Pages

မိဘကျေးဇူး Gratitude to Parents by - သမိုင်းပညာရှင် မြို့ မ မြင့်ကြွယ် Myoma Myint Kywe



မိဘကျေးဇူး Gratitude to Parents
Researched by - Myoma Myint Kywe
သမိုင်းပညာရှင် မြို့ မ မြင့်ကြွယ်


မင်္ဂလာတရားတော်နှင့်အညီ အမိအဖ
တို့ကိုပြုစုလုပ်ကျွေးခြင်း သည် ကြီးပွားကြောင်း ချမ်းသာကြောင်း မင်္ဂလာတရားတစ်ပါးဖြစ်သည်။ မိဘကိုလုပ်ကျွေး ပြုစုကြပါ ကျေးဇူး
ဆပ်ကြပါ ဘယ်သားသမီးကမျှ မိဘကျေးဇူး ကို ကျေအောင်မဆပ် နိုင်ကြသေးပါ။ လောကတွင် ဘယ်နေရာ၊ ဘယ်ဒေသ ရောက်ရောက် ဘယ်အရွယ်ပဲ ရောက်ရောက် မမေ့သင့် အမေ့အပ်တဲ့ အရာငါးမျိုး ရှိပါသည်။


ကျေးဇူးဆပ်သည်ပဲထားဦး၊ သာမာန်ပုထုဇဉ်များအဖို့ မိဘကျေးဇူးကို ကျေအောင် ဆပ်နိုင်ဖို့ လွန်စွာ ခဲယဉ်းသည်။
သို့ရာတွင် ဗုဒ္ဓမြတ်စွာဘုရားရှင်ကမူ မိဘကျေးဇူးကို
ကျေအောင်ဆပ်နိုင်ခဲ့သည်။ နတ်၊ လူ၊ ဗြဟ္မာများစွာတို့ကို မြတ်စွာဘုရားက နိဗ္ဗာန်သို့ ပို့ဆောင်ပေးခဲ့သည့်အပြင် ဖခမည်းတော် သုဒ္ဓေါဒနမင်းကြီးကိုလည်း  သံသရာမှလွတ်မြောက်အောင်၊ရဟန္တာဖြစ်သည်အထိ  ဆောင်ရွက်ပေးနိုင်ခဲ့သည်။ ထို့အပြင် နတ်ပြည်တက်၍ မိခင် မယ်တော် မိနတ်သား (မယ်တော်မာယာ)ကို  အဘိဓမ္မာတရား ဟောကြားပြီး ကျေးဇူးဆပ်တော်မူခဲ့ပါသည်။ 
မိထွေးတော် ဂေါတမီကိုလည်း ရဟန္တာမ ဖြစ်သည်အထိ ကျေးဇူးဆပ်နိုင်ခဲ့သည်။
 
ဘယ်အရာနှင့်မျှ နှိုင်းယှဉ်လို့ မရတဲ့ အနန္တအနန္တ ငါးပါးဖြစ်ပါသည်။ အဲဒီကျေးဇူးတွေကို အခါအခွင့် သင့်ရင်သင့်သလို ဆပ်ရပါမည်။  မိဘဆရာ သမားတွေရဲ့ ဂုဏ်ကျေးဇူးဟာ နှိုင်းမရအောင် ကြီးမားလွန်းပါသည်။ လောကတွင် ကျေးဇူးဆပ်လို့ မကျေနိုင်တာ အဖေနဲ့ အမေရဲ့ ကျေးဇူးတွေပါ။ ဒါကြောင့် မြတ်စွာဘုရားက မိဘကျေးဇူးကို တရားနှင့်သာ ကျေအောင်ဆပ်လို့ ရပါတယ်လို့ ဟောကြားထားပါသည်။

သဒ္ဒါတရား၊ သီလတရား၊ ဒါနတရား၊ ပညာအရာမှာ အားနည်းနေတဲ့ မိဘတွေကို သဒ္ဒါတရား တွေရှိလာအောင် သီလတရားတွေ ရှိလာအောင်၊ ဒါနတရားတွေ ရှိလာအောင်၊ ပညာဥာဏ် အရာမှာ အားနည်းနေတဲ့ မိဘတွေကို တရားနဲ့ ဆုံဆည်းနိုင်အောင် သားသမီးတွေက စီစဉ်ဆောင်ရွက် ကျေးဇူးဆပ် ပေးသင့်ပါသည်။

မြေးမြစ်တွေကို ထိန်းခိုင်းပြီး အိမ်မှာပဲ အချိန်ကုန် မနေစေဘဲ မိဘတွေကို ကျောင်းကန်ဘုရား သွားနိုင်လာအောင် ၊သွားချင်လာအောင်၊ တရားရှာ ရမယ့်အရွယ်မှာ တရားနဲ့ပုတီးနဲ့ နေနိုင်အောင် သားသမီးတွေက စီမံဆောင်ရွက် ပေးရင်ဖြင့် မိဘတွေကို သဒ္ဒါနဲ့ ကျေးဇူးဆပ် တယ်လို့ မြတ်စွာဘုရား က ဟောကြားပါသည်။

ကိုယ်ကျင့်သီလ နည်းနေတဲ့ အကျင့်စာရိတ္တ ပျက်ပြားနေတဲ့ အမိအဖ ၊ ဥပုတ် မစောင့်နိုင်တဲ့ အမိအဖ တွေကို ဥပုတ်စောင့်နိုင်အောင် သီလတွေ လုံခြုံနိုင်အောင် စောင့်နိုင်ဖို့ သားသမီးတွေက ကျောင်းကန်ဘုရား ပို့ပေးပြီး သီလစောင့် တည်နိုင်အောင် စီမံဆောင်ရွက်ကာ သီလနှင့် ကျေးဇူးဆပ်လို့ ရပါတယ်လို့ မြတ်စွာဘုရားက ဟောကြားပါသည်။

အသက်အရွယ် ကြီးလာတဲ့ မိဘတွေက သားသမီးကို ပြန်အားကိုး ရပါသည်။ ဒီတော့ သားသမီးတွေက မိဘ ကို မပေးကမ်း ဘူးဆိုရင် မိဘတွေက လှူစရာ တန်းစရာ မရှိကြတော့ ဒါနလုပ်လို့ မရပါ။

သားသမီးတွေက မိဘလက်ထဲကို လှူ ဖို့ တန်းဖို့ အတွက် ဘယ်နေရာမှာဖြင့် ကျောင်းဆောက်နေပါတယ် ဘယ်နေရာမှာဖြင့် ဘုရားတည် နေပါတယ် ဆိုပြီး အမေ အဖေ တို့အတွက် ဆိုပြီး မိဘအတွက် နေ့စဉ်ဒါန ပြုတတ်အောင် ပြုနိုင်အောင် လှူနိုင်၊ တန်းနိုင်အေင် ပုံမှန် ကုသိုလ် ကောင်းမှုတွေ လုပ်နိုင်အောင် သားသမီး က ဆောင်ရွက်ပေးရင်ဖြင့် စာဂ (ဒါန) နှင့် ကျေးဇူးဆပ်ခြင်း ဖြစ်ပါတယ်လို့ ဟောကြားပါသည်။

ကျောင်းကန်ဘုရား မသွားနိုင်တဲ့ မိဘ၊ တရားအားမထုတ်ရသေးတဲ့ မိဘတွေကို ကျောင်းကန်ဘုရား ပို့ပြီးတော့ အမေ၊အဖေ ဘယ်နေရာမှာ
တရားပွဲ ရှိပါတယ် အမေတို့ အဖေတို့ တရားသွားနာပါ ဆိုပြီး သားသမီးတွေကသေသေချာချာ လိုက်ပို့ပေးရပါမည်။ တရားစခန်းပွဲ ရှိတယ် ဆိုလျှင်လည်း မိဘတွေ အေးအေးဆေးဆေး တရားအား ထုတ်နိုင်အောင် စီမံဆောင်ရွက် ပေးရင်ဖြင့် ပညာနဲ့ ကျေးဇူးဆပ် ခြင်းဖြစ်ပါတယ် လို့ဟောကြားပါသည်။

မိဘတွေကို သဒ္ဒါ၊သီလ၊စာဂ၊ပညာ ဆိုတဲ့လေးမျိုးနဲ့ ဆပ်ရင်ဖြင့် မိဘကျေးဇူး ကျေပါတယ် လို့ မြတ်စွာဘုရားက ဟောကြားထားတာပါ။

မိဘ အသက် ရှိစဉ်မှာ ပစ်ထားကြပြီး သေသွားမှ မျက်ရည်ကျပြ မနေပါနဲ့။ အဲဒါဆို တန်ဖိုးမရှိတဲ့ သားသမီးတွေ ဖြစ်သွားပါလိမ့်မည်။ မိဘကျေးဇူး ကို မဆပ်နိုင်ရင် နေပါ၊ ကျေးဇူးတော့ မကန်းသင့်ပါ။ ဒါကြောင့် အဖကို လက်ဝဲ ပုခုံးပေါ်တင် အမိကို လက်ယာ ပုခုံးခေါ် တင်ပြီးလုပ်ကျွေး ပြုစုတာတောင် မိဘကျေးဇူးကို ကျေအောင်မဆပ်နိုင်ပါ          

ယူဇနာ နှစ်သိန်းလေးသောင်း ထုတည်ရှိတဲ့ မဟာပထ၀ီမြေကြီး ဘယ်လောက်ပင် ထူပါတယ် ပြောပြော မိဘဂုဏ်ကျေးဇူးနဲ့ နှိုင်းယှဉ်ရင် ၀ါးရွက်လောက်ပဲ ရှိပါသည်။ ယူဇနာ ရှစ်သောင်းလေးထောင် အမြင့်ဆောင်တဲ့ မြင့်မိုရ်တောင်လည်း မိဘကျေးဇူးနှင့် နှိုင်းစာလျှင် နွားဦးချိုလောက်ပဲ ရှိပါသည်။

စကြာဠာ အနန္တ ဘယ်လောက်ပင် ကျယ်ကျယ် မိဘမေတ္တာ ကျေးဇူးများနှင့် နှိုင်းယှဉ်လျှင် အပ်နဖားပေါက် လောက်လေးပဲ ရှိပါသည်။ ဘယ်၍ဘယ်မျှ ရှိတယ်လို့ သမုဒ္ဒရာလေးစင်းမှ စီးဆင်းတဲ့ ရေများကို တိုင်းတာလို့ မရသလိုပဲ သမုဒ္ဒရာမှာ စီးဆင်းတဲ့ ရေများကိုမိဘကျေးဇူး
များနှင့် နှိုင်းယှဉ်လျှင်လည်း မိုးရေစက် တစ်ပေါက်လောက်ပင် ရှိပါသည်။                      

မိဘနှစ်ဖြာ၊ရှိလေရာ
ဘယ်ခါ မမေ့အပ်
အခွင့်သင့်ကာ တတ်နိုင်ရာ
မှန်စွာကျေးဇူးဆပ်
မဆပ်နိုင်ဘူး ထားလိုက်ဦး၊
ကျေးဇူး မကန်းအပ်။
မဆပ်ခြင်းထက် ကျေးစွပ်ချက်
ဆထက်ဆိုးသည်မှတ်။

လို့ ဆိုတဲ့ မိဘမေတ္တာ သားလိမ္မာ တရားတော်ကို နာကြားပြီး ပြန်လည်ရေးသား လိုက်ပါသည်။ မိဘကို လုပ်ကျွေးသော သူသည် ပစ္စုပ္ပန်မှာလည်း အသက်ရှည် ကျန်းမာပြီး သွားလေရာမှာ မျက်နှာပွင့်ပါသည်။ ဘေးအန္တာရယ်ဆိုးများ ကျရောက်ခြင်းမှလည်း ကင်းဝေးစေပါတယ်။လူ၊နတ် ချစ်ခင်ပြီး သာဝတ္တံနတ်ပြည်က သိကြားမင်းကတောင် နေ့စဉ်ရှစ်ခိုး ရပါသည်။

လူသားတိုင်း မိဘဆီက မျှော်ကိုးပြီး ကျေးဇူးဆပ်တာ မဖြစ်စေဘဲ မိဘဧ။် ဂုဏ်ကျေးဇူးကို သိမြင်ပြီး ကျေးဇူးဆပ်နိုင်လို့ သားလိမ္မာ သမီးလိမ္မာ ဘ၀ကို ပိုင်ဆိုင်ရရှိ နိုင်ကြပါစေ။ (အိပ်မက်ချစ်သူ ဘလော့မှ)


မိဘရဲ့မေတ္တာကို
ကောင်းကင်က လမင်းကြီးနဲ့ မနှိုင်းပါနဲ့
မိဘရဲ့မေတ္တာဟာ လမင်းကြီးနဲ့ မတူနိုင်ပါဘူး။
လမင်းကြီးမှာ လသာရက် လမိုက်ရက်ဆိုတာ ရှိပေမယ့်
မိဘနှစ်ပါးမှာတော့
မေတ္တာကင်းတဲ့ရက်ဆိုတာ မရှိနိုင်လို့ပါပဲ။

မိဘရဲ့မေတ္တာကို
တောတောင် လျှိုမြှောင်ကြားက စမ်းရေနဲ့ မနှိုင်းပါနဲ့၊
မိဘရဲ့မေတ္တာဟာ စမ်းရေနဲ့ မတူနိုင်ပါဘူး။
စမ်းရေဟာ တစ်ခါတစ်ရံမှာ ခမ်းခြောက်သွားတတ်ပေမယ့်
မိဘနှစ်ပါးရဲ့ မေတ္တာတွေကတော့
ဘယ်တော့မှ ခြောက်ခမ်းမသွားနိုင်လို့ပါပဲ။

မိဘရဲ့မေတ္တာကို
သိပ်လှတဲ့ ပန်းပွင့်လေးတွေနဲ့လဲ မနှိုင်းပါနဲ့၊
မိဘရဲ့မေတ္တာဟာ ပန်းပွင့်လေးတွေနဲ့လဲ မတူနိုင်ပါဘူး။
ပန်းတွေဟာ မကြာမီမှာ နွမ်းခြောက်သွားတတ်ကြပေမယ့်
မိဘရဲ့ ရင်တွင်းက မေတ္တာပန်းပွင့်တွေကတော့
ဘယ်တော့မှ နွမ်းခြောက်မသွားနိုင်လို့ပါပဲ။

မိဘရဲ့မေတ္တာကို
သိပ်လုံခြုံတဲ့ အိမ်လေးတွေနဲ့လဲ မနှိုင်းပါနဲ့၊
မိဘရဲ့မေတ္တာဟာ အိမ်လေးတွေနဲ့လဲ မတူနိုင်ပါဘူး။
အိမ်လေးတွေဟာ အချိန်ကြာလာတာနဲ့အမျှ
အိုမင်းယိုင်နဲ့သွားတတ်ကြပေမယ့်
မိဘနှစ်ပါးရဲ့ မေတ္တာတရားတွေကတော့
ဘယ်တော့မှ ဘယ်တော့မှ အိုမင်းမသွားကြလို့ပါပဲ။


တသွင်သွင် စီးဆင်းနေတဲ့
စမ်းရေပမာ ကြည်လင်
သောက်သုံးသူ၏ စိတ်နှလုံးကို
အေးမြလန်းဆန်းစေသည်ကာ
သူတို့မေတ္တာ ဖြစ်ပေသည်။

ရုပ်ရည်ကွဲပြား စိတ်ထားမတူညီ
အသားအရောင်ကွဲပြား အလွာချင်းလည်း မတူညီပါ
သို့သော်ညားလည်း
နို့စက်များပမာ ထွက်လာသော
သူတို့များ၏ မေတ္တာများ၏ဖြူစင်ခြင်း
တူညီလှပါ၏။
-စမိုင်းမေ

မိဘကို ဘုရားတစ်ဆူ ဂူတစ်လုံး လို ချွင်းချက်မရှိ လုံးဝ ချစ်ခင် ရိုသေပါ။ ပြုစု လုပ်ကျွေးပါ။ နှုတ်မြွက်ချိုသာပါ။ အမူအရာ ယဉ်ကျေး သိမ်မွေ့ပါ မိဘကို မသေခင်ကျွေးပါ။ မိဘကို စိတ်ချမ်းသာ အောင်ထားပါ။ သေမှ မငိုပါနဲ့။ မိဘကိုလုပ်ကျွေးပြုစုသော သားသမီးတို့ သည် စည်းစိမ်ဥစ္စာများ တိုးပွားပြီး တိုးပွားပြီးသောစည်းစိမ်ဥစ္စာများသည် လည်း ရန်သူမျိုးငါးပါးတို့ မဖျက်နိုင်ပါ။ ဆုတ်ယုတ်ပျက်စီးမှု မရှိပါ။ အမွေခံထိုက်သူ ဖြစ်ပါစေ         

http://yeeminlay.blogspot.com/2011_03_01_archive.html


TAGS:
Myoma Myint Kywe, Myoma Myint Kywe articles 2014, Karate Myint, Buddhism, Buddha BC 623, Buddha articles 2014, Buddhism booksie, Booksie Myoma Myint Kywe,
မြို့ မ-မြင့်ကြွယ်
Metta 2014, About Metta 2014, Metta articles 2014, Metta Is Essential (Metta ist wichtig), มิวม่า มิตร จอย    เมตตา Burmese Buddhism 2014, Burmese Buddhism articles, Theravada Buddhism articles, Theravada Buddhism 2014, Theravada monks 2014, Metta in Theravada Buddhism, Buddha and Metta, Metta meditation 2014 article, What is metta in Buddhism, what is Buddhism 2014, Myint Kywe, Myint Buddhism, Myoma Myint Kywe 2014, Articles of Myoma Myint Kywe, Buddha was born in BC 623, Buddhist philosophy 2014, Buddhism logic,