Pages

အမှားသိလျှင် အမှန်ပြင်ဖို့လိုသည် Researched by- Myoma Myint Kywe ဦးမြင့်ကြွယ် ( မြို့ မ မြင့်ကြွယ် )




အမှားသိလျှင် အမှန်ပြင်ဖို့လိုသည်

Researched by- Myoma Myint Kywe
 ဦးမြင့်ကြွယ် ( မြို့ မ မြင့်ကြွယ် သမိုင်းပညာရှင် 
ဆိုရှိကိ ကရာတေးအသင်း နည်းပြချုပ်


စာရေးသူ၏ မိတ်ဆွေ သူငယ်ချင်းအားလုံးနီးပါးမှာ ဗုဒ္ဓဘာသာဝင်များ ဖြစ်ကြသော်လည်း ခရစ်ယာန်ဘာသာဝင် ဟိန္ဒူ ဘာသာဝင် အစ္စလာမ်ဘာသာဝင်များလည်း ပါဝင်ကြပါသည်။

ဗုဒ္ဓဘာသာသည် အမှန်တရားကိုအခြေခံပြီး ကျင့်ကြံလိုက်နာသူအဖို့ ဘဝတစ်သက်တာတွင်သာမက သံသရာမှ လွတ်မြောက်ရာ ဒုက္ခအပေါင်းမှ ချုပ်ငြိမ်းရာ မွန်မြတ်သောကျင့်စဉ်ပါသော ဘာသာတရားဖြစ်ပါသည်။ Buddhism is called orthodox way of life.

ဗုဒ္ဓဘာသာနည်းတူ ဟိန္ဒူဘာသာ၊ ခရစ်ယာန်ဘာသာ၊ အစ္စလာမ်ဘာသာ ဟူသော ဘာသာကြီး ဘာသာတို့သည် "သူ့နည်းသူ့ဟန်နဲ့သူ"၊ "သူ့လမ်းစဉ်နဲ့သူ" ကောင်းမွန်သော လူသား အကျိုး ပြု အဆုံးအမများ ပါဝင်လျက်ရှိပါသည်။


All religions are not the same—BUT, all religions are good that useful accordingly.



ကမ္ဘာ့ဘာသာကြီး (၄) ဘာသာ တွင် ဟိန္ဒူ ဘာသာ သည် ကမ္ဘာ့သက်တမ်းအရင့်ဆုံး၊ သမိုင်းအရှည်ကြာဆုံးသော ဘာသာတရားဖြစ်သည်။ ဟိန္ဒူ ဘာသာသည် စောလွန်းလှသောကြောင့် တည်ထောင်သည့် ခုနှစ်အတိအကျ ရှာမရချေ။ တည်ထောင်သည့် ခုနှစ် အတိအကျ ရှိသော ကျန်ဘာသာကြီး (၃) ဘာသာအနက် အစောဆုံးမှာ ဗုဒ္ဓဘာသာဖြစ်ပါသည်။ BC ၆၂၃ တွင် ဗုဒ္ဓမြတ်စွာဘုရား ပွင့်ပေါ်ခဲ့ သည်။ ဗုဒ္ဓမြတ်စွာဘုရားက ခရစ်ယာန်ဘာသာကို စတင်တည်ထောင်သူ ခရစ်တော် ထက် နှစ်ပေါင်း ၆၂၃ နှစ် ပိုစောသည်။ ဗုဒ္ဓမြတ်စွာဘုရားက အစ္စလာမ်ဘာသာကို စတင်တည်ထောင်သူ တမန်တော် မိုဟာမက် ထက်လည်း နှစ်ပေါင်း (၁၁၉၃) နှစ် ပိုစောသည်။

Sayadaw U Nyanissara said" "Hinduism has been called the "oldest religion" in the world but the year of established cannot be found with details."
Buddha was born in 623 BC.
Buddha was born in Nepal about 623 years before Jesus Christ.
Buddha was born in Nepal about 1193 years before Muhammad.




မြတ်စွာဘုရားရှင် ကို BC  ၆၂၃ (ကဆုန်လပြည့်၊ သောကြာနေ့) တွင် နီပေါနိုင်ငံ၊ လုမ္ဗိနီ ဥယျာဉ်၌ မယ်တော် မာယာဒေ၀ီ၊ ခမည်းတော် သုဒ္ဓေါဒနမင်းကြီးတို့မှ မွေးဖွားခဲ့ပါသည်။  ဗုဒ္ဓဘာသာ ကို BC ၅၈၈ တွင် စတင်တည်ထောင်ခဲ့သည်။ ဗုဒ္ဓဘာသာသည် လွန်ခဲ့သောနှစ်ပေါင်း ၂၆၀၂ ကျော်(BC ၅၈၈ + ၂၀၁၄ ခုနှစ်= ၂၆၀၂) တွင်စတင်ပွင့်ထွန်းပေါ်ပေါက်ခဲ့ပါသည်။ မြန်မာနိုင်ငံ ဗုဒ္ဓဘာသာ သာသနာ သက်တမ်း သည် ရွှေတိဂုံစေတီတော် ၏ သက်တမ်းနှင့် အတူတူဖြစ်ကြောင်းသမိုင်းအထောက် အထားများအရအတည်ပြု မှတ်သားနိုင်ပါသည်။ ဗုဒ္ဓသာသနာသည် မြန်မာနိုင်ငံ တွင် ဘီစီ ၅၈၈ ကပင် စတင် ပွင့်ထွန်း ပေါ်ပေါက်ခဲ့ကြောင်း သမိုင်းအထောက်အထားများအရ အတည်ပြု မှတ်သားနိုင်ပါသည်။ 

ဗုဒ္ဓဝင်သမိုင်းကို ပြန်ကြည့်လျှင် (BC ၅၈၈) ဂေါတမဘုရားရှင် လက်ထက်၌ မြန်မာနိုင်ငံ တဖုဿ     နှင့် ဘလ္လိက ကုန်သည်ညီနောင်တို့သည် ထူးခြားစွာ ဘုရားရှင်အား ကမ္ဘာပေါ်တွင်ပထမဆုံး ဆွမ်းကပ်ရသူ ကမ္ဘာပေါ်တွင်ပထမဆုံး သရဏဂုံ တည်သူများ နှင့် ကမ္ဘာပေါ်တွင် ပထမဆုံး ဗုဒ္ဓဘာသာဝင်များ ဖြစ်ခဲ့၏။ မြန်မာ့ ဗုဒ္ဓသာသနာ အစ ရွှေတိဂုံ က ဖြစ်သည်။ ရွှေတိဂုံစေတီတော် သည် ဂေါတမဘုရားရှင်၏ သာသနာတော်မှာ ကမ္ဘာမြေပြင်တွင် ပထမဦးဆုံး စေတီဖြစ်၏။ ထို့ကြောင့် မြန်မာနိုင်ငံ၌ ဗုဒ္ဓသာသနာအစ ရွှေတိဂုံ ကဟု ကဗ္ဗည်းထိုး မော်ကွန်းတင်ခဲ့ပြီ ဖြစ်သတည်း။


ခရစ်ယာန် ဘာသာ ကို AD ၂၇ ခန့် လွန်ခဲ့သောနှစ်ပေါင်း ၁၉၈၇ ကျော် (၂၀၁၄ ခုနှစ် - AD ၂၇ = ၁၉၈၇) တွင် ခရစ်တော် က စတင်တည်ထောင်ခဲ့သည်။ အစ္စလာမ် ဘာသာ ကို AD  ၆၁၀ ခန့် လွန်ခဲ့သောနှစ်ပေါင်း ၁၄၀၄ ကျော် (၂၀၁၄ ခုနှစ် - AD ၆၁၀  = ၁၄၀၄ ) တွင် တမန်တော် မိုဟာမက် က စတင်တည်ထောင်ခဲ့သည်။

ဘာသာတစ်ခုနှင့်တစ်ခုသည် မျက်မှန်စိမ်းတပ်မကြည့်ပဲ ကောင်းမွန်သော ပကတိမျက်လုံးဖြင့် ရှုမြင်တပ်ဖို့ လိုအပ်သည်။ အထူးသဖြင့် အပြန်အလှန် နားလည်မှုရှိရန်၊ အပြန်အလှန်လေးစားမှု လိုအပ်သည်။ နားလည်မှုလွဲမှားစေမည့် ကိစ္စများရှိပါကလည်း တစ်ဦးနှင့်တစ်ဦး ပြေလည်အောင် အပြုသဘောဖြင့် ရိုးသားစွာ ဖြေရှင်းသင့်သည်။ အမှားရှိလျှင် မှားသည့်ဘက်က ရိုးသား စွာဖြင့် အမှန်ပြင်ဖို့ လိုအပ်သည်။ နားလည်မှုလွဲလျှင်လည်း မှန်ကန်သော နားလည်မှု ဖြစ်စေရန် အစွမ်းကုန် ကြိုးစားဖို့ လိုအပ်သည်။

အလျဉ်းသင့်တုန်း ဘာသာရေးနှင့်စပ်လျဉ်း၍ ထောက်ပြအကြံပြုစရာ စကားလုံးတစ်ချို့ရှိပါသည်။ ပါဋ္ဌိစာပေ၊ မြန်မာစာပေပညာရှင်တို့၏ အဆိုအမိန့်အရ သာသနာ၊ ဓမ္မ၊ သမ္မာ၊ သစ္စာ၊ ဝိပဿ      နာ၊ မေတ္တာ၊ ဂရုဏာ၊ မုဒိတာ၊ ဥပေက္ခာ၊ နိဗ္ဗာန် ဟူသော စကားလုံးစကားရပ် လုံးတို့ကို ဘာသာခြားများ သုံးစွဲနေသည့်ကိစ္စဖြစ်ပါသည်။

"သာသနာ"ဟူသော ပါဋ္ဌိစကားရပ်၊ "ဓမ္မ"ဟူသော ပါဋ္ဌိစကားရပ်၊
"သမ္မာ"ဟူသော ပါဋ္ဌိစကားရပ်၊ "သစ္စာ"ဟူသော ပါဋ္ဌိစကားရပ်၊
"ဝိပဿ      နာ"ဟူသော ပါဋ္ဌိစကားရပ်၊ "မေတ္တာ"ဟူသော ပါဋ္ဌိစကားရပ်၊
"ဂရုဏာ"ဟူသော ပါဋ္ဌိစကားရပ်၊ "မုဒိတာ"ဟူသော ပါဋ္ဌိစကားရပ်၊
"ဥပေက္ခာ"ဟူသော ပါဋ္ဌိစကားရပ်၊ "နိဗ္ဗာန်"ဟူသော ပါဋ္ဌိစကားရပ် "
"မဂ္ဂင်" ဟူသော ပါဋ္ဌိစကားရပ်တို့သည် ဗုဒ္ဓဘာသာတွင်သာ သုံးစွဲခွင့်ရှိကြောင်း၊ သုံးစွဲလေ့ရှိကြောင်း
သမိုင်းမှတ်တမ်းများအရ ပါဋ္ဌိစာပေ၊ မြန်မာစာပေပညာရှင်တို့၏ အဆိုအမိန့်အရ သိရှိရလေသည်။


ဝိပဿ    နာ၊ သစ္စာလေးပါး၊ မဂ္ဂင်ရှစ်ပါး ဟူသော စကားလုံး လုံးမှအပ ကျန်သော စကားလုံး လုံးသည် ဗုဒ္ဓဘာသာ သာမက ဟိန္ဒူ ဘာသာတွင်လည်း နှစ်ပေါင်းများစွာကတည်းကပင် သုံးစွဲလေ့ရှိပါသည်။ 

ဗုဒ္ဓဘာသာနှင့် ဟိန္ဒူ ဘာသာတို့သည် ဝေါဟာရစကားလုံးတစ်ချို့တူသော်လည်း အဓိပ္ပာယ်ဖွင့်ဆိုချက် အခြေခံလမ်းစဉ်နှင့် ရည်မှန်းချက် ခရီးပန်းတိုင်တို့သည် လုံးဝမတူပါ။ ဥပမာ-ဟိန္ဒူ ဘာသာတွင် ပါဝင်သော မေတ္တာနှင့် ကံ-ကံ၏အကျိုး ဟူသော စကားလုံးစကားရပ်သည် ဗုဒ္ဓဘာသာတွင် ပါဝင်သော မေတ္တာနှင့် ကံ-ကံ၏အကျိုး ဟူသော စကားလုံးစကားရပ်တို့နှင့် အခြေခံခြင်းတူညီကြသော်လည်း အနှစ်သာရနှင့် လမ်းစဉ်လမ်းကြောင်းတို့သည် လုံးဝ မတူကွဲပြားခြားနားကြလေသည်။ ထို့ကြောင့် ဗုဒ္ဓဘာသာသည် ဟိန္ဒူ ဘာသာမှ ဆင်းသက်လာသော ဘာသာ မဟုတ်ချေ အထူးသဖြင့် သစ္စာလေးပါး ၊ မဂ္ဂင် (၈) ပါး၊ ဝိပဿ     နာ ကျင့်စဉ်
 တို့သည် ဗုဒ္ဓမြတ်စွာဘုရားတစ်ပါးတည်းသာလျှင် ဟောကြားတော်မူခဲ့ပြီး ဟိန္ဒူ ဘုရား အပါအဝင် အခြားမည်သည့်ဘုရားမှ ဟောကြားခဲ့ခြင်း မရှိပေ။


ဗုဒ္ဓဘာသာဝင်မဟုတ်သော ဘာသာခြားများအပါအဝင် မည်သည့်ပုဂ္ဂိုလ်ဖြစ်စေကာမူ ဗုဒ္ဓမြတ်စွာဘုရား ဟောကြားတော်မူခဲ့သော မဂ္ဂင်ရှစ်ပါး၊ သစ္စာလေးပါးနှင့် ဝိပဿ     နာ
တရားတော်တို့ကို မှန်မှန်ကန်ကန်ကျင့်ပါက မဂ်ဖိုလ်နိဗ္ဗာန်တရားများကို ရရှိနိုင်သည်ဟု ဗုဒ္ဓမြတ်စွာဘုရားက ဟောကြားတော်မူခဲ့ပါသည်။ မဂ်တရား၊ ဖိုလ်တရား၊ နိဗ္ဗာန်တရားတော်များ၏ အခြေခံဖြစ်သော မဂ္ဂင်ရှစ်ပါး၊ သစ္စာလေးပါးများ၊ ဝိပဿ     နာတရားများကို ကောင်းသော ရည်ရွယ်ချက်ဖြင့် လေ့လာကျင့်ကြံသော မည်သည့်ပုဂ္ဂိုလ်မဆို၊ မည်သည့်ဘာသာဝင်မဆို သာသနာ၊ ဓမ္မ၊ သမ္မာ၊ သစ္စာ၊ မဂ္ဂင် (၈) ပါး၊ ဝိပဿ     နာ၊ မေတ္တာ၊ ဂရုဏာ၊ မုဒိတာ၊ ဥပေက္ခာ၊ နိဗ္ဗာန် စသော ဗုဒ္ဓဘာသာဆိုင်ရာ ပါဋ္ဌိ စကားလုံး စကားရပ်များကို သုံးစွဲနိုင်ပါသည်။

သို့ရာတွင် ယနေ့ကာလတွင် အဆိုပါ စကားလုံး စကားရပ်များဖြစ်သော သာသနာ၊ ဓမ္မ၊ သမ္မာ၊ သစ္စာ၊ မဂ္ဂင် (၈) ပါး၊ ဝိပဿ      နာ၊ မေတ္တာ၊ ဂရုဏာ၊ မုဒိတာ၊ ဥပေက္ခာ၊ နိဗ္ဗာန် ဟူသော ပါဋ္ဌိ စကားလုံး စကားရပ်များကိုပင် ဘာသာခြားများက နေရာတကာ ၄င်းတို့၏ ဘာသာရေးမူပိုင်ကိုယ်ပိုင်စကားလုံးသဖွယ် သုံးစွဲရန်မသင့်ချေ။ နှုတ်ဖြင့်သုံးစွဲသည်သာမက ၄င်းတို့၏ ဘာသာရေး ကျမ်းစာအုပ်များတွင်လည်းကောင်း၊ လက်ကမ်းစာစောင်များတွင်လည်းကောင်း တွင်တွင်ကျယ်ကျယ် ငှားယူသုံးစွဲလျက်ရှိကြောင်း သတိပြုမိပါသည်။ ထိုကဲ့သို့ ဗုဒ္ဓဘာသာနှင့်ဆိုင်သော စကားလုံးများကို ငှားယူသုံးစွဲသော အကျင့်များသည် ယနေ့ကာလမှ ပေါ်လာခြင်း မဟုတ်ချေ။ နှစ်ပေါင်းများစွာကတည်းက မူလနိုင်ငံခြားစာပေမှ မြန်မာဘာသာသို့ ဘာသာပြန်ခဲ့သော ရှေးဟောင်းဘာသာရေးကျမ်းပြုဆရာများ၏ ချို့ယွင်းချက်ကြောင့်များဟု ဆိုနိုင်သော်လည်း အပြစ်မတင်လိုပါ။ မည်သို့ပင်ဖြစ်စေကာမူ ယနေ့မျက်မှောက်ကာလတွင် မှန်ကန်သောစကားလုံးများဖြင့် အစားထိုးပြင်ဆင်ပေးမည်ဆိုလျှင် အကောင်းဆုံးဖြစ်မည့်အပြင် ဗုဒ္ဓဘာသာဝင်များကလည်း ကျေးဇူးတင်ရှိမည်ဖြစ်ပါသည်။


ဤကဲ့သို့ ဗုဒ္ဓဘာသာ၊ ဟိန္ဒူ ဘာသာတို့၏ ကိုယ်ပိုင်ဘာသာရေးဝေါဟာရ စကားရပ်များကို ဘာသာခြားများက ငှားယူသုံးစွဲနေခြင်းသည် ဗုဒ္ဓဘာသာဝင်၊ ဟိန္ဒူ ဘာသာဝင်များအတွက်သာမက ဘာသာခြားများအတွက်လည်း မသင့်တော်သည့်အပြင် အကျိုးမရှိချေ။