Pages

ဗုဒ္ဓ မြတ်စွာဘုရား က ငါသည် ဘုရားဖြစ်သည် ဟု ပြောခဲ့ပါသည် Researched by- Myoma Myint Kywe



ဗုဒ္ဓ မြတ်စွာဘုရား က  ငါသည် ဘုရားဖြစ်သည် ဟု ပြောခဲ့ပါသည်
Researched by- Myoma Myint Kywe
ဆိုရှိကိ ကရာတေးအသင်း နည်းပြချုပ် 
ဦးမြင့်ကြွယ် ( မြို့ မ မြင့်ကြွယ် )
システム 組織 空手ヘッドマスタ
松濤館 、システム (組織 ) 空手 主任教師
                                      作家、歴史家,ビルマ(ミャンマー)


ကမ္ဘာ ပညာရှင်များ က ဗုဒ္ဓ မြတ်စွာဘုရားနှင့် ဗုဒ္ဓဘာသာ ၏ သွန်သင်ချက်များအတိုင်း နေထိုင် အသက် ရှင်ကြပါက ကမ္ဘာပေါ်တွင် စစ်ပွဲ ရန်ပွဲ နှင့် မုန်းတီးခြင်း များ ရှိကြမည် မဟုတ် ဟု ဆိုကြသည်။

ဂေါတမ ဗုဒ္ဓမြတ်စွာဘုရား က ငါသည် အမှန်တရား ကို ရှာဖွေ တွေ့ရှိရန်အတွက် သွန်သင်လမ်းပြပေးသူ ဖြစ်သည် ဟု ရိုးသားပွင့်လင်းစွာ ဆိုခဲ့၏။ ငါ၏ တရား သည် (အမှန်တရား) ဖြစ်သည်ဟု ဆို၏

မွေးမွေးချင်း ငါသည် ဘုရားဖြစ်သည်ဟု ခိုင်မာစွာ ပြောဆိုခဲ့၏။


ဂေါတမ ဗုဒ္ဓမြတ်စွာဘုရားသည် ကမ္ဘာပေါ်တွင် အမှန်တရားကို ပထမဆုံးသော စတင်တွေ့ရှိ ကျင့်ကြံအားထုတ်ခဲ့ သူဖြစ်သည်။ မဟာသက္ကရာဇ် ၁၀၃ ခု ကဆုန်လပြည့်နေ့ ဘီစီ ၅၈၈ (လွန်ခဲ့သော နှစ်ပေါင်း၂၆၀၂)  တွင် သိဒ္ဓတ္ထမင်းသားသည် ဂေါတမဗုဒ္ဓမြတ်စွာ အမည်ဖြင့် ဘုရားဖြစ်လေသည်။  

သက်တော် ၂၉နှစ် အရွယ် ထိ ဘုရင့်သားတော် မင်းသားတစ်ပါး ဖြစ်သည်။ ဗုဒ္ဓမြတ်စွာဘုရားသည် သက်တော် ၃၅ နှစ်တိုင်အောင် လူသားဖြစ်ခဲ့ပါသည်။ သက်တော် ၃၅နှစ်မှစ၍ လူ နတ် ဗြဟ္မာ သတ္တဝါအားလုံးတို့၏ ပူဇော်အထူးကိုခံယူတော်မူထိုက်သော ဂုဏ်ကျေးဇူးဘုရား၊ နိဗ္ဗာန် မဂ်ဖိုလ်ရောက်ရာရောက်ကြောင်း နည်းလမ်းကောင်းတို့ကိုဟောဖော်ညွှန်ပြသွန်သင်
ဆုံးမတော်မူခဲ့သော ဘုရားဖြစ်လာခဲ့သည်။ 

ဗုဒ္ဓ၏ ကျေးဇူးတော်များ ဂုဏ်တော် များ ကြောင့် ကြည်ညိုမြတ်နိုး ပူဇော်သမှု ကိုးကွယ်ဆည်းကပ်ခြင်းဖြစ်သည်။

ဘုန်းတော်အနန္တ ကံတော်အနန္တ ဥာဏ်တော်အနန္တ တန်ခိုးတော်အနန္တနဲ့ပြည့်စုံတော်မူသော သုံးလောကထွတ်ထားမြတ်စွာဘုရားရှင်ဖြစ်တော်မူချိန် သက်တော် ၃၅နှစ တွင် ဗုဒ္ဓမြတ်စွာဘုရား အဖြစ် တည်ရှိသွားခဲ့ပါသည်။

မွေးမွေးချင်း ကတည်းက ငါသည် ဘုရားဖြစ်သည်။ ငါသည် တစ်လောကလုံးတွင် အမြင့်မြတ်ဆုံး ဟုပြောခဲ့ပါသည်။

ဘုရားလောင်း သိဒ္ဓတ္ထမင်းသား ဖွားတော်မူပြီးနောက် အရှေ့ အရပ်မှ မြောက်သို့လှည့်တော်မူလျက် ခုနစ်ဖဝါးသွား၍ မတ်မတ်ရပ်တော်မူပြီးသော်-

အဂ္ဂေါဟ မသ္မိလောကဿ
ဇေဌောဟ မသ္မိ လောကဿ
သေဌောဟ မသ္မိလောကဿ
ဟူသော သုံးခွန်းစကား ဆိုတော်မူသည်။

ဘုရားလောင်း သိဒ္ဓတ္ထမင်းသား (ဂေါတမဗုဒ္ဓ မြတ်စွာဘုရား) က လောကသုံးပါး ရှိရှိသမျှူ-နတ်-ဗြဟ္မာ-Gods အားလုံး တွင် ငါသည် ဩဇာအကြီးမားဆုံး အမြင့်မြတ်ဆုံး သဗ္ဗေညုတ ဉာဏ်တော်ရှင် (ဘုရား) စင်စစ် ဖြစ်သည် .. ငါသည် အဓိကထိပ်ဆုံး ဖြစ်သည်  ဟု မိန့်ဆိုတော်မူခဲ့သည်။ 



The first miracle of Buddha in 623 BC: Immediately after His birth, Siddhartha Gautama stood up, took 7 steps north and uttered:

"I am chief of the world,
Eldest am I in the world,
Foremost am I in the world.
This is the last birth.
There is now no more coming to be."


Further, every place that baby Buddha placed his foot on, a lotus flower bloomed.
 


ဗုဒ္ဓ မြတ်စွာဘုရား၏ ဂုဏ်တော် () ပါး တွင်
သတ္တာဒေဝ မနု သာနံ - နတ် လူ ဗြဟ္မာသတ္တဝါအားလုံးတို့၏ ဆရာသခင် (ဘုရား) ဖြစ်သည် (Buddha is the Teacher of the Human and Gods)...ဟု ဂုဏ်တော် ပါရှိခဲ့သည်။ မိန့်ဆိုတော်မူခဲ့သည်။ ငါသည် ဖန်ဆင်းရှင် ထာဝရဘုရား God ဖြစ်သည် ဟု မိန့်ဆိုတော်မမူခဲ့ပါ ။
It is said that immediately after the birth of Siddhartha Gautama (BC 623), he stood up, took seven steps north, and uttered:
"I am chief of the world,
I am eldest in the world,
I am foremost in the world.
This is the last birth.
There is now no more coming to be.
"

Naturally, a new born child cannot immediately talk; the child requires further development in order to speak fluently. Furthermore, every place the baby Buddha placed his foot, a lotus flower bloomed. Moreover, there is a claim that the Buddha's birth was miraculous via a dream that his mother saw of a white elephant, whereas the dream is interpreted in the legend as a premonition of a blessing to come; therefore the incident would suggest a Divine birth as opposed to a human birth.

ဗုဒ္ဓဘာသာတွင် ထာဝရ ဆိုသည်မှာ လုံးဝ မရှိပါ။ ဗုဒ္ဓဘာသာတွင် ထာဝရဘုရား God ဆိုသည်မှာ လုံးဝ မရှိပါ

အောင်ခြင်းရှစ်ပါး တွင် ဗက ဗြဟ္မာ God
ကို အောင်နိုင်သည့် ဖြစ်စဉ်တစ်ခု အထင်အရှားရှိခဲ့သည်။
တစ်ခါတုန်းက ထို ဗက ဗြဟ္မာ God က ငါသည် ကမ္ဘာကို ဖန်ဆင်းသည်။ ငါသည် ထာဝရ တစ်သက်လုံး အသက်ရှင်နေသည်။ ဟု မှားယွင်းတွေးနေတုန်းမှာ မြတ်စွာဘုရား ရောက်ရှိလာပြီး အသင်သည် ထို heaven တွင် နှစ်ပေါင်း သန်းနဲ့ ချီ နေထိုင်နေသောကြောင့် သင့်ကိုယ်ကို ထာဝရ မြဲသည်ဟု ထင်နေသည်။ ထိုအတွေးသည် မှားယွင်းပါသည်။ ထို နှစ်ပေါင်း သန်းနဲ့ ချီ သင်နေထိုင်ပြီးလျှင် သင် တစ်နေ့ မုချ သေရပါလိမ့်မည်။ မည်သူမဆို တစ်နေ့ မုချ သေရမည် ဖြစ်သည်…… ဟု မြတ်စွာဘုရားဟောကြားသောအခါ ထို ဗက ဗြဟ္မာ God သည် ချက်ချင်း နောင်တရပြီး ဗုဒ္ဓဘာသာ god နတ်ဖြစ်သွားပါသည်။
ထိုကြောင့် ဖန်ဆင်းရှင် God ဆိုသူမှာလညိးု၊ နာ သေ ဖြစ်သည်။
အရာရာသည် ထာဝရ ဆိုတာ မရှိပါ။ အရာရာသည် Impermanence သာဖြစ်ကြောင်း ဗုဒ္ဓမြတ်စွာဘုရား မိန့်ကြားခဲ့သည်။

အခြား တပါးသော ဖန်ဆင်းရှင် God ဆိုတာတွေလို ငါပြောတာ မယုံကြည် ရင် မလိုက်နာရင် (Hell) ငရဲသွားရမယ်၊ (Punishment) အပြစ် ပေးမယ်…. ဟု မိန့်ဆိုတော်မမူခဲ့ပါ ။

မကောင်းမှုလုပ်ရင် ငရဲသွားရလိမ့်မယ်ကောင်းမှုလုပ်ရင် နတ်ပြည်၊ လူ့ပြည်၊ ဗြဟ္မာ့ပြည်၊ သုဂတိဘုံ သွားရမယ်မကောင်းမှု၊ ကောင်းမှု၏ အကျိုးအပြစ်သည် ပြုလုပ်သူ၏ ဘဝအဖြေဖြစ်ကြောင်း ဟု ဆုံးမခဲ့သည်။

ဒုက္ခသံသရာ မှ လွတ်မြောက်ရာလမ်းကြောင်းကတော့ သစ္စာလေးပါး၊ မဂ္ဂင်ရှစ်ပါး လမ်းကြောင်းသာ ဖြစ်ကြောင်း ရှင်းလင်းပြသ ဟောဖော်ညွှန်ကြားပြီး နိဗ္ဗာန်မဂ်ဖိုလ်ပို့ဆောင်တော်မူတဲ့ ဘုရားဖြစ်ပါသည်။

ဒုက္ခဖြစ်ခြင်းအကြောင်းကို ဟောရုံသာမက ဒုက္ခမှ လွတ်မြောက်
ရာ ကျင့်စဉ်လမ်းစဉ်ကို ပြသခဲ့သော ဘုရားဖြစ်သည်။ ငါလိုကျင့်၊ ငါလိုဘုရား (ဗုဒ္ဓ) ဖြစ်ခွင့်ရှိကြောင်း ဗုဒ္ဓမြတ်စွာဘုရား အတိအလင်း ဟောကြားခဲ့သည်။

ဂေါတမ ဘုရား က ငါသည် လောကသုံးပါးတွင် အမြတ်ဆုံး ဘုရားဖြစ်သည်  ငါသည် ရှေးက ဖြည့်ဆည်းခဲ့သော ပါရမီကြောင့် လောကသုံးပါး၏ အမြင့်မြတ်ဆုံး ဩဇာ အကြီးမားဆုံး ဖြစ်၍ ငါမသိသောအရာမရှိ။ ငါ ၏ တရား သည် အိုခြင်း နာခြင်း သေခြင်း -- မအို မနာ မသေ သော နေရာ --- အအေးချမ်းဆုံးနေရာ ----- နိဗ္ဗာန် မဂ်ဖိုလ်ရောက်ရာရောက်ကြောင်း အမှန်ကန်ဆုံး အမှန်တရား  ဖြစ်သည်
ဟူ၍ ဟောကြားခဲ့သည်။

ဗုဒ္ဓဘာသာတွင် အကြောင်းအရာတစ်ခုကိုလေ့လာကျင့်ကြံရာ၌ နည်းစံနစ်ကျသည်။ သိပ္ပံနည်းကျသည်။ ဗုဒ္ဓ တရားတော်များသည် အကြောင်းအကျိုး ဆက်စပ်မှုရှိခြင်း၊ ယုတ္တိနည်းကျ လက်တွေ့ကျခြင်း၊ စနစ်တကျ ဖွဲ့စည်းမှု ရှိခြင်း၊ မှန်သည်-မှားသည်၊ လုပ်သင့်သည်-မလုပ်သင့်သည်၊ အကျိုးရှိသည်-အကျိုးမဲ့သည် တို့ကို မိမိတို့ကိုယ်တိုင် ဝေဖန်စမ်းစစ် ခွင့်ရှိခြင်း၊ အချိန်မရွေး၊ နေရာမရွေး၊ လူမျိုး ဘာသာမရွေး လက်တွေ့ကျင့်ကြံပြီး အေးချမ်းမှုကို ကိုယ်တိုင်သိရှိနိုင်ခြင်း၊ အမြဲထာဝရ မှန်ကန်ခြင်း စသော အရည်အချင်းများ ပြည့်စုံသောကြောင့် ဗုဒ္ဓ ၏အဆုံးအမများနှင့် ဗုဒ္ဓဘာသာသည် အမှန်တရား နှင့် လက်တွေ့သဘာဝကျ သည့် အမှန်ကန်ဆုံး အမှန်တရားဘာသာ လည်း ဖြစ်သည်။
ယဉ်ကျေးမှု၊ ဓလေ့ထုံးစံ၊ နေရာဒေသ၊ နိုင်ငံ၊ အသားအရောင်၊ ယောင်္ကျာ၊းမိန်းမ စသည်ဖြင့် အပေါ်ယံအသွင်သဏ္ဌာန်အားဖြင့် မည်မျှပင်များပြားစွာကွဲပြားခြားနား နေစေ ကာမူ လူသားအားလုံးကို တန်းတူရည်တူ တန်ဘိုးထားလျှက် ကရုဏာထား မေတ္တာပွါးရမည်ဖြစ်ကြောင်း ဗုဒ္ဓ မြတ်စွာဘုရား က  သင်ကြားဆုံးမတော်မူခဲ့ပါသည်။

မိခင်တို့သည် မိမိ၏တစ်ဦးတည်းသောသားကို အသက်တမျှ တန်ဘိုးထားစောင့်ရှောက်သကဲ့သို့ လူသားအားလုံးသည်လည်း တစ်ဦးပေါ်တစ်ဦး လေးစားတန်ဘိုးထားကာ သက်ရှိသတ္တဝါအားလုံးတစ်ဦး နှင့် တစ်ဦး မေတ္တာပွါးများကြရမည်ဟု ဆိုလို၏။

ထို့ပြင် မေတ္တာ မပွါးနိုင်ဘဲ ဒေါသအလျောက် သတ်ဖြတ်မိပါကလည်း အပြစ်ရှိကြောင်း  ဗုဒ္ဓ မြတ်စွာဘုရား က သင်ကြားပေးတော်မူခဲ့သည်။
 
ဗုဒ္ဓဘာသာတွင် လူ နှင့် သတ္တဝါ တို့ကိုသတ်သည့် အပြစ်သည် အကြီးလေးဆုံး အပြစ်ဖြစ်ပါသည်။

ဗုဒ္ဓဘာသာတွင် မည်သည့်အကြောင်းကြောင့်မျှူ နှင့် သတ္တဝါ ကို သတ်ခွင့် မရှိ၊
ဗုဒ္ဓ ၏ ဓမ္မ သည် လူသားကို ဤမျှအထိ တန်ဘိုးထား၏။ လေးစား၏။ လူ့အသက်ကိုသာမက သူ့အသက်ပါ (တိရိစ္ဆာန်များ၏ အသက်) ကိုပါ သတ်ခြင်းမှ ရှောင်ကြဉ်ဖို့ ဟောကြားခဲ့သည်။

ဗုဒ္ဓ မြတ်စွာဘုရား ၏ ဓမ္မအရ လူသားသည် တန်ဘိုးအမြင့်ဆုံးဖြစ်၏။ ဂုဏ်သိက္ခာအမြင့်ဆုံးဖြစ်၏။ အလွတ်လပ်ဆုံးဖြစ်၏။ အသိဥာဏ်အမြင့်ဆုံးဖြစ်၏။

လူသားသည် သက်ရှိ သတ္တဝါအားလုံးကို မေတ္တာတရား ကရုဏာတရား ကိုယ်ကျင့်တရား တာဝန်ဝတ္တရားတို့ဖြင့် အေးချမ်းစွာ နေထိုင်ကြရန် မိန့်ကြားတော်မူခဲ့သည်။   

Ref
·        http://www.lubo601.com/2013/07/blog-post_7333.html