Pages

အကောင်းဆုံး ဗုဒ္ဓဘာသာ Buddhism is the best religion အပိုင်း (၁) Part 1



အကောင်းဆုံး ဗုဒ္ဓဘာသာ
Buddhism is the best religion အပိုင်း () Part 1

Researched by- Myoma Myint Kywe
မြို့မ မြင့်ကြွယ်

ကမ္ဘာ့စစ်တမ်းအရ ကုလသမဂ္ဂ အဖွဲ့ဝင် (၁၉၀) နိုင်ငံကျော်ရှိကြောင်းသိရပေသည်။ ကမ္ဘာ့လူဦးရေမှာ သန်း (၆၉၀၀) ကျော်ရှိသွားပေပီ။ ကမ္ဘာ့လူသားများ ကိုးကွယ်ရာ လူဦးရေ အများဆုံးကိုးကွယ်သည့် ဘာသာကီး (၄) မျိုးရှိသည်။ ဟိန္ဒူ ဘာသာ၊ ဗုဒ္ဓဘာသာ၊ ခရစ်ယာန်ဘာသာ နှင့် အစ္စလာမ် ဘာသာတို့ ဖြစ်ပေသည်။

၂၀၀၉ ခုနှစ် ဆွစ်ဇာလန်နိုင်ငံတွင် ကမ္ဘာ့အကောင်းဆုံးဘာသာရွေးချယ်ပွဲပြုလုပ်ခဲ့သည်။ ကမ္ဘာ့ ဘာသာရေးခေါင်းဆောင်များက ဗုဒ္ဓဘာသာကို ကမ္ဘာ့အကောင်းဆုံးဘာသာ အဖြစ် (Buddhism: Best Religion in the World Award) ကန့်ကွက်သူမရှိ ရွေးချယ်သတ်မှတ်
ခဲ့သည်။ ဗုဒ္ဓဘာသာ မြန်မာတို့အတွက်အကြီးကျယ် ဂုဏ်ယူ ဝမ်းမြေက်ရမည့် သတင်းတစ်ပုဒ်ပါ။


ဆွစ်ဇာလန်နိုင်ငံ၊ ဂျာနီဗာမြို့ ရှိ အပြည်ပြည်ဆိုင်ရာ ဘာသာရေးနှင့် အသိဥာဏ်မြင့်မားရေးဆိုင်ရာ ပူပေါင်းဆောင်ရွက်ရေးအဖွဲ့က ဗုဒ္ဓဘာသာကို ကမ္ဘာ့ အမွန်မြတ်ဆုံး၊ အကောင်းဆုံး ဘာသာရေး “Best Religion in the World” ဖစ်
ရေးချယ်ခဲ့ကြောင်း သိရှိရသည်။ ရွှေးချယ်ပွဲကို ကမ္ဘာ့ဘာသာပေါင်းစုံမှ ကိုယ်စားလှယ် (၂၀၀) ကျော် ကရေးချယ်ခဲ့ခြင်းဖြစ်ပြီး ပိုပြီးအံ့သြဖို့ ကောင်းသည်မှာ ပါဝင်ရေးချယ်ခဲ့သည့် ဘာသာရေးခေါင်းဆောင်အများစုသည် ၄င်းတို့ဘာသာများထက် ကျော်လွန်ပြီး
ဗုဒ္ဓဘာသာကို ဆန္ဒမဲပေးခဲ့ကြခင်း ဖစ်ပါသည်။


(The Geneva-based International Coalition for the Advancement of Religion and Spirituality (ICARUS) has bestowed "The Best Religion In the World" award this year on the Buddhist Community. This special award was voted on by an international round table of more than 200 religious leaders from every part of the spiritual spectrum. It was fascinating to note that many religious leaders voted for Buddhism rather than their own religion although Buddhists actually make up a tiny minority of ICARUS membership.


အပြည်ပြည်ဆိုင်ရာ ဘာသာရေးနှင့် အသိာဏ် မြင့်မားရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး အဖွဲ့ကြီး၏ သုတေသနညွန်ကြားရေးမှူး Jonna Hult (Director of Research for International Coalition for the Advancement of Religious and Spirituality) က ပောကြားရာတွင် ကမ္ဘာ့အမွန်မြတ်ဆုံး အကောင်းဆုံး ဘာသာတရား ဗုဒ္ဓဘာသာ က ရရှိခဲ့တာ အံ့သြစရာမရှိပါဘူး၊ ကမ္ဘာပေါ်မှာ ဗုဒ္ဓဘာသာကြောင့် ဖြစ်ပွားပေါ်ပေါက်ခဲ့တဲ့ စစ်ပွဲဆိုတာ မရှိခဲ့ပါဘူး။ တခြားဘာသာများနဲ့ မတူတာက အဲဒါပါပဲ။



(Jonna Hult, said: "It wasn't a surprise to me that Buddhism won Best Religion in the World, because we could find literally not one single instance of a war fought in the name of Buddhism -- in contrast to every other religion that seems to keep a gun in the closet just in case God makes a mistake. We were hard pressed to even find a Buddhist that had ever been in an army. These people practice what they preach to an extent we simply could not document with any other spiritual tradition.")


အစ္စရေးနိင်ငံ ဂျေရုဆလင်မြို့က ဂျူးဘုန်းကြီး Shmuel Wasserstein ကတော့ ကျွန်တော်လည်း ကိုယ့်ဘာသာဖြစ်တဲ့ ဂျူးဒါလစ်ဇင်ကို နှစ်သက်မြတ်နိုးပါတယ်။
ကိုယ့်ဘာသာကိုပဲ ကမ္ဘာပေါ်မှာ အကြီးမြတ်ဆုံး ဘာသာတရားလို့လည်း ထင်ပါတယ်၊ ဒါပေမယ့် ရိုးရိုးသားသား ၀န်ခံရရင် ကျွန်တော်ဟာ နေ့စဉ် ဂျူးဘာသာအရ ၀တ်မပြုခင် 
ဝိပဿ     နာတရားကို ကျင့်ကြံအားထုက်နေတာ ၁၉၉၃ ခုနှစ်က တည်းကပါ။ ဒါကြောင့် ဗုဒ္ဓဘာသာကို မဲပေးလိုက်တယ်လို့ ပြောဆိုခဲ့ပါတယ်။....


(A Jewish rabbi, Shmuel Wasserstein, said from Jerusalem: "Of course, I love Judaism, and I think it's the greatest religion in the world. But to be honest, I've been practicing Vipassana meditation every day before minyan (daily Jewish prayer) since 1993. So I get it.")



ပါကစ္စတန်နိုင်ငံမှ မွတ်စလင်မ် ဘာသာရေးခေါင်းဆောင် Tal Bin Wasssd ကလည်း ၄င်းအဆိုကို သဘောတူထောက်ခံခဲ့ပါတယ်။”......
ဂျနီဗာမြို့အခြေစိုက် အပြည်ပြည်ဆိုင်ရာ ဘာသာရေးနဲ့ အသိဥာဏ်မြင့်မားရေးဆိုင်ရာ
ပူးပေါင်းဆောင်ရွက်ရေး အဖွဲ့ကြီး၏ ပါကစ္စတန် နိုင်ငံ မွတ်စလင်မ် ဘာသာရေးခေါင်းဆောင်
အစည်းအရုံးဆိုင်ရာ မဲပေးရေးအဖွဲဝင် တစ်ယောက်ဖြစ်တဲ့ Tal Bin Wasssd က "ကျွန်တော်ဟာ အစ္စလန်ဘာသာကို နှစ်နှစ်ကာကာ ယုံကြည်သူတစ်ယောက်ပါ။ ဒါပေမယ့် ပုဂ္ဂိုလ်ရေးဆိုင်ရာ ခံစားချက်ထက် ဘာသာရေးအကြောင်းပြပြီး အမျက်ဒေါသထွက်ကြ၊ သွေးမြေကြရတာတွေကို  တွေ့မြင်
ခံစားရပါတယ်။ ဗုဒ္ဓဘာသာဝင်တွေကတော့ အဲဒါကို သိမြင်နားလည်သဘောပေါက်ခဲ့ကြပါတယ်။ ပြောရရင် ကျွန်တော်ရဲ့အရင်းအနှီးဆုံး မိတ်ဆွေတစ်ချို့ဟာ ဗုဒ္ဓဘာသာဝင်တွေပါ"လို့ ပြောခဲ့ပါတယ်။

(A Muslim cleric, Tal Bin Wassad, agreed from Pakistan via his translator:
"While I am a devout Muslim, I can see how much anger and bloodshed is channeled into religious expression rather than dealt with on a personal level. The Buddhists have that figured out." Bin Wassad, the ICARUS voting member for Pakistan 's Muslim community, continued: "In fact, some of my best friends are Buddhist.")



Northern Ireland, Belfast မြို့မှ ကက်သလစ် ဘုန်းကြီး Ted O'Shaugh-nessy ကတော့ ကက်သလစ်ဘာသာကို မြတ်နိုးကိုးကွယ်ပေမယ့် လူသားတွေကို မေတ္တာဂရုဏာထားရန် 
ဟောကြားပြီး လူသားတွေကိုပဲသတ်ဖြတ်ကာ ဘုရားသခင်အလိုဆန္ဒ နားလည်ပါတယ်
လို့ ပြောကြတာက စိတ်နှောက်အယှက်ဖြစ်ရဆုံးပါပဲ။ ဒါ့ကြောင့် မွန်မြတ်တဲ့ ဗုဒ္ဓဘာသာကို မဲပေးခဲ့တာပါလို့ အမိန့်ရှိခဲ့ပါတယ်။

(A Catholic priest, Father Ted O'Shaughnessy, said from Belfast: "As much as I love the Catholic Church, it has always bothered me to no end that we preach love in our scripture yet then claim to know God's will when it comes to killing other humans. For that reason, I did have to cast my vote for the Buddhists.”)

တခြားဘာသာတွေက လက်နက်တွေကို အဆင်သင့် ကိုင်ထားကြတယ်။ ဗုဒ္ဓဘာသာဝင်တစ်ယောက်ဟာ ဘာသာရေးအတွက်နဲ့ စစ်တိုက်တာကို တွေ့ရဖို့ အတော်ခဲယဉ်းပါတယ်။ တခြားဘာသာဝင်တွေရဲ့ အစဉ်အလာ အလေ့အထနဲ့ မတူဘဲ ဗုဒ္ဓ ဘာသာဟာ ကိုယ်ကိုယ်တိုင် ကျင့်ကြံတဲ့ တရားကိုသာ သူများတွေကို ဟောကြားခဲ့တာပါပဲ လို့ ဆိုခဲ့ပါတယ်။


အဘယ့်ကြောင့် ဗုဒ္ဓဘာသာကို ရွေးချယ်ခဲ့သနည်းဟု မှတ်ချက်ပေးကြရာတွင် 
(၁) ဗုဒ္ဓဘာသာ မှာ ဘာသာရေးငြင်းခုံမှု၊ အဓိကရုဏ်းဖြစ်မှု No violence and crisis   မရှိ။ 
(၂) ဗုဒ္ဓဘာသာ မှာ ဘာသာရေးစစ်ပွဲ No Holy wars and religious wars မရှိ။
(၃) ဗုဒ္ဓဘာသာသည် ယုံကြည်မှုထက် ဆန်းစစ်, ဝေဖန်, ပိုင်းခြား, စိပ်ဖြာမှု Can get verified and criticized on beliefs ကို ဦးစားပေးသည်။
(၄) ဗုဒ္ဓဘာသာသည် စစ်မှန်သော ငြိမ်းချမ်းမှု ပန်းတိုင်နှင့် သွားရာ ခရီးလမ်းကြောင်း Based on the peaceful way ရှိသည်။
ဤသို့ စသည်ဖြင့် မှတ်ချက်ပေးထားသည် ဖြစ်ကြောင်း သိရပေသည်။
 
ဘာသာရေး အားလုံးကို ခြုံငုံသုံးသပ်၍ ဆန်းစစ်ရသော်
(၁) အတွေးအခေါ်မှ ပေါ်လာသော ဘာသာ၊
(၂) အမျိုးသားရေးမှ ပေါ်လာသော ဘာသာ၊
(၃) တကယ့် စစ်မှန်သော ဘာသာ ဟု သုံးမျိုးရှိသည်ကို တွေ့ရပေသည်။


ယနေ့ ကမ္ဘာ့လူငယ်များသည် မိရိုးဖလာ ကိုးကွယ်လာသော ဘာသာတရားများကိုသာ
လေ့လာတော့တာ မဟုတ်တော့ဘဲ မိမိတို့ ဗုဒ္ဓဘာသာကို လေ့လာခဲ့ကြပေသည်။ ထို့ကြောင့် အကောင်းဆုံး ဘာသာအဖြစ်ရွေးချယ်ရာတွင် ဗုဒ္ဓဘာသာကို တညီတညွတ်တည်းရွေးချယ်နိုင်ခဲ့သည်။ ယနေ့ ကမ္ဘာ့ဘာသာရေးခေါင်းဆောင်
များရော၊ နောက်လိုက်များပါ ကမ္ဘာ့ဘာသာအားလုံး ဗုဒ္ဓဘာသာကို လေ့လာနေကြပြီဟု ပြောပြနေခြင်းဖြစ်ပေသည်။


ကမ္ဘာ့လူသားများက မိမိတို့ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အတွင်းမှီတင်း
နေထိုင်ကြသော နိုင်ငံသား ဗုဒ္ဓဘာသာဝင်များကို ချဉ်းကပ်လေ့လာ လာကြတော့မည်မှာ
သေချာသလောက်ဖြစ်နေပေသည်။ ထိုပုဂ္ဂိုလ်များကို တကယ့် စစ်မှန်သော ဗုဒ္ဓဘာသာ တရားများ Real TRUTH များကို မိမိတို့သည် မည်ကဲ့သို့ သာသနာပြု  working as a missionary ပေးမည်လဲဟူ၍ မိမိတို့ကိုယ်ကိုမိမိ ပြန်လည်မေးမြန်းဖို့ လိုအပ်သည်။ မိမိတို့ ထံတွင်တကယ့်ငြိမ်းချမ်းမှု ဗုဒ္ဓဘာသာတရား Essence of Buddhism ရှိပြီးပြီလားမြတ်စွာဘုရားညွှန်ကြားတော်မူခဲ့သည့်အတိုင်း ဆင်းရဲကင်း၍ ချမ်းသာရကြောင်း၊ အင်မတန်
မှ မွန်မြတ်လှသည့် ယဉ်ကျေးသိမ်မွေ့ပြီး ပြီးပြည့်စုံလှသည့် လမ်းကောင်းလမ်းမှန်များ၊ ငြိမ်းချမ်းရေးမူဝါဒလမ်းစဉ်များ၊ နိဗ္ဗာန်ရောက်ကြောင်းတရားတော်များနှင့် ဗုဒ္ဓမြတ်စွာဘုရား၏ အဆုံးအမများကို ကိုယ်တိုင်လိုက်နာပြီး သူတစ်ပါးကိုလည်း မှန်မှန်ကန်ကန် ရှင်းလင်းဟော 
ပြောနိုင်ရန်မှာ ဗုဒ္ဓဘာသာဝင်ကောင်းများ Good Buddhists ၏ အရေးကြီးသော တာဝန် တစ်ခုဖြစ်လေသည်။ 


ဗုဒ္ဓဘာသာဆိုတာဘာလဲ? ဗုဒ္ဓရဲ့အယူဝါဒဆိုတာကဘာလဲ?.....ဆိုတာနှင့် ပတ်သက်လာ
သောအခါ ကျွန်တော်တို့ အကောင်းဆုံး ကိုးကားစရာက ကာလာမ သုတ္တန် ဖြစ်ပါသည်။ ကမ္ဘာကြီးပေါ်က မည်သည့်အယူဝါဒမျိုးနှင့်မျှ မတူသော တစ်ခုတည်းသော အစစ်ဆေးခံနိုင် ဘာသာဖြစ်သည်။

ဘယ်သူပြောလို့မှ မယုံပါနဲ့၊ ဘယ်သူပြောလို့မှလည်း လက်မခံပါနဲ့၊ အစဉ်အလာမို့ပါ၊ 
ကြောက်ရလို့ပါ၊ ဘယ်လိုအကြောင်းကြောင့်မှ အလွယ်တစ်ကူ လက်မခံပါနဲ့၊ လေ့လာပါ၊ ဆန်းစစ်ပါ၊ ကိုယ်တိုင်ကျေနပ်မှ ယုံကြည်လက်ခံပါ၊ ကိုယ်တိုင် စမ်းသပ်ကျင့်သုံးကြည့်ပါ၊ အမှန်ကို တွေ့လိမ့်မယ်၊ သိလိမ့်မယ်လို့ ရဲရဲဝံ့ဝံ့ verification မှတ်ကျောက်တင်ခံနိုင်သည်မှာ ဗုဒ္ဓဘာသာတစ်ခုတည်းမှာသာ မြင်တွေ့နိုင်ပါသောကြောင့် သိပ္ပံ၏ ရှေ့တွင် ပြုံးရွှင်စွာ ဦးဆောင်မော်ကြွားနိုင်သော အမှန်ဆုံးသော ဘာသာသာသနာဟု ခေတ်သစ် သမိုင်းဆရာများက ဆိုကြသည်။

ဗုဒ္ဓဘာသာစတင်ပေါ်ပေါက်ခဲ့သော ဘီစီ ၅၈၈မှ စတင်ရေတွက်ပါက နှစ်ပေါင်း ၂၆၀၀ ကျော်
အခိုင်အခန့် တည်တန့်ကိုးကွယ်ရာဖြစ်ခဲ့သော ဘာသာတရားပါ။ အမျိုးမျိုး စူးစမ်းစစ်ဆေးမှု
တွေ၊ အကြိမ်ကြိမ်အဖန်ဖန် ဆန်းစစ်မှုတွေကြားတွင် ဗုဒ္ဒမြတ်စွာဘုရားဟောကြားတော်မူခဲ့
သော တရားတော်များသည် လမ်းစဉ်က အမြဲမှန်သည့်တရား (universal truth) ဖြစ်သည်
ကို မှတ်ကျောက်တင် သက်သေပြနိုင်ခဲ့သည်မှာ အထင်အရှားပင်ဖြစ်သည်။

ဗုဒ္ဓ မြတ်စွာဘုရားနှင့် ပတ်သတ်၍ ကျွန်တော်တို့ မြန်မာလူမျိုးများ လွန်စွာဂုဏ်ယူဝမ်းမြောက်
ဖွယ် သမိုင်းအထောက်အထားတစ်ခု တင်ပြလိုပါသည်။ ဘီစီ ၆၂၃တွင် ဗုဒ္ဓမြတ်စွာဘုရား
သည် နီပေါနိုင်ငံ၊ လုမ္ဗိနီ ဥယျာဉ်တွင် ဖွားမြင်တော်မူခဲ့ပြီး ဘီစီ ၅၈၈ မှ ဘီစီ ၅၄၃ အထိ ၄၅
နှစ်တိုင်တိုင် နီပေါ နှင့် အိန္ဒိယ နိုင်ငံ ဒေသအသီးသီးတွင် မဂ္ဂင် ၈ ပါး သစ္စာ ၄ ပါး တရား
တော်များ၊ မေတ္တာတရား (loving kindness)၊ သည်းခံခြင်း (patience)၊ ခွင့်လွှတ်ခြင်း (forgiveness)၊ ငြိမ်းချမ်းရေး (peace)၊ လူသားတို့ ကျင့်ဝတ်ဆိုင်ရာ အဆုံးအမများ (morality and humanism) ဟောကြားတော်မူခဲ့ကြောင်း၊ လူအတော်များများ သိရှိပြီး
ဖြစ်ပါသည်။ သို့ရာတွင် တိဘက်တို-ဘားမန်း Tibeto-Burman အမျိုးအနွယ်မှ ဗုဒ္ဓ
မြတ်စွာဘုရားသည် ဆင်းသက်လာခဲ့ကြောင်းကိုမူ လူတော်တော်များများ သတိမမူခဲ့ကြချေ။

ဗုဒ္ဓမြတ်စွာဘုရားသည် နီပေါလူမျိုးဖြစ်ကြောင်း၊ မြတ်စွာဘုရားသည် Tibeto-burman တိဘက်-ဗမာ မျိုးနွယ်စုမှ ဆင်းသက်လာသောကြောင့် မြန်မာလူမျိုးများနှင့် ဆွေမျိုးတော်စပ်
ကြောင်း ပါမောက္ခချုပ်ဆရာတော် အရှင် ဒေါက်တာနန္ဒမာလာဘိဝံသက အတိအလင်းဟော
ကြားတော်မူခဲ့ပြီး ဖြစ်ပါသည်။

 


ဗုဒ္ဓဘာသာဆိုသည်မှာဘာလဲ? ဘာကိုရည်မှန်းပြီး ဗုဒ္ဓဘာသာကို ဆည်းကပ်ကိုးကွယ်ကြ
သလဲ? ဗုဒ္ဓဘာသာရဲ့ရည်မှန်းချက်ပန်းတိုင်ကဘာလဲ? အဲဒီပန်းတိုင်ရောက်ဖို့ ဘယ်တရား၊ ဘယ်အကျင့်များဟာ ဗုဒ္ဓဘာသာဝင်တို့ရဲ့တာဝန်  ဖြစ်ပါသလဲ? ဗုဒ္ဓဘာသာကို ကိုးကွယ်
ဆည်းကပ်ရခြင်းရဲ့  လောကီ အကျိုးက ဘာရရှိပါသလဲ? ။ လောကုတ္တရာ အကျိုးတရားက
ရော ဘာတွေရရှိပိုင်ဆိုင်နိုင်ပါသလဲ? ဟူ၍ တစ်စုံတစ်ယောက်က မေးမြန်းလာပါက
မိမိတို့က မှန်မှန်ကန်ကန်တိတိကျကျ ရှင်းလင်းဖြေဆိုနိုင်ဖို့ လွန်စွာမှ အရေးကြီးလှသည်။




What is the purpose of life according to Buddhism?   
What is the highest goal of life in Buddhism?
How to Practice Buddhism for beginners? 
Where to begin study and practice? 
How to share, teach and explain Buddhism for beginners?
   
ဗုဒ္ဓ၀ါဒသည် ဇွတ်အတင်း ၀ါဒ မဟုတ်သကဲ့သို့၊ အမုန်းတရားဝါဒ မဟုတ်ချေ ။ ကိုယ့်အယူ
ဝါဒနှင့် မတူသည့် အခြားအယူဝါဒရှိသူများကို နှိပ်စက်ညှင်းဆဲခြင်း၊ သတ်ဖြတ်ခြင်းဟူ၍ ကမ္ဘာ့သမိုင်းတစ်လျှောက်လုံးတွင် မည်သည့်အခါမျှ မရှိခဲ့ဖူးချေ ။ ဗုဒ္ဓဘာသာဝင်တို့မှ စတင်
ဆင်နွှဲသော စစ်ပွဲ မရှိချေ ။

ဗုဒ္ဓသာသနာပြန့်ပွားအောင် သာသနာပြုကြသော ပုဂ္ဂိုလ်တို့သည်လည်း တရားလမ်းမှန်ကို 
ပြရန်သာ ရည်ရွယ်တော်မူကြ၍ အခြားသူများအား ထောက်ထားသည်းခံကြပြီးလျှင် မေတ္တာ
နှင့်သာသနာပြု ကြလေသည်။ 

မြတ်စွာဘုရားညွှန်ကြားတော်မူခဲ့သည့်အတိုင်း ဆင်းရဲကင်း၍ ချမ်းသာရကြောင်း လမ်းကောင်းလမ်းမှန်ကို ပြရန်မှာ ဗုဒ္ဓဘာသာဝင်ကောင်းများ၏ တာဝန်ဖြစ်လေသည်။ ၎င်း လမ်းမှန်အတိုင်း အခြားသူများ လိုက်မလိုက်မှာ ထိုသူတို့၏ တာဝန်သာဖြစ်လေ သည်။ မိမိအကျိုး၊သူတပါးအကျိုး၊ ဗုဒ္ဓဘာသာအကျိုး၊ ထို (၃) မျိုး ကို စနစ်တကျ သယ်ပိုး ရွက်ဆောင်နိုင်သူများဖြစ်ကြဖို့ လွန်စွာမှ အရေးကြီးလှသည်။

ဗုဒ္ဓဘာသာသည် ကိုးကွယ်ရုံမျှသော ဘာသာ(Religion) မျိုးမဟုတ်

သီတဂူဆရာတော် ဒေါက်တာ အရှင်ဉာဏိဿ     က ဗုဒ္ဓဘာသာသည် ကိုးကွယ်ယုံမျှသော ဘာသာ မဟုတ်ကြောင်း၊ ယုံကြည်မှုကိုသာမက အသိဉာဏ်၊ စရဏ အကျင့်တို့ကို စနစ်တကျ ပူးပေါင်းကျင့်ကြံရသော ဘာသာတရား၊ စစ်မှန်သော သာသနာတော်ဖြစ်ကြောင်း မိန့်ဆိုခဲ့၏။

ဗုဒ္ဓ၀ါဒသည် ယုံကြည်မှုကိုသာ ဦးစားပေး၍ အသိဉာဏ် မပါသော (Religion)
မျိုးလည်း မဟုတ်။ အသိဉာဏ်ကိုသာ ဦးစားပေး၍ ယုံကြည်မှုမပါသော (Philosophy)
မျိုးလည်း မဟုတ်ပေ။ စရဏ ခေါ် ကိုယ်တိုင်ကျင့်ရသည့် အကျင့်တရားကတော့
Religion နှင့် Philosophy နှစ်မျိုးစလုံးမှာ မရှိပေ။ ဗုဒ္ဓ၀ါဒမှာ စရဏ
(အကျင့်) က ပဓာန ဖြစ်ခြင်းကြောင့် ကိုယ့်ကိုယ်ကို အားကိုးရသော ၀ါဒဖြစ်၏။


ကိုယ့်ကိုယ်ကိုအားကိုးကြပါလော့။
ဗုဒ္ဓဘာသာကို စောင့်ရှောက်ကာကွယ်နိုင်ကြ ပါလော့။


   
ဗုဒ္ဓဘာသာသည် ယုံကြည်မှု စရဏ (အကျင့်) နှင့် အသိဉာဏ်ပါသောဘာသာ ဖြစ်၏။

ဇာတံ သရဏတော ဘယံ-ကိုးကွယ်ရာမှ ဘေးဖြစ်တတ်သည်-ဟူသော ဗုဒ္ဓစကားတော်အရသတ္တ၀ါများစွာတို့သည် ကိုးကွယ်မှား၍ ဘေးဒုက္ခများစွာ ရောက်ခဲ့
ကြသည်။ ရောက်နေကြသည်။ ရောက်ကြလိမ့်ဦးမည်။ သတ္တ၀ါများစွာတို့သည် စည်းစိမ်ချမ်းသာ အဖြာဖြာကို လိုလားတောင့်တ သောကြောင့်လည်း ကိုးကွယ်ရာရှာကြသည်။

ဘေးအန္တရာယ်တခုခုဖြင့် ခြိမ်းခြောက်ခံရသော ကြောင့်လည်း ကိုးကွယ်ရာ
ရှာကြသည်။ ကိုးကွယ်ရာ ရသောအခါ ထိုကိုးကွယ်ရာက ချမ်းသာစည်းစိမ်
အမျိုးမျိုးကို ပေးလိမ့်မည်ဟူ၍လည်း ယုံကြည်ကြသည်။ ဘေးအန္တရာယ်ကို
ကာကွယ်ပေးလိမ့်မည်ဟူ၍လည်း ယုံကြည်ကြသည်။

သစ်သီးစားချင်သူသည် သစ်ပင်ပေါ်မတက်ဘဲ သစ်ပင်အောက်က ထိုင်၍ သစ်ပင်ကို
ရှိခိုးဆုတောင်းခြင်းဖြင့် သစ်သီး မစားရပေ။ သစ်ပင်ပေါ်တက်မှ သစ်သီးစားရမည်
ဖြစ်၏။

ဒီဘက်ကမ်းမှ မြစ်ကို ဖြတ်၍ ဟိုဘက်ကမ်း သွားလိုသူသည် လှေရှာ၍ ခပ်မြန်မြန်
ကူးရမည်သာ ဖြစ်၏။ ဟိုဘက်ကမ်းသည် ငါ့ဆီလာပါစေ ဟု ဆုတောင်းနေရုံဖြင့်
ဟိုဘက်ကမ်း မရောက်ပေ။ ရောဂါ အနာ စွဲကပ်သူသည် ဆရာဝန်ကို ရှိခိုးရုံဖြင့်
အနာရောဂါ မပျောက်ပေ။ ဆရာဝန် ညွှန်ကြားသည့် ဆေးကို သောက်ရမည်သာဖြစ်၏။
ဆရာဝန် တားမြစ်သည်ကို လိုက်နာရမည်သာ ဖြစ်၏။

သို့မှ အနာရောဂါ ပျောက်ပေမည်။ သစ်သီးစားချင်လျက် သစ်ပင်ပေါ် မတက်ဘဲ သစ်ပင် ရှိခိုးနေသလို-ဟိုဘက်ကမ်း သွားချင်လျက် လှေရှာ၍ မကူးဘဲ မြစ်ကြီးကို ရှိခိုးနေသလို-အနာရောဂါ ပျောက်လိုလျက် ဆေးမသောက်ချင်ဘဲ ဆရာဝန်ကို ရှိခိုးနေသလို
ဆင်းရဲဒုက္ခအပေါင်းမှ လွတ်မြောက်၍ ချမ်းသာသုခများစွာကို လိုလားကြကုန်သော
သတ္တ၀ါတို့သည် ကိုးကွယ်ရာ အမှန်ကို မရကြသည့်အတွက် ချမ်းသာသုခ မရသည့်အပြင် ပို၍ပင် ဆင်းရဲဒုက္ခရောက်နေကြသည်။

ကိုးကွယ်ရာအမှန်ကား အကျင့်တရား (စရဏ) ပင် ဖြစ်၏။
သစ်သီးစားချင်သူသည် သစ်ပင်ပေါ်တက်ရမည်သာ ဖြစ်၏။
ဟိုဘက်ကမ်း ရောက်လိုလျှင် လှေရှာ၍ ကူးရမည်သာ ဖြစ်၏။
အနာရောဂါ ပျောက်လိုလျှင် ဆေးသောက်ရမည်သာ ဖြစ်၏။

ထိုနည်းတူစွာ ဆင်းရဲလွတ်လိုလျှင် မကောင်းကျင့်ကို ရှောင်ရမည်။
ချမ်းသာရလိုလျှင် အကောင်းကျင့်ကို ကျင့်ရမည် ဖြစ်၏။
မိမိအကျင့်မကောင်းလို့ မိမိဆင်းရဲတာ၊ မိမိအကျင့်ကောင်းလို့ မိမိချမ်းသာတာ
ထင်ရှားပါသည်။

ဒုစရိုက်ဟူသည် အပြစ်လည်း သင့်၏။ ဒုက္ခလည်း ပေးတတ်သည်။ သုစရိုက်ဟူသည်
အပြစ်လည်း ကင်း၏။ သုခကိုလည်း ပေးတတ်သည်။ သို့ဖြစ်၍ ချမ်းသာရလိုလျှင်
သုစရိုက်ကို ကျင့်သုံးရမည်သာ ဖြစ်၏။ ဆင်းရဲကင်းလိုလျှင် ဒုစရိုက်ကို
ရှောင်ရှားရုံသာဖြစ်၏။

တရားကျင့်သူကို တရားက ပြန်၍ စောင့်ရှောက်ပါသည်။ (ဓမ္မော ဟဝေ ရက္ခတိ ဓမ္မစာရီ ) ထို့ကြောင့် ကိုးကွယ်ခြင်းဟူသည် ကျင့်သုံးခြင်းပင် ဖြစ်၏။ ကျင့်သုံးရာ၌လည်း ယုံကြည်မှုနှင့် အသိဉာဏ် (သဒ္ဓါနှင့်ပညာ) ညီညွတ်စွာ ပေါင်းစပ်၍ သတိဖြင့် ကျင့်သုံးရပါသည်။ ဤကျင့်သုံးခြင်းဖြင့် ဒုက္ခနှင့်ဒုက္ခဖြစ်ခြင်းအကြောင်း ရင်းကိုလည်းသိရမည်။ သုခနှင့်သုခ ၏ အကြောင်းရင်းကိုလည်း သိရမည်။

ကျင့်ကြံမှုနှင့် အမှန်တရား
ဤအမှန်တရား လေးပါးကို သိစေသော အကျင့်မျိုးကို ဗုဒ္ဓ၀ါဒ ခေါ်သည်။
ဗုဒ္ဓ၀ါဒသည် ယုံကြည်မှုကိုသာ ဦးစားပေး၍ အသိဉာဏ် မပါသော (Religion)
မျိုးလည်း မဟုတ်။ အသိဉာဏ်ကိုသာ ဦးစားပေး၍ ယုံကြည်မှုမပါသော (Philosophy)
မျိုးလည်း မဟုတ်ပေ။ စရဏ ခေါ် ကိုယ်တိုင်ကျင့်ရသည့် အကျင့်တရားကတော့
Religion နှင့် Philosophy နှစ်မျိုးစလုံးမှာ မရှိပေ။ ဗုဒ္ဓ၀ါဒ မှာ စရဏ(အကျင့်) က ပဓာနဖြစ် သောကြောင့်ကိုယ့်ကိုယ်ကို အားကိုးရသော ၀ါဒဖြစ်၏။ လူဖြစ်ဖို့ ခက်၏။ သဒ္ဓါနှင့်ပညာ ပြည့်စုံသော လူ ဖြစ်ဖို့ ပို၍ခက်၏။
  
ထိုထက် ပို၍ ခက်သည်ကား စရဏ (အကျင့်)ဖြစ်၏။ သစ္စာသိဖို့ကား အခက်ဆုံးဖြစ်၏။
သစ္စာမသိသောကြောင့် ချမ်းသာမရ၊ ဆင်းရဲနေကြရ၏။ 

ဗုဒ္ဓ၀ါဒသည် ဘာကို အခြေခံသလဲ

ယနေ့ကမ္ဘာလောကမှာ Religion ဆိုသော စကားကို လူတိုင်းသုံးစွဲပြောဆိုနေကြပါ
တယ်။ သူတို့ပြောနေတဲ့ အဓိပ္ပါယ်က လူသားတွေ ကိုးကွယ်တဲ့ ဘာသာတရားအားလုံး Religion လို့ ဆိုနေကြတာပါပဲ။ အများပြောကြတဲ့အတိုင်းဆိုရင် ဗုဒ္ဓ၀ါဒလည်း Religion အထဲ ပါဝင်နေပါလိမ့်မယ်။ ဗုဒ္ဓ၀ါဒကို Religion မဟုတ်ဘူးလို့ဆိုချင်ပါတယ်။ ပြီးတော့
ယုံကြည်မှု၊ မျှော်လင့်တောင့်တမှုထားပြီး ကိုးကွယ်နေရတဲ့ စနစ်မျိုးလည်း မဟုတ်ဘူးလို့ ဆိုချင်ပါတယ်။  

ဗုဒ္ဓ၀ါဒသည် တစုံတယောက်သော တန်ခိုးရှင်ကို ယုံကြည်ပြီး မှီခိုနေရတဲ့ ၀ါဒမျိုး မဟုတ်ပါဘူး။ အသိဉာဏ်နှင့် အကျင့် မပါတဲ့ ယုံကြည်မှု (သဒ္ဓါ) မျိုးကို ဗုဒ္ဓ၀ါဒက
လက်မခံလိုပါဘူး။ ယုံကြည်မှု (သဒ္ဓါ) ဆိုတာဟာ အသိဉာဏ်ပေါ်မှာ အခြေခံရပါတယ်။
အသိဉာဏ်ပေါ်မှာ အခြေခံမှ ယုံကြည်မှု (သဒ္ဓါ) ဟာ အကျင့်တရားပါတယ်။
အကျင့်တရားပါမှ ချမ်းသာစစ်၊ ချမ်းသာမှန်ကို ရနိုင်ပါတယ်။


ဗုဒ္ဓက ဝက္ကလိသုတ်မှာ ‘အို ဝက္ကလိ၊ တရားကိုမြင်သော သူသည် ငါဘုရားကိုမြင်၏။ ငါဘုရားကိုမြင်သော သူသည် တရားကိုမြင်၏။’ လို့ ဟောကြားထားပါတယ်။
ဗုဒ္ဓရဲ့ အဆင်းတော်၊ အသံတော်၊ ဘုန်းတော်၊ တန်ခိုးတော်၊ ဉာဏ်တော်တွေကို အလွန်
အမင်း ကြည်ညိုပြီး ဗုဒ္ဓအနားက မခွာနိုင်အောင် ဖြစ်နေတဲ့ ဝက္ကလိ ရဟန်းတော်ကို ဗုဒ္ဓက-

အို-ဝက္ကလိ၊ ငါ၏ ပူတိကာယ (အပုပ်ပြည့်တဲ့ကိုယ်ကြီး) ကို ကြည်ညို၍နေခြင်းဟာ
ဘာအကျိုး ရှိမည်နည်း။ သွားလော့၊ ကျင့်လော့-ဟု နှင်ထုတ်ခဲ့ဖူးပါတယ်။ ဝက္ကလိ ရဟန်း
ကို နှင်ထုတ်တာဟာ သဒ္ဓါ သာရှိပြီး ပညာနှင့် အကျင့်ကို အသုံးမချလို့ ဖြစ်ပါတယ်။

ဗုဒ္ဓကို ဘယ်လို ယုံကြည်အားကိုးသလဲ
ဗုဒ္ဓ၀ါဒမှာ သဒ္ဓါကို လက်မခံဘူးတော့ မဟုတ်ပါဘူး။ သဒ္ဓါကို အရေးကြီးတဲ့ သဘာဝတရားတစ်ခု အနေနဲ့ လက်ခံပါတယ်။ ဥပမာ-အနာရောဂါ ရနေတဲ့ လူမမာဟာ သူ့ကိုဆေးကုတဲ့ ဆေးဆရာရဲ့ အရည်အချင်းကို ယုံကြည်ထားရသလိုပါပဲ။

ထို့ပြင် ပညာသင်နေတဲ့ ကျောင်းသား တပည့်ဟာ မိမိအား ပညာသင်ပေးနေတဲ့ ဆရာ့
အရည်အချင်းနှင့် မေတ္တာ၊ ကရုဏာကို ယုံကြည်ထားရသလိုပါပဲ။
ဗုဒ္ဓဘာသာဝင်တွေဟာ ဗုဒ္ဓအပေါ်မှာ ဒုက္ခအားလုံးးမှ လွတ်မြောက်ရေး လမ်းစဉ်၊
ချမ်းသာစစ် ချမ်းသာမှန် ရရှိရေး လမ်းစဉ်တွေကို ရှာဖွေပေးတဲ့
ပုဂ္ဂိုလ်အဖြစ်ဖြင့် ယုံကြည်ကြတယ်။ အားကိုးကြတယ်။

သို့သော် ယုံကြည်အားကိုးနေကြတဲ့ သတ္တ၀ါတွေရဲ့ အပြစ်တွေ၊ အညစ်အကြေးတွေ၊
ဆင်းရဲဒုက္ခတွေကို ဗုဒ္ဓက တန်ခိုးတော်နဲ့ ပယ်ဖျောက်ပေးလိမ့်မယ်၊
ချမ်းသာသုခအားလုံး ပစ်ချပေးလိမ့်မယ်၊ ချမ်းသာတဲ့ ဘုံဌာနကြီးတခုသို့
ဆွဲခေါ်ကယ်တင်သွားလိမ့်မယ် ဆိုတဲ့ မျှော်လင့်ချက်၊ ယုံကြည်ချက်တွေနဲ့
ဗုဒ္ဓကို ယုံကြည်အားကိုးနေကြတာ မဟုတ်ပါဘူး။

ဗုဒ္ဓ ဘယ်လို ညွှန်ကြားခဲ့သလဲ

ဗုဒ္ဓကလည်း-သင်တို့ရဲ့ ကျူးလွန်ထားတဲ့ အပြစ်တွေ ငါ အားလုံး
ဆေးကြောသုတ်သင်ပေးမယ်၊ အပြစ်နှင့် ဒုက္ခမှ လွတ်မြောက်စေပြီး ချမ်းသာတဲ့
ဘုံဌာနကြီးတခုသို့ ငါ ပို့ဆောင်ပေးမယ်-လို့ ဘယ်တော့မှ ဘယ်တုန်းကမှ
အာမခံချက် မပေးပါဘူး။ ဒီအာမခံချက်မျိုး ဘယ်ပုဂ္ဂိုလ်မှလည်း
မပေးနိုင်ပါဘူး။

တစုံတယောက်ရဲ့ ပြစ်မှုတွေကို ပယ်ရှားပေးနိုင်တဲ့ တန်ခိုးသတ္တိဟာ ဗုဒ္ဓမှာ
မရှိပါဘူး။ တကယ်စင်စစ်တော့ တစုံတယောက်သည် အခြားတစုံတယောက်ကို
သန့်ရှင်းအောင်လည်း လုပ်မပေးနိုင်ပါဘူး။ ညစ်နွမ်းအောင်လည်း
လုပ်မပေးနိုင်ပါဘူး။ မိမိသည်သာလျှင် မိမိကိုယ်ကို ညစ်နွမ်းစေနိုင်ပြီး
မိမိသည်ပင် မိမိ၏ သန့်ရှင်းရေးကို ဆောင်ရွက်နိုင်ပါတယ်။ တယောက်က
တယောက်ကို ကယ်တင်နိုင်ကြတာ မဟုတ်ပါဘူး။

ထို့ကြောင့် ကျောင်းဆရာ တယောက်ဟာ ကျောင်းသားတယောက်ကို သင်ကြားပြသသလိုပါပဲ။ ဗုဒ္ဓသည် ဆရာနှင့်တူစွာ ကျွန်ုပ်တို့ကို ညွှန်ကြားခဲ့ပါတယ်။
မိမိကိုယ်ကို မိမိတို့ အားကိုးကြပါ။ ကိုယ်ကျင့်ထားတဲ့ တရားကို
အားကိုးကြပါ။ ကိုယ်ကျင့်ထားတဲ့ ကိုယ်ကျင့်တရားက လွဲလို့ တခြား အားကိုးစရာ
မရှိပါဘူး-တဲ့။

လွတ်လပ်မှုအပြည့်ရှိတဲ့ ဗုဒ္ဓဘာသာ

ဗုဒ္ဓဘာသာဝင်တယောက်သည် ဗုဒ္ဓကို ကိုးကွယ်ဆည်းကပ်နေပေမယ့် စစ်ရှုံးလို့
လက်နက်ချ အရှုံးပေး၊ အညံ့ခံ လိုက်တာမျိုး မဟုတ်ပါဘူး။ ဗုဒ္ဓဘာသာဝင်တယောက်
ဖြစ်လာတာနဲ့ပဲ လွတ်လပ်စွာ တွေးတောကြံစည် စဉ်းစား ဝေဖန်ခြင်းတို့ကို
စွန့်လွှတ်ရတာမျိုး မဟုတ်ပါဘူး။ မိမိစိတ်ထဲမှာ အချုပ်အနှောင်မရှိ
လွတ်လပ်စွာ ကျင့်ကြံအားထုတ်နိုင်ပါတယ်။ ဘယ်လောက်အထိ လွတ်လပ်ပါသလဲဆိုရင်ကိုယ်ကိုယ်တိုင် ဗုဒ္ဓ ဖြစ်လာသည်အထိ မိမိရဲ့ အသိဉာဏ်များကို
ပွားများနိုင်ပါတယ်။ တို့ချဲ့နိုင်ပါတယ်။

ဗုဒ္ဓ၀ါဒရဲ့ အစကတော့ သမ္မာဒိဋ္ဌိ ပါပဲ။ သမ္မာဒိဋ္ဌိ ဆိုတာ အသိဉာဏ် မှန်ကန်ဖို့၊
အယူအဆ မှန်ကန်ဖို့ ပါပဲ။ ဒုက္ခ နှင့် ဒုက္ခအကြောင်းမှန်ကို
သိရှိနားလည်ရမယ်။ ဤအချက်တို့ကို သိရှိနားလည်ဖို့ရန် မိမိတို့၏ စိတ်၊
စေတသိက် တို့ရဲ့ စွမ်းရည်သတ္တိကို လွတ်လပ်စွာ အသုံးချဖို့ လိုအပ်ပါတယ်။
ထိုသစ္စာတရားတို့ကို ရှာဖွေပေးခဲ့တဲ့ ဗုဒ္ဓက ကောသလတိုင်း ကေသမုတ္တိရွာသား
ကာလာမ လူမျိုးတို့အား အောက်ပါအတိုင်း ဟောထားခဲ့ပါတယ်။

ဗုဒ္ဓရဲ့ စကားကြီး ၁၀-ခွန်း

ကာလာမတို့-
၁။ အဆင့်ဆင့်ပြောဆိုလာခဲ့တဲ့ ရှေးစကား ကြားရုံမျှနဲ့လဲ ၀ါဒတခု လက်မခံလိုက်နဲ့ဦး။

၂။ အစဉ်အဆက်က ကျင့်သုံးလာတဲ့ ဓလေ့ထုံးစံအားလုံးလဲ မှန်တယ်လို့ သိမ်းကျုံး
လက်မခံလိုက်နဲ့ဦး။

၃။ သူတပါး ပြောတိုင်းလဲ မစုံစမ်း မဆင်ခြင်ဘဲ လက်မခံလိုက်နဲ့ဦး။

၎။ စာနဲ့ ရေးထားတိုင်းလဲ အားလုံးမှန်ပြီလို့ လက်မခံလိုက်နဲ့ဦး။

၅။ မိမိတွေးတောကြံဆလို့ ပေါ်လာတဲ့ မိမိရဲ့ တွေးအကြံတွေအားလုံး မှန်ပြီလို့
လက်မခံလိုက်နဲ့ဦး။

၆။ မှီရာနည်းနိဿယတွေ ရှိသားပဲဆိုပြီး အဲဒီနည်းတွေကို မှန်ပြီလို့ လက်မခံလိုက်နဲ့ဦး။

၇။ မိမိအကြံအစည် အတွေးအခေါ်ကို မိမိဘာသာ အကြောင်း အထောက်အထားပေးပြီး
ခိုင်လုံလှပြီလို့ မယူလိုက်နဲ့ဦး။

၈။ မိမိကြိုတင် စဉ်းစား တွေးတော လက်ခံထားသော အယူအဆနှင့် တစုံတယောက်
ဟောပြောချက်၊ ရေးသားချက်၊ အယူအဆတို့ ကိုက်ညီပါပေတယ်ဆိုပြီး
လက်မခံလိုက်နဲ့ဦး။

၉။ ထင်ရှားကျော်ကြားပြီး လူအများ လေးစားတဲ့ပုဂ္ဂိုလ်ကြီး
ပြောတဲ့စကားပဲဆိုပြီးတော့လဲ လက်မခံလိုက်နဲ့ဦး။

၁၀။ ငါတို့ လေးစားတဲ့ ငါတို့ ဆရာ့စကားဆိုပြီးတော့လဲ အပြီးသတ် လက်မခံလိုက်ပါနဲ့ဦး။
( ကောင်းဆိုးနှစ်ဖြာ ခွဲခြားပါ )

ကာလာမတို့-
ဤတရားကား စက်ဆုပ်ဖွယ် တရားတို့ပါတကား။ ဤအကျင့်တို့ကား
မကောင်းသော အကျင့်တို့ပါတကား။ ဤအကျင့်တို့ကား သူတော်ကောင်းများ ကဲ့ရဲ့သောအကျင့်တို့ပါတကားလို့ သင်တို့ကိုယ်တိုင် ကိုယ်ပိုင်ဉာဏ်နဲ့
သိနိုင်ကြသားပဲ။

အဲဒီလို သိတဲ့အခါ အဲဒီမကောင်းတဲ့ အကျင့်တရားတွေကို ပယ်လိုက်ကြ၊
စွန့်လိုက်ကြရုံပဲပေါ့။ အဲဒီအကျင့် တစုံတခုကို ကျင့်လို့ အကျိုးမဲ့
ဖြစ်မယ်၊ ဆင်းရဲမယ်ဆိုရင် ဘာပြုလို့ ကျင့်နေရမှာလဲ ပယ်လိုက်ကြပေါ့။

ကာလာမတို့-သင်တို့သည် သင်တို့၏ ကိုယ်ပိုင်ဉာဏ်ဖြင့် ဤအကျင့်တရားတို့သည်
အပြစ်ကင်း၍ သန့်ရှင်းသော တရားများ၊ ကောင်းကျိုးချမ်းသာဖြစ်၍ ပညာရှိ
သူတော်ကောင်းများ ချီးမွမ်းသော အကျင့်တရားတွေပဲလို့ သိသောအခါ
ဒီအကျင့်တရားမျိုးကို လိုက်နာကျင့်သုံးကြပေါ့။ သင်တို့ ကိုယ်တိုင်
ကိုယ်ပိုင်ဉာဏ်နဲ့ သိနိုင်ကြသားပဲ။ ဘာပြုလို့ မျက်စိမှိတ်နေကြတာလဲ။
ကိုယ်ပိုင်ထားသော စိတ်၊ စေတသိက်တို့ရဲ့ ထက်မြက်လှစွာသော
စွမ်းရည်သတ္တိတွေကို အသုံးချလိုက်ပါ။

ဤသုတ္တန်လာ ဗုဒ္ဓ၏ မိန့်ခွန်းသံများဟာ ဘာသာရေးမှာ မျက်စိမှိတ်နေကြတဲ့
ပုဂ္ဂိုလ်တွေကို မျက်စိပွင့်စေတဲ့ စွမ်းအားတမျိုး ဖြစ်ပါတယ်။
ကိုးကွယ်ဆည်းကပ်မှု၌ တွေဝေ ငေးငိုင်နေသူတွေကို ကြည်လင်တက်ကြွလာစေတဲ့
မိန့်ခွန်းတော်များလဲ ဖြစ်ပါတယ်။


ဗုဒ္ဓ မြတ်စွာဘုရားသည် အမြင့်မြတ်ဆုံးဆရာသခင် (ဘုရား)

အလောင်းတော်`သေတကေတု´နတ်သားသည်နတ်ဗြဟ္မာများခြံရံလျှက်`နန္ဒ၀န်´ဥယျာဉ်တော်တွင်နတ်သက်စုတေပြီး` ခတ္တိယ သာကီဝင်မျိုးနွယ် ဘုရင်သုဒ္ဓေါဒနမင်းမြတ် (King Suddhodana) ၏ မိဖုရားခေါင်ကြီးတောင်ညာစံဒေ၀ီသီရိမဟာမာယာ (Queen Siri Maha Maya)´၏၀မ်းကြာတိုင်တွင်`မဟာသက္ကရာဇ်(၆၇)ခု၊၀ါဆိုလပြည့်ညသန်းခေါင်းယံ အချိန်တွင်သန္ဓေယူတော်မူပါတယ်။

ထိုသို့သန္ဓေယူတော်မူစဉ်တွင်တစ်သောင်းသောလောကဓါတ်သည်ကောင်းချီးပေး
သည့်အနေဖင့်သိမ့်သိမ့်ခါအောင်တုန်လှုပ်ပြီး၊ဘုရားအလောင်တော်တို့နောက်ဆုံး
ဘ၀ပဋိသန္ဓေတည်ယူတော်မူသည့်အခါဖြစ်ပေါ်လာမြဲဓမ္မနိယာမဓမ္မတာသဘော
အတိုင်း´ဘုရားအလောင်းတော်မြတ်ပဋိသန္ဓေတည်ယူတော်မူသည်ကို
ပညာရှိသူတော်ကောင်းများကြိုတင်သိရှိကာပြင်ဆင်နိုင်စေရန်အတွက်
အလွန်ထူးခြားဆန်းကြယ်သော ပုဗ္ဗနိမိတ်ကြီး(၃၂) ပါးတို့သည် ထင်ရှားဖြစ်တော်မူပါသည်။

ထို ပုဗ္ဗနိမိတ်ကြီး (၃၂)ပါးမှာ-
       
(၁) တစ်သောင်းသောာ စကြ၀ဋ္ဌာတိုက်တို့၌ မနှိုင်းယှဉ်နိုင်သော အလင်းရောင်ကြီး ပြန့်နှံ့ခြင်း။
       
(၂)ဘုရားအလောင်းတော်၏ဘုန်းအသရေတော်ကိုဖူးမြင်လိုကြသည့်ပမာမျက်စေ့နှစ်ကွင်းအလင်းမရခဲ့ကြသောသူတို့သည် ထိုခဏ၌ မျက်စေ့အလင်းပြန်လည်၍မြင်ရခြင်း။
               
(၃)နားမကြားရသော သူတို့သည် နားပင်းပျောက်ကာ အသံကိုကြားရခြင်း။
       
(၄) , သော စကားမပြောနိုင်သော သူတို့သည် ထိုခဏ၌ အ အ,ပျောက်ကာ
စကားပြောနိုင်ကြခြင်း။
       
(၅) ကုန်း-ကွ- ကောက်-ခွင်သော သူတို့သည် ထိုခဏ၌ ဖြောင့်မတ်သော ကိုယ်ရှိကြခြင်း။
       
(၆) ခြေဆွံ့ ခြေခွင်၍ မသွားနိုင်သော သူတို့သည် ထိုခဏတွင် ခြေခွင်၊ခြေဆွံ့ပျောက်ကာ
သွာလာနိုင်ကြခြင်း။
       
(၇) လက်ထိပ်၊ သံခြေချင်းစသည့်အနှောင်အဖွဲ့များ ခံကြရကုန်သော သူတို့သည်လည်း
ထိုခဏ၌ အချုပ်၊ ထောင်၊ နှောင်အိမ်၊ အနှောင်အဖွဲ့အားလုံးမှ ကျွတ်လွှတ်ကြခြင်း။
       
(၈) ငရဲကြီး(၈)ထပ်နှင့် အလုံးစုံသော ငရဲငယ်အပေါင်းတို့သည် ထိုခဏ၀ယ် ငရဲမီးငြိမ်း၍
ချမ်းသာစွာနေကြရခြင်း။
       
(၉) ပြိတ္တာဘုံ (ပြိတ္တာလောက)၌ ဆာလောင်ခြင်း၊ ရေမွတ်သိပ်ခြင်း ကင်းစင်၍ ၀၀လင်လင် ချမ်းသာခြင်း။
       
(၁၀) တိရိစ္ဆာန် အားလုံးတို့သည် အန္တရာယ်မရှိဘေးခပ်သိမ်းမှ ကင်းလွတ်ငြိမ်းခြင်း။
       
(၁၁) အနာရောဂါခံစားနေကြရကုန်သော သတ္တ၀ါအားလုံးတို့သည် ထိုရောဂါမှန်သမျှမှ
ကင်းလွတ်ပျောက်ကင်းကြခြင်း၊
       
(၁၂) သတ္တ၀ါအားလုံးတို့သည် တစ်ဦးနှင့်တစ်ဦး ချစ်ဖွယ်သောစကား၊ ချိုသာသောစကားများကိုသာ ပြောဆိုကြခြင်း။
       
(၁၃) မြင်းတို့သည် ရွှင်လန်းမြူးတူးကြကုန်လျှက် ချိုန်မြိန်သာယာသောအသံဖြင့် မြည်ဟီးကြကုန်၏။
       
(၁၄) ဆင်အပေါင်းတို့သည်လည်း ရွှင်လန်းမြူးတူးကြကုန်လျှက် ချိုမြိန်သာယာသော အသံဖြင့် မြည်ဟီးကြခြင်း။
       
(၁၅) စည်၊စောင်း၊ အစရှိသော တူရိယာပစ္စည်းတို့သည် မတီးမမှုတ်ပါပဲလျှက် သူ့အလိုလို မြည်မြဲသော အသံကို ကျူးရင့်မြည်တမ်းကြခြင်း။

(၁၆) လူတို့ဝတ်ဆင် တန်ဆာဆင်ထားသော လက်ကောက် ၊ ခြေချင်းအစရှိသော

အဆင်တန်ဆာ ဒွါရယာတို့သည် တစ်ခုနှင့်တစ်ခု မထိခိုက်မိကြပါပဲလျှက် အလိုအလျှောက် အသံမြည်ကြခြင်း။

(၁၇) အလုံးစုံသော အရပ်မျက်နှာ လဟာခပင်း ရှုမြင်ကွင်းတို့သည်
သန်းရှင်းကြည်လင်ကြခြင်း။

(၁၈) သတ္တ၀ါတို့အား အေးမြခြင်းကို ဖြစ်စေလျှက် နူးညံ့သိမ်မွေ့သော

လေပြည်လေညှင်းတို့သည် ဖြည်းညင်းသာယာတိုက်ခိုက်လာကြကုန်၏။

(၁၉) အခါမဲ့ မိုးကြီးသည် ဘေးမရှိစေပဲ ရွာသွန်းဖြိုးခြင်း

(၂၀) မဟာပထ၀ီမြေကြီးမှ ကြည်လင်အေးမြသော ရေတို့သည် အလိုလိုစိမ့်ထွက်လာကြခြင်း။

(၂၁) ငှက်အပေါင်းတို့သည် ကောင်ကင်ပြင်၌ ပျံသန်းခြင်း မပြုကြခြင်း။

(၂၂) အမြဲမပြတ် စုန်ဆင်းနေသော မြစ်ရေအလျင်တို့သည် `သခင်က ငေါက်သဖြင့်
ကြောက်ရွံ့စွာ ရပ်နားကြသည့် ကျွန်များအတိုင်း´ ဆက်လက်စီဆင်းခြင်း စုန်ဆင်းခြင်းမရှိကြပဲ ပကတိရပ်တန့် ငြိမ်သက်၍နေကြခြင်း။

(၂၃) ပကတိငန်သောအရသာရှိသော မဟာသမုဒ္ဒရာရေတို့သည် ထိုခဏ၌ ချိုမြိန်လာကြခြင်း။

(၂၄) အလုံးစုံသော အရပ်မျက်နှာတို့၌ အဆင်းသုံးဖြာရှိသော ကြာမျိုးငါးပါးတို့သည်
ပွင့်လွှားဖြန့်ကျက် ဝေဆာစွာလှပပွင့်ထွန်းကြကုန်၏။

(၂၅) ကုန်းမြေပေါ်တွင် ပေါက်ရောက်ကြကုန်သော ပန်းပင်တို့နှင့်၊ ရေအတွင်းဝယ်
ပေါက်ကြကုန်သော ပန်းပင်တို့သည် ထိုခဏ၌ တစ်ပြိုင်နက် ပွင့်ကြကုန်ခြင်း။

(၂၆) သစ်ပင်တို့၏ ပင်လုံး၊ပင်စည်တို့မှ `ခန္ဓပဒုမ´ခေါ် ပင်စည်ပန်းတို့သည် သစ်ပင်၏
ပင်စည်တို့မှ အံ့သြဖွယ်ရာ ပွင့်ကြခြင်း။

(၂၇) သစ်ပင်တို့၏ သစ်ခက်တို့သည် `သာခါ ပဒုမ´ခေါ် သစ်ပင်၏ အခက်တို့မှ ပန်းပွင့်တို့ကို အံ့သြဖွယ်ရာ ပွင့်ကြခြင်း။

(၂၈) သစ်ပင်တို့၏ အနွယ်တို့သည် `လတာပဒုမ´ ခေါ် သစ်နွယ်တို့မှ ပန်းပွင့်တို့ကို
အံ့သြဖွယ်ရာ ပွင့်ကြခြင်း။
(၂၉) သစ်ပင် နွယ်ပင်တို့၏ အရိုးတံတို့သည် `ဒဏ္ဍပဒုမ´ ခေါ်  သစ်ပင် အနွယ်တို့၏
အရိုးတံတို့မှ ပန်းတို့သည် ကုန်းမြေတခွင် ကျောက်ဖျာအပြင်တို့ကို ဖောက်ထွင်းကာ ခုနှစ်ဆင့် ခုနှစ်ဆင့်ဖြစ်၍ ပွင့်ထွန်းပေါ်ထွက်လာကြခြင်း။

(၃၀) ကောင်းကင်၌ ပဒုမ္မာကြာပန်းတို့သည် အောက်သို့ဆွဲကျခြင်း။

(၃၁)ထက်ဝန်းကျင်အရပ်မျက်နှာတို့တွင် ကောင်းကင်မှ ပန်းမိုးတို့ တဖြိုးဖြိုးရွာသွန်းကြခြင်း။

(၃၂) ထက်ကောင်းကင်၌ နတ်တို့၏ တူရိယာတို့သည် မတီးမမှုတ်ရပါပဲ အလိုအလျောက်
အသံစုံမြည်ကြခြင်း။ ဟူသော (၃၂) ပါးသော `ပုဗ္ဗနိမိတ်တော်ကြီး´တို့ကို ဖြစ်ပေါ်လာပါတယ်။ ထို ပုဗ္ဗနိမိတ်တော်ကြီး(၃၂)ပါးကို `အံ့ဖွယ်ကြီး´(၃၂)ပါးဟူ၍လည်းခေါ်ဆိုကြပါသည်။
       
အလောင်းတော်သည် ပဋိသန္ဓေနေတော်မူသည်နှင့် တပြိုင်နက် တောင်ညာစံဒေ၀ီ
`သီရိမဟာမာယာ´ Queen Siri Maha Maya မိဖုရားခေါင်ကြီးသည် ထူးဆန်းသော အိပ်မက်ကိုမြင်မက်တော်မူပါသည်။

``စတုမဟာရာဇ်နတ်မင်းကြီး လေးဦးတို့သည် အိပ်ရာသလွန်နှင့်တကွ မိမိကို ဟိမ၀န္တာတောသို့ ဆောင်ယူပြီး အင်ကြင်းပင်ကြီး၏အောက် ဆေးဒါန်းမြသီလာ ကျောက်ဖျာပေါ်တွင် ချထားကာ နတ်သမီးလေးဦးတို့က သီတာန၀ရတ် ရေစင်ဖြင့် ရေချိုးသန့်စင်ပြီး နတ်တို့၏ အမွှေးနံ့သာ နတ်တန်ဆာတို့ကို ၀တ်ဆင်ပေးတော်မူလျှက် ရွှေတောင် ထပ်ရှိရွှေဗိမာန်သို့ ဆောင်ယူ၍ အိပ်စေတော်မူပါတယ်။ ထိုအခါတွင် ဆင်ဖြူတော်ကြီးတစ်ကောင်သည် မြောက်အရပ်မှလာရောက်၍
လက်ယာရစ်လှည့်လည်ကာ မိဖုရားကြီး၏ လက်ျာနံပါးမှ ၀မ်းကြာတိုက်အတွင်းသို့
ဝင်ရောက်သွားသည်ကိုမြင်မက်တော်မူပါသည်´´

အလောင်းတော်မြတ် ပဋိသန္ဓေယူတော်မူသည်မှစ၍ မယ်တော်သည် ရာဂစသော
ကိလေသာများပြုလုပ်လိုခြင်းမရှိတော့ပဲ သီလတရားဖြင့်သာသန့်ရှင်းစင်ကြယ်စွာ
နေပါတယ်။

မဟာမာယာဒေ၀ီသည် ဘုရားအလောင်းအလောင်းတော်မြတ်ကို ပဋိသန္ဓေယူ
ကိုယ်ဝန်ဆောင်ထားရပါသော်လည်းအခြားသောကိုယ်ဝန်ဆောင်များကဲ့သို့လက်ခြေဖောရောင်ခြင်း၊အစရှိသောရောဂါ၊ကိုယ်လက်အင်္ဂါအစိပ်အပိုင်းများတစ်စုံတစ်ရာ နာကျင်ခြင်း၊ လေးလံခြင်း စသော ပင်ပန်းဆင်းရဲခြင်းမျိုးလုံးဝမရှိပဲ ပကတိအတိုင်း သက်တောင့်သက်သာ ချမ်းသာစွာနှင့် ကိုယ်ဝန်ဆောင်တော်မူပါသည်။

အလောင်တော်မြတ်၏သန္ဓေဓါတ်ရင့်ကျက်ခြင်းသို့ရောက်သောအခါတွင်မိမိ၏၀မ်းကြာတိုက်အတွင်း၌ တည်နေသော အလောင်းတော်မြတ်ကို ကြည့်ရှုသောအခါတွင် ဓမ္မကထိအရှင်မြတ်ကဲ့သို့မိခင်၏ကျောရိုးကိုနောက်မှီပြုလျက်ထက်ဝယ်ဖွဲ့ခွေတင်ပလ္လင်ခွေထိုင်နေသောအလောင်းတော်မြတ်ကို ထင်ရှားစွာ မြင်ရပါသည်။

ထို့အပြင် ဖွားမြင်တော်မူသောအခါတွင်လည်း ရပ်လျှက်သော အနေအထားဖြင့်သာ ဖွားမြင်တော်မူကြပြီး၊ အညစ်အကြေးတို့ဖြင့် ကပ်ငြိပေကျံခြင်းမရှိပဲသန့်ရှင်းစင်ကြယ်စွာ အ၀တ်အထည်အသစ်ပေါ်တွင် တင်ထားသော ပတ္တမြားရတနာကဲ့သို့တင့်တယ်စွာ
ဖွားမြင်တော်မူပါသည်။ ဥပမာဆိုရသော် တရားဟောပြီး၍ဓမ္မာသနပလ္လင်ပေါ်မှဖြည်းညှင်း
သာယာစွာကြွဆင်းလာသော ဓမ္မကထိက အရှင်မြတ်ကဲ့သို့လည်းကောင်း၊ စောင်းတန်း
လှေကားမှ ငြိမ်သက်ချမ်းသာစွာ သက်ဆင်းလာသောယောက်ျားမြတ် ကဲ့သို့လည်းကောင်း၊ ရောင်ခြည်တစ်ထောင် အလင်းဆောင်သည့် ထွန်းပြောင်ပ၀င်း သူရိန်နေမင်းသည် ရွှေတောင်ကို ဖောက်ထွင်းကာ ထွန်းလင်းလာသကဲ့လည်းကောင်း၊ ကြောက်လန့် ငိုကြွေးခြင်းမရှိပဲ သတိသမ္ပဇဉ် ပြည့်စုံစွာဖြင့်မျက်လုံးတော်ကိုဖွင့်လျှက် ခြေတော်
တို့ကိုဆန့်တန်းကာ လက်ဖ၀ါးတော်များကို ဖြန်လျှက် ငြိမ်သက် သန့်စင် ချမ်းသာစွာ ဖွားမြင်တော်မူပါသည်။

ကိုယ်ဝန်ရင့်မာ၍ ဆယ်လစေ့သောအခါတွင် မဟာမာယာဒေ၀ီသည် ဆွေတော်၊မျိုးတော်၊
ခမည်းတော်မယ်တော်တို့၏နေပြည်ဋ္ဌာနဖြစ်သော`ဒေ၀ဒဟ´သွားလိုသောဆန္ဒဖြစ်တော်မူတာကြောင့်သုဒ္ဓေါဒနမင်းကြီးအားပန်ကြားလေ၏၊မင်းကြီးသည်`ကပိလ၀တ်ပြည်မှ´ငါးယူဇနာဝေးသော`ဒေ၀ဒဟပြည်´သို့သွားရာလမ်းတစ်လျှောက်ကိုကောင်းစွာရှင်းလင်းတန်
ဆာဆင်စေကာစစ်အင်္ဂါလေးပါးခြံရံစေလျှက်ခြေရံသင်းပင်း ကိုယ်ရံတော် အဆောင်အယောင်များစွာဖြင့် ခမ်းနားစွာ ဒေ၀ဒဟပြည်သို့ ဆောင်ပို့စေတော်မူပါသည်။
       
ကပိလ၀တ်နေပြည်တော်(kapilvastu,Nepal) နှင့် ဒေ၀ဒဟနေပြည်တော် (Devadaha,Nepal) နှစ်ပြည်ထောင်တို့၏အကြားတွင်ရှိသော လုဗ္ဗိနီ ဥယျာဉ်တော်သို့ ဆိုက်ရောက်သော အခါတွင်ဘုရားအလောင်းတော်မြတ်၏ ဘုန်းသမ္ဘာန်တော်ကြောင့်အင်ကြင်းပင်အားလုံးတို့သည်ပင်ရင်းမှစ၍ အခက်အကိုင်းအဖျားတိုင်းအောင်ပင်လုံးကျွတ်ပွင့်လျှက်ရှိပါသည်။

ထိုအင်ကြင်းပွင့်တို့အကြားတွင် အရောင်အသွေမျိုးစုံးသော လိပ်ပြာ
ကျေးငှက်တို့၏ သာယာနာပျော်ဖွယ် တွန်ကျူးနေကြသည်ကို တွေ့မြင်ရလေသော်
မိဖုရားသည်ထိုအင်ကြင်းဥယျာဉ်ဝယ်နားနေတော်မူလိုသည့်ဆန္ဒဖြစ်ပြီးနားနေကြပါသည်။

မဟာမာယာဒေ၀ီမိဖုရားခေါင် Queen Siri Maha Maya သည် လုမ္ဗိနီမင်္ဂလာအင်ကြင်း
ဥယျာဉ်အတွင်း (Lumbini, Nepal) အတွင်းဝယ်လွန်စွာလှပဖြောင့်စင်း၍ တပင်လုံး
ပန်းများအတိပွင့်နေသောအင်ကြင်းပင်၏အခက်ကိုလက်ဖြင့်လှမ်းယူလိုက်သောအခါတွင် ထိုအင်ကြင်းအကိုင်းအခက်သည့် သက်ရှိသည့်အလား မိဖုရားကြီးသို့ အလိုအလှောက် အောက်သို့တွဲကျကာ ကိုင်းညွှတ်ပေးပါသည်။
       
မိဖုရားကြီးသည်ထိုအင်ကြင်းကိုင်းအားကိုင်လိုက်သည်နှင့်တပြိုင်နက်ကမ္မဇလေ လှုတ်လေ၏။ အစောင့်အရှောက်တို့သည် ချက်ခြင်းပင် တင်းလိပ်ကာရံပေးကြပါသည်။
       
မဟာမာယာဒေ၀ီသည်အင်ကြင်းခက်ကိုလက်ဖြင့်ကိုင်စဉ်မှာပင်မဟာသမုဒ္ဒရာနှင့်စကြစဠာတိုက်တစ်သောင်းလုံးထစ်ချုန်းမြည်ဟိန်းခြင်း၊နတ်ဗြဟ္မာများကောင်းချီးသြဘာပေးခြင်းနတ်ပန်းမိုးရွာချခြင်း၊အရပ်ရှက်မျက်နှာဖီလာအောက်ထက်ဟင်းလင်းပွင့်ခြင်းစသော(၃၂)ပါးသောပုဗ္ဗနိမတ်တော်များတစ်ပြိုင်နက်ဖြစ်တော်မူပြီးကောင်းကင်မှရေအယဉ်နှစ်သွယ်တို့သည် အလောင်းတော်နှင့် မယ်တော်အား ဖြန်းပက်လျှက် မဟာသက္ကရာဇ် (၆၈)ခု ကဆုန်လပြည့်နေ့ BC ၆၂၃ တွင် မြတ်စွာဘုရားအလောင်းမြတ်အား  မယ်တော်၏ ၀မ်းကြာတိုက်မှ မီးရူးသန့်စင် ဖွားမြင်တော်မူခဲ့ပါသည်။

ထိုသို့ဖွားမြင်တော်မူပြီးနောက်မဟာဗြဟ္မာကြီးလေးဦးတို့သည် ဘုရားအလောင်းတော်
မြတ်ကိုရွှေဇာကွန်ယက်ဖြင့်ခံယူတော်မူကြကုန်၏။မဟာဗြဟ္မာကြီးများထံမှမတုမဟာရဇ်
နတ်မင်းကြီးလေးဦးတို့သည်သစ်နက်ရေဖြင့်အလောင်းတော်မြတ်ကိုခံယူတော်မူကြပြန်ပြီးတစ်ဖန်ထိုနတ်မင်းကြီးလေးဦးတို့ထံမှ လူတို့သည် ဘွဲ့ဖြူပုဆိုးဖြင့် အလောင်းတော်မြတ်ကို ခံယူတော်မူကြပါသည်။

အလောင်းတော်မြတ် သည် လူတို့၏လက်မှတဆင့် ညီညာသောခြေတော်အစုံဖြင့်
မြေပြင်ပေါ်တွင်မတ်တတ်ရပ်လျှက်အရှေ့အရပ်၊အနောက်အရပ်၊စသောအရပ်ရှစ်မျက်နှာသို့ကြည့်ရှုတော်မူ၏၊ထိုသို့အလောင်းတော်မြတ်ကြည့်ရှုတော်မူရာအခါတွင်စကြာဝဠာအထက်၊အောက်ထက်၊ဘေးဘယ်၊ညာအပြင်သည် တစ်ခုနှင့်တစ်ခုခြားနားမှုမရှိပဲပကတိတစ်ဆက်တည်းကဲ့သို့ဟင်းလင်းပွင့်ကြ၍နတ်
၊ဗြဟ္မာများစွာတို့သည် အလောင်းတော်မြတ်
ကို နတ်ပန်း၊နံ့သာ စသည်တို့ဖြင့် ကြီးစွာပူဇော်ကြပါတယ်။
       
ထို့သို့အရပ်မျက်နှာများသို့ကြည်ရှုတော်မူပြီး၍အလောင်းတော်မြတ်Prince Siddhartha သည် မြောက်အရပ်သို့ မျက်နှာမူကာ ခုနှစ်ဖ၀ါးလှမ်းကြွတော်မူပြီး ခုနှစ်ဖုဝါးမြောက်တွင် ရပ်တန့်တော်မူလျှက်-


(က) အဂ္ဂေါဟမသ္မိလောကဿ      =  ငါသည် လောကတွင် အမြင့်မြတ်ဆုံးဖြစ်၏။
(ခ)ဇဋ္ဌောဟမသ္မိ လောကဿ      = ငါသည် လောကတွင် အကြီးဆုံးဖြစ်၏။
(ဂ) သေဋ္ဌောဟမသ္မိလောကဿ      = ငါသည် လောကတွင် အချီးမွမ်းအပ်ဆုံးဖြစ်၏။
(ဃ) အယမန္တိမာ ဇာတိ = ငါ့အတွက်ယခုဘ၀တွင် ပဋိသန္ဓေတည်နေရခြင်းသည် နောက်ဆုံးပဋိသန္ဓေတည်နေခြင်းဖြစ်၏။
(င) နတ္တိ ဒါနိ ပုနဗ္ဘဝေါ = ငါ့အတွက် တစ်ဖန်ဘ၀သစ်ဖြစ်ရခြင်းဟူသည်
မရှိတော့ပြီ။

("" I am chief in the world, supreme in the world, eldest in the universe. This is the last birth. There is now no more coming to be.")
ဟူ၍ ဥဒါန်းကျူးရင့်တော်မူသောအခါတွင် စကြာဝဠာတိုက်သည် အလောင်းတော်မြတ်၏
အသံတော်ဖြင့် လွှတ်ပတ်ပဲ့တင်ကြားရလေ၏။ ထို့အချိန်တွင် ဗြဟ္မာ၊နတ်လူ အပါင်းတို့သည် ကောင်ချီ မင်္ဂလာထောပါပြုကြပါသည်။
       
ကပိလ၀တ်၊ ဒေ၀ဒဟ နှစ်ပြည်ထောင်မှဆွေတော်မျိုးတော်နှင့် တိုင်းသာပြည်သူတို့သည်
အလောင်းတော်မြတ်ဖွားတော်မူရာအင်ကြင်းဥယျာဉ်တော်မှကပိလ၀တ်ရွှေနန်တော်သို့ပြန်လည်ပို့ဆောင်ကြပါတော့သည်။

ဗုဒ္ဓ မြတ်စွာဘုရား၏ ဂုဏ်တော်(၉)ပါး တွင် သတ္ထာဒေဝ မနုဿ     နံ = နတ် လူ ဗြဟ္မာ သတ္တဝါအားလုံးတို့၏ ဆရာသခင် (ဘုရား) ဖြစ်သည် (Buddha is the Teacher of the Human and Gods)...ု မိန့်ဆိုတော်မူခဲ့သည်။ ဂုဏ်တော် ပါရှိခဲ့သည်။ 

ငါသည် ဖန်ဆင်းရှင်ထာဝရဘုရား God ဖြစ်သည် ဟု မိန့်ဆိုတော်မမူခဲ့ပါ ။ ဘုရားလောင်း သိဒ္ဓတ္ထမင်းသား (ဂေါတမဗုဒ္ဓ မြတ်စွာဘုရား The Gautama Buddha) က ငါသည် နတ်(God)-ူ- ဗြဟ္မာ- သတ္တဝါ-အားလုံးတို့၏ အမြင့်မြတ်ဆုံးဆရာသခင်(ဘုရား) ဖြစ်သည်.... I am the teacher of human being and Gods (Sattha-deva-manusssanam) .. ဟု မိန့်ဆိုတော်မူခဲ့သည်။ I am chief in the world, supreme in the world, eldest in the universe ဟု မိန့်ဆိုတော်မူခဲ့သည်။


မေတ္တာ (Metta)  
မေတ္တာ (Metta) သည် ဒေါသ ကို ပယ်နှုတ်ခြင်း၊ အရာရာတိုင်း၊ လူတိုင်း အပေါ် အတိုင်း အဆမဲ့၊ အပိုင်းအခြားမဲ့၊ ခွဲခြားမှုကင်းစွာချစ်မြတ်နိုးတတ်နားလည်ခြင်း၊ ခွင့်လွှတ်ခြင်း (Forgiveness)၊ သည်းခံခြင်း (Patience or forbearing)၊ ရိုးသားခြင်း၊ မေတ္တာစိတ်ဖြင့်ပြောခြင်း၊ မေတ္တာတရား (Metta: pure love) ကိုယ်ချင်းစာတရား (Sympathy) ကို ဖြည့်ကျင့်ခြင်း။ အမှန်ကိုဆိုခြင်း၊ ယဉ်ကျေးချိုသာစွာပြောခြင်း၊ မိမိနှင့်တပါးသူ့ အကျိုးရှိသော စကားကိုဆိုခြင်း၊ အချင်းချင်း ညီ ညွတ်မှုရှိအောင် စကားဆိုခြင်း...တို့ဖြစ်သည်၊

ဗုဒ္ဓ မြတ်စွာဘုရား နှင့် ဗုဒ္ဓဘာသာ ၏ မေတ္တာတရားလမ်းစဉ် သည် ကမ္ဘာပေါ်တွင်အလွန်ကျော်ကြားလှသည်။ ဗုဒ္ဓ မြတ်စွာဘုရား နှင့် ဗုဒ္ဓဘာသာ ၏ ပါရမီဆယ်ပါး တွင် မေတ္တာပါရမီ( သူတပါးအကျိုးစီးပွါး လိုလားမှုကို ဖြည့်ကျင့်ခြင်း) ပါသည်၊ မေတ္တာဆိုသည်မှာ ဒေါသကို ပယ်နှုတ်သော မေတ္တာ တရားကိုပိုင်ဆိုင်သူ- အရာရာတိုင်း၊ လူတိုင်း အပေါ် အတိုင်း အဆမဲ့၊ အပိုင်းအခြားမဲ့၊ ခွဲခြားမှုကင်းစွာ ချစ်မြတ် နိုးတတ်သူ- မေတ္တာရှင်တို့နှင့် သက်ဆိုင်သော ခံစားချက် အတွေ့အကြုံများ ဖြစ်သည်။

ကိုယ်၊နှုတ်အမူအရာ ထိန်းသိမ်းနိုင်သောသူ၊ ဖြူစင်သူ လူကောင်းဖြစ်လာစေရန် မေတ္တာစိတ်ဖြင့်လေ့ကျင့် သွားရမည်၊ လူသားတယောက် အနေဖြင့် စိတ်နှလုံးဖြူစင် ရိုးသား ဖြောင့်မတ်သူ ဖြစ်လာစေရန် မေတ္တာ ဓမ္မ ကို ကိုယ်တိုင် လေ့လာဆည်းပူးပြီး ဓမ္မ အတိုင်း တသက်တာလုံး အချိန်မလပ် ကျင့်ကြံအားထုတ် သွားသင့်ပါသည်၊  

လောကသတ္တဝါအားလုံးတို့၏ ကောင်းကျိုးစီးပွါး ဖြစ်ရန် အားထုတ် ခြင်း၊ မိမိရပ်ရွာ၊ ဆွေမျိုးမိတ်သင်္ဂဟ တို့၏ ကောင်းကျိုးစီးပွါး ဖြစ်ရန် အား ထုတ်ခြင်း၊ ကိုယ်တိုင်၏ ကောင်းကျိုးစီးပွါး ဖြစ်အောင် အားထုတ်ခြင်း၊ မိမိကိုယ်တိုင် ကိုယ်ကျင့်တရား၊ တတ်သိပညာ နှင့် ပြည့်စုံရန် အားထုတ်ခြင်း တို့ကို အခါမလပ် ကြိုးကုတ် လုပ်ကိုင်သင့်ပါသည်၊ ဗုဒ္ဓ ဘုရားရှင်သည်(၄၅) နှစ်တာကာလပတ်လုံး (BC 588-BC 543) အချိန်မလပ် မေတ္တာတရား METTA (pure loving kindness) ကို ဟောကြားဖြန့်ဝေခဲ့သည်။ မေတ္တာ ကာယကံ၊ မေတ္တာ ဝစီကံ၊ မေတ္တာ မနောကံ ဟု(၃) မျိုး လိုအပ်ပါသည်၊


သည်းခံခြင်း(Khandi: Patience (or) forbearing)
သည်းခံခြင်း ဟူသော ခန္တီ တရားကို သူတော်ကောင်းတို့ ချီးမွမ်းလေ့ရှိပါသည်။ သည်းခံခြင်း (ခန္တီမင်္ဂလာ) ဟူသည် သိမ်မွေ့နူးညံ့သော စွမ်းအားတစ်ခုလည်းဖြစ်ပါ၏ သည်းခံခြင်း Patience (or) forbearing သည် တွင် မင်္ဂလာသုတ် တွင် ပါဝင်သည်။ ကမ္ဘာသူ ကမ္ဘာသား သတ္တဝါအားလုံးတို့အား ချမ်းသာကိုပေးတတ်သော မင်္ဂလာ တရားဖြစ်သည်။ 

သည်းခံခြင်း(Khandi) တရားသည် ကမ္ဘာ့မင်္ဂလာ တရား ဖြစ်သည်။
ဤလောက၌ အဓမ္မ မထွန်းကားအောင် ဆောင်ရွက်ဖို့ လူတိုင်း၌ တာဝန်ရှိသည်။ မြင့်မြတ်သူများ အနေနှင့် ပို၍ တာဝန်ရှိသည်။ ထို့ကြောင့် ထိုတာဝန်အရ အဓမ္မကို ချုပ်ငြိမ်းအောင် ဆောင်ရွက်နိုင်ရန် မှန်ကန်သော နည်းလမ်းကို သုံးရန်လိုသည်။ ထိုမှန်ကန်သော နည်းလမ်းမှာ သည်းခံခြင်း "ခန္တီ" ပင်ဖြစ်သည်။

သည်းခံခြင်း (ခန)္တီ ကို အလယ်ကျင့်စဉ် မဇ္ဈိမပဋိပဒါ အတိုင်း အသုံးပြုသောအခါ ယင်းနှင့် နီးသောအကြောင်း ပဒဌာန်ကို သိရန်လိုသည်။ သည်းခံခြင်း (ခန္တီ) ၏ နီးသောအကြောင်း ပဒဌာန် မှာ " မှန်မှန်ကန်ကန် သိခြင်း ယထာဘူတဥာဏ" ဖြစ်သည်။

ထို့ကြောင့် မိမိအပေါ် စော်ကားမှုများကို ယင်းနှင့်ပတ်သက်၍ အကျိုးအကြောင်း ဆင်ခြင်နိုင်သော ယထာဘူတဥာဏ်ဖြင့် ပိုင်းခြားဝေဖန်ပြီး အဒေါသဖြင့် သည်းခံမှသာ ပါရမီမြောက်သော သည်းခံခြင်း ဖြစ်သည်။

ခန္တီ ခေါ် သည်းခံခြင်း ကိုကျင့်သုံးရန်မှာ ပုတ်ခတ်ဆဲရေးခြင်း၊ ရိုက်နှက်ညှဉ်း ဆဲခြင်းတို့နှင့်ကြုံရသည့်အခါ တုံ့ပြန်ခြင်းလုံးဝမပြုဘဲ လျစ်လျူရှုခြင်းဖြစ်သည်။ ထိုသို့သောအဖြစ်မျိုးကြုံရသည့်အခါ ပြန်လည်ဖြေရှင်းခြင်းဖြင့်လည်း အကျိုးမထူးနိုင်။ သို့ဖြစ်၍ လျစ်လျူရှုသည်းခံခြင်းဖြင့် ပြဿနာကိုချုပ်ငြိမ်းစေအပ်သည်။  

ကိစ္စများမြောင် လူတို့ဘောင်၌ ထောင်သောင်းမကများလှစွာသော လူအပေါင်းတို့နှင့် ကြုံဆုံဆက်ဆံနေကြရမည် သာဖြစ်ရာ အက္ကောဓ အမျက်မထွက်ခြင်းနှင့် ခန္တီ သည်းခံခြင်းတရားနှစ်ပါးကို နေရာဌာနအလိုက် မှန်ကန်သင့်မြတ်စွာ ကျင့်သုံးခြင်းဖြင့် လောကဓံကို ရင်ဆိုင်နိုင်ကြရာသတည်း။

အမြတ်မထွက်ခြင်းနှင့် သည်းခံခြင်း 

အခါတစ်ပါး၌ဘုရားရှင်သည် ရဟန်းငါးရာခြံရံလျက် ရာဇဂြိုလ်ပြည်မှ နာဠန္ဒသို့ ခရီးရှည်ကြွတော်မူသည်။ထိုအချိန်တွင်သုပ္ပိယပရိဗိုဇ်သည်လည်း ပရိဗိုဇ်ပရိသတ်ခြံရံလျက် ဘုရားရှင်ပရိသတ်နောက်မှလိုက်ကာ ရာဇဂြိုလ်မှ နာဠန္ဒသို့ပင် ခရီးရှည်သွားလေသည်။ သုပ္ပိယပရိဗိုဇ်က “ရဟန်းဂေါတမဟာ သဗ္ဗညု (အလုံးစုံကို သိသူ) မဟုတ်ဘူး။ ကြံဆပြီး ပြောတာ ဟောတာ” စသည်ဖြင့် ကဲ့ရဲ့စွပ်စွဲစကား ပြောကြားလျက် နောက်ကလိုက်ပါလာခဲ့လေသည်။
လမ်းခုလတ် သရက်ဥယျာဉ်တွင် နေဝင်ခါနီးနားခိုကြရာ၌လည်း ဘုရားရှင်အုပ်စုကတစ်ဖက်၊ ပရိဗိုဇ်အုပ်စုက တစ်ဖက် ယှဉ်လျက်နေကြလေသည်။ သုပ္ပိယပရိဗိုဇ်သည် တစ်ညလုံးရှေးနည်းနှင့် ကဲ့ရဲ့စွပ်စွဲစကားများ ပြောဆို
 နေပြန်လေသည်။ 
 
မိုးလင်းသော် ရဟန်းများက ထိုအကြောင်းကိုပြောဆိုလျှောက်ထား ကြသည့်အခါ ဘုရားရှင်က ရဟန်းတို့၊ တစ်ပါးသောသူတို့သည် ငါ ဘုရားကိုမူလည်း ကျေးဇူးမဲ့ ကဲ့ရဲ့စကားပြောဆိုကုန်ရာ၏။ သံဃာတော်ကိုမူလည်း  ကျေးဇူးမဲ့ ကဲ့ရဲ့စကား ပြောဆိုကုန်ရာ၏။ထိုသူတို့အပေါ်သင်တို့အမြတ်မထွက်ကြကုန်နှင့်။ မဟုတ်မမှန်သည့်စကားကိုမဟုတ်မမှန်သည်အဖြစ်ဖြင့်သာလျှင် သင်ပြောသည့်ဤစကားသည် ဤအကြောင်းကြောင့်မမှန်၊ ငါတို့ဘုရားသည် ဤအကြောင်းကြောင့် အလုံးစုံကိုသိသည့် သဗ္ဗညုအစစ်သာတည်း စသည်ဖြင့် ဖြေရှင်းဖယ်ရှားကြရမည်ဟု ဟောတော် မူသည်။ (သီလက္ခန်၊ ဗြဟ္မဇာလ သုတ်)

ဤနေရာ၌ ဘုရားရှင်သည် ခန္တီပါရမီရှင်၊ ခန္တီဝါဒဖြစ်တော်မူပါလျက်သည်းခံဖို့မဟောဘဲ အမျက်မထွက်ဖို့နှင့် ဖြေရှင်းဖယ်ရှားဖို့ ဟောတော်မူခြင်းကို အထူးသတိချပ်အပ်သည်။  
သို့ဖြစ်၍ အဋ္ဌကထာဆရာက အမျက်မထွက်ဘဲ ဖြေရှင်းခြင်းနှင့် သည်းခံခြင်းတို့၏ သဘောသဘာဝကွာခြားပုံကို ရှင်းလင်းဖွင့်ဆိုခဲ့လေသည်။

ကဲ့ရဲ့စွပ်စွဲစကားပြောဆိုရာ၌ အကယ်၍ ဘာမျှပြန်မပြောဘဲ သည်းခံနေလျှင် ကဲ့ရဲ့စွပ်စွဲသည့်အတိုင်း ဟုတ်မှန်ပါသည် ဟု သံသယဖြစ်ဖွယ်ယူမှတ်နိုင်သည်။  

ထိုကြောင့် သပ္ပိယပရိဗိုဇ်၏ ကဲ့ရဲ့စွပ်စွဲပြောဆိုမှုများကို ဘုရားရှင်က သည်းခံဖို့ မဟောဘဲအမျက်မထွက်စေလျက် အကျိုးအကြောင်းပြော၍ အေးအေးဆေးဆေး  ဖြေရှင်းရန် ဟောတော်မူခြင်း ဖြစ်သည်။ ထိုသို့အမျက်မထွက်ဘဲ ကျိုးကြောင်းပြဖြေရှင်းခြင်းကို ပါဠိလို အက္ကောဓဟု ခေါ်သည်။ အမျက်ထွက်ခြင်း၊ ဒေါသထွက်ခြင်း၊ ကြမ်းတမ်းခြင်းကို ကောဓဟု ခေါ်သည်။ အမျက်မထွက်ခြင်း၊ ဒေါသမထွက်ခြင်း၊ စိတ်မဆိုးခြင်း၊ မကြမ်းတမ်းခြင်းကို အက္ကောဓဟု ခေါ်သည်။

ခန္တီ ခေါ် သည်းခံခြင်းကိုကျင့်သုံးရန်မှာ ဆဲရေးကြောင်း ဝတ္ထုဆယ်မျိုးတို့ဖြင့် ပုတ်ခတ်ဆဲရေးခြင်း၊ ရိုက်နှက်ညှဉ်း ဆဲခြင်းတို့နှင့်ကြုံရသည့်အခါ တုံ့ပြန်ခြင်းလုံးဝမပြုဘဲ လျစ်လျူရှုခြင်းဖြစ်သည်။  

ထိုသို့သောအဖြစ်မျိုးကြုံရသည့်အခါ ပြန်လည်ဖြေရှင်းခြင်းဖြင့်လည်း အကျိုးမထူးနိုင်။ သို့ဖြစ်၍ လျစ်လျူရှုသည်းခံခြင်းဖြင့် ပြဿ     နာကို ချုပ်ငြိမ်းစေအပ်သည်။ သည်းခံခြင်း သည် မင်္ဂလာတပါး ဖြစ်၏။

ကိစ္စများမြောင် လူတို့ဘောင်၌ ထောင်သောင်းမကများလှစွာသော လူအပေါင်းတို့နှင့် ကြုံဆုံဆက်ဆံနေကြရမည် သာဖြစ်ရာ အက္ကောဓ အမျက်မထွက်ခြင်းနှင့် ခန္တီ သည်းခံခြင်းတရားနှစ်ပါးကို နေရာဌာနအလိုက် မှန်ကန်သင့်မြတ်စွာ ကျင့်သုံးခြင်းဖြင့် လောကဓံကို ရင်ဆိုင်နိုင်ကြရာသတည်း။

သည်းခံခြင်း
သည်းခံခြင်း သည် မင်္ဂလာတပါး ဖြစ်၏။
တနည်းအားဖြင့်-ကြီးပွားချမ်းသာခြင်း၏ အကြောင်းတရပ် ဖြစ်သည်။ အောက်ပါပုံဝတ္ထုကို သာဓကအဖြစ် တင်ပြအပ်ပါသည်။

လွန်လေပြီးသောအခါ ဗာရာဏသီပြည်ဝယ် ကလာဗုမင်း အုပ်စိုးသည်။ ထိုတွင် ကုဋေရှစ်ဆယ် ကြွယ်ဝသော ပုဏ္ဏားလုလင်တဦးရှိသည်။ ကုဏ္ဍလ လုလင်-ဟု အမည်တွင်၏။
 
ထိုလုလင်သည် အရွယ်ရောက်ချိန်၌ ပညာသင်ယူသည်။ ပညာများ တတ်မြောက်၍ မကြာမြင့်မီပင် မိဘနှစ်ပါး ကွယ်လွန်သွားရာ သတိသံဝေဂ ရသွားသည်။ သို့ဖြင့် ပစ္စည်းအားလုံးကို လှူဒါန်းစွန့်ကြဲကာ ဟိမ၀န္တာသို့ သွား၍ ရသေ့ဝတ်လျက် နေထိုင်သည်။

တနေ့တွင် ရသေ့သည် ချဉ်ဆားမှီဝဲရန် ဗာရာဏသီပြည်သို့ ရောက်လာသည်။ စစ်သူကြီးက ကြည်ညိုသဖြင့် ရသေ့အတွက် မင်းဥယျာဉ်၌ ကျောင်းငယ်ဆောက်ပေးကာ ကိုးကွယ်ထားသည်။


တနေ့သ၌ ကလာဗုမင်းသည် အရက်သေစာ သောက်စားပြီးလျှင် ကချေသည်များ ခြံရံလျက် ဥယျာဉ်တော်သို့ သွား၍ စည်းစိမ်ခံစားသည်။ သူသည် မင်္ဂလာကျောက်ဖျာပေါ်၌ နေရာခင်းစေ၍ သူ့ချစ်သူ အမျိုးသမီးရင်ခွင်၌ ကျိန်းစက်သည်။ ကချေသည်တို့သည် သီဆိုတီးမှုတ်ကခုန်ရာမှ မင်းကြီး အိပ်ပျော်သောအခါ ဥယျာဉ်တော်သို့ လှည့်လည်ကြည့်ရှုကြသည်။

ထိုစဉ် အင်ကြင်းပင်ရင်း၌ ထိုင်လျက် တရားအာရုံပြုနေသော ရသေ့ကို မြင်ရာ ကြည်ညိုလှသဖြင့် ၀င်ရောက်ရှိခိုးကြသည်။ ဆိုဆုံးမရန် တောင်းပန်၍ တရားနာယူကြသည်။
 
အတန်ကြာသော် ကလာဗုမင်းသည် အိပ်ရာမှနိုးလာသည်။ ကချေသည်များကို မမြင်၍ သူ၏ချစ်သူကို မေးမြန်းသည်။ အမျိုးသမီးက အကျိုးအကြောင်း လျှောက်ထားသည်။ ထိုအခါ မင်းသည် ဒေါသအမျက် ခြောင်းခြောင်းထွက်သည်။ သန်လျက်ကို စွဲလျက် ရသေ့ထံ အပြေးအလွှား သွားရောက်သည်။ တရားဟောနေသော ရသေ့ကို တွေ့သောအခါ ဒေါသဖြင့် အော်ဟစ်မေးမြန်းသည်။

ရသေ့အား မည်သည့်ဝါဒကို ခံယူထားသနည်း-ဟု မေးသည်။ ရသေ့က ခန္တီဝါဒကို ခံယူထားကြောင်း ခန္တီဝါဒ ဆိုသည်မှာ မိမိကိုယ်ကို ဆဲရေးသူအား ဖြစ်စေ၊ ရိုက်ပုတ်ညှဉ်းဆဲသူအား ဖြစ်စေ အမျက်ဒေါသ မထားဘဲ သည်းခံခြင်း ဖြစ်ကြောင်း ရှင်းလင်းပြောပြသည်။

ထိုအခါ မင်းသည် ပါးကွက်အာဏာသားကို ခေါ်၍ ဆူးတပ်ထားသောကြိမ်ဖြင့် ရသေ့ကို ရိုက်နှက်စေသည်။ ရသေ့ကား မမှုပေ။ ထိုအခါ မင်းမိုက်သည် ရသေ့၏ လက်နှစ်ဖက်နှင့် ခြေနှစ်ဖက်တို့ကို ဖြတ်စေသည်။ ရသေ့ကား အမျက်မထွက်ပေ။

မင်းမိုက်သည် ရသေ့၏ နား၊ နှာခေါင်းတို့ကို ဖြတ်စေပြန်သည်။ ရသေ့ကား မမှုပေ။ သည်းခံ၍သာ နေသည်။ ထိုအခါ မင်းမိုက်သည် ရသေ့၏ ရင်ဝကို ခြေထောက်ဖြင့် ကန်ကာ ထွက်ခွာသွားလေသည်။

မကြာမီ စစ်သူကြီး ရောက်လာသည်။ ရသေ့၏ ဒဏ်ရာများကို ပြုစုပေးသည်။ အရှင်ဘုရား-အမျက်ထွက်လိုလျှင် ကျူးလွန်ပြစ်မှားသော မင်းကိုသာ အမျက်ထွက်တော်မူပါ။ ပြည်သူများကိုကား အမျက် ထွက်တော်မမူပါနှင့်-ဟူ၍ တောင်းပန်၏။

ရသေ့က -ငါသည် မည်သူ့ကိုမျှ အမျက်မထွက်ပါ။ ငါ၏ လက်၊ ခြေ၊ နား၊ နှာခေါင်းတို့ကို ဖြတ်ခဲ့သော မင်းသည် သက်တော်ရှည်ပါစေ-ဟု ဆုတောင်း၏။ သို့ရာတွင် မကောင်းမှုပြုခဲ့သော ကလာဗုမင်းသည် အပြစ်မှမလွတ် ဥယျာဉ်တံခါးဝသို့အရောက်တွင် မြေမျိုခံရပြီး အနိစ္စရောက်သွားလေသည်။

ရသေ့သည်လည်း ထိုနေ့၌ပင် လွန်တော်မူရှာသည်။ စစ်သူကြီး မင်းပရိသတ်နှင့် ပြည်သူအပေါင်းတို့သည် ရသေ့မြတ်၏ အလောင်းတော်ကို ပူဇော်၍ ရိုသေစွာ သင်္ဂြိုဟ်ကြကုန်သည်။ ရသေ့မြတ်သည် ကောင်းရာသုဂတိသို့ လားပြီးလျှင် ဘ၀များစွာ ကျင်လည်ပြီးနောက် ဂေါတမမြတ်စွာ ဘုရားအဖြစ်သို့ ရောက်တော်မူခဲ့လေသည်။

TAGS:
Myoma Myint Kywe, Myoma Myint Kywe articles 2014, Karate Myint, Buddhism, Buddha BC 623, Buddha articles 2014, Buddhism booksie, Booksie Myoma Myint Kywe,
မြို့ မ-မြင့်ကြွယ်
Metta 2014, About Metta 2014, Metta articles 2014, Metta Is Essential (Metta ist wichtig), มิวม่า มิตร จอย    เมตตา Burmese Buddhism 2014, Burmese Buddhism articles, Theravada Buddhism articles, Theravada Buddhism 2014, Theravada monks 2014, Metta in Theravada Buddhism, Buddha and Metta, Metta meditation 2014 article, What is metta in Buddhism, what is Buddhism 2014, Myint Kywe, Myint Buddhism, Myoma Myint Kywe 2014, Articles of Myoma Myint Kywe, Buddha was born in BC 623, Buddhist philosophy 2014, Buddhism logic,