Pages

အကောင်းဆုံး ဗုဒ္ဓဘာသာ Buddhism is the best religion အပိုင်း (၂) by-Myoma Myint Kywe မြို့ မ မြင့်ကြွယ်



အကောင်းဆုံး ဗုဒ္ဓဘာသာ
Buddhism is the best religion အပိုင်း () Part 2
Researched by-Myoma Myint Kywe
မြို့ မ မြင့်ကြွယ်
တကယ့် ငြိမ်းချမ်းမှု ဖြစ်သော နိဗ္ဗာန်
အဓိပ္ပါယ်ရှိရှိ အကောင်းဆုံး ရပ်တည်နိုင်သည့် ဘ၀ က အကောင်းဆုံးဖြစ်သည်။ ဘဝကို အဆုံးစွန်သောဘဝ ၊ ပြည့်စုံသော ဘဝဖြစ်ပြီဟု လူသည်ထင်မြင်ကျေနပ်ခြင်း ရှိကောင်းမှရှိပေလိမ့်မည် ။ အဘယ်ကြောင့်ဆိုသော် လူဆိုသည်မှာ ပင်ကို အနုသယအားဖြင့် ရှိနေသော လောဘ ၊ ဒေါသ ၊ မောဟ တရားတို့ကြောင့် မည်သည့်အခါမျှ ကျေနပ်ရောင့်ရဲတတ်သည့် သတ္တဝါ မဟုတ်သောကြောင့်ပင်တည်း ။ ခက်သည်က ကိုယ်ရပ်တည်သည့်ဘဝ ကိုယ်မသိတာက ခက်နေသည်။ ကိုယ့်ဘဝကိုယ် မသိတော့ ဘယ်လို အဓိပ္ပါယ်ဖော်ရပေမည်နည်း?

ဘဝ ဆိုသည် စကားလုံးကို အဓိပ္ပါယ်အမျိုးမျိုးဖွင့်ဆိုတာကို ဖတ်ဖူး, ကြားဖူးကြပေသည်။ တစ်ချို့ ဘဝဆိုတာ တိုက်ပွဲ၊ တချို့က ရုန်းကန်ခြင်း၊ တချို့က ဖြည့်ဆည်းခြင်း၊ တချို့က ပေါင်းစည်းခြင်း စသည်ဖြင့် ဖွင့်ဆိုကြပေသည်။ (ဤကဲ့သို့ ဖွင့်ဆိုကြခြင်းသည်၊ ကိုယ့်ရှုဒေါင့် ကိုယ့်အမြင် ကိုယ့်ခံစားချက်ရှိသလို ဖွင့်ဆိုကြခြင်းဖြစ်ပေသည်)။ ဘဝကို ပျော်ရွှင်ချမ်းမြေ့သည့် ရှုဒေါင့်မှ ကြည့်တတ်သော သူများက ဘဝဟူသည် ပျော်ရွှင်ခြင်း၊ ချမ်းမြေ့ခြင်း၊ သာယာကြည်နူးခြင်းဟု ဖွင့်ဆိုကြပေသည်။
အမှန်စင်စစ်အားဖြင့် ဘဝဆိုသည် စကားလုံးကား ပါဠိစကားလုံးဖြစ်ပေသည်။ ရှေးမြန်မာလူမျိုးများ အဆက်ဆက်သုံးစွဲလာရာမှ ကိုယ်ပိုင်စကားလုံးကဲ့သို့ ဖြစ်နေပေသည်။

သို့ဖြင့် ဘဝအဓိပ္ပါယ်ကို ခြုံငုံသုံးသပ် အဓိပ္ပါယ်ဖော်ပြရသော် ရုပ်၊နာမ် သဘာဝတရားတို့၏ ဖြစ်ခြင်း၊ ကြီးထွားခြင်း၊ ၎င်းရုပ်တရား နာမ်တရားတို့ ဆက်လက်ဖြစ်ပွားအောင် ရုန်းကန်ကြရခြင်း၊ လှုပ်ရှားကြရခြင်း၊ ဖြည့်ဆည်းကြရခြင်း၊ ထိုသို့ ရုန်းကန်ရင်း ဖြည့်ဆည်းရင်း ဘဝ၏ သာယာမှုလေးများကို ရှာကြံ၍ ပျော်မြူးကြရခြင်း၊ ချမ်းမြေ့ကြရခြင်းဖြစ်ပေသည်။

ဘဝကို ကြိုက်နှစ်သက်သော တဏှာဖြင့် ရုပ်နာမ် သင်္ခါရ သတ္တဝါတို့ဖြစ်ထွန်းရာ၊ ကျင်ရာလည်ရာကား၊ (၃၁)နေရာရှိပေသည်။ ထိုနေရာကို (၃၁)ဘုံ ၃၁ ဘဝဟုခေါ်ဆိုကြပေသည်။ ထို ၃၁ဘုံထဲတွင် သတ္တဝါများသည် နိုင်ငံတကာ လှည့်လည်ခရီးသွားနေသူများပမာ ဘုံတကာ လှည့်လည်၍ မမောနိုင် မပန်းနိုင်သော သံသရာ ခရီးကို မငြီးတမ်းသွားနေကြရပေသည်။

နိဗ္ဗာန် ဟူသည် ပါဠိစာလုံး နိဗ္ဗာန ဟူသော ပုဒ်မှ လာသည် ။ ငြိမ်းအေးသည် ဟု ဆိုလိုသည် ။ ထို့ကြောင့် လောဘ၊ဒေါသ၊မောဟ မီးများကို ငြိမ်းသတ်နိုင်ခြင်းသည် နိဗ္ဗာန်ဖြစ်သည် ။ (ရတနသုတ်တွင် တွေ့နိုင်သည်။) တဖန် နိဗ္ဗာန ဟူသော ပုဒ်သည် ပါဠိဘာသာ နိ+ ဝါန =နိ နှင့် ဝါန ကို ပေါင်းထားခြင်းဖြစ်သည် ။ နိ - မရှိ၊ လွတ်မြောက်ခြင်း ၊ ထွက်ခွာခြင်း ။ ဝါန - တဏှာ ။ နိဝါန = နိဗ္ဗာန = တဏှာမရှိခြင်း ၊ တဏှာမှ ကင်းလွတ်ခြင်း ဖြစ်သည်။

နိဗ္ဗာန် ဆိုသည်မှာ ဗုဒ္ဓဘာသာဝင်များ၏ အစွန်းစွန် ဘာသာရေးရည်မှန်းချက်ဖြစ်ပေသည်။ မဟာယာနနှင့် ထေရဝါဒ ဟူ၍ဂိုဏ်းကြီး နှစ်ခုကွဲသကဲ့သို့ နိဗ္ဗာန်နှင့် ပတ်သက်သော အယူအဆမှာလည်း ကွဲပြားသည်။ မဟာယာန ကျမ်းများတွင် နိဗ္ဗာန်ကို သုခချမ်းသာတို့ဖြင့် ပြည့်စုံသည့် ဘုံဗိမာန်အဖြစ်လည်းကောင်း၊ သံသရာကိုယ်၌ကပင် နိဗ္ဗာန်ဖြစ်သည် ဟူ၍လည်းကောင်း ကွဲပြားသော အယူအဆများ၊သဘောတရားများကို တင်ပြထားသည်။ သို့သော် ထေရဝါဒတွင်မူ ဆရာစဉ်ဆက် နှင့် ကျမ်းဂန်များတွင် နိဗ္ဗာန်သည် တည်နေရာဘုံအဖြစ် မယူဆ၊ မသတ်မှတ်သင့်ကြောင်း၊ သံသရာနှင့် ဆက်စပ်မှုကင်းမှ သာလျှင် နိဗ္ဗာန်ဖြစ်ကြောင်း အစရှိသဖြင့် တိကျစွာရှင်းလင်းပြဆိုထားပေသည်။
ထေရဝါဒ ဗုဒ္ဓကျမ်းဂန်အရ ၃၁ ဘုံ၌ ရှိကြသော သတ္တဝါတို့သည် သံသရာလည်ကြရာတွင် ၃၁-ဘုံမှ စိတ်၏ လုံးဝ ချမ်းသာရာဖြစ်သော ကိလေသာများမှ လွတ်ကင်းရာကို နိဗ္ဗာန်ဟု ခေါ်သည်။ နိဗ္ဗာန်တွင် လူတို့၏ ဒုက္ခအားလုံးမှ ကျွတ်ငြှိမ်းပြီး နိဗ္ဗာန် သို့ရောက်ရှိပြီးနောက် သံသရာ အသစ်တဖန်ပြန်လယ်ခြင်း မရှိတော့ပေ။

အချုပ်အားဖြင့် နိဗ္ဗာန်ဆိုသည်မှာ တက်မက်မှု၊ တွယ်တာမှု ကင်းရာ(မဖြစ်ရာ) ဟူ၍ အဓိပ္ပါယ်ရသည်။ ဘဝတစ်ခုနှင့် တစ်ခုကို ဆက်စပ်ပေးတတ်သော တက်မက်မှု (တဏှာ) မဖြစ်ရာ ကုန်ဆုံးရာ (တဏှာ)မှ လွတ်မြောက်ရာ လွတ်မြောက်ကြောင်းပင် ဖြစ်သည်။

နိဗ္ဗာန်သည် ကောင်းဘုံကဲ့သို့ နေရာအဖြစ် မရှိပေ။ နိဗ္ဗာန်သည် ဥပခါပြုခြင်းကဲ့သို့ သံသရာ နှင့်ဆန့်ကျင်ဖတ်ဖြစ်သည်။

၃၁) ဘုံ မှ လွတ်မြောက်ရာကား ရုပ်နာမ်ချုပ်ငြိမ်း ဒုက္ခသိမ်းသည့် တကယ့် ငြိမ်းချမ်းမှု ချမ်းသာဖြစ်သော နိဗ္ဗာန် ဖြစ်ပေသည်။ ထိုနိဗ္ဗာန်သို့ ထွက်မြောက်နိုင်ရာ ဘုံဌာနကား ကာမသုဂတိ (၇)ဘုံ၊ အသညသတ်မှ တပါး၊ ရူပ (၁၅)ဘုံနှင့် အရိယာ အရူပ (၄)ဘုံတို့ဖြစ်ကြလေသည်။ အသညသတ် ဘုံ၊ အပါယ် (၄)ဘုံတို့ကား နိဗ္ဗာန်သို့ တိုက်ရိုက်မသွားနိုင်ပေ။

ထိုသို့ နိဗ္ဗာန်သို့ တိုက်ရိုက်သွားနိုင်သော ဘုံဘဝ အများအပြားရှိသော်လည်း ပရဟိတ အများအကျိုးဆောင်ရွက်ရာ၌ လူ့ဘဝသည်သာ အကောင်းဆုံးဖြစ်သည်။ အများကို ကယ်ဆယ်နိုင်သော ဘဝဖြစ်သည်။ ထို့ကြောင့် ဘုရားတိုင်းသည် လူ့ဘဝမှာသာ ပွင့်ကြပေသည်။ ယခု အကျွန်ုပ်တို့အားလုံး ၃၁ ဘုံတွင် အကောင်းဆုံးဖြစ်သော လူ့ဘဝဘုံဌာနမှာ ရောက်နေကြပေသည်။

လူ့ဘုံဘဝတွင် ရောက်ရှိနေခိုက် ဒါန၊ သီလ၊ ဘာဝနာ ကောင်းမှုတရားများ (To do good things) ကျင့်ကြံရုံသာမက မေတ္တာတရား၊ မင်္ဂလာတရားစသော ကောင်းမှုတရားများနှင့်သာ နေထိုင်အသက်ရှင်ခြင်း၊ စိတ်ထားဖြူ စင်ခြင်း (Purify the mind) မဂ္ဂင် ၈ ပါး၊ သစ္စာ ၄ ပါး စသော တရားတော်များကိုပါ ထိထိရောက်ရောက် ကျင့်ကြံအားထုတ်ကြပြီး မဂ်ဖိုလ်နိဗ္ဗာန်သို့ လျင်မြန်စွာ တိုက်ရိုက်ရောက်ရှိအောင် ဆောင်ရွက်နိုင်ခြင်း ပြုစွမ်းနိုင်သူများအဖို့သာ လူ့ဘဝသည် အကောင်းဆုံးတို့၏ အကောင်းဆုံးဟူ၍ ခေါ်ဆိုနိုင်မည်ဖြစ်ပါသည်။ လူ့ဘဝရောက်ပါလျက် မကောင်းသောစိတ်ထားရှိခြင်း၊ အကျင့်စာရိတ္တဖောက်ပြန်ခြင်း၊ အကုသိုလ်တရားများ ပွားများခြင်း (Doing bad things) စသော မကောင်းမှုများကိုသာ ပြုမူနေပါက ထိုသူများကို လူ့ဘဝရောက်ရှိရခြင်းနှင့် မထိုက်တန်ဟု နားလည်ရပါမည်။ အရှုံးနှင့်သာ ကြုံတွေ့ရမည်သာဖြစ်ပြီး နောင်တမလွန်ဘဝတွင်လည်း မကောင်းသောဘုံဘဝသို့ ရောက်မည်မှာ သေချာလှသည်။

မင်္ဂလာတရား (၃၈) ပါး (Discourse of Mangala 38)

၁။ အသေ၀နာစ ဗာလာနံ = လူမိုက်တို့ကို မဆည်းကပ်ခြင်း
1. Asevanā ca bālānam- Not to Associate with Fools
၂။ ပဏ္ဍိတာနဉ္စ သေ၀နာ = ပညာရှိတို့ကို ဆည်းကပ်ခြင်း
2. Panditānañca sevanā- To Associate with the Wise
၃။ ပူဇာစ ပူဇနေယျာနံ = ပူဇော်ထိုက်သူတို့အား ပူဇော်ခြင်း
3. Pūjā ca pūjaneyyānam- To Honour Those Worthy of Honour
၎။ ပတိရူပဒေသ ၀ါသောစ = သင့်တင့်သောအရပ်၌ နေထိုင်ခြင်း
4. Patirūpa desavāso ca- Living in a Suitable Locality
၅။ ပုဗ္ဗေစ ကတပုညတာ = ပြုခဲ့သော ကောင်းမှု ရှိသောသူဖြစ်ခြင်း
5. Pubbe ca katapuññatā- Good Deeds Done in the Past
၆။ အတ္တသမာပဏီဓိ = မိမိကိုယ်ကို ကောင်းစွာ ဆောက်တည်ခြင်း
6. Attasammāpanidhi - Setting Oneself in the Right Course
၇။ ဗာဟုဿစ္စ = အကြားအမြင်များသော သူ၏ အဖြစ် ဖြစ်ခြင်း
7. Bāhusaccañca- Great Learning
၈။ သိပ္ပ = လက်မှုပညာ အစရှိသော အပြစ်မရှိသော အတတ်တို့ကို တတ်ခြင်း
8. Sippa- Practical Skill
၉။ ၀ိနယောစ သုသိက္ခိတော = ကောင်းစွာသင်အပ်သော ၀ိနည်းတရား ရှိခြင်း
9. Vinayo ca susikkhito- A Highly Trained Discipline
၁၀။ သုဘာသိတ၀ါစာ = ကောင်းစွာဆိုခြင်း
10. Subhāsitā vācā- Well-spoken Speech

၁၁။ မာတာပိတု ဥပဋ္ဌာန = အမိအဘတို့ကို ကောင်းစွာ လုပ်ကျွေးခြင်း
11. Mātāpitu upatthānam- Looking After One’s Mother and Father
၁၂။ ပုတ္တဒါရဿသင်္ဂဟ = သားမယားတို့အား ထောက်ပံ့ခြင်း
12. Puttadārassa sangaho- Caring for One’s Wife and Children
၁၃။ အနာကုလ ကမ္မန္တာ = အနှောင့်အယှက်မရှိသော အမှုတို့ကိုသာ ပြုခြင်း
13. Anākulā ca kammantā- Unconfused Actions
၁၄။ ဒါနဉ္စ = အလှူပေးခြင်း
14. Dānañca- Generosity
၁၅။ ဓမ္မစရိယ = မြတ်သော အကျင့်တို့ကို ကျင့်ခြင်း
15. Dhammacariya- A Righteous Life
၁၆။ ဥာတကာနဉ္စ သင်္ဂဟ = ဆွေမျိုးတို့အား ထောက်မခြင်း
16. Ñātakānañca sangaha- Caring for One’s Relatives
၁၇။ အန၀ဇ္ဇာနိကမ္မာနိ = အပြစ်မရှိသော အမှုတို့ကို ပြုခြင်း
17. Anavajjāni kammāni- Blameless Actions
၁၈။ ပါပ အာရတီ = မကောင်းမှုမှ ဝေးစွာ ရှောင်ကြဉ်ခြင်း
18. pāpa Āratī- To Abhor All Evil
၁၉။ ပါပ ၀ိရတီ = မကောင်းမှုမှ အထူး ရှောင်ကြဉ်ခြင်း
19. pāpa viratī- To Avoid All Evil
၂၀။ မဇ္ဇပါန သံယမော = သေရည်သေရက်ကို သောက်စားခြင်းမှ ရှောင်ကြဉ်ခြင်း
20. Majjhapāna samyamo- Abstention from Intoxicants
၂၁။ အပ္ပမာဒေါစ ဓမ္မေသု = ကောင်းမှုကုသိုလ်တို့၌ မမေ့လျော့ခြင်း
21. Appamādo ca dhammesu- Diligence in Righteousness
၂၂။ ဂါရ၀ = ရိုသေထိုက်သူတို့အား ရိုသေခြင်း
22. Gārava- Reverence
၂၃။ နိဝါတ = မိမိကိုယ်ကို နှိမ့်ချခြင်း
23. Nivāta- Humility
၂၄။ သန္တုဋ္ဌီ = ရောင့်ရဲလွယ်ခြင်း
24. Santutthi- Contentment
၂၅။ ကတညုတ = သူပြုဖူးသော ကျေးဇူးကို သိခြင်း
25. kataññuta- Gratitude
၂၆။ ကာလေန ဓမ္မဿဝန = သင့်တင့်လျောက်ပတ်သော အ ခါ၌ သူတော်ကောင်းတရားကိုနာယူခြင်း
26. Kālena dhammasavana- Hearing the Dhamma at the Right Time
၂၇။ ခန္တီ = သည်းခံခြင်း
27. Khantī- Patience
၂၈။ သောဝစဿတာ = သူတော်ကောင်းတို့ဆုံးမအပ်သော စကားကို နာလွယ်ခြင်း
28. sovacassatā- Compliance
၂၉။ သမဏာနဉ္စဒဿန = ရဟန်းပုဏ္ဏားတို့အား ဖူးမြင်ခြင်း
29. Samanānañca dassana- Seeing the Monks
၃၀။ ကာလေန ဓမ္မသာကစ္ဆာ = သင့်တင့် လျောက်ပတ်သော အခါ၌ တရားတော်ကိုဆွေးနွေးမေးမြန်းခြင်း

30. Kālena dhammasākacchā- Opportune Discussion of the Dhamma
၃၁။ တပေါ = ခြိုးခြံစွာ ကျင့်ခြင်း
31. Tapo- Self-restraint
၃၂။ ဗြဟ္မစရိယ = မြတ်သော အကျင့်တို့ကို ကျင့်ခြင်း
32. Brahmacariya- A Holy Life
၃၃။ အရိယသစ္စာနဒဿန = အရိယသစ္စာတို့ကို သိမြင်ခြင်း
33. Ariyasaccāna dassana- Seeing the Four Noble Truths
၃၄။ နိဗ္ဗာန သစ္ဆိကိရိယာ =နိဗ္ဗာန်ကို မျက်မှောက်ပြုရခြင်း
34. Nibbāna sacchikiriyā- Realising Nibbāna
၃၅။ နကမ္ပတိ = လောကဓံတရားတို့နှင့်တွေ့သော် တုန်လှုပ်သောစိတ် မရှိခြင်း
35. Na kampati- When Affected by Worldly Conditions, if One’s Mind Remains Unshaken
၃၆။ အသောက = လောကဓံတရားတို့တွေ့သော် စိုးရိမ်သောစိတ် မရှိခြင်း
36. Asoka- Sorrow-less
၃၇။ ၀ိရဇံ = လောကဓံတရားတို့တွေ့သော်စိတ်၌ ရမ္မက်မရှိခြင်း
37. Virajam- Stainless
၃၈။ ခေမံ = လောကဓံတရားတို့တွေ့သော်စိတ်၌ဘေးမရှိခြင်း
၃၈. Khemam- Secure

၃၈-ဖြာ မင်္ဂလာ ကဗျာများ
၁။ အသေ၀နာ စ
လူမိုက်ဆိုလျှင် ရှောင်သွေလွဲလို့ ၊ မမှီဝဲနဲ့ ကင်းအောင်နေ ။
ပညာရှိကို အရှည်တွဲလို့ ၊ မှီဝဲဆည်းကပ် နည်းယူစေ ။
သုံးပါးရတနာ မိဘများနှင့် ၊ ဆရာသမားကို ပူဇော်လေ ။
ချမ်းသာကိုပေး ဆက်ဆံရေး ၊ မြော်တွေး သုံးချက်ပေ ။
အဲဒါမှ ဗုဒ္ဓ၀ါဒ ကမ္ဘာ့မင်္ဂလာတွေ ။

၂။ ပတိရူပ
ကုသိုလ်ဥစ္စာ ပညာရဖို့ ၊ သင့်ရာဒေသ အမြဲနေ ။
ရှေးကတင်ကြို ပြုခဲ့ဘူးသည့် ၊ ကောင်းမှုအထူး ရှိပါစေ ။
မိမိကိုယ်ကို ကောင်းအောင်ထိန်းလို့ ၊ မတိမ်းစေနဲ့ ဆောက်တည်လေ ။
ဥစ္စာကိုပေး နေထိုင်ရေး ၊ မြော်တွေး သုံးချက်ပေ ။
အဲဒါမှ ဗုဒ္ဓ၀ါဒ ကမ္ဘာ့မင်္ဂလာတွေ ။

၃။ ဗာဟုသစ္စဉ္စ


တတ်ကောင်းတတ်ရာ ဟူသမျှကို ၊ ကြားမြင်သုတ ရှိပါစေ ။
အိုးအိမ်တည်ထောင် ၀မ်းစာရေးနဲ့ ၊ အသက်မွေးဖို့ အတတ်သင်လေ ။
လူနှင့်ဆိုင်ရာ ကျင့်ဝတ်များကို ၊ ကောင်းစွာသင်ကြား နားလည်စေ ။
မှန်ကန်ယဉ်ကျေး ချိုသာအေး ၊ ဆိုရေးတတ်ပါစေ ။
အဲဒါမှ ဗုဒ္ဓ၀ါဒ ကမ္ဘာ့မင်္ဂလာတွေ ။

၎။ မာတာပိတု
မြင်းမိုရ်ရွှေတောင် မိဘကြွေးကို ၊ ကောင်းစွာဆပ်ပေး ၀တ်ကျေကျေ ။
ကြွေးသစ်ချကာ သားနှင့်မယား ၊ မြှောက်စားချီးမြှင့် ၀တ်ကုန်စေ ။
အလုပ်တာဝန် မလစ်ဟင်းနဲ့ ၊ အပြစ်ကင်းအောင် လုပ်ပါလေ ။
စည်းစိမ်ကိုပေး ပြုစုရေး ၊ မြှော်တွေး သုံးချက်ပေ ။
အဲဒါမှ ဗုဒ္ဓ၀ါဒ ကမ္ဘာ့မင်္ဂလာတွေ ။

၅။ ဒါနဉ္စ
သုံးတန်စေတနာ ဖြူစင်လန်းလို့ ၊ ပေးကမ်းဝေမျှ လှူနိုင်စေ ။
ကိုယ်နှုတ်စိတ်ကြံ မမိုက်မှားနဲ့ ၊ သုစရိုက်တရားကို ကျင့်ပါလေ ။
ဆွေမျိုးတွေကို ပြင်ပ မထားနဲ့ ၊ သင်္ဂဟတရားနှင့် ချီးမြှောက်လေ ။
သန့်စင်ပြစ်မျိုး လူထုကျိုး သယ်ပိုးရွက်ဆောင်စေ ။
အဲဒါမှ ဗုဒ္ဓ၀ါဒ ကမ္ဘာ့မင်္ဂလာတွေ ။

၆။ အာရတီ ၀ိရတီ
မကောင်းမှုတွေ ဟူသမျှကို ၊ မတွေ့ခင်က ရှောင်ကြဉ်လေ ။
တွေ့ကြုံလာလျှင် မလွန်ကျူးနဲ့ ၊ အထူးသဖြင့် စောင့်စည်းနေ ။
အရက်သေစာ မသောက်စားနဲ့ ၊ မှောက်မှားတတ်တဲ့ အရာပေ ။
လုပ်ကိုင်ပြောကြား သတိထား တရားမမေ့စေ ။
အဲဒါမှ ဗုဒ္ဓ၀ါဒ ကမ္ဘာ့မင်္ဂလာတွေ ။

၇။ ဂါရဝေါ စ
အသက်ဂုဏ်ဝါ ကိုယ့်ထက်ကြီးက ၊ ဆည်းကပ်ခစား ရိုသေလေ ။
မာနတံခွန်ဂုဏ်မကြွနဲ့ ၊ ကိုယ့်ကိုနှိမ့်ချ အမြဲနေ ။
လောဘအပို လိုမလိုက်နဲ့ ၊ ကိုယ်ထိုက်တာနဲ့ ကျေနပ်လေ ။
ကိုယ့်ပေါ်ပြုဖူး သူ့ကျေးဇူး အထူးသိတတ်စေ ။
ကောင်းကျိုးဆင့်ပွား မြတ်တရား နာကြားမပြတ်ပေ ။
အဲဒါမှ ဗုဒ္ဓ၀ါဒ ကမ္ဘာ့မင်္ဂလာတွေ ။

၈။ ခန္တီ စ
ဝတ်စားနေထိုင် ရန်ခပ်သိမ်း ၊ စိတ်ကိုချုပ်ထိန်း သည်းခံလေ ။
ကျိုးကြောင်းပြညွှန် ဆုံးမစကား ၊ ပြောကြားလာက နာလွယ်စေ ။
သူမြတ်ပုဂ္ဂိုလ် ဟူသမျှ ၊ မကြာခဏ တွေ့ဆုံလေ ။
သဘာဝတွေး မှန်ကန်ရေး ဆွေးနွေးမပြတ်ပေ ။
အဲဒါမှ ဗုဒ္ဓ၀ါဒ ကမ္ဘာ့မင်္ဂလာတွေ ။

၉။ တပေါ စ
လောကီအာရုံ ဇိမ်ယစ်မူးလို့ ၊ အပျော်မကြူးနဲ့ ခြိုးခြံလေ ။
မေတ္တာဗြဟ္မစိုရ် လက်ကိုင်သုံးလို့ ၊ သူမြတ်ကျင့်ထုံး ယွင်းမသွေ ။
လေးပါးသစ္စာ ဉာဏ်မြင်ကြည့်လို့ ၊ အမှန်သိအောင် ကြိုးစားလေ ။
ဒုက္ခလွတ်ကင်း နိဗ္ဗာန်ချည်း အလင်းပေါက်နိုင်စေ ။
အဲဒါမှ ဗုဒ္ဓ၀ါဒ ကမ္ဘာ့မင်္ဂလာတွေ ။

၁၀။ ဖုဋ္ဌဿ
ဆင်းရဲချမ်းသာ သဘာဝ ၊ တွေ့ကြုံနေကြ လူတိုင်းပေ ။
ကောင်းဆိုးနှစ်တန် အစုံတွဲလို့ ၊ တလဲစီလှည့် အမြဲနေ ။
လောကဓံကြုံ မဖြုံတမ်းပေါ့ ၊ မတုန်စမ်းနဲ့ စိတ်ခိုင်စေ ။
သောကကိုထိန်း ရမ္မက်သိမ်း အေးငြိမ်းချမ်းသာနေ ။
အဲဒါမှ ဗုဒ္ဓ၀ါဒ ကမ္ဘာ့မင်္ဂလာတွေ ။

( မင်္ဂလာ ၏အကျိုး )
သုံးဆယ့်ရှစ်ဖြာ မင်္ဂလာကုံးကို ၊ လိုက်နာကျင့်သုံး ပန်သူတွေ ။
စီးပွားချမ်းသာ ကျက်သရေတိုးလို့ ၊ ကျောင်းကျိုးစည်ပွင့် တဝေေ၀ ။
ဘေးရန်ကင်းကွာ ချစ်သူပေါလို့ ၊ စိတ်ရော ကိုယ်ရော ချမ်းသာမလေ ။
ပြောဆိုကြံဆ ဆောင်သမျှ အောင်ရမည် ကိန်းသေ ။
အဲဒါကြောင့် ပန်ကြဆင်ကြ မင်္ဂလပန်းခိုင်တွေ ။

သစ္စာ (၄) ပါး(The Four Noble Truths)

ဗုဒ္ဓမြတ်စွာဘုရားသည် သစ္စာ၎-ပါး အမှန်တရားကို ဟောကြားတော်မူခဲ့လေသည်။ ၎င်းသစ္စာ ၄-ပါးကို အမှန်သိလျှင် ချမ်းသာစစ်ကို ရမည်မှာ မလွဲတည်း။ လောကသည် စိတ်မကျေနပ်ခြင်းအမျိုးမျိုး၊ ဘေးအန္တရာယ်အမျိုးမျိုး၊ ဆင်းရဲအမျိုး မျိုး၊ ရောဂါအမျိုးမျိုးနှင့် ပြည့်နှက်လျက်ရှိကြောင်း ပထမ ဒုက္ခသစ္စာက ညွှန်ပြ လေသည်။ ထိုသို့ ဆင်းရဲအမျိုးမျိုးနှင့် ပြည့်လျက်ရှိရသည်မှာ တပ်မက်ခြင်း၊ မတရားလိုချင်ခြင်း၊ ကိုယ်ကျိုးရှာခြင်း စသော လောဘကြောင့်ဖြစ်ကြောင်း ဒုတိယသမုဒယသစ္စာက ညွှန်ပြလေသည်။

ဗုဒ္ဓမြတ်စွာဘုရားရှင် သည် ဤမျှလောက်ကိုသာ ဟောထားခဲ့လျှင် ဗုဒ္ဓဘာသာတရားတော် သည် အဆိုးဘက်ကိုသာ ကြည့်၍ တဘက်သတ်ဟောသော တရားဟု ဆိုရန်ရှိ၏။ သို့ရာတွင် ကမ္ဘာ့ဆေးဆရာကြီးဖြစ်တော်မူသော ဘုရားရှင်သည် ကမ္ဘာသူ ကမ္ဘာ သားတို့၏ ရောဂါနှင့် ၎င်းရောဂါ၏ အကြောင်းရင်းကို ပြပြီး၍ ထိုရောဂါ၏ အကြောင်းရင်းဖြစ်သော လောဘကို ပယ်ဖျက်လျှင် ဆင်းရဲရောဂါအပေါင်း ကင်း၍ ချမ်းသာအစစ်ကို ရနိုင်ကြောင်း တတိယ နိရောဓသစ္စာ ဖြင့် ပြတော်မူခဲ့လေ သည်။ ၎င်း ဆင်းရဲရောဂါ ပျောက်ကင်းရန်ဆေးကို စတုတ္ထ မဂ္ဂသစ္စာ ဖြင့် ပြတော် မူခဲ့လေသည်။

ဆေးကိုစားလျှင် ဆင်းရဲရောဂါ အမှန်ပျောက်မည်၊ ဤနေရာ၌ ဆေးစားခြင်း ဆိုသည်မှာ လမ်းမှန်လိုက်ခြင်းပင်တည်း။ လမ်းမှန်လိုက်ခြင်းဆိုသည်မှာ ဘေးအန္တရာယ် မကင်းသည် လက်ဝဲစွန်း၊ လက်ျာစွန်း၊ အစွန်းနှစ်ဘက်ကျသော လမ်းမဟုတ်၊ ဘေးအန္တရာယ်ကင်းသော အလယ်လမ်းကို ဆိုလိုသည်။ အလယ်လမ်း ဆိုသည်မှာ - အင်္ဂါရှစ်ပါးရှိသော မဂ္ဂင်လမ်း တည်း။

မဂ္ဂင် ရှစ်ပါးကား - မှန်ကန်စွာသိမြင်ခြင်း၊ မှန်ကန်စွာကြံစည်ခြင်း၊ မှန်ကန်စွာ ပြောဆိုခြင်း၊ မှန်ကန်စွာပြုလုပ်ခြင်း၊ မှန်ကန်စွာ အသက်မွေးခြင်း၊ မှန်ကန်စွာ အားထုတ်ခြင်း၊ မှန်ကန်စွာ သတိပြုခြင်း၊ မှန်ကန်စွာ တည်တံ့ခြင်း ဤ ရှစ်ပါးတို့ တည်း။

၁။ ဒုက္ခသစ္စာ The truth of dukkha (suffering, anxiety, unsatisfactoriness (Dukkha sacca)
၂။ သမုဒ္ဓယသစ္စာ The truth of the origin of dukkha (Samudaya sacca)
၃။ နိရောဓသစ္စာ The truth of the cessation of dukkha (Nirodha sacca)
၎။ မဂ္ဂသစ္စာ The truth of the path leading to the cessation of dukkha, Noble Eightfold Path (Magga sacca)


နိဗ္ဗာန်သို့ ရောက်ကြောင်း မဂ္ဂင် ၈ ပါး(
)
မဂ္ဂင် ဟူသည် ကိလေသာတို့ကို ပယ်သတ်ကြောင်း၊ နိဗ္ဗာန်သို့ ရောက်ကြောင်းဖြစ်သော တရားစုဟု အဓိပ္ပာယ်ရရှိပါသည်။ ၎င်းတို့မှာ ဖော်ပြလတ္တံပါအတိုင်း (၈) ပါးရှိသည်။
၁။ သမ္မာဒိဋ္ဌိ (Samma ditthi) = မှန်သောအယူအမြင်၊ Right Understanding or Right View
၂။ သမ္မာသင်္ကပ္ပ (Samma sankappa) = မှန်သောအကြံ၊ Right Thought or Right Intention
၃။ သမ္မာဝါစာ (Samma vaca) = မှန်သောစကား၊ Right Speech
၎။ သမ္မာကမ္မန္တ္တ (Samma kammanta) = မှန်သောအမှုအလုပ် ၊Right Action
၅။ သမ္မာအာဇီဝ (Samma ajiva) = မှန်သောအသက်မွေးဝမ်းကျောင်းမှု၊ Right Livelihood
၆။ သမ္မာဝါယာမ (Samma vayama) = မှန်သောအားထုတ်မှု၊ Right Effort or Right Diligence
၇။ သမ္မာသတိ (Samma sati) = မှန်သော အောက်မေ့ နှလုံးသွင်းမှု၊ Right Mindfulness
၈။ သမ္မာသမာဓိ (Samma samadhi) = မှန်သော တည်ကြည် စူးစိုက်မှု၊ Right Concentration


မဂ္ဂင် (၈)ပါး
The Eightfold Path
သီလ (Morality)
(၁) သမ္မာဝါစာ
(
၂) သမ္မာကမ္မန္တ
(
၃) သမ္မာအာဇီဝ
(1) Right Speech
(2) Right Action
(3) Right Livelihood
သမာဓိ (Concentration)
(၄) သမ္မာဝါယာမ
(
၅) သမ္မာသတိ
(
၆) သမ္မာသမာဓိ
(4) Right Effort
(5) Right Mindfulness
(6) Right Concentration
ပညာ (Wisdom)
(၇) သမ္မာသင်္ကပ္ပ
(
၈) သမ္မာဒိဋ္ဌိ
(7) Right Thinking
(8) Right Understanding

မဂ္ဂင် (၈) ပါးတွင် သမ္မာဝါစာ သမ္မာကမ္မန္တ
နှင့် သမ္မာအာဇီဝ (၃) ပါးသည် သီလတရားစု
Virtue or Morality (Sila) ဖြစ်ပါသည်။ သမ္မာဝါယာမ၊ သမ္မာသတိ၊ သမ္မာသမာဓိ (၃) ပါးသည် သမာဓိတရားစု Concentration or Mental discipline (Samadhi) ဖြစ်ပါသည်။ သမ္မာဒိဋ္ဌိ သမ္မာသင်္ကပ္ပ
္ပ (၂) ပါးသည် ပညာတရားစု
Wisdom or Insight (Panna) ဖြစ်ပါသည်။

မဇ္ဈိမပဋိပဒါ အလယ်အလတ်လမ်းစဉ်
(The Middle Way and the Way of Righteousness)
ဗုဒ္ဓဘာသာဝင်များ၏ အဓိက အခြေခံကျင့်စဉ်မှာ အလယ်အလတ်လမ်းစဉ် (မဇ္ဈိမပဋိပဒါ) ဖြစ်သည်။ ထိုအခြေခံကျင့်စဉ်ကို ဘုရားရှင်သည် ဗာရာဏသီပြည် မိဂဒါဝုန်၌ ဟောကြားသည့် ပထမဦးဆုံး တရားတော်တွင် ထည့်သွင်း ဖော်ပြခဲ့သည်။ ထိုလမ်းစဉ်သည် ကာမဂုဏ်အာရုံများကိုလည်း လိုက်စားမှု မပြု။ ခန္ဓာကိုယ်ကိုလည်း နှိပ်စက် ညှင်းပန်းမှု မပြုရသည့် ဗုဒ္ဓဘာသာဝင်များ၏ အဓိက အခြေခံကျင့်စဉ် အလယ်အလတ်လမ်းစဉ် (မဇ္ဈိမပဋိပဒါ) ဖြစ်သည်။  

ထိုအခြေခံကျင့်စဉ်ကို ဘုရားရှင်သည် ဗာရာဏသီပြည် မိဂဒါဝုန်၌ ဟောကြားသည့် ပထမဦးဆုံး တရားတော်တွင် ထည့်သွင်း ဖော်ပြခဲ့သည်။ ထိုလမ်းစဉ်သည် ကာမဂုဏ်အာရုံများကိုလည်း လိုက်စားမှု မပြု။ ခန္ဓာကိုယ်ကိုလည်း နှိပ်စက် ညှင်းပန်းမှု မပြုရသည့် အချက်ရှစ်ချက် ပါဝင်သော လမ်းစဉ် ဖြစ်သည်။

ထိုလမ်းစဉ်ကို လောက သံသရာမှ လွတ်မြောက်ရေးအတွက်သာ အလေးထား၍ ဟောကြားထားသော်လည်း နေ့စဉ်ဘဝအတွက်လည်း ဆွဲယူ အသုံးပြုနိုင်သည်။

အလယ်အလတ်ဟူသော စကားလုံးကို မျှတမှု၊ အစွန်းမရောက်မှု ဟူသော အဓိပ္ပာယ်နှင့် နေ့စဉ်ဘဝအတွက် အသုံးပြုပါက အရာရာတွင် အလွန်အကျွံ မဖြစ်စေဘဲ သင့်တင့်မျှတ ပျော်ရွှင်ချမ်းမြေ့စွာ ပြုမူနေထိုင်သွားနိုင်ပါလိမ့်မည်။ 

အစားအသောက် အနေအထိုင် အပျော်အပါး စသည်များကို လူ့သဘာဝအရ မကင်းနိုင်သဖြင့် ပြုလုပ်သော်လည်း အလွန်အကျွံ မဖြစ်ဖို့ အရေးကြီး၏။ အလယ်အလတ် မျှတဖို့ အရေးကြီး၏။ မျှတစွာ သုံးဆောင်ခံစားလျှင် ပျော်ရွှင်မှု သုခကို ရနိုင်မည် ဖြစ်၏။

မဇ္ဈိမပဋိပဒါ ကျင့်ရှစ်ဖြာ (အလယ်အလတ်လမ်းစဉ်)
ဘုရားရှင်ဟောကြားထားသည့် အလယ်အလတ်လမ်းစဉ်မှာ -
- သမ္မာဝါစာ - သမ္မာကမ္မန္တ - သမ္မာအာဇီဝ - သမ္မာဝါယာမ - သမ္မာသတိ - သမ္မာသမာဓိ - သမ္မာသင်္ကပ္ပ - သမ္မာဒိဋ္ဌိ ဆိုသည့် အချက်ရှစ်ချက် ပါသည့် လမ်းစဉ် ဖြစ်သည်။
ထိုရှစ်ပါးကို အကျဉ်းချုပ်က သီလ၊ သမာဓိ၊ ပညာ ဆိုသည့် ဗုဒ္ဓဘာသာဝင်များ၏ အခြေခံ အဓိကအချက်များကို တွေ့ရမည် ဖြစ်သည်။ ဘုရားရှင်သည် အဓိကအချက်သုံးချက်ကိုပင် အခြေခံ၍ လေးဆယ့်ငါးနှစ် ကာလပတ်လုံး တရားဒေသနာအမျိုးမျိုးကို ဒေသအသီးသီးတွင် ပုဂ္ဂိုလ်သတ္တဝါများ၏ စိတ်အခြေအနေကို ကြည့်၍ ဟောကြားခဲ့၏။ အလယ်အလတ်လမ်းစဉ်တွင် အချက်ရှစ်ချက်သာ ပါဝင်သော်လည်း ထိုရှစ်ချက်၏ အနက်အဓိပ္ပာယ်ကို အသေးစိတ် လေ့လာကြည့်က မည်မျှ ကျယ်ဝန်းကြောင်းကို ဖော်ပြပါအတိုင်း တွေ့နိုင်သည်။


သမ္မာဝါစာ
သမ္မာဝါစာ (ကောင်းမွန် မှန်ကန်သော စကား) ဆိုသည်မှာ-

(
၁) မဟုတ်မမှန်သော စကားကို မပြောဆိုဘဲ မှန်ကန်သော စကားကို ပြောဆိုခြင်း။

(
၂) တယောက်နှင့်တယောက် အထင်အမြင်လွဲအောင်၊ ခင်မင်မှုပျက်ပြားအောင်၊ ရန်ငြိုးဖွဲ့အောင် အတို့အထောင် ကုန်းချောစကားကို မပြောဆိုဘဲ အချင်းချင်း အဆင်ပြေအောင်၊ ခင်မင်မှုတိုးပွားအောင် ပြောဆိုခြင်း။

(
၃) ရုန့်ရင်းကြမ်းတမ်းသောစကား၊ ရိုင်းစိုင်းသောစကား၊ ဆဲရေးတိုင်းထွာသောစကားများကို မပြောဆိုဘဲ ယဉ်ကျေးသိမ်းမွေ့သောစကားကို ပြောဆိုခြင်း။

(
၎) အနှစ်သာရ မရှိသော ရောက်တတ်ရာရာ စကားများကို မပြောဆိုဘဲ မိမိသူတပါး နှစ်ဦးသားတို့ အကျိုးရှိမည့် စကားကို ပြောဆိုခြင်းတို့ ဖြစ်သည်။ သမ္မာကမ္မန္တ
သမ္မာကမ္မန္တ (ကောင်းမွန် မှန်ကန်သော ပြုလုပ်မှု) ဆိုသည်မှာ-

(
၁) သူတပါးအသက်ကို မသတ်ဘဲ သတ္တဝါများ၏ အသက်ဘေးအန္တရာယ်ကို ကာကွယ်စောင့်ရှောက်ခြင်း။

(
၂) သူတပါးပိုင် ပစ္စည်းဥစ္စာကို ခိုးယူခြင်း၊ ဖျက်ဆီးခြင်း၊ မတရား သိမ်းပိုက်ခြင်း စသည်တို့ကို မပြုလုပ်ဘဲ သူတပါး၏ စည်းစိမ်အိုးအိမ်ကို ကာကွယ် စောင့်ရှောက်ပေးခြင်း။

(
၃) လင်ရှိမယား၊ မယားရှိလင်၊ အိမ်ထောင်ရှင်များ နှင့် လိင်ဆက်ဆံမှု Adultery
 မပြုရ။ ဇနီးမယား ၂ ယောက် တစ်ပြိုင်နက်တည်း ယူခြင်း Bigamy ကို လုံးဝ မပြုရ။ တစ်ပြိုင်နက်တည်း-လင်မယား-အများအပြားယူခြင်း Polygamy ကို လုံးဝ မပြုရ။ အိမ်ထောင်ရေး ဖောက်ပြန်မှုကို လုံးဝ မပြုရ။ Polygyny (မယားပြိုင်) နဲ့ Polyandry (လင်ပြိုင်) အိမ်ထောင်ရေး ဖောက်ပြန်မှုကို လုံးဝ မပြုရ။ သူတပါး၏ သားပျို သမီးပျိုများကို အတည်တကျ လက်ထပ်ပေါင်းသင်းလိုစိတ် မရှိဘဲ အပျော်သက်သက်ဖြင့် လိင်ဆက်ဆံမှု မပြုရ။ မိမိ၏ ဇနီးမယား လင်ယောက်ျားနှင့် သစ္စာရှိရှိ တလင်တမယား စနစ် Monogamy ပေါင်းသင်းနေထိုင်ခြင်းတို့ ဖြစ်သည်။ 

သမ္မာအာဇီဝ
သမ္မာအာဇီဝ (ကောင်းမွန် မှန်ကန်သည့် အသက်မွေးမှု) ဆိုသည်မှာ -
အဆိပ်၊ လက်နက်၊ သေအရက်၊ မူးယစ်ဆေးဝါး၊ ငါး တိရစ္ဆာန်အသားတို့ကို ရောင်းဝယ်ဖောက်ကားခြင်း၊ လူကို ရောင်းကုန်အဖြစ် သတ်မှတ်၍ စီးပွားရှာခြင်းတို့ မလုပ်ဘဲ သူတပါးတို့ကို မထိခိုက်စေမည့် စီးပွားရေးဖြင့် အသက်မွေးခြင်း ဖြစ်သည်။ အထက်ပါ အလယ်အလတ်လမ်းစဉ် သုံးပါးသည် အကျင့်သီလနှင့် ပတ်သက်သည့် လမ်းစဉ်များ ဖြစ်သည်။
ထိုလမ်းစဉ်သုံးပါးကို လေ့လာကြည့်လျှင် သူ့အသက် မသတ်ရ၊ သူ့ဥစ္စာ မခိုးရ၊ သူတပါး သားမယားနှင့် လိင်ဖောက်ပြန်မှု မပြုရ၊ လိမ်ညာ မပြောရ၊ သေအရက် ရောင်းဝယ်ဖောက်ကား သောက်စားမှု မပြုရ ဆိုသည့် ငါးပါးသီလတွင် ပါသည့် အချက်များကိုလည်း တွေ့ရမည် ဖြစ်သည်။ ထိုအကျင့်သီလနှင့် ဆိုင်သည့် ကျင့်ဝတ်များကို လူတိုင်း အတိအကျ လိုက်နာကျင့်သုံးလျှင်ပင် လူတိုင်း ဘေးရန်ကင်းကွာ စိတ်ချမ်းသာ၍ လောကကို သာယာ ချမ်းမြေ့မှုဖြင့် အလှဆင်နိုင်ပါလိမ့်မည်။

သမ္မာဝါယာမ
သမ္မာဝါယာမ (မှန်ကန်သည့် အားထုတ်မှု) ဆိုသည်မှာ-
(၁) မကောင်းသည့်အမှုများ (သူတပါး၏ အသက်ကို သတ်မှု၊ သူတပါးပစ္စည်းဥစ္စာ ခိုးယူ ဖျက်ဆီးမှု၊ သူတပါး ဇနီးမယား လင်ယောက်ျားနှင့် လိင်ဆက်ဆံမှု၊ သူတပါး သားပျို သမီးပျိုများကို ဖျက်ဆီးမှု၊ မမှန်မကန် ပြောဆိုမှု၊ အချင်းချင်း စိတ်ဝမ်းကွဲအောင် ပြောဆိုမှု၊ ရိုင်းစိုင်းကြမ်းတမ်းသည့် စကားကို ပြောဆိုမှု၊ အကျိုးမရှိ ရောက်တတ်ရာရာ စကားများကို ပြောဆိုမှု၊ သူတပါး တရားသဖြင့် ကြီးပွားချမ်းသာနေသည်ကို မကြားလို မမြင်လိုမှု၊ သူတပါး၏ ဘဝစည်းစိမ်ကို ဖျက်ဆီးလိုစိတ်ရှိမှု)ကို မပြုလုပ် မပြောဆို မကြံစည်မိအောင် အားထုတ်ခြင်း။
(၂) ထိုမကောင်းမှုများကို ပြုလုပ်မိခဲ့သော်လည်း အမှားကို ပြုပြင်ရန် သင်ခန်းစာယူရုံမျှလောက် မဟုတ်ဘဲ ပြန်လှန်တွေးတော ပူပန်မနေမိစေရန် အားထုတ်ခြင်း။
(၃) ကောင်းသည့်အမှုများ (ပေးကမ်းစွန့်ကြဲမှု၊ ကိုယ်ကျင့်တရားကောင်းအောင် ကြိုးစားမှု၊ စိတ်ဓာတ်မြင့်မြတ်ဖြူစင်အောင် ကြိုးစားမှု၊ မိမိထက် အသက် ဂုဏ်သိက္ခာကြီးသူတို့ကို ရိုသေလေးစားမှု၊ သူတပါးတို့အား ကူညီစောင့်ရှောက်မှု၊ မိမိကောင်းမှုပြုသည်ကို သူတပါးတို့အား ပြောကြား၍ ဝမ်းသာအတုယူစေမှု၊ သူတပါးတို့ ကောင်းမှုပြုသည်ကို ဝမ်းသာအတုယူမှု၊ တရားပေစာ နာကြား ဖတ်ရှု၍ ဗဟုသုတ ရယူ ပြုမူကျင့်ကြံမှု၊ မိမိသိပြီးသား တရားများကို သူတပါးတို့အား ပြောကြား၍ သိစေ ကျင့်ကြံစေမှု၊ မိမိ၏ အယူအဆ သံသယတို့ကို စာပေလေ့လာခြင်း မေးမြန်းခြင်းဖြင့် မှန်ကန်စေမှု) ကို ပြုလုပ်ရန် ကြိုးစားခြင်း။
(၄) ပြုလုပ်ပြီးသော ကောင်းမှုများကို သတိရ၍ နောက်ထပ်တဖန် ပြုလုပ်ရန် ကြိုးစားခြင်း တို့ ဖြစ်သည်။

သမ္မာသတိ
သမ္မာသတိ (မှန်သော အမှတ်သတိရှိမှု) ဆိုသည်မှာ -
မိမိ၏ ခန္ဓာကိုယ်အတွင်း၌ ဖြစ်ပျက်လှုပ်ရှားနေမှု၊ အကောင်းအဆိုး စသည့် အမျိုးမျိုး ခံစားမှု၊ စိတ်၏ ဖြစ်ပျက်လှုပ်ရှားမှု အခြေအနေ၊ မြင်မှုကြားမှု စသည့် သဘာဝ အခြေအနေများကို စောင့်ကြပ် ကြည့်ရှု သတိပြုနေခြင်း ဖြစ်သည်။

သမ္မာသမာဓိ
သမ္မာသမာဓိ (မှန်သော တည်ငြိမ်မှု) ဆိုသည်မှာ-
သမထ ဝိပဿနာတရားကို ရှုမှတ် အားထုတ်သည့်အခါ ရှုမှတ်သည့် တရားအပေါ်တွင် စိတ်တည်ငြိမ်နေခြင်း ဖြစ်သည်။ ထိုသို့ စိတ်တည်ငြိမ်နေသည့်အခါ ကာမဂုဏ်အာရုံများနှင့် ပတ်သက်သည့် ကြံစည်မှု၊ သူတပါးကို ထိခိုက်နစ်နာစေမည့် တွေးကြံမှု၊ ကိုယ်စိတ်နှစ်ပါး ထိုင်းမှိုင်းလေးလံမှု၊ စိတ်မငြိမ်မသက် လှုပ်ရှားမှု၊ ယုံမှားတွေးတောမှုများ စိတ်ထဲတွင် မရှိတော့ဘဲ စိတ်သည် ကြည်လင်နေသည်။
စိတ်ကြည်လင်ရာမှ အဆင့်ဆင့် တက်ပြီး ဝမ်းသာမှု၊ စိတ်ချမ်းသာမှုများ ဖြစ်လာသည်။

စိတ်တည်ငြိမ် အားကောင်းလာသည့်အခါ စိတ်ထဲတွင် ဝမ်းနည်းဝမ်းသာ ချမ်းသာဆင်းရဲဆိုသည့် သဘောတရားများကို ခံစားမှု မရှိတော့ဘဲ ရှုမှတ်သည့် အာရုံအပေါ်တွင်သာ စိတ်သည် အသိတရားလေးနှင့် တည်ရှိနေခြင်း ဖြစ်သည်။ 

အထက်ပါ အလယ်အလတ်လမ်းစဉ် သုံးခုသည် လောကုတ္တရာရေးရာပိုင်းတွင် သမာဓိဆိုသည့် အပိုင်းနှင့် ဆက်စပ်နေသည်။ သို့သော် ထိုလမ်းစဉ်များကို နေ့စဉ်ဘဝ လူ့လောကနယ်ပယ်တွင်လည်း အသုံးချ၍ ရနိုင်ပါသည်။ မိမိ၏ နေ့စဉ်ဘဝတွင် မိမိဘာလုပ်နေသည်ကို သိနေရမည်။

မိမိသူတပါး နှစ်ဦးသားတို့အတွက် ကောင်းတာ လုပ်နေတာလား၊ မကောင်းတာ လုပ်နေတာလား ဆိုသည်ကို သိနေရသလို အကျိုးရှိ,မရှိကိုလည်း သတိပြုမိဖို့ လိုသည်။ မိမိ၏ အပြောအဆို အနေအထိုင် အပြုအမူ အကြံအစည်များကို သတိနှင့် စောင့်ကြည့်၍ အပြစ်မရှိ ကောင်းမည့် အကျိုးဖြစ်ထွန်းမည့် အလုပ်များကို လုပ်ဆောင်ရပါမည်။  

ဤသို့ ပြုလုပ်လျှင် အရာရာတွင် အမှားနည်း၍ မိမိအတွက် အောင်မြင်မှု ရသကဲ့သို့ အခြားသူများကိုလည်း ထိခိုက်နစ်နာစေမည် မဟုတ်သဖြင့် သာယာချမ်းမြေ့သည့် လူ့အဖွဲ့အစည်းကို ဖြစ်စေပါလိမ့်မည်။ လောဘဖြစ်စရာ ဒေါသဖြစ်စရာ စသည့် မကောင်းသော အာရုံများကို အမှတ်ရနေခြင်းမျိုး (မိစ္ဆာသတိ) မဖြစ်စေဘဲ မိမိပြုလုပ်ခဲ့သည့် သူတပါးအကျိုး သည်ပိုး ဆောင်ရွက်ခဲ့သည်များကို သတိရနေလျှင်လည်း သမ္မာသတိ ဖြစ်နေပါသည်။ မိမိပြောဆို ပြုလုပ်သည့် ကိစ္စများတွင် တည်ကြည်မှု ခိုင်မာမှု ရှိရပါမည်။ ခုတမျိုး တော်ကြာတမျိုး အမျိုးမျိုး ပြောင်းလဲ၍ သစ္စာမရှိ ကတိမတည်သည့် အဖြစ်ကို မရောက်စေရပါ။

ထို့ပြင် ဟိုယောင်ယောင် သည်စပ်စပ် ယောင်ခြောက်ဆယ်အဖြစ်မျိုး မရောက်စေဘဲ အကျိုးရှိမည့် အလုပ်ကို စွဲစွဲမြဲမြဲ အောင်မြင်အောင် လုပ်ဆောင်ရမည်။ ဤနေရာတွင် မိမိ၏ ကိုယ်ကျိုးကိုသာ ကြည့်ပြီး တရားသောနည်းဖြင့် အသက်မွေး ရှင်သန်နေသည့်သူများကို ထိခိုက်နစ်နာစေမည့်အလုပ်၊ မိမိနှင့်သူတပါး နှစ်ဦးသားတို့အတွက် အကျိုးမရှိ မကောင်းသည့် အလုပ်များကို စွဲလမ်း လုပ်ဆောင်နေခြင်းမျိုး (မိစ္ဆာသမာဓိ) မဖြစ်အောင် ရှောင်ကြဉ်မည်ဆိုလျှင် ကောင်းသော တည်ကြည်မှုမျိုး ဖြစ်နေပါမည်။      

သမ္မာသင်္ကပ္ပ
သမ္မာသင်္ကပ္ပ (မှန်သော ကြံစည်မှု) ဆိုသည်မှာ -
ရှုမှတ်နေသည့် ကမ္မဋ္ဌာန်းအာရုံအပေါ်ကို အမှတ်သတိလေး ကပ်ရောက်နေစေရန် တွန်းတင်ပေးနေသည့်သဘော ဖြစ်သည်။ ထို့အပြင် ကာမဂုဏ်အာရုံများကို သုံးဆောင် ခံစားဖို့ မစဉ်းစား၊ သူတပါး၏ စည်းစိမ်ဥစ္စာကို ပျက်စီးအောင် မည်သို့ လုပ်ရမည်ကိုလည်း မတွေးတော၊ သူတပါးကို ကိုယ်ရောစိတ်ပါ ထိခိုက်နစ်နာအောင် ကြံဆောင်ခြင်းလည်း မပြုဘဲ မိမိအောက် အစစ အရာရာ နိမ့်ကျသူများ ဆင်းရဲနွမ်းပါးသူများကို မည်သို့ ကူညီထောက်ပံ့ရမည်နည်းဟု မိမိသူတပါး နှစ်ဦးသားတို့အတွက် ကိုယ်ရောစိတ်ပါ ချမ်းသာအောင် စိတ်ကူး ကြံဆောင်ခြင်း ဖြစ်သည်။

သမ္မာဒိဋ္ဌိ
သမ္မာဒိဋ္ဌိ (မှန်သော အမြင်) ဆိုသည်မှာ -
ရုပ်တရား နာမ်တရားများ၏ သဘော သဘာဝနှင့် အဖြစ်အပျက် အဆက်အစပ်တို့ကို ကိုယ်တွေ့ မှန်ကန်စွာ သိနားလည်ခြင်း ဖြစ်သည်။ ထိုသို့ သိနားလည်သည့်အခါ အရာရာတွင် တပ်မက်ခြင်း ကင်း၍ ဆင်းရဲခြင်းမှလည်း အပြီး လွတ်မြောက်ပါတော့သည်။ နေ့စဉ်ဘဝ၌လည်း မည်သည့်ကိစ္စမျိုးတွင်မဆို ချစ်ခြင်း မုန်းခြင်း မသိနားမလည်ခြင်း ကြောက်ရွံ့ခြင်းများကို အခြေခံ၍ မှားယွင်း ဘက်လိုက်မှု မရှိဘဲ အကျိုးသင့် အကြောင်းသင့် မှန်ကန်စွာ ရှုမြင်သုံးသပ် ကျင့်သုံးနိုင်ရပါမည်။ 

အရာရာတွင် ကိုယ်ချင်းစာမှု၊ ခွင့်လွှတ်နားလည်မှု၊ သည်းခံမှုများနှင့် ရှုမြင်နိုင်လျှင် တယောက်နှင့်တယောက် အထင်အမြင်လွဲခြင်း၊ အပြစ်တင်ခြင်း၊ မကျေနပ်ခြင်း၊ ပြန်လှန်ပုတ်ခတ်ခြင်း၊ ရန်ငြိုးဖွဲ့ခြင်းများ ဖြစ်မလာနိုင်သည့်အတွက် လူတိုင်း စိတ်ဆင်းရဲခြင်း ကင်းဝေး၍ ချမ်းသာသုခကို အပြည့်အဝ ရရှိနိုင်ပါမည်။

ထို့ကြောင့် မဇ္ဈိမပဋိပဒါ အလယ်အလတ်လမ်းစဉ် (ဗုဒ္ဓဘာသာဝင်တို့၏ အခြေခံ အဓိကကျင့်စဉ်) ကို မိမိတို့ ကိုယ်တိုင်လည်း နားလည်အောင် အသေအချာ လေ့လာ၍ အတိအကျ လိုက်နာကျင့်သုံး၊ အခြားသူများကိုလည်း လိုက်နာကျင့်သုံးစေရန် ပြောပြတိုက်တွန်းပေးခြင်းဖြင့် လောက သံသရာ နှစ်ဖြာသောဌာနတို့၌ အေးငြိမ်းမှုကို ရယူနိုင်ကြပါစေဟု ဆန္ဒပြုရပါတော့သည်။

ထိုလမ်းစဉ်ကို လောက သံသရာမှ လွတ်မြောက်ရေးအတွက်သာ အလေးထား၍ ဟောကြားထားသော်လည်း နေ့စဉ်ဘဝအတွက်လည်း ဆွဲယူ အသုံးပြုနိုင်သည်။

အလယ်အလတ်ဟူသော စကားလုံးကို မျှတမှု၊ အစွန်းမရောက်မှု ဟူသော အဓိပ္ပာယ်နှင့် နေ့စဉ်ဘဝအတွက် အသုံးပြုပါက အရာရာတွင် အလွန်အကျွံ မဖြစ်စေဘဲ သင့်တင့်မျှတ ပျော်ရွှင်ချမ်းမြေ့စွာ ပြုမူနေထိုင်သွားနိုင်ပါလိမ့်မည်။ 

အစားအသောက် အနေအထိုင် အပျော်အပါး စသည်များကို လူ့သဘာဝအရ မကင်းနိုင်သဖြင့် ပြုလုပ်သော်လည်း အလွန်အကျွံ မဖြစ်ဖို့ အရေးကြီး၏။ မဇ္ဈိမပဋိပဒါ အလယ်အလတ် မျှတဖို့ အရေးကြီး၏။ မျှတစွာ သုံးဆောင်ခံစားလျှင် ပျော်ရွှင်မှု သုခကို ရနိုင်မည် ဖြစ်၏။

စကားပြောရာတွင် ပြောသင့်သည့်စကား၊ မပြောသင့်သည့်စကားများနှင့် ဆက်လျဉ်း၍လည်း ဗုဒ္ဓမြတ်စွာဘုရားက အောက်ပါအတိုင်း မိန့်ကြားတော်မူခဲ့သည်။

မြတ်စွာဘုရားရှင်သည်-
၁။ မဟုတ်မမှန်၊ အကျိုးမရှိ၊ သူတစ်ပါးတွေလည်းမကြိုက်တဲ့ စကားကို ဗုဒ္ဓမြတ်စွာဘုရားရှင်မပြောပါ။
၂။ ဟုတ်မှန်၊ အကျိုးမရှိ၊ သူတစ်ပါးမကြိုက်တဲ့ စကားကိုလဲ ဗုဒ္ဓမြတ်စွာဘုရားရှင်မပြောပါ။
၃။ ဟုတ်မှန်၊ အကျိုးရှိ၊ သူတစ်ပါးမကြိုက်တဲ့စကားကို ပြောသင့်တဲ့အချိန်အခါကိုသိပြီး ဗုဒ္ဓမြတ်စွာဘုရားရှင်ပြောပါသည်။
၎။ မဟုတ်မမှန်၊ အကျိုးမရှိ၊ သူတစ်ပါးကြိုက်တဲ့စကားကိုလည်း ဗုဒ္ဓမြတ်စွာဘုရားရှင်မပြောပါ။
၅။ ဟုတ်မှန်၊ အကျိုးမရှိ၊ သူတစ်ပါးကြိုက်တဲ့စကားကိုလည်း ဗုဒ္ဓမြတ်စွာဘုရားရှင်မပြောပါ။
၆။ ဟုတ်မှန်၊ အကျိုးရှိ၊ သူတစ်ပါးကြိုက်တဲ့စကားကိုလည်း ပြောသင့်တဲ့အချိန်အခါကိုသိပြီး ဗုဒ္ဓမြတ်စွာဘုရားရှင်ပြောပါသည်။


စကားအင်္ဂါနဲ့အပြစ်များ
ဒါကြောင့် အခြေအနေ၊ အချိန်အခါဟာ အရေးကြီးလှပါသည်။ အချိန်အခါမဟုတ်ပဲသွားပြောရင် စကားကောင်းပေမယ့် အကျိုးမပြီး၊ အချည်းအနှီးဖြစ်တတ်ပါတယ်။ ပြောသင့်တဲ့အချိန် အခြေအနေရောက်မှပြောကြရပါသည်။

စကားကိုအတိုင်းအတာမရှိပြောလွန်းရင်လည်း အရှက်ရတတ်ပါသည်။ အလိုက်ကန်းဆိုးမသိပဲ ပြောတတ်သူတွေလောကကြီးထဲမှာ ရှိနေတတ်ပါသည်။ နားထောင်နေရသူရဲ့ဆန္ဒတွေကို မသိတတ်ကြတဲ့လူတွေကြောင့် နားထောင်ရသူတွေမှာ ဒုက္ခရောက်ကြရပါတယ်။ စကားဆိုတာပြောချင်တိုင်း မပြောရပါ။ အခြေအနေ၊ အချိန်အခါကိုသိရပါတယ်။ အလိုဆန္ဒကိုလဲသိရပါသည်။

အင်္ဂါ(၅)ပါးနှင့်ပြည့်စုံသောစကား
၁။ ပြောသင့်တဲ့အချိန်မှာပြောခြင်း
၂။ မှန်ခြင်း
၃။ သိမ်မွေ့ခြင်း
၎။ အကျိုးရှိခြင်း
၅။ မေတ္တာစိတ်ပါခြင်း။

စကားများသူ၏အပြစ်(၅)မျိုး
၁။ လိမ်ခြင်း
၂။ ကုန်းတိုက်ခြင်း
၃။ ရိုင်းစိုင်းကြမ်းတမ်းသော စကားကိုပြောခြင်း
၎။ အနှစ်မရှိသောစကားကိုပြောခြင်း
၅။ သေရင်ငရဲရောက်ခြင်း။

ချင့်ချိန်ပြီးစကားပြောသူ၏အကျိုး(၅)မျိုး
၁။ မလိမ်ခြင်း
၂။ ကုန်းမတိုက်ခြင်း
၃။ ကြမ်းတမ်းတဲ့စကားကိုမပြောခြင်း
၎။ အနှစ်မရှိစကားကိုမပြောခြင်း
၅။ သေရင်နတ်ပြည်ရောက်ရခြင်း။

အသိဉာဏ်ဖြင့်နှိုင်းနှိုင်းချိန်ချိန်ပြောပါ                        
(၁) ပြောချိန်မရောက်သေးပဲ အတိုင်းအထက်အလွန်စကားပြောသူဟာ ဥသြမရဲ့သားလေးပမာ အသတ်ခံရတတ်သည်၊ အနှိပ်စက်ခံရတတ်သည်။
 

(၂) မကောင်းသဖြင့်ပြောဆိုအပ်တဲ့စကားဟာ အလွန်ထက်မြက်တဲ့ဓားနဲ့ လတ်တလောသေစေနိုင်တဲ့ အဆိပ်တို့ထက်လည်းပိုပြီး လျင်မြန်စွာသေစေနိုင်ပါသည်။
 

(၃) ဒါကြောင့်ပြောဖို့သင့်တဲ့အချိန်အခါမှာကော မသင့်တဲ့အချိန်အခါမှာပါ စကားကိုစောင့်ရှောက်ရပါသည်။ အလွန်မပြောရပါ။ မိမိနဲ့တူတဲ့ပုဂ္ဂိုလ်ကိုတောင်မှ အလွန်မပြောရပါ။
 

(၄) အသိဉာဏ်ကိုရှေ့တန်းတင်ပြီး စကားပြောတဲ့ပညာရှိဟာ ပြောသင့်တဲ့အချိန်မှာ စကားကိုနှိုင်းနှိုင်းချိန်ချိန်ပြောရပါသည်။ အဲဒီလိုပြောတဲ့ပညာရှိဟာ ဂဠုန်ကနဂါးကိုသုတ်ချီသလို ရန်သူအားလုံးကိုသိမ်းကျုံးယူနိုင်ပါသည်။
 

(၅) အချိန်မရောက်ခင်ပြောမိတဲ့စကားတွေကတော့ မကောင်းကျိုးတွေကိုဖြစ်ပေါ်စေနိုင်ပါသည်။ ရင်ထဲမှာပြောချင်တဲ့ဆန္ဒတွေပြည့်နေပေမယ့် အချိန်မရောက်သေးရင်မျိုသိပ်ထားနိုင်ကြရပါသည်။ အောင့်နိုင်လေလေအကျိုးရှိလေပါပဲ။

ပညာဉာဏ်တိုးပွားကြောင်းတရား
(၁) ပညာရှိ တို့ထံ အဖန်ဖန်မေးမြန်းခြင်း၊
(
၂) မိမိ၏ ကိုယ်တွင်းကိုယ်ပ နှစ်ဌာနစလုံး သန့်ရှင်းကြည်လင်စွာပြုလုပ်ရခြင်း၊
(
၃) ဣနြေ္ဒငါးပါးညီမျှစွာ ထားရခြင်း၊
(
၎) ပညာမဲ့ ကိုရှောင်ကြည်ရခြင်း၊
(
၅) ပညာရှိ ကိုမှီဝဲရခြင်း၊
(
၆) နက်နဲသောဉာဏ်ကျက်စားရာ သဘောတရားများကို ဆင်ခြင်လေ့ကျင့်ပေးရခြင်း၊
(
၇) ထိုဉာဏ်ပညာဖြစ်ပွားမှု၌ အလေးပြုကိုင်းညွတ်သောစိတ်ရှိရခြင်း။

မပျင်းမရိကြပါနဲ့
ဤခန္ဓာကိုယ်ကြီး၏အတွင်း၌ ကောင်းမြတ်သောအရာ၊ မြဲခိုင်သောအရာဟူ၍ ဘာတစ်ခုမျှမရှိပါ။ အလိမ္မာစသောဂုဏ်များသည်ကား အလွန်စင်ကြယ်၏။ မစင်ကြယ်သောခန္ဓာကိုယ်ကြီးဖြင့် စင်ကြယ်သောဂုဏ်သတင်းများကိုရအောင် အားထုတ်လိုက်ကြပါလော့။

ဗုဒ္ဓဘာသာဝင်များသည် မအိုမသေအမြဲနေရာနိဗ္ဗာန်ကိုပင် မြော်မြင်မှန်း၍ မရရအောင် အားထုတ်ကြကုန်သေး၏။ ယခုဘဝကြီးပွားရေး၊ စီးပွားရေး၊ ပညာရေးလောက်ကိုပဇာမူ၍ ကြောက်ရမည်နည်း။

လုံ့လဝီရိယကင်း၍ အဖျင်းစားအပေါစားလုပ်နေသော်လည်း ဤခန္ဓာကိုယ်ကြီးသည် ပို၍မကျန်းမမာ ပို၍အသက်မရှည်တော့ပြီ။ စင်စစ်သော်ကား ပျင်းနေသည့်အတွက် ခန္ဓာကိုယ်မှအခိုးအငွေ့တွေ အပြင်သို့မထွက်ရသောကြောင့် အေးစက်စက်ဖြစ်ကာ ပို၍မကျန်းမမာဖြစ်သေး၏။ ထိုမကျန်းမာမှုကြောင့် အပျင်းထူသူမှာ အသက်တိုဖွယ်သာပိုများ၏။

ပျင်း၍အလုပ်မလုပ်သောသူသည် သာ၍ပျင်းစရာဖြစ်နေပါလိမ့်မည်။ လုံ့လဝီရိယမှန်မှန်ဖြင့်အလုပ်လုပ်နေသူကို လူတွေကလည်းကြည်ညို၊ နတ်တွေကလည်းစောင့်ရှောက်လို၏။ ရှေးကံတွေကလည်း အကျိုးပေးခွင့်သာ၍ လှလှပပအကျိုးပေးကြသည်။ ထို့ကြောင့်လုံ့လရှိသူအဖို့မှာ လောကကြီး၌ ပျော်စရာကိုသာတွေ့ရပါလိမ့်မည်။ 
    
ဤနေရာ၌ ရှေးကံအကြောင်းကို အနည်းငယ် ရှင်းပါမည်။ ရှေးကံများသည် အလွန်အားကောင်းသော ကံ သာမာန်လောက်သာအားရှိသော ကံ ဟု နှစ်မျိုးရှိ၏။ ထိုတွင်ပထမ ကံမျိုး၏အကျိုးပေးပုံသည် အလွန်ထင်ရှား၏။ ဒုတိယ ကံမျိုးမှာ မထင်ရှား။ သူများနည်းတူသာရစေနိုင်၏။ ထို ကံ သည်လူ့လောက၌ သူတို့ချည်းအကျိုးပေးဖို့ခက်ခဲသဖြင့် အကျိုးပေးခွင့်ရအောင် ဉာဏ်၊ ဝီရိယနှင့် သတိ ဟူသော ကောင်းသော ပယောဂ က ကူညီပေးရေးသည် အရေးကြီးလေသည်။
    
ထို့ကြောင့်လူတစ်ယောက်တွင် တစ်နေ့အဖို့၌ ကုသိုလ်၊ ဥစ္စာ၊ ကျန်းမာရေး၊ အတတ်ပညာ၊ တန်ခိုးဂုဏ်သိန် ဤ(၅)မျိုးတွင် တစ်မျိုးမျိုးမှအကျိုးမရပဲ ကုန်သွားသောနေ့သည် ဝမ်းနည်းစရာ လွန်စွာအသုံးမကျ၊ မသေခင်ကအသေဖြစ်ရသောနေ့ ပင်တည်း။
ထို့ကြောင့် ရှင်လျက် နှင့် သေသူမဖြစ်ရအောင် ယခုမှစ၍ကြိုးစားအားထုတ်ကြပါလော့။


ဗုဒ္ဓဘာသာကို စောင့်ရှောက်ကာကွယ်နိုင်ကြပါလော့။


ရည်ညွှန်းချက်များ


http://deltaunitedsg.blogspot.com/2010/03/blog-post_24.html
http://www.lapyae000.com/2011/04/discourse-of-mangala-38.html#more
http://whc.unesco.org/en/list/666
http://www.knowledgerush.com/kr/jsp/db/viewuser.jsp?userId=40228&penname=DOCTRINE+OF+SUPREME+BUDDHA
http://www.buddhanet.net/e-learning/buddhism/lifebuddha/2lbud.htm
http://buddhasutra.com/files/mahapadana_sutta.htm
http://bci.org/prophecy-fulfilled/buddhasa.htm
http://www.sacred-texts.com/bud/lob/lob26.htm
http://www.buddhanet.net/e-learning/buddhism/disciples06.htm
http://sandarthuriya.wordpress.com/2010/05/27/%E1%80%97%E1%80%AF%E1%80%92%E1%81%B6%E1%81%80%E1%80%84%E1%80%B9%E1%80%A1%E1%80%80%E1%80%BA%E1%80%A5%E1%80%B9%E1%80%B8-2/
http://www.thisismyanmar.com/nibbana/buddha9.htm
https://archive.is/20130617061846/impermanences.blogspot.com/2011/07/blog-post.html
http://kyawsanlinn.blogspot.com/2014/07/blog-post_27.html
https://docs.google.com/file/d/0Bw01fstknB1INHlWMy1wYnB1Rms/edit?pli=1
http://sonofbuddha.wordpress.com/2010/04/08/%E1%80%99%E1%80%95%E1%80%BA%E1%80%84%E1%80%B9%E1%80%B8%E1%80%99%E1%80%9B%E1%80%AD%E1%81%BE%E1%80%80%E1%80%95%E1%80%AB%E1%80%94%E1%80%B2%E1%82%94/
http://mrkingzero.blogspot.com/2012/03/blog-post_7600.html
http://www.abuddhistlibrary.com/Buddhism/B%20-%20Theravada/Ethics/The%20Five%20Precepts%20-%20The%20Buddhist%20Golden%20Rule/five_precepts_the_buddhist_golde.htm
http://www.knowledgerush.com/kr/jsp/db/viewuser.jsp?userId=21915&penname=Doctrine+of+Lord+Buddha
http://festivals.iloveindia.com/buddha-purnima/
http://en.wikipedia.org/wiki/Buddhism_by_country
http://www.chinabusinessinterpreter.com/Dasiy/16.aspx
http://www.globalone.tv/profiles/blogs/the-noble-eightfold-path
http://www.budsas.org/ebud/whatbudbeliev/62.htm
http://www.ashintejaniya.com/2012/09/blog-post_4956.html
http://www.urbandharma.org/udharma3/theramaya.html
http://www.dhammaweb.net/dhamma_news/view.php?id=429
http://sankooo.blogspot.com/2010/06/blog-post_02.html
http://mogokdama1.blogspot.com/2013/05/blog-post_4787.html
http://www.mawluu.com/2010/02/blog-post_6152.html



လယ်တီဆရာတော် ကမ္မဋ္ဌဌာန်းကျမ်း။ စာ-၁၉၃။
ဗုဒ္ဓဒေသနာတော်ဝေါဟာရ အဘိဓာန်
ရွှေတိဂုံသမိုင်းသစ် (အရှင်အာဒိစ္စရံသီ)
မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁၃)


TAGS:
Myoma Myint Kywe, Myoma Myint Kywe articles 2014, Karate Myint, Buddhism, Buddha BC 623, Buddha articles 2014, Buddhism booksie, Booksie Myoma Myint Kywe,
karma, kamma , ပန်းကန်စက် ဦးသော် , ဘုရား တရား သံဃာ , Historian Myoma Myint Kywe , 
Karate Myint  อาจารย์ Myint kywe (มิตร จอย) , မြို့ မ-မြင့်ကြွယ် , မြို့မ ဦးသန်းကြွယ်  
 မြို့ မ မြင့်ကြွယ် , ဦး မြင့်ကြွယ် , 2015 , karate , JKA , karate do , Myanmar , burma , Burma , ကရာတေး , သမိုင်းပညာရှင် , Shotokan, Metta 2014, About Metta 2014, Metta articles 2014, Metta Is Essential (Metta ist wichtig),Burmese Buddhism 2014, Burmese Buddhism articles, Theravada Buddhism articles, Theravada Buddhism 2014, Theravada monks 2014, Metta in Theravada Buddhism, Buddha and Metta, Metta meditation 2014 article, What is metta in Buddhism, what is Buddhism 2014, Myint Kywe, Myint Buddhism, Myoma Myint Kywe 2014, Articles of Myoma Myint Kywe, Buddha was born in BC 623, Buddhist philosophy 2014, Buddhism logic,