Pages

ဗုဒ္ဓ မြတ်စွာဘုရား နှင့် ဗုဒ္ဓဘာသာThe Buddha (BC 623- BC 543) အပိုင်း (၂) by- မြို့ မ မြင့်ကြွယ် Myoma Myint Kywe



The Buddha (BC 623- BC 543)
ဗုဒ္ဓ မြတ်စွာဘုရား နှင့် ဗုဒ္ဓဘာသာ          အပိုင်း () Part 2

Researched by- Myoma Myint Kywe
မြို့ မ မြင့်ကြွယ်
 


ဗုဒ္ဓဘာသာ သည် Religion မဟုတ်ပါ

ဗုဒ္ဓဘာသာသည် ယုံကြည်မှု၊ အသိဉာဏ်နှင့် ကျင့်စဉ် ပူးပေါင်းထားသော သာသနာဖြစ်သည်။

ဗုဒ္ဓဘာသာသည် Religion မဟုတ်ပါ

ဗုဒ္ဓသာသနာ သည် Religion မဟုတ်ဘူးဆိုတာ ထင်ထင်ရှားရှား သိရှိနိုင်ပါသည်။ Religion ဆိုတာ ဖန်ဆင်းရှင်ကို ယုံကြည်ခြင်း၊ ယုံကြည်၍ ၀တ်ပြုဆုတောင်းခြင်း-ဆိုတဲ့ အနှစ်သာရ (၂) ခုနဲ့ ဖွဲ့စည်းထားပါသည်။ Religion မှာ သီလ,သမာဓိ,ပညာ ဆိုတဲ့ သိက္ခာ(ကျင့်စဉ်) မပါပါ။ဘယ်လို ပန်းတိုင်အတွက် ဘယ်လို ကျင့်ရ မယ်စသည်ဖြင့် ကျင့်စဉ် နဲ့ ပတ်သက်လို့ ဟောထားတဲ့ တရား Religion မှာ လုံးဝ မရှိပါ။

ဗုဒ္ဓဘာသာမှာတော့ အကျင့်(Practice စရဏ) ဟာ အရေးအကြီးဆုံး ဖြစ်ပါတယ်။ အမှန်ကိုသိတဲ့ အသိပညာ (၀ိဇ္ဇာ)၊ Knowledge (or) Wisdom ဖြစ်ပါတယ်။ မဂ္ဂင်ရှင်းပါး ဆိုတဲ့ အကျင့်(စရဏ) နှစ်မျိုးနဲ့ တည်ဆောက်ထားပါသည်။ ဗုဒ္ဓဘာသာဝင်စစ်စစ် တစ်ယောက်ဟာ ကောင်းမှုတစ်ခု ပြုလုပ်ပြီးပြီ ဆိုလျှင် ဤကောင်းမှုကို Base လုပ်ပြီး နိဗ္ဗာန်ကို ရပါရစေလို့ ဆုတောင်းတတ်ကြပါသည်။ ကိုယ့်ရဲ့ work done လုပ်ရပ်ကြောင့် ကိုယ်ရနိုင်တဲ့ အခွင့်အရေးကို ဆန္ဒပြုခြင်းသာ ဖြစ်ပါတယ်။ Religion မှာပါတဲ့ ဆုတောင်းခြင်းကတော့ God ဘုရားသခင် က ကယ်မပေးတော်မူရန် အသနားခံခြင်းမျှသာဖြစ်လို့ အနှစ်သာရအားဖြင့် အလွန်ကွာခြားပါသည်။

ဖန်ဆင်းရှင်ဝါဒ အရ ကမ္ဘာပျက်တဲ့အခါ Judgement day မှာ ဘုရားသခင် God က တရားသူကြီးအဖြစ်နဲ့ သတ္တ၀ါတွေ ကို အမှုစစ်မယ်လို့ ဆိုပါသည်။ ကိုယ်ကျူးလွန်ထားတဲ့ အလွန် ထင်ရှားတဲ့ ပြစ်မှုတစ်ခုအတွက် အဂတိကင်းတဲ့ တရားသူကြီးအထံမှာတော့ အသနားခံရုံ နဲ့ အပြစ်မှ ကင်းလွတ်ခွင့် ရမှာမဟုတ်ပါ။ ဖန်ဆင်းရှင်ဘုရားသခင်ရဲ့ ရှေ့မှာတော့ အဲသလို အသနားခံ ဆုတောင်းရုံနဲ့ ရ/မရ ဆိုတာကိုတော့ ဘုရားသခင် God   သိပါလိမ့်မည်။             

ဗုဒ္ဓဘာသာ ယုံကြည်ခြင်း သည်  ဗုဒ္ဓမြတ်စွာဘုရားကို ယုံကြည်ခြင်း+ ဗုဒ္ဓမြတ်စွာဘုရား တရားကို ယုံကြည်ခြင်း+ သံဃာကို ယုံကြည်ခြင်း ကံ ကံ၏အကျိုးကို ယုံကြည်ခြင်းတို့ဖြစ်သည်။

ဗုဒ္ဓဘာသာ သူတော်ကောင်းတရား ၇-ပါး
လူတိုင်းလိုလိုပင် သူတော်ကောင်း ဖြစ်လိုကြသည်။ သူတော်ကောင်းများနှင့် ပေါင်းသင်းဆက်ဆံလိုကြသည်။
ဗုဒ္ဓမြတ်စွာဘုရားသည် သူတော်ကောင်းဖြစ်ဖို့ရာ အချက် ၇-ချက်၊ တနည်းအားဖြင့် သူတော်ကောင်းတရား ၇-ပါးကို ဟောကြားတော်မူခဲ့သည်။

သူတော်ကောင်းတရား ၇-ပါးမှာ-
(
၁) ယုံကြည်ခြင်း= သဒ္ဓါ။
(
၂) ကိုယ်နှုတ်စောင့်စည်းခြင်း= သီလ။
(
၃) မကောင်းမှု ဒုစရိုက်ပြုမှုကို ရှက်ခြင်း= ဟိရီ။
(
၎) မကောင်းမှု ဒုစရိုက်ပြုမှုကို ကြောက်ခြင်း= သြတ္တပ္ပ။
(
၅) အကြားအမြင်ရှိခြင်း= သုတ။
(
၆) စွန့်ကြဲပေးကမ်း လှူဒါန်းခြင်း= စာဂ။
(
၇) ဟုတ်မှန်စွာသိခြင်း= ပညာ တို့ ဖြစ်သည်။

ဤနေရာ၌
(
၁) ယုံကြည်ခြင်း-ဟူသည်
ဘုရား၊ တရား၊ သံဃာကို ယုံကြည်ခြင်း၊ ကံ ကံ၏အကျိုးကို ယုံကြည်ခြင်းတို့ဖြစ်သည်။ ကျွန်ုပ်တို့သည် ဘုရား၊ တရား၊ သံဃာကို ယုံကြည်မှသာ အမှန်တရားကို ခွဲခြားသိမြင်နိုင်မည်။ ဘ၀ခရီးကို လျှောက်လှမ်းရာ၌ ဆူးငြောင့်ခလုတ် ကန်သင်းတို့ကို ရှောင်ရှားနိုင်မည်။ လိုရာခရီးပန်းတိုင်ကို ကောင်းစွာရောက်ရှိနိုင်မည် ဖြစ်ပေသည်။

ထို့ပြင် ကံ ကံ၏အကျိုး ကို ယုံကြည်မှသာလျှင် ကျွန်ုပ်တို့သည် မကောင်းမှုကိုရှောင်၍ ကောင်းမှုကို ဆောင်နိုင်မည်။ မျက်မှောက်ဘ၀တွင် ကောင်းကျိုးချမ်းသာကို ရရှိ၍ တမလွန်ဘ၀တွင် ကောင်းမြတ်သော သုဂတိဘုံဘ၀များသို့ ရောက်နိုင်ပေသည်။
ဗုဒ္ဓဘုရားရှင် က သဒ္ဓါတရားသည် အထောက်အကူကောင်းရစေသော အဖော်ကောင်းနှင့် တူသည်။ ကုသိုလ်အမျိုးမျိုးကို ရယူနိုင်သော လက်နှင့် တူသည်။
လိုရာသုံးစွဲနိုင်သော ပစ္စည်းဥစ္စာ ရတနာများနှင့် တူသည်။
အသီးအနှံကောင်းများကို ဖြစ်ထွန်းစေသော မျိုးစေ့ကောင်းများနှင့် တူသည်ဟု ဟောကြားတော်မူခဲ့သည်။

(
၂) ကိုယ်နှုတ် စောင့်စည်းခြင်း ဟူသော သီလတရား ကိုလည်း တင်ပြလိုပါသည်။
သူ့အသက်ကို မသတ်ခြင်း၊
သူ့ဥစ္စာကို မခိုးခြင်း။
သူ့တပါး သားမယား သားသမီးများကို မဖျက်ဆီးခြင်း။
လိမ်မပြောခြင်း။
အရက်သေစာ မသောက်စားခြင်း-ဟူသော ငါးပါးသီလနှင့် ရှစ်ပါးသီလ၊ ကိုးပါးသီလ စသည်တို့ ဖြစ်သည်။

သီလရှိမှ သီလစင်ကြယ်မှသာ ကျွန်ုပ်တို့သည် ကောင်းကျိုးချမ်းသာကို ရရှိနိုင်ပေမည်။ သီလသည် နိဗ္ဗာန်ရောက်ကြောင်း အခြေခံကောင်းတရပ်ဖြစ်၍ သူတော်ကောင်းတရားတပါးပင် ဖြစ်ပေသည်။

(
၃) မကောင်းမှုဒုစရိုက် ပြုမှုကို ရှက်ခြင်းဟူသည်-
သူ့အသက်သတ်ခြင်း၊ သူ့ဥစ္စာခိုးခြင်း၊ သူတပါး သားမယား၊ သားသမီးများကို ဖျက်ဆီးခြင်း၊ လိမ်ပြောခြင်း၊ ကုန်းတိုက်ခြင်း၊ ကြမ်းတမ်းစွာ ဆဲဆိုကြိမ်းမောင်း ပြောဆိုခြင်း၊ အကျိုးမရှိ သိမ်ဖျင်းသောစကားကို ပြောဆိုခြင်း စသော မကောင်းမှု ဒုစရိုက်တို့ကို ပြုရန်ရှက်ခြင်းပင် ဖြစ်သည်။

(
၎) မကောင်းမှု ဒုစရိုက် ပြုမှုကို ကြောက်ခြင်း-ဟူသည်
သူ့အသက် သတ်ခြင်း၊ သူ့ဥစ္စာ ခိုးခြင်း၊ သူတပါး သားမယား၊ သားသမီးများကို ဖျက်ဆီးခြင်း၊ လိမ်ပြောခြင်း၊ ကုန်းတိုက်ခြင်း၊ ကြမ်းတမ်းစွာ ဆဲဆိုကြိမ်းမောင်း ပြောဆိုခြင်း၊ အကျိုးမရှိ သိမ်ဖျင်းသောစကားကို ပြောဆိုခြင်း စသော မကောင်းမှုဒုစရိုက် ၁၀-ပါးတို့ကို ပြုရန် ကြောက်ခြင်းပင် ဖြစ်သည်။

(
၅) အကြားအမြင်ရှိခြင်း-ဟူသည်
မြတ်စွာဘုရားရှင် ဟောကြားတော်မူအပ်သော ပိဋကတ်တော်တို့ကို သင်ကြားတတ်မြောက်မှု၊ သိရှိနားလည်မှု များပင် ဖြစ်သည်။ ယင်းတို့ကို သိရှိနားလည်မှသာ နည်းလမ်းမှန်ကန်စွာ ကျင့်ကြံအားထုတ်နိုင်ကြမည် ဖြစ်သည်။ တရားနာခြင်း၊ ဗုဒ္ဓစာပေများ ဖတ်ရှုလေ့လာခြင်း စသည်တို့သည် အကြားအမြင်ရရာ ရကြောင်းတွင် ပါဝင်သည်။

(
၆) စွန့်ကြဲပေးကမ်း လှူဒါန်းခြင်း-ဟူသည်
ရဟန်းသံဃာတော်များနှင့် သီလရှင် စသော သူတော်စင်တို့ကို၎င်း၊ ဆွေမျိုးမိဘ စသည်တို့ကို၎င်း ပစ္စည်းဥစ္စာ နွမ်းပါးသူတို့ကို၎င်း စွန့်ကြဲပေးကမ်း လှူဒါန်းခြင်းပင် ဖြစ်သည်။

(
၇) ဟုတ်မှန်စွာ သိခြင်း-ဟူသည်
ဆင်းရဲကြောင်း ဟုတ်-မဟုတ်၊ ချမ်းသာကြောင်း ဟုတ်-မဟုတ်ကို သိသောဉာဏ်ပညာနှင့် ဤဘ၀အတွက် အကျိုးရှိ-မရှိ၊ နောင်ဘ၀များအတွက် အကျိုး ရှိ-မရှိ စသည်တို့ကို သိတတ်သော ဉာဏ်ပညာပင် ဖြစ်ပေသည်။

ဤကား ဗုဒ္ဓဘုရားရှင် ဟောကြားတော်မူသော သူတော်ကောင်းတရား ၇-ပါး ဖြစ်သည်။ သူတော်ကောင်းဥစ္စာ ၇-ပါးဟူ၍လည်း ခေါ်ကြသည်။ ဤတရား ၇-ပါးကို လိုက်နာ ကျင့်ကြံ ပွားများ အားထုတ်ခြင်းဖြင့် သူတော်ကောင်းဘ၀ကို တက်လှမ်းနိုင်မည် ဖြစ်ပေသည်။



ဗုဒ္ဓမြတ်စွာဘုရား

သိဒ္ဓတ္ထဂေါတမကို ကဆုန်လပြည့် လွန်ခဲ့သောနှစ်ပေါင်း ၂၆၀၂ (ဘီစီ ၆၂၃) တွင်ကပိလဝတ် ယခုခေတ် နီပေါနိုင်ငံ (Nepal) မွေးဖွားခဲ့သည်။

ဗုဒ္ဓ ဆိုသည်မှာ အမှန်တကယ်အားဖြင့် ဘုရားဖြစ်ပြီးမှရရှိလာသော ဘွဲ့အမည်ပင်ဖြစ်သည်။ ဗုဒ္ဓမြတ်စွာဘုရား၏ လူဘဝမှမျိုးရိုး အမည်မှာ ဂေါတမ ဖြစ်၍ ကိုယ်ပိုင်အမည်မှာ သိဒ္ဓတ္ထ ကုမာရ ဖြစ်ပါသည်။ အလုံးစုံသော လူနတ်တို့၏ အလိုခပ်သိမ်းကို ပြီးငြိမ်းစေတတ်သော) အဓိပ္ပါယ်ရသည်။ သိဒ္ဓတ္ထမင်းသားသည် ထိုခေတ်က မျိုးရိုးအားဖြင့် (Shakya) အဆင့်မြင့်အသိုင်း အဝိုင်းမှ ဆင်းသက်လာသူဖြစ်သည်။ ထိုအချိန်သည် ခရစ်တော်မပေါ်မှီ ဘီစီ ၆၂၃ တွင် ဖြစ်ပါသည်။ မြတ်စွာဘုရား၏ အသားအရောင်သည် ရွှေကဲ့သို့ ဝါဝင်းပြီး အလွန်ကြည်ညိုဖွယ်ရာကောင်းပါသည်။ ဖခင်မှာ သာကိယမျိုးနွယ်စု၏အကြီးအကဲ
ဖြစ်ကာ ထိုနေရာဒေသအား ကျမ်းစာများတွင် ကပိလဝတ် (Kapilavastu) ဟုခေါ်သည်။ ယခုခေတ် နီပေါနိုင်ငံ (Nepal)  ဖြစ်သည်။

သုဒ္ဓေါဒနမင်းကြီး သည် ဂေါတမမြတ်စွာဘုရား၏ ခမည်းတော်ဖြစ်၏။ အဝန်းယူဇနာကိုးရာရှိသော မဇ္ဈိမဒေသတွင် သက္ကတိုင်း ကပိလဝတ်ပြည်ကြီးကို စိုးအုပ်ပိုင်သသောမင်းကြီး တစ်ပါးဖြစ်ပြီးလျှင် လူဝတ်ကြောင်ဘဝနှင့်ပင် ရဟန္တာ ဖြစ်၍ ပရိနိဗ္ဗာန်စံဝင်ခဲ့သောပုဂ္ဂိုလ်ထူးလည်းဖြစ်ပေသည်။ ကပိလဝတ် နှင့် အနီးအပါး၌ပင် အခြားသောမျိုးနွယ်စုအမြောက်အမြားနေထိုင်ကြသည်။ သိဒ္ဓတ္ထမင်းသား၏ မယ်တော် မဟာမာယာ သည်လည်း ကောလိယမျိုးနွယ်စု အကြီးအကဲတစ်ဦး၏ သမီးဖြစ်ပါသည်။ မယ်တော်မာယာ(သိရီမဟာမာယာဒေဝီ) သည် သိဒ္ဓတ္ထမင်းသားအား လုမ္ဗိနီဥယျာဉ်တော်အတွင်းရှိ အင်ကြင်းပင်တစ်ပင်အောက်တွင်
ဖွားမြင်တော်မူခဲ့သည်။ ထိုလုမ္ဗိနီဥယျာဉ်တော်နေရာသည် ယခုခေတ် နီပေါနိုင်ငံ တွင်တည်ရှိသည်။
ဘုရားလောင်း သိဒ္ဓတ္ထမင်းသား ဖွားတော်မူပြီးနောက် အရှေ့ အရပ်မှ မြောက်သို့
လှည့်တော်မူလျက် ခုနစ်ဖဝါးသွား၍ မတ်မတ်ရပ်တော်မူပြီးသော်-



အဂ္ဂေါဟ မသ္မိလောကဿ

ဇေဌောဟ မသ္မိ လောကဿ

သေဌောဟ မသ္မိလောကဿ
ဟူသော သုံးခွန်းစကား ဆိုတော်မူသည်။

(" I am chief in the world, supreme in the world, eldest in the world. This is the last birth. There is now no more coming to be.") 

ဘုရားလောင်း သိဒ္ဓတ္ထမင်းသား (ဂေါတမဗုဒ္ဓ မြတ်စွာဘုရား) က လောကသုံးပါး ရှိရှိသမျှ လူ-နတ်-ဗြဟ္မာ-Gods အားလုံး တွင် ငါသည် ဩဇာအကြီးမားဆုံး အမြင့်မြတ်ဆုံး သဗ္ဗေညုတ ဉာဏ်တော်ရှင် (ဘုရား) စင်စစ် ဖြစ်သည် ..ငါသည်အဓိကထိပ်ဆုံး ဖြစ်သည်   ဟု မိန့်ဆိုတော်မူခဲ့သည်။

ဗုဒ္ဓ မြတ်စွာဘုရား၏ ဂုဏ်တော် (၉) ပါး တွင် သတ္တာဒေဝ မနု သာနံ - နတ် လူ ဗြဟ္မာ
သတ္တဝါအားလုံးတို့၏ ဆရာသခင် (ဘုရား) ဖြစ်သည် (Buddha is the Teacher of the Human and gods)...ဟု ဂုဏ်တော် ပါရှိခဲ့သည်။ မိန့်ဆိုတော်မူခဲ့သည်။ ငါသည် ဖန်ဆင်းရှင်ထာဝရဘုရား God ဖြစ်သည် ဟု မိန့်ဆိုတော်မမူခဲ့ပါ ။ နတ်- လူ- ဗြဟ္မာ- god -သတ္တဝါ-အားလုံးတို့၏ အမြင့်မြတ်ဆုံးဆရာသခင်(ဘုရား) ဖြစ်သည်.... (Satthadevamanusssanam)...ဟု မိန့်ဆိုတော်မူခဲ့သည်။

၂၉ နှစ်အရွယ် (ဘီစီ ၅၉၄) ရောက်သောအခါ သူအို၊ သူနာ၊ သူသေ၊ ရဟန်း ဟူသော နိမိတ်ကြီးလေးပါးကို မြင်တော်မူသဖြင့် တောထွက်၍ ရဟန်းပြုလေသည်။ ဘုရားအလောင်း
တော်သည် အလွန်ပြုနိုင်ခဲလှစွာသော ဒုက္ကရစရိယာအကျင့်ကို ရဟန်းအဖြစ်နှင့် နှစ်ပတ်လုံးကျင့်တော်မူခဲ့သည်‌။ ထို့နောက် ဘုရားအလောင်းတော်သည် သုဇာတာ မည်သော သူ‌ဌေးသမီး လှူဒါန်းအပ်သော နို့ဃနာဆွမ်းကို အဇပါလညောင်ပင်ရင်း၌ အလှူခံဘုဉ်းပေးပြီး မဟာ ဗောဓိပင်သို့ကြွသွားတော်မူလေသည်။

ဘုရားအလောင်းတော်သည် သုဒ္ဓိယ ငစင် လှူဒါန်းအပ်သော မြက်ရှစ်ဆုပ်ကို ကြဲဖြန့် လိုက်သောအခါ ထိုခဏဝယ် မြက်ရှစ်ဆုပ်သည် မဟာဗောဓိပင်ရင်း၌ အပရာဇိ
တပလ္လင် ဖြစ်လာလေသည်။ (ထိုမြက်တို့သည် မြက်ရိပ်အသွင်သဏ္ဌန်ဖြင့် မတည်ကြကုန်။) ဘုရားအလောင်းတော်သည် ထိုပလ္လင်ထက်‌၌ ထက်ဝယ်ဖွယ်ခွေနေတော်မူစဉ်အာနာပါန ကျင့်လေသည်။ နေမဝင်မီ ဒေဝပုတ္တမာရ် (မာရ်နတ်ရန်) ကို အောင်မြင်တော်မူ၍
ရှေးက နေခဲ့ (ဖြစ်ခဲ့) ဖူးသော ခန္ဓာအစဉ်ကို အောက်မေ့တတ်သိတတ်သော "


ပုဗ္ဗေနိ ဝါသ နု       တိဉာဏ်

" ကိုညဉ့်ဦးယံ၌ရတော်မူလေသည်။

နတ်တို့၏မျက်စိနှင့်တူသော စုတေခါနီးသော သတ္တဝါ စသည်တို့ကို မြင်တတ်သော "ဒိဗ္ဗစက္ခုဉာဏ်" ကိုသန်းခေါင်ယံ၌ရတော်မူလေသည်။ အာသဝေါ တရားလေးပါးတို့၏ ကုန်ခြင်းကို ပြုတတ်သော "အာသဝက္ခယဉာဏ်"ကိုမိုးသောက်ယံ၌ ရတော်မူ၍ သက်တော် ၃၅ နှစ်အရွယ် (ဘီစီ ၅၈၈) မဟာသက္ကရာဇ် ၁၀၃-ခု၊ ကဆုန်လပြည့် ဗုဒ္ဓဟူးနေ့ မိုးသောက်ယံအချိန်ဝယ် လောကသုံးပါးတွင် အတုမရှိသော အမြင့်မြတ်ဆုံးသော သဗ္ဗညုတ ဘုရား အဖြစ်သို့ ရောက်တော်မူလေသည်။ မြတ်စွာဘုရားသည် မဟာလူသားအဖြစ် သက်တော် ၃၅ နှစ်ထိ မဟာလူသားတစ်ဦးဖြစ်ပါသည်။ သို့သော် သက်တော် ၃၅ နှစ် ဘုရားဖြစ်ချိန်မှစပြီး မြတ်စွာဘုရားသည် မဟာလူသားမဟုတ်တော့ပဲ သဗ္ဗညုတ ဘုရားစင်စစ် ဖြစ်သွားတော်မူသွားခဲ့ပါသည်။

သုံးလူ့သခင်သဗ္ဗညု ဘုရားရှင်သည် ဘီစီ ၅၈၈ မှ ဘီစီ ၅၄၃ အထိ (၄၅) ဝါကာလပတ်လုံး ဝေနေယျသတ္တဝါတို့အား ဓမ္မစကြာ စသည့်တ‌ရားတို့ကို ဟောပြတော်
မူကာ လူ၊ နတ်၊ ဗြဟ္မာ (Gods) နှင့် သတ္တဝါတို့၏ အကျိုးစီးပွားကို ဆောင်ရွက်
တော်မူခဲ့လေသည်။ ၄၅-ဝါ ကာလပတ်လုံး သတ္တဝါတို့၏ အကျိုးစီးပွားကို မနားမနေဆောင်ရွက်တော်မူခဲ့သော သဗ္ဗညုမြတ်စွာဘုရားရှင်သည် သက်တော် ၈၀ အရွယ်ရောက်သောအခါ (ဘီစီ ၅၄၃) မဟာသက္ကရာဇ် ၁၄၈-ခု ကဆုန်လပြည့် ကုသိနာရုံပြည် မလ္လာမင်းတို့၏ ဥယျာဉ်၌ ပရိနိဗ္ဗာန် ဝင်စံတော်မူလေသည်။

ကမ္ဘာ့ဗုဒ္ဓဘာသာလူဦးရေ အများဆုံး တရုတ်ပြည်

ဗုဒ္ဓဘာသာ သည် ကမ္ဘာပေါ်တွင် လူဦးရေ (သန်း ၆၉၀ဝ) ကျော် ရှိသည့် အနက် ဗုဒ္ဓဘာသာသည် ကမ္ဘာ့လူဦးရေ (သန်းပေါင်းသန်း ၁၆၀ဝ- ၂၀ဝ၀) ခန့်အထိ ကိုးကွယ်ယုံကြည်သော ဘာသာတရား နှင့် အယူဝါဒဖြစ်သည်။ တရုတ်ပြည်သည် ကမ္ဘာ့ဗုဒ္ဓဘာသာလူဦးရေ အများဆုံး နိုင်ငံလည်းဖြစ်သည်။ တရုတ်ပြည်တွင် လူဦးရေ (သန်းပေါင်း ၁၄၀ဝ) ခန့် ရှိသည်။ တရုတ်ပြည်တွင် လူဦးရေ (သန်းပေါင်း ၁၂၀ဝ) ၁,၂၁၉ ,၁၄၉ ,၆၀ဝ ကျော်အထိ မဟာယာန ဗုဒ္ဓဘာသာ ကိုးကွယ်ယုံကြည်သည်။

ထို့ကြောင့် ဇင်ဗုဒ္ဓဘာသာ၊ မဟာယာန နှင့် ထေရဝါဒ ပေါင်းလျှင် ဗုဒ္ဓဘာသာကိုးကွယ်
ယုံကြည်သူ လူဦးရေအားဖြင့် ၁,၉၂၁ ,၉၈၉, ၆၄၁ (သန်း ၁၉၀ဝ ကျော်၊ သန်း ၂၀ဝ၀ နီးပါး) ရှိပြီး ဗုဒ္ဓဘာသာသည် ဒုတိယလူဦးရေအများဆုံး ကမ္ဘာ့ဘာသာနှင့် အကြီးထွား အမြန်ဆုံးသော ဘာသာတစ်ခုဖြစ်သည်။ ကမ္ဘာပေါ်တွင် ဗုဒ္ဓဘာသာကိုးကွယ်ယုံကြည်သူ လူဦးရေအားဖြင့် ၁,၅၉၅,၄၈၅,၄၅၈ (သန်း ၁၆၀ဝ နီးပါး) ရှိသည်။ ဟိန္ဒူဘာသာဝင် ၁,ဝ၈၃,၈၀ဝ,၃၅၆ (သန်း ၁ဝဝ၀ ကျော်) တို့ကလည်း ဂေါတမဗုဒ္ဓမြတ်စွာဘုရား ကို ကြည်ညို လေးစားကြသည်။ (In Hindu world is signed Lord Buddha as ninth avatar of Supreme God Vishnu and Hindu accept teachings of Buddha, but do not directly worship him.) 

ဂေါတမ ဗုဒ္ဓဘုရား သည် Vishnu ဘုရားဝင်စား အဖြစ် ဗုဒ္ဓဘာသာတို့က မယုံကြည်ကြပါ (Buddha is NEVER mentioned as an avatar of Vishnu in Puranas and logically it is impossible to consider that as a fact. They claim Buddha is not as avatars of Vishnu, which is not true.) ဂါတမ ဗုဒ္ဓဘုရား က
 ငါသည် Vishnu ဘုရားဝင္စား သူ ဖြစ်သည်  ဟု မိန့်ဆိုတော်မမူခဲ့ပါ ။
 
ဗုဒ္ဓဘာသာ နှင့် ဟိန္ဒူဘာသာတို့သည် "ကျွန်းကိုင်းမှီ ကိုင်းကျွန်းမှီ" ဆိုသကဲ့သို့၊ တစ်ဘာသာ နှင့် တစ်ဘာသာ အမှီပြုလျက် ဆက်သွယ်ကာ တည်ရှိနေ
ကြသည်။ ဟိန္ဒူဘာသာ စသော အခြားသော ဘာသာအယူဝါဒများ ကပင် ဖန်ဆင်းရှင် ဘုရားသခင် (God) တည်ရှိမှုကို အယုံအကြည် မရှိသူ ဘာသာမဲ့ (free-thinkers/ Atheists/Anti-theist/no religion person) များကပင် ဗုဒ္ဓမြတ်စွာဘုရားကို တစ်နည်း
မဟုတ်တနည်းဖြင့် ကြည်ညို လေးစားကြသည်။

ဂေါတမဗုဒ္ဓဘုရားသည် လူ့သမိုင်းတွင်ဩဇာအကြီးမားဆုံးသောအမြင့်မြတ်ဆုံးသော၊ ထိပ်ဆုံး အဓိကပုဂ္ဂိုလ်ဘုရားဖြစ်သည်။ ဗုဒ္ဓဘာသာသည် ကမ္ဘာပေါ်တွင်နာမည်အကျော်
ကြားဆုံး လူသိအများဆုံး (most popular religion) ငြိမ်းချမ်းမှု အရှိဆုံး (most peaceful religion) ဘာသာ ဖြစ်သည်။ ဗုဒ္ဓဘာသာသည် ကမ္ဘာ့အကောင်းဆုံးဘာသာဖြစ်သည်  ဗုဒ္ဓဘာသာ၏ မေတ္တာ-ဂရုဏာ (Loving-kindness)  သီလ၊ သမာဓိ၊ ပညာ၊ သစ္စာလေးပါး၊ မဂ္ဂင် ၈ ပါး၊ အောင်ခြင်း ၈ ပါး၊ ကမ္မဋ္ဌဌာန်း၊ ဝိပဿနာ၊ ပိဋကတ် သုံးပုံ၊ ပါရမီဆယ်ပါး၊ ခွင့်လွှတ်ခြင်း (Forgiveness) နှင့် သည်းခံခြင်း (Tolerance) သည် ကမ္ဘာပေါ်တွင်
အလွန်ကျော်ကြားလှသည်။ ဗုဒ္ဓခေတ်ပညာရေး အဆင့်အတန်းနှင့် နည်းစနစ်သည် သမိုင်းကြောင်းကိုလိုက်ပြီး ပြည်သူများ၏ ယဉ်ကျေးမှုနှင့်၊ ပြည်သူများ၏ လိုအပ်ချက်အရ ခံယူကျင့်သုံးလိုက်နာခဲ့ကြသည့်ပညာရေး
ဖြစ်သည်။

ကံကံ၏အကျိုးသည် ပြုမူခြင်း၊ ပြုလုပ်ခြင်း၊ အမှုဆောင်ခြင်း၊ ကံ၊ အမှုကိစ္စတို့ကိုဆိုလိုသည်။ ကံကို အင်္ဂလိပ်စကားလုံး Action ဟု အနက်ပေးလျှင် ပိုရှင်းလင်း နားလည်နိုင်ပါသည်။ ကံ၏အကျိုး ကို Re-action ဟု အနက်ပေးလျှင် ပိုရှင်းလင်း နားလည်နိုင်ပါသည်။ ဗုဒ္ဓဘာသာသည် သိပ္ပံပညာ ၏ ဆရာလည်း ဖြစ်သည်။ "ကမ္ဘာဦးအစမှ ရှိခဲ့ပြီးသော တွေ့ရှိချက်၊ အမှန်တရားတို့သည် အတိုင်းအတာ တစ်ခု၊ အခြေအနေ အချိန်အခါ နေရာဒေသ တစ်ခု၊ လူအုပ်စုတစ်စု အတွက် သာ မှန်ကန်သည့် အမှန်တရား (customary truth and conventional truth) သမုတိသစ္စာမျှသာ ဖြစ်ကြောင်း၊ အမြဲထာဝရ မှန်ကန်သည့် အမှန်တရား (Universal truth and ultimate truth) ပရမတ္တ သစ္စာ တရားမှာ မြတ်ဗုဒ္ဓ၏ တရားတော်၌သာ တွေ့နိုင်ကြောင်း ဝိဇ္ဇာ၊ သိပ္ပံပညာရှင်
တို့၏ တွေ့ရှိချက်များ အပါအဝင် အယူဝါဒဆိုင်ရာ အမှန်တရား အားလုံးတို့၏ ရှေ့ပြေး ပထမ အမှန်ဆုံးတရား ဖြစ်သည်။

၃၈ ဖြာသောမင်္ဂလာတရားတော်တွင်လည်း အပြစ်ကင်းသော သိပ္ပံ အတတ်ပညာ
တို့ကိုတတ်မြောက်ခြင်းသည်လည်း မင်္ဂလာတစ်ပါးဟု အဆိုရှိပါသည်။ ဗုဒ္ဓခေတ်ပညာရေး အဆင့်အတန်းနှင့် နည်းစနစ်သည် သမိုင်းကြောင်းကိုလိုက်ပြီး ပြည်သူများ၏ ယဉ်ကျေးမှုနှင့်၊ ပြည်သူများ၏ လိုအပ်ချက်အရ ခံယူကျင့်သုံးလိုက်နာခဲ့ကြသည့်
ပညာရေးဖြစ်သည်။ ဗုဒ္ဓဘာသာတွင် ကိုယ်ကျင့်တရားနှင့် စံများရှိပါသည်။ ဗုဒ္ဓဘာသာဝင်တို့၏ ပညာရေး စနစ်နှင့် ဗုဒ္ဓခေတ်မတိုင်မီ အိန္ဒိယ ပညာရေးစနစ်တို့သည် ယဉ်ကျေးမှုအဆင့်အတန်းမြင့်မားသည့် လူမျိုးတစ်မျိုးဖြစ်ကြောင်း သမိုင်းအထောက်
အထားများဖြင့် ပြဆိုနိုင်ခဲ့ကြောင်း လည်းတွေ့ရသည်။

ဗုဒ္ဓခေတ်ပညာရေးသည် အားလုံးအတွက် ပညာရေး သဘောအသွင်ဆောင်ပြီး အခမဲ့သင်ကြားခွင့်ရှိသည့် ပညာရေးမျိုးလည်းဖြစ်သည်။ ဘုန်းကြီးကျောင်းနှင့် သီလရှင် စာသင်တိုက်တိုင်းလိုလိုတွင် အခမဲ့စာသင်ကြားခွင့် ရကြပြီး ထိုကျောင်းများနှင့် အနီးတစ်ဝိုက်တွင် နေထိုင်ကြသူတိုင်း ပညာသင်ကြားခွင့်ရကြသည်။ ဗုဒ္ဓမြတ်စွာဘုရား
၏ ဟောကြားချက်အရ ဘာသာဝင်တိုင်း အခွင့် အလမ်းနှစ်သွယ် ပွင့်လျက်ရှိသည်။ တစ်လမ်းသည် စာပေသင်ကြားခြင်းဖြင့် ဘဝတွင် ဦးဆောင်ဦးရွက်ပြနိုင်စေရေး၊ ဝိနည်းတော်နှင့်အညီ ကျင့်ကြံနေထိုင်နိုင်ရေး ဖြစ်ပြီး၊ အခြား နည်းတစ်နည်းမှာ တရားတော်နှင့်အညီ ကျင့်ကြံနေထိုင်ပြီး စိတ်အဆင့်ဆင့်မြင့်တက်စေရန် ကျင့်ကြံအားထုတ်
သည့်လမ်းဖြစ်သည်။ အခမဲ့ကျောင်းများကို ရွာတိုင်းလိုလိုတွင် ဖွင့်လှစ်သင် ကြားပေးနိုင်
ခြင်းသည် ဗုဒ္ဓခေတ်၏ ထူးခြားချက်ဖြစ်သည်။ အကယ်၍ ဗုဒ္ဓစာပေနှင့် ယဉ်ကျေးမှုကို အဆင့်မြင့်မြင့်နှင့် အထူးလေ့လာ လိုက်စားလိုပါကလည်း တက္ကသိုလ်အဆင့် အထိ ဗုဒ္ဓစာပေ ကို တက်ရောက်လေ့လာ သင်ကြားနိုင်ရန် တက္ကသိုလ်ကျောင်းကို ဖွင့်လှစ်ထားနိုင်သည့် အဆင့်တွင် ရှိသည်။ နာလန္ဒတက္ကသိုလ်သည် ဗုဒ္ဓခေတ်တွင် ထင်ရှားသည့် ကျောင်းတော်ကြီး တစ်ခုဖြစ်သည်။

ဗုဒ္ဓဘာသာတွင် ကိုယ်ကျင့်တရား (moral ethics of Buddhism) နှင့် စံ (quality standards) များရှိသည်။ ထို့ကြောင့် ဗုဒ္ဓမြတ်စွာဘုရားမိန့်ကြားချမှတ်ခဲ့သော မေတ္တာ ဝါဒ+ မှန်ကန်သောယုံကြည်မှု+မှန်ကန်သောအသိတရား+မှန်ကန်သောတွေးခေါ်မြော်မြင်+ အမှန်တရား (real truth) + မှန်ကန်သော ကျင့်စဉ်တို့သည် မှန်ကန်သောငြိမ်းချမ်းရေးဝါဒ အဖြစ်အကျော်ကြားဆုံး လူသိအများဆုံးဖြစ်သည်။

လူသားတစ်ယောက် အနေဖြင့် စိတ်နှလုံးဖြူစင် ရိုးသား ဖြောင့်မတ်သူ ဖြစ်လာစေရန် ဗုဒ္ဓမြတ်စွာဘုရား၏ တရားဓမ္မကို ကိုယ်တိုင် လေ့လာဆည်းပူးပြီး ဗုဒ္ဓမြတ်စွာဘုရား၏ တရားဓမ္မ အတိုင်း တသက်တာလုံး အချိန်မလပ် ကျင့်ကြံအားထုတ် သွားသင့်ပါသည်၊ လူသားတယောက် အနေဖြင့် တာဝန်တရပ် ဖြစ်သည့် စားဝတ်နေရေး အတွက် သမ္မာ အာဇီဝ တည်းဟူသော မှန်ကန်သော အသက်မွေးမှု ပြုနိုင်ရန် ဝိဇ္ဇာပညာနှင့်ခေတ်မှီ သိပ္ပံပညာအတတ်ပညာရပ် တို့ကိုလည်း လေ့လာ သင်ယူ ဖြည့်ဆည်းသင့်ပါသည်။
လောဘ၊ ဒေါသ၊ မောဟ၊ မာန၊ ဒိဋ္ဌဌိ (မိစ္ဆာ ဒိဋ္ဌဌိ)၊ သက္ကာယ ဒိဌိ၊ ဝိစိကိစ္ဆာ၊ထိနမိဒ္ဓ၊ဥဒ္ဓစ္စ ၊အဟိရိက၊အနောတ္တပ္ပ ကိလေသာ (၁၀) ပါး တို့ကိုရှောင်ကြဉ်ရပါမည်။ သာသနာ (၂၆၀၂) ခရီးစဉ် သမိုင်းတလျှောက်၌ ဗုဒ္ဓသာ သနာတော်သည် မှိန်ခဲ့တခါသာ ချီတလှည့် ဖြစ်ခဲ့ရ၏။ ငှက်ခါးပြန်သလို နိမ့်တုံမြင့်တုံ ကြုံခဲ့ရသည်။ ခေတ်အဆက်ဆက် အတွင်း ရန်သူ အပြင်ရန်သူတို့၏ တိုက်ခိုက်ထိုးနှက်ချက်များနှင့် ရင်ဆိုင်ခဲ့ရသည်။

အဖျက်အဆီးများဖယ်ရှား ၍ အတားအဆီးများ ကိုဖြတ်ကျော်ခဲ့ရသည်။ သာသနာ ပြင်ပ အညတိတ္တိယ တို့သည် တခါတရံ ပြင်ပမှ ဝါဒချင်း ယှဉ်ပြိုင်တိုက်ခိုက်ခဲ့ကြ၍ တခါတရံ သာသနာ အတွင်း ဝင်ကာ ပူးသတ် ခဲ့ကြသည်။

ဗုဒ္ဓ သာသနာတော်သည် တခါတရံ သာသနာ့ဒါယကာ ဘုရင်မင်းမြတ်တို့၏ ချီးမြှောက် ထောက်ပံမှူ ခံရ၍ တခါတရံ ဆန်ကျင်ဘက် ဘုရင်တို့၏ ဖိနှိပ ညှဉ်းပမ်း မှု ခံရသည်။ တခါတရံ လျစ်လျူရှုခြင်း ခံခဲ့ရ၍ တခါတရံ ပြည်နှင်ဒဏ်ခတ်ခြင်းကို ခံခဲ့ရသည်။ တခေတ် တခါက ဗုဒ္ဓဘာသာ ကိုးကွယ်ပါမှ ခေတ်မီသည် ဟုယူစခဲ့ကြရာမှတဖန် တခေတ်ပြောင်းလာသောအခါ ဗုဒ္ဓဘာသာကို ခေတ်နောက်ကျသည်ဟု ယူဆလာ
ကြပြန်သည်။

ဘုရင် မင်းမြတ် တို့၏ ဘွဲ့တံဆိပ် နာမကို ပါဠိ ဘာသာ ဖြင့် ခံယူကြ၍ စကားပြောရာ၌ ပင်ပါဠိ စကားလုံးများများ ညှပ်ပြောနိုင်မှ ဂုဏ်ရှိသည်ဟု ယူဆခဲ့ကြရာမှ တခါတရံ အခြားခေတ်တခု၌ ပါဠိဝေါဟာရ ကို တတ်နိုင်သမျှ ရှောင်ကွင်း ဖယ် ထုတ်ရန် ကြိုးပမ်း
ကြပြန်သည်။ ဗုဒ္ဓမြတ်စွာ၏ သာသနာတော် သည် တခေတ်တခါက အနောက်သို့လားသော် ဂန္ဓာရ တိုင်း ခေါ် ပါကစ်စတန်ပြည်၊ အာဖဂန်နစ္စတန် ပြည်၊ ခိုတန်ခေါ်တာကစ်စတန်ပြည် နှင့် ယောနကာလောက ခေါ်သော တူရကီ၊ ဂရိနိုင်ငံများအထိ ပြန့်နှံ့ထွန်းကားခဲ့သည်။

ဂင်္ဂါမြစ် မှ ဗော်ဂါမြစ် သို့တိုင်အောင် သာသနာ ရောင်ဝါထွန်းကား ခဲ့ပေသည်။
မြောက်သို့လားသော် ဆစ်ကင်းပြည်၊ ဘူတန်ပြည်၊ တိဗက်ပြည်၊ မွန်ဂိုးလီးယားနိုင်ငံ၊ တရုတ်ပြည်၊ ဆိုဗီရက်ရုရှားနိုင်ငံ ဆိုက်ဗေရီး ယား အထိ ပြန့်နှံ ခဲ့၍ ယခုတိုင်ဆက်လက်
တည်ရှိ နေဆဲဖြစ်သည်။ အရှေ့ သို့ လားသော် သုဝဏ္ဏဒီပ (ခေါ်) အင်ဒိုနီးရှား နှင့် သုဝဏ္ဏဘုမ္မိခေါ် မြန်မာနိုင်ငံ၊ ထိုင်း၊ လာအို ကမ္ဘောဒီးယား၊ ဗီယက်နမ်၊ ကိုရီးယား၊ ဂျပန်အထိ ပြန့်နှံ့၍ ယခုထိ အချို့ နိုင်ငံ၌သာ သာသနာတည်ရှိနေလေသည်။

TAGS:
Myoma Myint Kywe, Myoma Myint Kywe articles 2014, Karate Myint, Buddhism, Buddha BC 623, Buddha articles 2014, Buddhism booksie, Booksie Myoma Myint Kywe,
မြို့ မ-မြင့်ကြွယ်
Metta 2014, About Metta 2014, Metta articles 2014, Metta Is Essential (Metta ist wichtig), มิวม่า มิตร จอย    เมตตา Burmese Buddhism 2014, Burmese Buddhism articles, Theravada Buddhism articles, Theravada Buddhism 2014, Theravada monks 2014, Metta in Theravada Buddhism, Buddha and Metta, Metta meditation 2014 article, What is metta in Buddhism, what is Buddhism 2014, Myint Kywe, Myint Buddhism, Myoma Myint Kywe 2014, Articles of Myoma Myint Kywe, Buddha was born in BC 623, Buddhist philosophy 2014, Buddhism logic,