာ (Loving-kindness)+မိမိကိုယ်မိမိအားကိုးခြင်း(self reliance)+ အသိဉာဏ်(intelligence)+ လက်တွေ့ကျင့်စဉ်(practice) လမ်းစဉ်ပေါ်တွင် အဓိက အခြေခံထားသည်။ ကံ ကံ၏ အကျိုး နှင့် မိမိ တို့၏ ကာယကံ(ကိုယ်ဖြင့် ပြုလုပ်မှု) ၊ ဝစီကံ(နှုတ်ဖြင့် ပြောဆိုမှု) ၊ မနောကံ( စိတ်ဖြင့် ကြံစည်မှု) နှင့် မိမိ တို့၏ သီလ၊သမာဓိ၊ပညာ ကို အလေးအနက် ယုံကြည်သည်။

ဗုဒ္ဓဘာသာသည် မဂ်ဖိုလ် နိဗ္ဗာန်အကျိုး၊ တမလွန်အကျိုးများသာမက မျက်မှောက်ဘဝကြီးပွားရေးအတွက် ကျင့်ကြံရမည့် အောင်မြင်ရေး၊ စီးပွားရေး၊ ပညာရေး၊ အိမ်ထောင်ရေး၊ မိသားစုရေး၊ ပေါင်းသင်းဆက်ဆံရေးစသဖြင့် အကြောင်းအရာစုံလှ၏။ ဗုဒ္ဓမြတ်စွာဘုရားသည် သူကိုယုံကြည်သူများကို လည်းကောင်း၊ မယုံကြည်သူများကို လည်းကောင်း၊ မေတ္တာထားသော လူသတ္တဝါ တို့အား ဒုက္ခအပေါင်းမှကယ်တင်သော မေတ္တာဘုရား ဖြစ်သည်။

ဗုဒ္ဓဘာသာသည် မြန်မာ့ စွယ်စုံကျမ်းသဖွယ်ဖြစ်နေ၍ ဗုဒ္ဓဘာသာကို မြန်မာ့ယဉ်ကျေးမှု၏ ရေသောက်မြစ်ဟုလည်း တင်စားခေါ်ဆိုကြသည်။ မြန်မာနိုင်ငံ တွင် ဘီစီ ၅၈၈ ကပင် စတင် ပွင့်ထွန်း ပေါ်ပေါက်ခဲ့ကြောင်း သမိုင်းအထောက်အထားများအရ အတည်ပြု မှတ်သားနိုင်ပါသည်။  



မြန်မာ့ဗုဒ္ဓသာသနာတော်အစ- တဖုဿ      နှင့် ဘလ္လိက
ဟုလည်းကောင်း  မြန်မာ့ဗုဒ္ဓသာသနာအစ- ရွှေတိဂုံ က လည်းကောင်း ဆိုကြသည်။

တဖုဿ     နှင့် ဘလ္လိက ကုန်သည်ညီနောင်တို့သည် ထူးခြားစွာ ဘုရားရှင်အား ကမ္ဘာပေါ်တွင်ပထမဆုံး ဆွမ်းကပ်ရသူ ကမ္ဘာပေါ်တွင်ပထမဆုံး သရဏဂုံ တည်သူများ နှင့် ကမ္ဘာပေါ်တွင်ပထမဆုံးဗုဒ္ဓဘာသာဝင်များ ဖြစ်ခဲ့၏။ ထို ရွှေတိဂုံစေတီတော် သည် ဂေါတမဘုရားရှင်၏ သာသနာတော်မှာ ကမ္ဘာမြေပြင်တွင် ပထမဦးဆုံးစေတီဖြစ်၏။
ထို့ကြောင့် မြန်မာနိုင်ငံ၌ ဗုဒ္ဓသာသနာအစ- ရွှေတိဂုံကဟု ကဗ္ဗည်းထိုးမော်ကွန်း
တင်ခဲ့ပြီ ဖြစ်သတည်း။ မြန်မာနိုင်ငံ ထေရဝါဒဗုဒ္ဓ သာသနာတော်အစ- ရှင်အရဟံ က လည်းကောင်းမြန်မာနိုင်ငံထေရဝါဒဗုဒ္ဓ နိုင်ငံတော်ဘာသာ အစ၊ အနော်ရထာမင်း က ဟု လည်းကောင်း မှတ်သားနိုင်ပါသည်။ 

မြန်မာနိုင်ငံ ဗုဒ္ဓဘာသာသမိုင်း နှင့် မြန်မာ့သမိုင်း တွင် အနော်ရထာမင်းမှာ အလွန်ဩဇာကြီး
ခဲ့သူဖြစ်သည်။ အနော်ရထာမင်းကို အကြောင်းပြု၍ မြန်မာနိုင်ငံဗုဒ္ဓအယူဝါဒ ထွန်းကားစည်
ပင်ကြောင်း ဖော်ပြထားသည်။ တဖုဿ      နှင့် ဘလ္လိက ကုန်သည် ညီနောင်၊ ဥက္ကလာပမင်း
ကြီး၊ သိကြားမင်း၊ ရှင်အရဟံ အနော်ရထာမင်း စသော ပုဂ္ဂိုလ်များ၏ ကျေးဇူးတရား တို့
ကြောင့် မြန်မာနိုင်ငံတွင် ဗုဒ္ဓသာသနာ စတင်ထွန်းကားလာခဲ့သည်။ ထိုကြောင့် ဗုဒ္ဓ
ဘာသာအစ၊ ရွှေတိဂုံက မြန်မာတို့ ဂုဏ်ယူစွာ မော်ကွန်းတင် ကဗ္ဗည်းထိုးနိုင်ခဲ့သည်။


ရွှေတိဂုံ ဘုရားသမိုင်း
ဥက္ကလာပမင်းကြီး နှင့် တဖုဿ      နှင့် ဘလ္လိက ကုန်သည်ညီနောင်တို့သည် ဘုရား ဗျာဒိတ်တော်အရ သိင်္ဂုတ္တရ ကုန်းတော်ကို စူး စမ်း ရှာဖွေ ကြရာ မတွေ့ မရရှိနေ၍ တိုင်းသူပြည်သားများ အကူအညီဖြင့် ရှာဖွေကြပြန်သည်။ ထိုအခါလည်း မည်သူမျှ ရှာဖွေမတွေ့ ကြရပေ။ လူ့လောကတွင် ထိုကုန်းတော်ကို သိသူမရှိသဖြင့် ဥက္ကလာပမင်းကြီး
သည် ခမည်းတော် သိကြားမင်းအား အကူ အညီတောင်းရလေသည်။ သိကြားမင်းသည်
လည်း အသက်ငယ်သောကြောင့် ရှေးဘုရားသုံးဆူတို့၏ တောင်ဝှေးတော်၊ ရေစစ်တော်
ရေသနုပ်တော်တို့ကို ကိန်းဝပ်ရာ သိင်္ဂုတ္တရ ကုန်းတော်ကို မသိဖြစ်လေ၏။ ထို့နောက် အသက်ရှည်သော ကမ္ဘာ့နတ်ကြီး ၅-ပါးတို့ကို ပင့်ဖိတ်၍ မေးကြရ၏။ ကမ္ဘာ့နတ်ကြီး ၅-ပါးမှာ-

၁။  အမြိတ္တရုက္ခဒေဝနတ်
၂။  ဝေဠုသုမနရုက္ခဒေဝနတ်
၃။  ဥဒုမ္ဗရရုက္ခဒေဝနတ်
၎။  ခေပသွယ်ရုက္ခဒေဝနတ်
၅။ သော်ကရုက္ခဒေဝနတ် တို့ဖြစ်ကြ၏။ ထိုငါးပါးတွင် အမြိတ္တရုက္ခဒေဝနတ်ကို ယခုအခါ မှော်ဘီနတ်ကြီး ခေါ် ကြ၏။


ထိုနတ်ကြီးတို့ရောက်လာ၍ သိကြားမင်းသည် သိင်္ဂုတ္တရကုန်းကို သိမြင်ဖူး၏လောဟု အစဉ်အတိုင်း မေးတော် မူရာ အမြိတ္တရရုက္ခစိုးနတ်ကြီး ပြောဆိုသည်ကား ကျွန်တော်သည် ရှေးအထက်က ဘီလူးဖြစ်စဉ်အခါက ကကုသန် ဘုရားကြွ လာသည်ကို မြင်၍ ဖမ်းစားမည်ဟု လိုက်လေလျှင် ဘုရားသခင်လည်း ကျွန်တော့ကို တရားဟော၍ သရဏဂုံ ပဉ္စသီလတို့ ကို ချီးမြှောက်တော်မူပြီးလျှင် လက်တော်၌ပါသော တောင်ဝှေးတော်ကို ပေးသွားတော်မူခဲ့ပါသည်။ ထိုတောင်ဝှေးတော်ကို သိင်္ဂုတ္တရကုန်းတော်ရှိ ကညစ်ပင်ကြီးအောက် မြှုပ်ထားပါ သည်ဟုဆို၏။ ထို့နောက် ဝေဠုသုမနရုက္ခစိုးနတ်ကြီး ဆိုသည်ကား ကျွန်တော်လည်း အထက်ကဘီလူးဖြစ်ပါသည်။ ထိုအခါ ကောဏဂုံ ဘုရားသခင် ကြွလာတော်မူသည်နှင့် ဖမ်းစားမည်ဟု လိုက်သွားရာ ရှင်တော်ဘုရားလည်း တရား တော်ဟော၍ သရဏဂုံ ပဉ္စသီလတို့ကို ချီးမြှောက်တော်မူခဲ့ပြီးလျှင် ဓမ္မကရိုဏ်ရေစစ်တော်ကို ပေးသွားတော် မူခဲ့ပါသည်။ ထိုဓမ္မကရိုဏ်ရေစစ်တော်ကို သိဂုင်္တ္တရတောင်ထိပ်ရှိ ကညင်ပင်အောက်၌ မြှုပ်ထားပါသည်ဟု ဆို၏။ 

ထို့နောက် ဥဒုမ္ဗရရုက္ခစိုးအဆိုမှာ ကျွန်တော်လည်း အထက်ကဘီလူးဖြစ်နေသည့်အခါ ကဿ     ပမြတ်စွာဘုရား ကြွတော်မူသည်နှင့် ဖမ်းစားမည်ဟုလိုက်လေရာ ရှင်တော်ဘုရားလည်း တရားဟော၍ သရဏဂုံ ပဉ္စသီလတို့ကို ချီးမြှောက်တော်မူသဖြင့် ရေသနုပ်တော်ကို ပေးသနားတော်မူခဲ့ပါသည်။ ထိုရေသနုပ်တော်ကို သိင်္ဂုတ္တရကုန်းတော်က ကညင်ပင်အောက်၌ မြှုပ်ထားပါသည်ဟုဆို၏။ ခေပသွယ်နတ် သော်ကနတ်တို့ကလည်း ကျွန်ုပ်တို့သည် ယခုဂေါတမဘုရား လက်ထက်ကစ၍ အရိမေတ္တယျ ဘုရား ပွင့် သည့်တိုင်အောင် အသက်ရှည်၍ သာသနာတော်ကို စောင့်ထိန်းရပါသည် ဟုဆို၏။

ထိုနတ်ကြီးငါးပါး သိကြားမင်း ဗြဟ္မာ ဥက္ကလာပမင်းတို့ တိုင်ပင်စုဝေး စစ်ဆေးပြောဆိုကြသောနေရာကို စုဝေး ကုန်း ဟုခေါ်၏။ ယခုကား ဆူးလေကုန်းဟု ခေါ်ကြ၏။


ထိုနတ်မင်းကြီး ငါးပါးစလုံးကပင် ရှေးဘုရား သုံးဆူတို့၏ တောင်ဝှေးတော် ရေစစ်
တာ် ရေသနုပ်တော်တို့ ကိန်းဝပ်ရာ သိင်္ဂုတ္တရကုန်းတော်ကို အညီအညွတ် ညွှန်ပြကြသဖြင့် တွေ့ရှိကြရ၏။ သိင်္ဂုတ္တရကုန်းသည် အသိ တဉ္စနမြို့၏ အရှေ့ မျက်နှာတောင်ကုန်း ၉၉-ကုန်း အရံရှိသော တောင်ကုန်းထိပ်ဖြစ်လေသည်။





ထိုသို့ ဘုရားရှင် ဗျာဒိတ်တော်အတိုင်း သိင်္ဂုတ္တရကုန်းတော်ကို တွေ့ရှိကြသောအခါ ဥက္ကလာပမင်း သိကြားမင်း ကုန်သည် ညီနောင် - သူမြတ်လေးဦးတို့ ညီညွတ်တိုင်ပင်
ပြည်သူတို့ စုပေါင်းပါဝင်လျက် ဘုရားရှင် သုံးဆူ တို့၏ ဓာတ်တော်ဌာပနာရာ အရပ်တွင် ဥမင်အစောက် အဝ အလျား လေးဆယ့်လေးတောင်စီအညီတူးကြ၏။

(ဤ၌ အချို့သော ဆရာတို့က ရန်သူတို့ ဓာတ်တော်များကို အလွယ်တကူ မဖျက်ဆီးစေနိုင်ရန် အလွန်နက် သော ဌာပနာ တိုက်၌ ထည့်သွင်းရန် သိင်္ဂုတ္တရကုန်းတော် အလည်တည့်တည့်တွင် အစောက် ၄၀၄ တောင် အနံ ၄၄ တောင်ရှိသော ဥမင် လိုဏ်ဂူကြီးတူး၏ ဟု ဆိုကြ၏။)


ထိုအခါ လူတို့သည် သွေးမွှန်သော ရောဂါဖြစ်ကြ၍ မိုက်မူးတွေဝေသဖြင့် အတုံးအရုံး ပြိုလဲကြ၏။ သိကြားမင်း သည် နတ်၏ တန်ခိုးဖြင့် ရေကန်ဖန်ဆင်းပြီးလျှင် ထိုရေကန်၌
ဒေဝသြသဓ နတ်ဆေးကို ခပ်၍ လူအပေါင်း အား သောက်ခြင်း ရှူခြင်း မျက်နှာသစ်
ခြင်းကို ပြုစေလျှင် သွေးရောဂါမှ စ၍ ၉၆-ပါးသော ရောဂါတို့သည် ကင်းကွာကြလေ၏။ ထို့ကြောင့်ထိုကန်ကို သိကြားမင်းက သွေးရောဂါကြောင့် ဆေးခပ်သော ရေကန်ဖြစ်
၍ သွေးဆေးကန်ဟု ခေါ်ကြလေ၏။ ထိုကန်သည် ရွှေတိဂုံစေတီတော် မြောက်ဖက်
စောင်းတန်းထိပ်တွင်ရှိသည်။


ထိုသို့ ဥမင်လိုဏ်ကိုတူးကြသောအခါ လှော်ဦးစဖြစ်သော ဇမ္ဗူ ရာဇ် နာရဏီရွှေကိုတွေ့ရဘိသကဲ့သို့ ကကုသန် မြတ်စွာဘုရား ပွင့်တော်မူသည့် ကာလအသုံးအဆောင် တောင်ဝှေး၊ ကောဏဂုံ မြတ်စွာဘုရား၏ အသုံးအဆောင် ဓမ္မကရိုဏ်ရေစစ်တော်၊ ကဿ     ပမြတ်စွာဘုရား ပွင့်တော်မူသည့်ကာလ အသုံးအဆောင် ရေသနုပ် သင်္ကန်းတော်တို့ကို ဖူးတွေ့ကြရလေသည်။

ဥက္ကလာပမင်းကြီးနှင့် ပြည်သူအပေါင်းတို့သည် ဆံတော်ဓာတ်မြတ် ရှစ်ဆူနှင့်တကွ ဤဘဒ္ဒကပ် ကမ္ဘာတွင် ပွင့်တော် မူသော ဘုရားသုံးဆူတို့၏ ပရိဘောဂ မွေတော် ဓာတ်တော် ဓာတ်မြတ် ၃-မျိုးကို စေတီတည်ထား ကိုးကွယ်ရန် အတွက် သိင်္ဂုတ္တရ
ကုန်းတော်ပေါ်တွင် ကြီးကျယ်ခမ်းနားစွာ စံကျောင်းမဏ္ဍာပ်ကြီး တည်ဆောက် ခေတ္တထားရှိ ပူဇော်ကြ၏။ ယင်းနေရာ အထိမ်းအမှတ် စေတီတော်တည်ထားရာ နောင်တော်ကြီး
စတီတော်ဟူ၍ ယခုတိုင် တွင်ရစ်လေသည်။ ထိုနောင်တော်ကြီးစေတီတော်သည် ယခုအခါ ရွှေတိဂုံစေတီတော် မြတ်ကြီး အနီးအပါး သိင်္ဂုတ္တရကုန်းတော်အပေါ် အရှေ့
မြောက် အရပ်တွင် ရှိလေသည်။

သိကြားမင်း ဥက္ကလာပမင်း ကုန်သည်ညီနောင်တို့နှင့် ပြည်သူအပေါင်းသည် ကျောက်ဖျာကြီး ၆-ချပ်ကိုပြုလုပ် ၍ အလျား အနံ အစောက် ၄၄-တောင်ရှိသော ဥမင်တိုက်တွင် ကျောက်
ဖျာကြီး တစ်ချပ်ကိုခင်းသည်။ အနဂ္ဃထိုက်တန်သော ရတနာ အမျိုးမျိုးကို ပုဆစ်ဒူးနစ်အောင် ထည့်သွင်း၍လည်းကောင်း ရတနားများ အပေါ်မှ ရတနာအမျိုးမျိုး မွမ်းမံသော ရွှေ သင်္ဘောကိုထား၏။ ရွှေသင်္ဘောထက်၌ ရတနာအတိ ဖြစ်သော ပြာဿ     ဒ် ၅-ဆူတွင် ပတ္တမြား ပြာဿ     ဒ် တစ်ဆူစီသွင်းထား၏။ ကကုသန်မြတ်စွာဘုရား၏ တောင်ဝှေးတော်၊
ကောဏာဂုံ မြတ်စွာဘုရား၏ ရေစစ်တော်ကဿ     ပမြတ်စွာဘုရား၏ ရေသနုပ်တော်ကို ပတ္တမြား ပြာဿ     ဒ် ၃-ဆူတွင် တစ်ဆူစီ သွင်းထား၏။
 
တစ်ဆူမှာ ဂေါတမ မြတ်စွာဘုရားဖြစ်စ ရက် ၅၀- မြောက်နေ့က တဖုဿ     နှင့် ဘလ္လိက
တို့ ရခဲ့သည့် ဆံတော်ဓာတ်မြတ် ရှစ် ဆူကို ရတနာ အတိဖြစ်သော ပြာဿဒ်အတွင်း ပတ္တမြားပြာဿဒ် အတွင်း ပတ္တမြားကြုတ်၌ထည့်သွင်းဌာပနာ နာထားသည်။ (ကျန်ပတ္တမြား
ပြာဿ     ဒ် နောင်ပွင့်တော်မူလာမည့် အရိမေတ္တယျ သဗ္ဗညု မြတ်စွာဘုရား၏ အသုံး အဆောင်မွေတော်ဓာတ်တော် ထည့်သွင်းဌာပနာရန် ရည်ရွယ်ဟန်တူသည်)

သိကြားမင်း ဥက္ကလာပမင်း တဖုဿ     နှင့် ဘလ္လိက ကုန်သည်ညီနောင်တို့၏ ပုံတူရုပ်
များကို ရွှေဖြင့်သွန်းလုပ်၍ ဓာတ်တော်များကို ပူဇော်ဟန်ထုလုပ် ထည့်သွင်းကြ၏။ ထိုမှတစ်ပါး ဖယောင်းတိုင် ထိပ်ဝ ၃-ဆုပ် အရပ်၇-တောင်ရှိသော လေးတိုင်ကို လေး
မျက်နှာ မီးထွန်းလျက် သာသနာတော် ငါးထောင်ပတ်လုံး မငြိမ်းဘဲ တည်စေသော်ဟု ဗြဟ္မာ သိကြား ဥက္ကလာပ မင်းတို့ ဓိဌာန်၍ ထွန်းထားကြ၏။ ထိုမီးသည် ယခုတိုင် ရှိ၏ ဟုဆို ကြလေသည်။ ဆံတော်ဆေးရန် ရေကိုလည်း တွင်းတွင် ဆင်း၍ ထိုတွင်းကရေနှင့်
ဆေးသောကြောင့် ထိုတွင်း ကို ဆံတော်တွင်းဟု ခေါ်ကြ၏။ ဆံတော်တွင်း မှာရွှေတိဂုံစေတီ ၏ မြောက်ဘက်အာရုံခံ တန်ဆောင်းရှေ့ တွင် ကပ်လျက် ဆံတော်တွင်း တန်ဆောင်းဟု ယခုတိုင်တည်ရှိ၏။ (အချို့သောဆရာတို့က ဆံတော်ထားသောနေရာမှာ တပေါင်းလဆန်း ၁၅-ရက် ခေါင်ဒီရေတက်သည့် အခါ ရေများရောက်သည့် ကမ်းထိပ်မြေရာနှင့် ချိန်၍ထားပေ
သည်ဟုဆိုကြ၏။)

ထို့နောက် ကျောက်ဖျာ ၄- မျက်နှာတွင် ယန္တရားများတပ်ဆင်ထားပြီး မဟာသက္ကရာဇ် ၁၀၃-ခုနှစ် တပေါင်း လပြည့်နေ့ တွင် ကျောက်ဖျာကြီးတစ်ချပ်ကို အပေါ်မှပိတ်၍ ဌာပနာလိုက်လေ၏။

ဌပနာတိုက်ကို ပိတ်ထားသော အထက်ကျောက်ဖျာကြီး အထက်၌ ပထမရွှေစေတီ၊
ရွှေစေတီကို ငွေစေတီ မျို၍ တည်၏။ ငွေစေတီကိုအုပ်၍ မိုးကြိုးစေတီတည်၏။ မိုးကြိုးစေတီကို ငုံ၍ ကြေးဖြူစေတီတည်၏။ ကြေးဖြူ စေတီကို မျို၍ ကြေးနီစေတီ တည်၏။ ကြေးနီစေတီကို လွှမ်း၍ သလွှဲစေတီတည်၏။ သလွှဲစေတီကို အုပ်၍ သံ စေတီတည်၏။ သံစေတီကိုအုပ်၍ ကျောက်ဖြူစေတီကိုတည်၏။ ဤသို့ အထပ်ထပ်မျို၍ တည်ထားပြီးမှရွှေ အုပ် ငွေအုပ် မိုးကြိုးအုပ် ကြေး အုပ် သလွှဲအုပ် ကျောက်ဖြူအုပ် မြေအုပ်
တို့ဖြင့် ဖိနပ်တော်မှ ငှက်ပျောဖူးတော် အထိ ရတနာ အမျိုးမျိုးဖြင့် အဆန်း တကြယ် မွမ်းမံလျက် ဉာဏ်တော် ၄၄-တောင် (၆၆-ပေ) အမြင့်ရှိသော စေတီတော်ကို တည်ထားကိုးကွယ်ကြ၏။ ထိုနောက် ထီးတော် စိန်ဖူးတော်နှင့်တကွ အပြီးသတ် တည်ထားကြ ၏။ စေတီတော်ကြီးအား လူ နတ် အပေါင်းသောင်းသောင်းဖြဖြ
ပူဇော်ကြ၏။ စေတီတော်ကြီးအားလည်း ရွှေတိဂုံစေတီတော်မြတ်ကြီးဟူ၍လည်းကောင်း၊
ရွှတိဂုံဆံတော်ရှင် ဟူ၍လည်းကောင်း တွင်စေသတည်း။

ဆံတော်ဌာပနာခြင်း စေတီတော်တည်ခြင်း စသော စေတီတော်ကြီး၏ ဗုဒ္ဓကိစ္စအဝဝတို့ကို လူ နတ် ဗြဟ္မာ မကြွင်း ဝိုင်းဝန်း ပူဇော် တည်ထားကြသဖြင့် လူတစ်ရစ် နတ်တစ်ရစ် တည်ထားသော စေတီတော်ကြီးဟု ထင် ရှားလှ၏။ နေ့ဘက်တွင် လူတို့တည်ဆောက်၍ ညဘက်တွင်နတ်ကောင်းနတ်မြတ်များက တည်ထားကိုးကွယ် ကွယ်ကြသည်ဟု အဆိုရှိလေသည်။ ထိုသို့ ဗုဒ္ဓကိစ္စကြီးပြီးကြလျှင် သိကြား ဗြဟ္မာ နတ်တကာတို့သည် မိမိတို့ အရပ်သို့ အသီးသီးပြန်လာကြလေသည်။ ထိုအခါ စေတီတော်မှ ရောင်ခြည်တော်ခြောက်
သွယ် ကွန့်မြူးလျက် လူနတ်အများ သောင်းသောင်း ဖြဖြ ပူဇော်ကြ ရလေသည်။

ဘုရားလေးဆူတို့၏ မွေတော် ဓာတ်တော်များ ဌာပနာရာ စေတီတော်မြတ်ကြီး ဖြစ်သော
ကြောင့် လေးဆူ ဓာတ်ပုံ ရွှေတိဂုံ စေတီတော်မြတ်ကြီးဟူ၍ ခေါ်ဝေါ်ကြခြင်းဖြစ်ပါသည်။



အိန္ဒိယနိုင်ငံ ၏ဘုရင်တစ်ပါးဖြစ်သော အသောကမင်း သည် ခရစ်တော် မပေါ်မှီ ဘီစီ၂၆၈ တွင် အိန္ဒိယ ထီးနန်းကို ဆက်ခံခဲ့သည့် ဧကရာဇ် မင်းတစ်ပါးဖြစ်သည်။ စစ်ကို စွန့်ပယ်ခဲ့သော အသောကမင်းသည် ဗုဒ္ဓဘာသာ ကို သက်ဝင်ယုံကြည်ခဲ့သည်။ ဗုဒ္ဓသာသနာကို လူအများသက်ဝင်ယုံကြည်လာစေရန် ကြိုးပမ်းခဲ့သော ကျေးဇူးရှင် ပုဂ္ဂိုလ်ကြီး လည်းဖြစ်သည်။ အသောကမင်းကြီး သည် ဗုဒ္ဓ၏ဓမ္မကို လက်ခံခဲ့ပြီးနောက် အိန္ဒိယ ပြည်သူပြည်သားများအား မှန်ကန်သစ္စာရှိမှု၊ သနားကြင်နာမှု၊ အကြမ်းမဖက်မှု စသည့် တရားများဖြင့် အုပ်ချုပ်ခဲ့သည်။ အသောကမင်းကို အကြောင်းပြု၍ အိန္ဒိယနိုင်ငံ တွင်ဗုဒ္ဓအယူဝါဒ ထွန်းကား စည်ပင်ခဲ့သည် ဟု ဗုဒ္ဓဘာသာသမိုင်း တွင်ဖော်ပြထားသည်။

သမိုင်းစာမျက်နှာများတွင် ထောင်ပေါင်းများစွာရှိနေသည့် ဘုရင်၊ဧကရာဇ်၊ မင်းညီမင်းသား များ၏အမည်နာမများကြားတွင် အာသောက၏ အမည်နာမသည် တစ်စင်းတည်းသော ကြယ်တာရာအဖြစ် ထီးထီးကြီးပင် ဝင်းလက်တောက်ပနေသည်။

အသောကမင်းတရားကြီး နှင့် အရှင်မဟာမောဂ္ဂလိပုတ္တတိဿ      မထေရ်မြတ် တို့က ကိုးတိုင်း ကိုးဌာန ပြည်နယ်တို့သို့ ဥပသမ္ပဒကံဆောင်နိုင်စေရန် ခေါင်းဆောင်တစ်ပါးနှင့် သံဃာငါးပါးစီကို စေလွှတ်ကြွချီတော်မူကြသည် ဟု အဆိုရှိခဲ့သည်။ သီဟိုဠ်တွင် ဗုဒ္ဓသာသနာပြန့်ပွားလာပြီး ထိုမှတဆင့် မြန်မာနိုင်ငံ ရှိ မွန်လူမျိုး များ ထံသို့ ဗုဒ္ဓသာသနာ ရောက်ရှိလာသည်ဟု ဆိုကြသောကြောင့် အသောကမင်းကြီး၏ ကျေးဇူးသည် မြန်မာနိုင်ငံ အပေါ်လည်း မကင်းခဲ့ (သက်ရောက်ပေသည်) ဟု ဆိုနိုင်ပါသည်







TAGS:
Myoma Myint Kywe, Myoma Myint Kywe articles 2014, Karate Myint, Buddhism, Buddha BC 623, Buddha articles 2014, Buddhism booksie, Booksie Myoma Myint Kywe,
မြို့ မ-မြင့်ကြွယ်
Metta 2014, About Metta 2014, Metta articles 2014, Metta Is Essential (Metta ist wichtig), มิวม่า มิตร จอย    เมตตา Burmese Buddhism 2014, Burmese Buddhism articles, Theravada Buddhism articles, Theravada Buddhism 2014, Theravada monks 2014, Metta in Theravada Buddhism, Buddha and Metta, Metta meditation 2014 article, What is metta in Buddhism, what is Buddhism 2014, Myint Kywe, Myint Buddhism, Myoma Myint Kywe 2014, Articles of Myoma Myint Kywe, Buddha was born in BC 623, Buddhist philosophy 2014, Buddhism logic,