ဘုရား တရား သံဃာ 釈迦,法 (仏教),僧伽
ရတနာသုံးပါးကို ယုံကြည်ဆည်းကပ်ပါ
We take Refuge in the Buddha, Dharma, and Sangha.
私は仏ダルマと山河を崇拝
Researched by- Myoma Myint Kywe
ဦးမြင့်ကြွယ် ( မြို့ မ
မြင့်ကြွယ် )
空手チーフ 先生、作家、歴史家、, ビルマ(ミャンマー)からの
ဘာသာတရားတိုင်းသည် မေတ္တာတရား၊ သည်းခံခြင်း၊
ခွင့်လွှတ်ခြင်းတို့ကို သွန်သင်လမ်းညွှန်လေ့ရှိပါသည်။ ဘာသာတရားတိုင်းသည် သူ့နည်းသူ့ဟန်နှင့်သူ လူသားအကျိုးပြု
အဆုံးအမများ ပါဝင်လေ့ရှိပါသည်။
A
lay Buddhist take refuge in Sangha
|
ဗုဒ္ဓဘာသာ စာပေများတွင် ထိုအရာများကို ဘာသာစကားအမျိုးမျိုး၊ သင်္ကေတအမျိုးမျိုး၊ စကားလုံးအမျိုးမျိုးဖြင့် ပြောဆို
ဖွင့်ဆိုခဲ့ကြ၏။
နေရာမရွေး၊ အခြေအနေ မရွေး၊ အချိန်အခါ မရွေး မှန်ကန်သော (universal truth) ဖြစ်သောကြောင့် ဗုဒ္ဓဘာသာသည် အမှန်ကန်ဆုံး၊
သိပ္ပံနည်း အကျဆုံး ဘာသာဖြစ်သည် ဟု မြန်မာ ဗုဒ္ဓဘာသာ ပညာရှင် (Buddhist
scholars) များ၊ ကမ္ဘာ့နိုင်ငံအသီးသီးရှိ သမိုင်းပညာရှင် (world historians) များက သတ်မှတ်အတည်ပြုခဲ့ကြသည်။
အထူးသဖြင့်
ဗုဒ္ဓဘာသာ၏ ကျင့်စဉ်များတွင် အမှန်တရား (真相 real truth)၊ သမထ ဝိပဿနာ အားထုတ်ခြင်း၊ (黙想 ,
ヴィパッサナー瞑想 meditation)၊ စိတ်ကို ထိန်းချုပ်ခြင်း (セルフコントロール self control)၊ စိတ်ကို စုစည်းခြင်း (右の濃度 right
concentration)၊ စိတ်ကို ပြုစုပျိုးထောင်ခြင်း (心の栽培 Mind cultivation)၊ မှန်သော သတိရှိခြင်း (右マインドフルネス right mindfulness) မိမိကိုယ်မိမိယုံကြည်ခြင်း(自信 self-confidence)၊ မေတ္တာ-ဂရုဏာတရား (愛情のこもった優しさ Loving-kindness) ၊ သည်းခံခြင်း 忍耐 (我慢) patience ၊ ခွင့်လွှတ်ခြင်း (許しforgiveness)
၊ မိမိကိုယ်မိမိအားကိုးခြင်း(自立 self reliance) ၊ အသိဉာဏ်(インテリジェンス intelligence) ၊ လက်တွေ့ကျင့်စဉ်
(実習 , 練習 practice) ၊ ဇွဲလုံ့လ (勤勉な忍耐力 diligent
perseverance) …..စသည်တို့ကို အလေးအနက်ထား၍
သွန်သင်လမ်းညွှန်ထားပါသည်။
ဗုဒ္ဓဘာသာသည်
လူတို့၏ ယဉ်ကျေးမှုတန်ဖိုးများကို
ထိန်းကျောင်းပေးလို့ ငြိမ်းချမ်းရေးနဲ့ ညီညွတ်ရေးတို့အတွက်များစွာ
အထောက်အကူပြုခဲ့သည်။ မြတ်ဗုဒ္ဓ ၏ အဆုံးအမတွေမှာ
သည်းခံခြင်း၊ မေတ္တာတရား၊စာနာစိတ်နဲ့ အနတ္တတရား ဖော်ဆောင်သည်။
ရုပ်ပိုင်းဆိုင်ရာ
လိုအပ်ချက်တွေကို သိပ္ပံနည်းပညာတို့က ဖြည့်ဆည်းပေးနိုင်ပေမယ့် စိတ်ပိုင်းဆိုင်ရာ လိုအပ်ချက် ငြိမ်းချမ်းရေး普遍的真実、真の平和と幸福 universal truth, real peace and happiness ကို မြတ်ဗုဒ္ဓ ၏ အဆုံးအမတွေကသာ ဖြည့်ဆည်းပေးနိုင်ပါသည်။ မြတ်ဗုဒ္ဓ ဟောကြားခဲ့တဲ့ ငြိမ်းချမ်းရေး၊ ညီညွတ်ရေး တရား သည်
အနှိုင်းမဲ့ မြတ်ဗုဒ္ဓ ၏ ယဉ်ကျေးမှု အမွေအနှစ်များ ဖြစ်ပါသည်။
ခန္တျာ ဘိယျော
န ၀ိဇ္ဇတိ-ခန္တီပါရမီထက် လွန်ကဲသော ပါရမီ မရှိ။
ခန္တီ ပရမံ တပေါ တိတိက္ခာ-သည်းခံခြင်းသည် မြတ်သောအကျင့်တည်း-ဟူသော ဆိုရိုးစကားများ အရ ပါရမီဆယ်ပါးတွင် သည်းခံခြင်း ခန္တီပါရမီ忍耐 (我慢) patience မှာ အခက်ခဲဆုံးနှင့် အဖြစ်နိုင်ခဲဆုံးသော တရားဖြစ်သည်။
သည်းခံခြင်း Khandi သည် အမျက်မထွက်ခြင်းဖြစ်သော်လည်း၊ လက်လျော့ အရှုံးပေးခြင်းမဟုတ်။
ရောင့်ရဲခြင်း၊ သည်းခံခြင်းတရားတို့အား မင်္ဂလာတရားများအဖြစ် မြတ်ဗုဒ္ဓ က ဟောကြားခဲ့သည်။
ဒါန စသော ပါရမီဆယ်ပါးလုံးတွင် ခန္တီပါရမီ ပါရသည်။ တနည်းအားဖြင့် ခန္တီပါရမီ သည်းခံနိုင်မှ ကျန်ပါရမီအားလုံးကို ဖြည့်ကျင့်နိုင်သည်။ ဒါန သီလစသော ပါရမီတို့တွင် ပါရမီမြောက်အောင် စိတ်ကို နှိပ်ကွပ်၊ ထိန်းသိမ်းနိုင်မှုမှာ ခန္တီဖြစ်သည်။ ကုသိုလ်အားလုံး၏ အခြေခံတရားမှာလည်း သည်းခံနိုင်မှုသာ ဖြစ်သည်။

ခန္တီပါရမီရှင်သည် မေတ္တာတရား
အားကြီးသူသာ
ဖြစ်သဖြင့် မေတ္တာရှင်လည်း ဖြစ်ပေရာ အမျက်ဒေါသ၊
အပြစ်ဟူသမျှကို
ချေဖျက်နိုင်၍ အလွန်တရာ မြင့်မြတ်လှပေသည်။ ထို့ကြောင့် ခန္တီပါရမီရှင်သည် စစ်ပွဲတကာတွင် အောင်မြင်နေကျ စစ်သူကြီး သဖွယ်ဖြစ်ကြောင်း ဆိုပေသည်။
မေတ္တာပါရမီရှင်သည် စစ်ပွဲတကာတွင် အောင်မြင်နေကျ စစ်သူကြီး သဖွယ်ဖြစ်ကြောင်း ဆိုပေသည်။
သီတဂူဆရာတော် ဒေါက်တာအရှင် ဉာဏိဿရ က ဗုဒ္ဓဘာသာသည်
ကိုးကွယ်ယုံမျှသော ဘာသာ မဟုတ်ကြောင်း၊ ယုံကြည်မှုကိုသာမက အသိဉာဏ်၊ စရဏ
အကျင့်တို့ကို စနစ်တကျ ပူးပေါင်းကျင့်ကြံရသော ဘာသာတရား၊ စစ်မှန်သော
သာသနာတော်ဖြစ်ကြောင်း မိန့်ဆိုခဲ့၏။
ဘာသာအယူဝါဒ
လက်ခံ ကျင့်သုံးမှုသည် ရိုးရိုးသားသား အမှန်အတိုင်း ပြောရလျှင် မွေးရာပါ (မိရိုးဖလာ) လက်ခံကျင့်သုံးမှုက များသည်ဟု
ဆိုနိုင်ပါသည်။ ဗုဒ္ဓဘာသာ
မိဘနှစ်ပါးက
မွေးဖွားလျှင် ဗုဒ္ဓဘာသာဝင် ဖြစ်တတ်ပြီး၊ ခရစ်ယာန် ဘာသာ မိဘနှစ်ပါးက မွေးဖွားလျှင် ခရစ်ယာန် ဘာသာ ဖြစ်တတ်ပါသည်။
ဘာသာရေး အမြင်တွင်
ယုံကြည်မှုကို
အခြေခံလေ့ရှိကြပြီး အမှားအမှန်ကို ဝေဖန် ဆန်းစစ်ရှုမြင်သည့် အလေ့ အလွန်နည်းသည်ကို တွေ့ရပါသည်။
ပါမောက္ခချုပ် ဆရာတော် ဒေါက်တာအရှင်နန္ဒမာလာဘိဝံသ က ဗုဒ္ဓ၀ါဒသည် ယုံကြည်မှုကိုသာ ဦးစားပေး၍ အသိဉာဏ် နှင့် စရဏ
ခေါ် ကိုယ်တိုင်ကျင့်ရသည့် အကျင့်တရား မပါသော (God
centered religions) မျိုးလည်း မဟုတ်ကြောင်း၊ အသိဉာဏ်ကိုသာ
ဦးစားပေး၍ ယုံကြည်မှုမပါသော (Philosophy) မျိုးလည်း မဟုတ်ကြောင်း မိန့်ဆိုခဲ့၏။
ဗုဒ္ဓ၀ါဒသည် Based on the mind
centered religion, realism, truthfulness, own-power and self reliance ကို ဦးစားပေး သည် ဟု အလေးအနက်ထား၍
မိန့်ဆိုခဲ့၏။
စရဏ ခေါ် ကိုယ်တိုင်ကျင့်ရသည့် အကျင့်တရား သည်
Religion
နှင့် Philosophy နှစ်မျိုးစလုံးမှာ
မရှိ ဟု မိန့်ဆိုခဲ့၏။ ဗုဒ္ဓ၀ါဒမှာ စရဏ
(အကျင့်) က ပဓာန
ဖြစ်ခြင်းကြောင့် ကိုယ့်ကိုယ်ကို အားကိုးရသော ၀ါဒဖြစ်သည်။
မေတ္တာတရား Metta (愛情のこもった優しさ
Loving-kindness) ၏ အခြေခံကျင့်ဝတ် (၁၅) ပါး
မေတ္တာတရားပွားများမည့် သူများသည် အခြေခံကျင့်ဝတ် (၁၅) ပါးကို လက်ကိုင်ထားကြ ရမည်ဖြစ်၏။
မေတ္တာတရားအား
ပွားများရာတွင် အလွယ်နှင့်ပြုလုပ်၍ မရ။ မေတ္တာတရား
မပွားများမီ
မေတ္တာတရားပွားများရေးအတွက် လိုအပ်သော အခြေခံများကို
ပြည့်စုံအောင်
ကျင့်သုံးရမည်ဖြစ်၏။ ယင်းအခြေခံ ကျင့်ဝတ်တို့မှာ
အောက်ပါအတိုင်း ဖြစ်ပါ၏။
(၁) စွမ်းဆောင်နိုင်ခြင်း (having strong sense of self-belief to forge a career of able person)
မေတ္တာတရားပွားများမည့်သူသည် သီလ၊ သမာဓိ၊ ပညာ အကျင့်များကို ကျင့်ရန် စွမ်းဆောင်နိုင်သူ ဖြစ်ဖို့လို၏။ သဒ္ဓါ တရားထက်သန်ရန် လို၏။ လုံ့လ၊ ၀ီရိယပြင်းထန်၍ ဇွဲရှိမှသာ မေတ္တာပွားများနိုင်၏။
(၂) ဖြောင့်မတ်ခြင်း (ability to be honest and straightforward)
မေတ္တာတရား ပွားများရန် ရိုးသားဖြောင့်မတ်ဖို့လို၏။ မရှိသော ဂုဏ်ကိုရှိဟန်ပြုသူ၊ လမ်လည်ပြောဆိုတတ်သူ၊ ကောက်ကျစ်စဉ်းလဲတတ်သူတို့သည် မေတ္တာတရားပွားများနိုင်သူများ မဟုတ်။ မေတ္တာတရား ပွားလိုပါက သာဌေယျ ခေါ် လှည့်စားမှု ကင်းရမည်။ ကာယကံနှင့် ၀စီကံ ဖြောင့်မတ်ရမည်။ သို့မဟုတ်ပါက မေတ္တာတရား ပွားများနိုင်မည် မဟုတ်ပါ။
(၃) အလွန်ဖြောင့်မတ်ခြင်း (ability to get perfect in honesty and righteousness)
မေတ္တာတရားပွားများလိုပါက ထိုသူသည် မိမိအပြစ်ကို ဖုံးကွယ်၍ အပြစ်ကင်းဟန်ဆောင်မှု (မာယာ) ကင်းရမည်ဖြစ်၏။ မနောကံ ဖြောင့်မတ်ရမည်ဖြစ်၏။ သူတစ်ပါးအား လိမ်လည်လှည့်ဖျားရန် စိတ်ဖြင့်ပင် မကြံစည်သူ ဖြစ်ရမည်ဖြစ်၏။ ထိုသို့သောသူမှသာ မေတ္တာတရားပွားများနိုင်ပါ၏။
(၄) ဆိုဆုံးမ လွယ်ခြင်း (ability of obedience to the wise’s teaching , the old’s guidance and the expert’s advice) မေတ္တာတရားပွားများလိုသည့် အခြေခံအားဖြင့် ဆရာသမား၊ မိဘ၊ အကြီးအကဲတို့၏ ဆုံးမမှု၊ ပြောဆိုမှုကို သိလွယ်၊ နားလည်လွယ်၊ တစ်သဝေမတိမ်း လိုက်နာလွယ်သူဖြစ်ရန် လို၏။ ရာဟုလာသည် အသက် (၇) နှစ် အရွယ် ရှင်သာမဏေဘ၀၌ပင် သဲပုံကိုပုံ၍ ထိုသဲပုံရှိ သဲလုံးအရေအတွက်နှင့်အမျှ အဆုံးအမများ ရပါစေဟု ဆုတောင်းတတ်၏။
(၅) နူးညံ့ခြင်း (ability of having flexibility and docility to go well with good deeds or merit works) မေတ္တာတရားပွားများမည့်သူသည် နူးညံ့သိမ်မွေ့သော စိတ်သဘောထားရှိရန်လို၏။ အဆင်မပြေသော စိတ်သဘောထား၊ ဖီလာကပ်ဖဲ့လုပ်သော စိတ်သဘောထားများ မရှိဘဲ ရွှေကို လိုသလို နန်းဆွဲ၍ ရသကဲ့သို့ လည်းကောင်း၊ အဖြားခတ်၍ ရသကဲ့သို့ လည်းကောင်း မေတ္တာထားသူ၏ စိတ်သည် နူးညံ့သိမ်မွေ့မှု ရှိရမည် ဖြစ်၏။
(၆) မာနအလွန် မကြီးခြင်း (ability of diminishing the conceit or arrogance)
မေတ္တာတရားပွားများလိုပါက အလွန်အမင်းကြီး မာနမကြီးရန် လိုအပ်၏။ ဘယ်သူ့ကိုမျှ အဖက်မတန်ဟု ယူဆကာ အလွန်အကျွံမနာကြီးမှုမျိုးကို ပယ်နိုင်ရမည်ဖြစ်၏။ ဆွေမျိုးဂုဏ်၊ ပညာဂုဏ်၊ အာဏာဂုဏ်တို့ကို အမှီပြု၍ မောက်မာစွာ ပြောဆိုမှုများ ကင်းရမည်ဖြစ်၏။ ဘ၀င်မြင့်မှု၊ မနာနထောင်လွှားမှုတို့ကို ပယ်ရမည် ဖြစ်၏။
(၇) ရောင့်ရဲလွယ်ခြင်း (ability of being content)
မေတ္တာရှင်သည် ရောင့်ရဲလွယ်ရမည့်အပြင် တင်းတိမ်လွယ်ရမည်ဖြစ်၏။ လောဘသက္ကာရမကြီးဘဲ ရောင့်ရဲ တင်းတိမ်မှုကို အမြတ်ဆုံးအရာအဖြစ် ထားရှိနိုင်သူဖြစ်ရန်လို၏။ ရသမျှ၊ တန်သမျှနှင့် ရောင့်ရဲမှုရှိရန် လို၏။
(၈) မွေးမြူပြုစုရန် လွယ်ခြင်း (ability for beingness of easily supported person or having easy livelihood)
မေတ္တာတရားပွားများလိုသူသည် အစားအသောက်၊ အနေအထိုင် ဇီဇာမကြောင်ဘဲ ကျေနပ်နိုင်သူဖြစ်ရန် လို၏။
(၉) အမှုကိစ္စ နည်းခြင်း(ability of lessening the unnecessary involvements, fuss and unworthy loads)
အမှုကိစ္စပွားများခြင်း၊ အမှုကိစ္စထူပြောခြင်းတို့ မရှိဘဲ မိမိရည်မှန်းသော အမှိုကစ္စကိုသာ စူးစိုက်လုပ်ဆောင် တတ်သောစိတ် ရှိရန်လိုအပ်၏။
(၁၀) လွယ်ကူစွာ ရွှေ့ပြောင်းသွားလာနိုင်ခြင်း (ability of having light motive in doing virtuous works)
အသုံးအဆောင်ပစ္စည်းများကို အလွယ်ရွေ့ပြောင်းနိုင်သူဖြစ်ရန်လို၏။ ဆန္ဒရှိပါက ငှက်ကဲ့သို့ ၀န်ထုပ်ဝန်ပိုးမရှိပဲ အလွယ်ပျံနိုင် သွားနိုင်သူဖြစ်ရန် လို၏။
(၁၁) ဣနြေ္နငြိမ်သက်ခြင်း (ability to conquer self-control of mind to senses or ability of keeping composure)
မေတ္တာတရားများလိုသူသည် မျက်စိ၊ နား၊ နှာခေါင်း၊ လျှာ၊ ကိုယ် ဟူသော ဣနြေ္နငါးပါးကို တည်ငြိမ်အောင် ထိန်းထားနိုင်ရမည်ဖြစ်၏။ ဣနြေ္နနှင့် သိက္ခာကို တည်ငြိမ်စွာ စောင့်ထိန်းရမည်ဖြစ်၏။
(၁၂) ဆင်ခြင်ဉာဏ် ရင့်ကျက်ခြင်း (ability of being intellectually mature with critical thinking to be prudent and wise) မေတ္တာတရားပွားများမည့် ပုဂ္ဂိုလ်သည် ကိစ္စအားလုံးကို ဆင်ခြင်တိုင်းထွာတတ်သော အသိဉာဏ်ရင့်သန်သူ ဖြစ်ရန် လိုအပ်ပါ၏။
(၁၃) ကြမ်းတမ်းရိုင်းပျမှု ကင်းရမည် (ability of abstaining the rude, impolite and impertinent behaviors)
မေတ္တာတရားသည် နူးညံ့သောအရာဖြစ်၏။ မေတ္တာတရား လက်ကိုင်ထားလိုသူသည် ကြမ်းတမ်းရိုင်းပျမှု ကင်းရန်လို၏။ ကိုယ်၊ နှုတ်၊ စိတ်၊ ရိုင်းပျမှု မရှိဘဲ ယဉ်ကျေးသိမ်မွေ့ရမည်ဖြစ်၏။ ပရိတ်သတ်အလယ်တွင် ဒူးထောင်ပေါင်ကားမထိုင်ဘဲ ပိရိသေသပ်စွာ နေတတ်ရမည်ဖြစ်၏။ ယဉ်ကျေးသော အပြုအမှု အနေအထိုင် ရှိရမည်ဖြစ်၏။
(၁၄) တွယ်တာမှု ကင်းခြင်း (ability of being emotionally detached and unbiased to relatives, friends, and associates) တစ်စုံတစ်ဦးအပေါ် တွယ်တာနေမှု၊ သံယောဇဉ် ကြီးမားနေမှုလျော့နည်းရန် လို၏။ တစ်စုံတစ်ယောက်အပေါ် တွယ်တာမှုကြီးနေပါက အများအပေါ် တွယ်တာရန် အားနည်းနေမည်ဖြစ်၏။
(၁၅) အပြစ်ကင်းစင်ရမည် (ability of self–denying not to commit bad and wicked deeds or a crime or even a slightest evil that the wise people feel disgraceful and strongly condemn.)
မေတ္တာရှင်သည် မည်မျှသေးငယ်သော အပြစ်ကိုမျှပင် မပြုလုပ်ဘဲ အပြစ်ကင်းစင်သူဖြစ်ရန် လိုအပ်ပါ၏။

ထေရ၀ါဒ ဗုဒ္ဓဘာသာ စင်စစ်သည် သစ္စာလေးပါး ကို
အခြေပြုသောတရားသာလျှင်ဖြစ်ပေသည်။ ၃၈ဖြာသော မင်္ဂလာ တရားတော် သည်
လောကီရေးရာအဖြာဖြာအတွက် အကောင်းဆုံးသော ဘ၀နေနည်း လမ်းညွှန်ဖြစ်ပေသည်။
ရွတ်ဖတ်ပူဇော်ခြင်းထက် လိုက်နာကျင့်သုံးနိုင်ပါက အဖိုးဖြတ်ခြင်းငှာ၊
တန်ဖိုးဖြတ်ရန်မထိုက်သော ဘ၀အတွက်ကျင့်စဉ်ကောင်းတစ်ခုဖြစ်ပေသည်။ ဗုဒ္ဓမြတ်စွာဘုရား၏
သစ္စာလေးပါးတရားသည် လွန်စွာထင်ရှား၏။
သစ္စာလေးပါး Four
Noble
Truths
(၁) ဒုက္ခသစ္စာ The truth of suffering.
(၂) သမုဒယသစ္စာ The truth of origin of suffering.
(၃) နိရောဓသစ္စာ The truth of
the extinction of suffering.
(၄) မဂ္ဂသစ္စာ The truth of the noble 8 fold path
leading
to the extinction of suffering.
(၁) လောကတွင် ရှိသောအရာများသည် ဒုက္ခ (ဆင်းရဲခြင်း) တွေပါလား
ဟူသော အမှန်တရား
(၂) ဒုက္ခတွေ ဖြစ်ပေါ်လာခြင်းများမှာ အကြောင်းတွေ ရှိလို့ပါလား ဟူသော အမှန်တရား
(၃) ဒုက္ခတွေ လွတ်မြောက်ရာ နိဗ္ဗာန်ဆိုတာ ရှိပါလား ဟူသော အမှန်တရား
(၄) နိဗ္ဗာန်ကို ရောက်ဖို့ရာ စောင့်ထိန်းကျင့်ကြံကြိုးစားရမယ့် အမှန်တရား ဟူသော မဂ္ဂင် ၈ ပါး အမှန်တရား နည်းစနစ် အကုန်လုံး အပြည့်အစုံ ရှိသည်။

ဤအမှန်တရား လေးပါးကို သိစေသော အကျင့်မျိုးကို ဗုဒ္ဓ၀ါဒ
ခေါ်သည်။
ဗုဒ္ဓ၀ါဒသည် ယုံကြည်မှုကိုသာ ဦးစားပေး၍ အသိဉာဏ် မပါသော (Religion)
မျိုးလည်း မဟုတ်။ အသိဉာဏ်ကိုသာ ဦးစားပေး၍ ယုံကြည်မှုမပါသော (Philosophy)
မျိုးလည်း မဟုတ်ပေ။ စရဏ ခေါ် ကိုယ်တိုင်ကျင့်ရသည့်
အကျင့်တရားသည်
Religion
နှင့် Philosophy နှစ်မျိုးစလုံးမှာ
မရှိပေ။
ဗုဒ္ဓ၀ါဒ မှာ စရဏ(အကျင့်) က ပဓာနဖြစ် သောကြောင့်ကိုယ့်ကိုယ်ကို အားကိုးရသော ၀ါဒဖြစ်၏။
လူဖြစ်ဖို့ ခက်၏။ သဒ္ဓါနှင့်ပညာ ပြည့်စုံသော လူ ဖြစ်ဖို့ ပို၍ခက်၏။
ထိုထက် ပို၍ ခက်သည်ကား စရဏ (အကျင့်) ဖြစ်၏။ သစ္စာသိဖို့ကား
အခက်ဆုံးဖြစ်၏။
သစ္စာမသိသောကြောင့် ချမ်းသာမရ၊ ဆင်းရဲနေကြရ၏။
သစ္စာမသိသောကြောင့် ချမ်းသာမရ၊ ဆင်းရဲနေကြရ၏။
ဗုဒ္ဓမြတ်စွာဘုရား၏ မဂ္ဂင် (၈) ပါး တရားသည် လွန်စွာ ထင်ရှား၏။
မဂ္ဂင် (၈) ပါး သည် မဂ္ဂသစ္စာ ပင် ဖြစ်၏။
ယနေ့ ကမ္ဘာလောကမှာ Religion ဆိုသော စကားကို လူတိုင်းသုံးစွဲပြောဆိုနေကြပါ
သည်။
သူတို့ပြောနေတဲ့ အဓိပ္ပါယ်က လူသားတွေ ကိုးကွယ်တဲ့ ဘာသာတရားအားလုံး Religion လို့ ဆိုနေကြတာပါပဲ။ အများပြောကြတဲ့အတိုင်းဆိုရင်
ဗုဒ္ဓ၀ါဒလည်း Religion
အထဲ ပါဝင်နေပါလိမ့်မယ်။ ဗုဒ္ဓ၀ါဒကို Religion မဟုတ်ဘူးလို့ဆိုချင်ပါသည်။ ပြီးတော့
ယုံကြည်မှု၊ မျှော်လင့်တောင့်တမှုထားပြီး ကိုးကွယ်နေရတဲ့
စနစ်မျိုးလည်း မဟုတ်ဘူးလို့ ဆိုချင်ပါ သည်။
ဗုဒ္ဓ၀ါဒသည် တစုံတယောက်သော တန်ခိုးရှင်ကို ယုံကြည်ပြီး
မှီခိုနေရတဲ့ ၀ါဒမျိုး မဟုတ်ပါ။ အသိဉာဏ်နှင့် အကျင့် မပါတဲ့ ယုံကြည်မှု (သဒ္ဓါ)
မျိုးကို ဗုဒ္ဓ၀ါဒက
လက်မခံလိုပါ။ ယုံကြည်မှု (သဒ္ဓါ)
ဆိုတာဟာ အသိဉာဏ်ပေါ်မှာ အခြေခံရပါသည်။
အသိဉာဏ်ပေါ်မှာ အခြေခံ ယုံကြည်မှု (သဒ္ဓါ) ဟာ အကျင့်တရားပါသည်။
အကျင့်တရားပါမှ ချမ်းသာစစ်၊ ချမ်းသာမှန်ကို ရနိုင်ပါသည်။
ဗုဒ္ဓက ဝက္ကလိသုတ်မှာ ‘အို
ဝက္ကလိ၊ တရားကိုမြင်သော သူသည် ငါဘုရားကိုမြင်၏။ ငါဘုရားကိုမြင်သော သူသည်
တရားကိုမြင်၏။’ လို့ ဟောကြားထားပါသည်။
ဘဝဆိုသော စကားလုံးကို အဓိပ္ပါယ်အမျိုးမျိုးဖွင့်ဆိုတာကို
ဖတ်ဖူး,
ကြားဖူးကြပေသည်။ တစ်ချို့ ဘဝဆိုတာ တိုက်ပွဲ၊ တချို့က
ရုန်းကန်ခြင်း၊ တချို့က ဖြည့်ဆည်းခြင်း၊ တချို့က ပေါင်းစည်းခြင်း စသည်ဖြင့်
ဖွင့်ဆိုကြပေသည်။
ဘဝကို
ပျော်ရွှင်ချမ်းမြေ့သည့် ရှုဒေါင့်မှ ကြည့်တတ်သော သူများက ဘဝဟူသည် ပျော်ရွှင်ခြင်း၊
ချမ်းမြေ့ခြင်း၊ သာယာကြည်နူးခြင်းဟု ဖွင့်ဆိုကြပေသည်။
အမှန်စင်စစ်အားဖြင့်
ဘဝဆိုသည် စကားလုံးကား ပါဠိစကားလုံးဖြစ်ပေသည်။ ရှေးမြန်မာလူမျိုးများ
အဆက်ဆက်သုံးစွဲလာရာမှ ကိုယ်ပိုင်စကားလုံးကဲ့သို့ ဖြစ်နေပေသည်။
သို့ဖြင့် ဘဝအဓိပ္ပါယ်ကို ခြုံငုံသုံးသပ် အဓိပ္ပါယ်ဖော်ပြရသော် ရုပ်၊နာမ် သဘာဝတရားတို့၏ ဖြစ်ခြင်း၊ ကြီးထွားခြင်း၊ ၎င်းရုပ်တရား နာမ်တရားတို့ ဆက်လက်ဖြစ်ပွားအောင် ရုန်းကန်ကြရခြင်း၊ လှုပ်ရှားကြရခြင်း၊ ဖြည့်ဆည်းကြရခြင်း၊ ထိုသို့ ရုန်းကန်ရင်း ဖြည့်ဆည်းရင်း ဘဝ၏ သာယာမှုလေးများကို ရှာကြံ၍ ပျော်မြူးကြရခြင်း၊ ချမ်းမြေ့ကြရခြင်းဖြစ်ပေသည်။
ဘဝကို ကြိုက်နှစ်သက်သော တဏှာဖြင့် ရုပ်နာမ် သင်္ခါရ သတ္တဝါတို့ဖြစ်ထွန်းရာ၊ ကျင်ရာလည်ရာကား၊ (၃၁) နေရာရှိပေသည်။ ထိုနေရာကို (၃၁) ဘုံ ၃၁ ဘဝဟုခေါ်ဆိုကြပေသည်။ ထို ၃၁ဘုံထဲတွင် သတ္တဝါများသည် နိုင်ငံတကာ လှည့်လည်ခရီးသွားနေသူများပမာ ဘုံတကာ လှည့်လည်၍ မမောနိုင် မပန်းနိုင်သော သံသရာ ခရီးကို မငြီးတမ်းသွားနေကြရပေသည်။
နိဗ္ဗာန် 涅槃 Nirvana ဟူသည် ပါဠိစာလုံး နိဗ္ဗာန ဟူသော ပုဒ်မှ လာသည် ။ ငြိမ်းအေးသည် ဟု ဆိုလိုသည် ။ ထို့ကြောင့် လောဘ၊ဒေါသ၊မောဟ မီးများကို ငြိမ်းသတ်နိုင်ခြင်းသည် နိဗ္ဗာန်ဖြစ်သည်။ (ရတနသုတ်တွင် တွေ့နိုင်သည်။) တဖန် နိဗ္ဗာန ဟူသော ပုဒ်သည် ပါဠိဘာသာ နိ+ ဝါန =နိ နှင့် ဝါန ကို ပေါင်းထားခြင်းဖြစ်သည် ။ နိ - မရှိ၊ လွတ်မြောက်ခြင်း ၊ ထွက်ခွာခြင်း ။ ဝါန - တဏှာ ။ နိဝါန = နိဗ္ဗာန = တဏှာမရှိခြင်း ၊ တဏှာမှ ကင်းလွတ်ခြင်း ဖြစ်သည်။
နိဗ္ဗာန် ဆိုသည်မှာ ဗုဒ္ဓဘာသာဝင်များ၏ အစွန်းစွန် ဘာသာရေးရည်မှန်းချက်ဖြစ်ပေသည်။

မဂ္ဂသစ္စာ The Noble
Eightfold Path
(The
Noble True of the Path leading to the Cessation of suffering)
မဂ္ဂသစ္စာ ဆိုသော အမှန်တရားမှာ ဒုက္ခ၏ ချုပ်ငြိမ်းရာ နိဗ္ဗာန်သို့ရောက်ကြောင်း အကျင့်ကို ဆိုလိုပါသည်။ တနည်းပြောရရင် ၃၁ ဘုံ က ထွက်မြောက်ရာ လမ်းပါပဲ။
မဂ္ဂသစ္စာ ဆိုသော အမှန်တရားမှာ ဒုက္ခ၏ ချုပ်ငြိမ်းရာ နိဗ္ဗာန်သို့ရောက်ကြောင်း အကျင့်ကို ဆိုလိုပါသည်။ တနည်းပြောရရင် ၃၁ ဘုံ က ထွက်မြောက်ရာ လမ်းပါပဲ။
သည်ကျင့်စဉ်မှာ ပါရှိတဲ့ မဂ္ဂင် (၈) ပါး
လမ်းရှစ်သွယ်ကတော့ -
(၁) Right
understanding - ကောင်းမွန် မှန်ကန်စွာ သိမြင်ခြင်း၊
(၂) Right
thought - ကောင်းမွန် မှန်ကန်စွာ ကြံစည်ခြင်း၊
(၃) Right
speech - ကောင်းမွန် မှန်ကန်စွာ ပြောဆိုခြင်း၊
(၄) Right
action - ကောင်းမွန် မှန်ကန်စွာ ပြုမူနေထိုင်ခြင်း၊
(၅) Right
livelihood - ကောင်းမွန် မှန်ကန်စွာ အသက်မွေးခြင်း၊
(၆) Right
effort - ကောင်းမွန် မှန်ကန်စွာ အားထုတ်ခြင်း၊
(၇) Right
mindfulness - ကောင်းမွန်မှန်ကန်စွာ သတိရှိခြင်း၊
(၈) Right
concentration - ကောင်းမွန် မှန်ကန်စွာ သမာဓိတည်ကြည်ခြင်း၊
တို့ ဖြစ်ပါသည်။ မဂ္ဂင်ရှစ်ပါး လို့လည်းခေါ်ပါသည်။
တို့ ဖြစ်ပါသည်။ မဂ္ဂင်ရှစ်ပါး လို့လည်းခေါ်ပါသည်။
ဗုဒ္ဓဘာသာ (ဗုဒ္ဓဘုရားရှင် အဆုံးအမ) နဲ့ ပတ်သက်ပြီး
ဗုဒ္ဓဘာသာ သည် ကံ-ကံ၏အကျိုးအပြစ် ကို ဟောကြားတော်မူတဲ့ ကမ္မဝါဒ၊ အကြောင်းအကျိုးကို ထောက်ပြတဲ့ ကြောင်းကျိုးဆက်စပ်မှု ဝါဒ၊ အမှားအမှန်ကို စိစစ်ဝေဘန် လက်ခံစေတဲ့ ဝိဘဇ္ဇဝါဒ ဖြစ်ပါသည်။ အစွန်းမရောက်သော အလယ်အလတ် လမ်းစဉ်ကို ကျင့်သုံးတဲ့ မဇ္ဈိမပဋိပဒါ ဝါဒ (The Way of Righteousness) ဖြစ်ပါသည်။

အရာအားလုံးမှာ အတ္တ ဆိုတာ မရှိဘဲ အစိုးမရခြင်း၊ အနတ္တ သဘောသာ ရှိတယ်ဆိုတဲ့
အနတ္တဝါဒ စသဖြင့် အမည်အမျိုးမျိုးနဲ့ ဖွင့်ဆိုပြောကြားနိုင်သော်လည်း အားလုံးကို
ခြုံပြီးပြောရမယ်ဆိုပါက ဘုရားရှင်၏ ဟောပြောပို့ချချက် အယူဝါဒဟာ
တကယ့်အမှန်တရားဖြစ်သော အမှန်တရား ဝါဒ (universal realism
and universal real TRUTH) ပင် ဖြစ်ပါသည်။
ဘုရားဟော တရား သည် အမှန်တရား အစစ်တွေပဲ ဖြစ်ပါသည်။ ဘုရားဟောလိုက်လို့ မှန်တာမဟုတ်ပါ။ အမှန်ဆုံးဖြစ်လို့ ဘုရားဟောတာပဲ ဖြစ်ပါသည်။ အမှန်ဆုံး သစ္စာတရားကိုသာ ဘုရားက ဟောကြားခြင်းဖြစ်ပါသည်။ ထိုကြောင့် ဗုဒ္ဓရဲ့အဆုံးအမဖြစ်တဲ့ ဗုဒ္ဓဘာသာကို အမှန်ဆုံးဝါဒ၊ အမှန်တရားဘာသာလို့ ဆိုခြင်းဖြစ်ပါသည်။
အဘယ်ကြောင့် ဘုရားရှင်ရဲ့ဟောကြားချက်ဟာ အမှန်တရားဝါဒ လို့ ဆိုရပါသနည်း ဟု ဆိုရင် ရုပ်နာမ်များနဲ့ တည်ဆောက်ထားသော သတ္တဝါ အားလုံးမှာ အမှန်တကယ် ဖြစ်ပျက်နေတဲ့ အရာတွေပဲ ဖြစ်နေလို့ ဖြစ်ပါသည်။ ဘုရားဟောတရားများသည် ဗုဒ္ဓဘာသာဝင်တွေ အတွက်သာမှန်ပြီး တခြားဘာသာဝင်တွေအတွက် မမှန်ဘူးဟူ၍ မရှိပါ။ နာမ်ရုပ်များနှင့် ဖွဲ့စည်းထားတဲ့ သတ္တဝါအားလုံးအတွက်၊ ပုဂ္ဂိုလ်သူငါမရွေး၊ လူမျိုးဘာသာမရွေး၊ ယောင်္ကျားမိန်းမမရွေး၊ အခြေအနေအချိန်အခါမရွေး အမြဲထာဝရ မှန်ကန်နေသော universal truth ဖြစ်သည်။

ဗုဒ္ဓဘုရားရှင်၏သစ္စာလေးပါး အမှန်တရားမှာ ဒုက္ခသစ္စာနဲ့ ပတ်သက်ပြီး ဘုရားရှင်က “ပဋိသန္ဓေနေရတာ ဒုက္ခ၊ အိုရတာဒုက္ခ၊ နာရတာ ဒုက္ခ၊ သေရတာဒုက္ခ၊ မချစ်မနှစ်သက်ဖွယ်တွေနှင့် အတူယှဉ်တွဲနေရတာ ဒုက္ခ၊ ချစ်ခင်နှစ်သက်ဖွယ်တွေနဲ့ ကွေကွင်းရတာ ဒုက္ခ၊ အလိုရှိတဲ့ အရာကို မရတာဒုက္ခ၊ အကျဉ်းအားဖြင့် လူတို့၏ ခန္ဓာကိုယ်၊ ရုပ်တရား နမ်တရား သည်ပင် ဒုက္ခ” ဟူ၍ ဖွင့်ဆိုဟောပြောပြပါသည်။
အဆိုပါ ဟောကြားချက်ကိုကြည့်ရင် ခန္ဓာရှိနေသောသူမှန်သမျှ မည်သည့်နိုင်ငံ၊
မည်သည့်လူမျိုး၊ မည်သည့်သတ္တဝါပင် ဖြစ်စေကာမူ ဒုက္ခတစ်မျိုးမျိုး ရှိနေကြမှာ အမှန်ပဲ
ဖြစ်ပါသည်။
ဒုက္ခသည် အဘယ်ကြောင့် ဖြစ်လာရမည်နည်းဟူသော အကြောင်းတရားကိုရှာကြည့်သော်အခါ
အဝိဇ္ဇာနှင့် တဏှာ ကြောင့် ဖြစ်သည်။ ထို့အပြင် တွယ်တာမှု သံယောဇဉ် သမုဒယ ကြောင့်လည်း
ဒုက္ခဖြစ်ရသည်။
ဗုဒ္ဓဘုရားရှင်က သမုဒယသစ္စာ (ဒုက္ခဖြစ်ကြောင်း အမှန်တရား) တစ်ခုအနေနဲ့
ထပ်ပြီးရှင်းတော်မူပါသည်။ သမုဒယကြောင့် ဒုက္ခဖြစ်ရသည်ဟု ဗုဒ္ဓမြတ်စွာဘုရားရှင်က ဟောကြားတော်မူခဲ့ပါသည်။
အကြောင်းရှိရင် အကျိုးရှိတတ်သလို အကြောင်းချုပ်ရင်လည်း အကျိုးချုပ်တတ်တဲ့
သဘောရှိသောကြောင့် အဆိုပါ ဒုက္ခရှိရင် ဒုက္ခချုပ်ကြောင်းလည်း ရှိမှာအမှန်ပဲ ဖြစ်ပါသည်။
ဗုဒ္ဓဘုရားရှင်က နိရောဓ လို့ခေါ်သော နိဗ္ဗာန်ကို ရရှိရန်
ဒုက္ခအပေါင်းမှ ချုပ်ငြိမ်းရန် နိရောဓ သစ္စာ ဒုက္ခချုပ်ကြောင်း အမှန်တရားကို
ဟောတော်မူခြင်း ဖြစ်ပါသည်။ ထိုကြောင့် ဒုက္ခချုပ်ရာကို သွားဖို့အတွက်
ကျင့်ကြံအားထုတ်ရမယ့် လမ်း (မှန်ကန်တဲ့ မဂ္ဂင်ရှစ်ပါး)
လမ်းစဉ်ကို ရှင်းလင်းပြသကာ မဂ္ဂသစ္စာဖြစ်တဲ့ ဆင်းရဲချုပ်ရာသို့
လျှောက်လမ်းရာ လမ်းမှန်ကို ပြသတော်မူခြင်း ဖြစ်ပါသည်။
သစ္စာလေးပါး အဖွင့်ကိုကြည့်လျှင် နတ်လူဗြဟ္မာသတ္တဝါ အားလုံးအတွက် အမှန်တရား၊ အမှန်လမ်းစဉ် ဖြစ်နေသည် ဆိုတာကို တွေ့ရပါလိမ့်မည်။ ခန္ဓာရှိနေသော သတ္တဝါမှန်သမျှ သစ္စာတရားအတိုင်း လွဲမှားခြင်းမရှိ၊ မှန်ကန်နေတဲ့အတွက် ဘုရားဟော တရားတော်၊ ဘုရားရှင်၏ အယူအဆတော်၊ မြတ်စွာဘုရား၏ တရားတော်ကို အမှန်တရားဝါဒ၊ အမှန်သစ္စာတရားဟု ဆိုခြင်းဖြစ်ပါသည်။

ဗုဒ္ဓဘာသာဝင်နှင့်ပတ်သက်ပြီး သိထားသင့်သည်များကို အနည်းငယ်ရှင်းပြလိုပါသည်။ ဗုဒ္ဓဘာသာဝင်ဆိုသည်မှာ ဗုဒ္ဓဘုရား၏ အဆုံးအမ၊ အယူဝါဒ ဟောကြားချက်များကို လက်ခံလိုက်နာ ကျင့်သုံးကြတဲ့ သူများကို ဗုဒ္ဓဘာသာဝင်လို့ ခေါ်ပါသည်။
တိတိကျကျ ပြောရမည်ဆိုရင် မည်သူ၏ ပယောဂ၊ စည်းရုံးလှုံ့ဆော်တိုက်တွန်းမှုမှ မပါဘဲ မိမိတို့ ကိုယ်တိုင် ကျေနပ်လက်ခံပြီး “ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ” - ဘုရားရှင်ကို ကိုးကွယ်ရာဟူ၍ ဆည်းကပ်ပါ၏၊ “ ဓမ္မံ သရဏံ ဂစ္ဆာမိ “ - တရားတော်ကို ကိုးကွယ်ရာဟူ၍ ဆည်းကပ်ပါ၏၊ “သံဃံ သရဏံ ဂစ္ဆာမိ “ - သံဃာတော်ကို ကိုးကွယ်ရာဟူ၍ ဆည်းကပ်ပါ၏” ဟုဆိုကာ သရဏဂုံတည်ပြီး ဗုဒ္ဓဘာသာအဖြစ် ခံယူထားကြသူတွေကို ဗုဒ္ဓဘာသာဝင်လို့ ပြောဆိုကြတာ ဖြစ်ပါသည်။
မိမိတို့ကိုယ်တိုင် ရတနာသုံးပါးကို ကိုးကွယ်ပါ၏ လို့ သရဏဂုံ ကို ခံယူဆောက်တည်ပြီး ဗုဒ္ဓဘာသာ ဖြစ်လာတဲ့ ဗုဒ္ဓဘာသာဝင်များ ဖြစ်စေ၊ မိရိုးဖလာ ဗုဒ္ဓဘာသာဝင်ဖြစ်စေ အဘယ်ကြောင့် ဘုရား၊ တရား၊ သံဃာ ရတနာသုံးပါးကို သရဏဟူ၍ ခေါ်ဆိုသနည်း၊ အဘယ်ကြောင့် ရတနာသုံးပါးသည် ကိုးကွယ်ခံထိုက်ပါသနည်းဟု တစ်စုံတစ်ယောက်က မေးမြန်းလာမည်ဆိုပါက “သတ္တဝါများ၏ ဘဝသံသရာ ခရီး ဘေးဒုက္ခမျိုးစုံတို့ကို ပယ်ဖျောက်နိုင်ပြီး၊ ငြိမ်းချမ်းမှုကို ရစေသည့် အတွက်ကြောင့် ရတနာသုံးပါးသည် သရဏ အမည်ရကြောင်း၊ ရတနာသုံးပါးကို ကိုးကွယ်ခြင်းနှင့် ပတ်သက်၍ ဗုဒ္ဓမြတ်စွာဘုရားရှင်သည် သတ္တဝါများ၏ ကြီးပွားချမ်းသာကြောင်း နည်းလမ်းကို ဖြစ်စေ၊ မကောင်းမှု ဘေးဒုက္ခများမှ ပယ်ခွါ ကြောင်း နည်းလမ်းကို ဖြစ်စေ၊ ပြသရှင်းလင်းဟောကြားတော်မူသည့်အပြင် အပြစ်ကင်းပြီး ဂုဏ်ကျေးဇူးအပေါင်းနှင့် ပြည့်စုံစေသည့်အတွက် ကိုးကွယ်ခြင်းဖြစ်ကြောင်း၊ တရားတော်သည်လည်း ကျင့်ကြံလိုက်နာသူတွေကို ဘဝသံသရာ ခရီးမှ ဆွဲထုတ်ကယ်တင်နိုင်ခြင်း၊ ကျင့်ဆဲအခိုက်နှင့် ကျင့်ပြီးနောက်မှာလည်း ဒုက္ခအပေါင်းမှ သက်သာငြိမ်းချမ်းမှုကို ဖြစ်စေခြင်းနှင့် သတ္တဝါများရဲ့ ဘေးဒုက္ခကို ပယ်ဖျောက်စေနိုင်ခြင်း စသော ဂုဏ်ကျေးဇူးများကြောင့် ကိုးကွယ်ခြင်းဖြစ်ကြောင်း၊ သံဃာတော်များသည် ကောင်းမှုကုသိုလ်ကို ကြီးကျယ်များပြားအောင် လမ်းညွှန်ဟောကြားတော်မူခြင်း၊ ဘေးဒုက္ခမျိုးစုံတို့ကို ပယ်ဖျောက်စေရုံသာမက လောကီ လောကုတ္တရာ အကျိုးစီးပွားနှစ်ဖြာ ကောင်းကျိုးဖြစ်စေခြင်း စသော ဂုဏ်ကျေးဇူးများကြောင့် ကိုးကွယ်ခြင်း ဖြစ်ကြောင်း” စသဖြင့် ရတနာသုံးပါးကို ကိုးကွယ်ရခြင်း အကြောင်းနဲ့ ပတ်သက်၍ ဤမျှလောက် သိထားဖို့ လိုပါသည်။
သရဏဂုံကို ခံယူပြီး ဗုဒ္ဓဘာသာ တစ်ယောက်ဖြစ်လာသော လူတစ်ယောက်အတွက် မှန်ကန်တဲ့အယူဝါဒ သမ္မာဒိဋ္ဌိ ရှိနေဖို့လည်း လိုပါသည်။ ဗုဒ္ဓဘာသာ တစ်ယောက်သည် ရတနာသုံးပါး၊ ကံ-ကံ၏ အကျိုးတရား၊ အကြောင်းအကျိုး ဆက်စပ်မှုနဲ့ မျက်မှောက်လောက တမလွန်လောက စတာတွေအပေါ်မှာ သံသယမရှိ အမှန်သိပြီး ယုံကြည်လက်ခံဖို့ လိုပါသည်။ သို့မှလည်း ဗုဒ္ဓဘုရား အလိုကျ မှန်ကန်သော စစ်မှန်သည့် ဗုဒ္ဓဘာသာဝင်ကောင်းတစ်ယောက် ဖြစ်နေပါလိမ့်မည်။
သရဏဂုံ ကို ခံယူထားပြီး ဗုဒ္ဓဘာသာ ဖြစ်နေသော ဗုဒ္ဓဘာသာ တစ်ယောက်သည် သရဏဂုံ တည်မြဲဖို့အရေး၊ မပျက်စီးရေးအတွက်လည်း ကြိုးစားအားထုတ်ဖို့ လိုပါသည်။
ဗုဒ္ဓစာပေများအရ သရဏဂုံ ပျက်စီးတတ်သည့် အကြောင်း (၂) မျိုး
ရှိသည်ဟု ဖတ်ရှုလေ့လာဖူးပါသည်။
၁။ လူသတ္တဝါတို့ သေဆုံးသွားသောအခါ သရဏဂုံ ပျက်ပါသည်။ ထိုကြောင့် သေသူကို သရဏဂုံ တင်သည်ဟူသော အသုံးအနှုံးနှင့် ဓလေ့ထုံးစံတို့သည် အမှန်စင်စစ် ထေရဝါဒ ဗုဒ္ဓဘာသာတွင် အကြုံးမဝင်ပါ။ မမှန်ကန်ပါ။ သေသူကို သရဏဂုံ တင်လို့လည်း မရပါ။ သေရင် သရဏဂုံသည် အလိုလိုကို ပျက်သွားပါသည်။
၂။ သက်ရှိထင်ရှားရှိပြီး သရဏဂုံကို ခံယူထားသော ဗုဒ္ဓဘာသာ တစ်ယောက်သည် ရတနာသုံးပါးထက် ပိုပြီး တစ်ခြားအယူဝါဒများကို လက်ခံယုံကြည်မည်ဆိုလျှင်ဖြစ်စေ၊ ဗုဒ္ဓဘာသာကိုပစ်ပြီး တစ်ခြားဘာသာအယူဝါဒကို လက်ခံယုံကြည်သွားမည်ဆိုလျှင်ဖြစ်စေ၊ သရဏဂုံ ပျက်သွားလိမ့်မည်ဖြစ်သည်။ သရဏံဂုဏ် ကျိုးပေါက်ပါလိမ့်မည်။ အဆိုပါအချက်သည် အသက်ရှင်နေသည့် အချိန်မှာပင် အယူအဆ လွဲမှားသွားသောကြောင့် သရဏဂုံ ပျက်စေသည့် အကြောင်း ဖြစ်ပါသည်။
တစ်ခါတလေ ဘေးဒုက္ခတစ်ခုခု၊ အကြောက်တရား တစ်ခုခုကြောင့်ဖြစ်စေ
စိတ်မပါဘဲ တစ်ခြားအယူဝါဒတွေကို လက်ခံလိုက်နာ လုပ်နေရတာတွေ ရှိတတ်ပါသည်။ သို့ရာတွင်
ကိုယ့်စိတ်က ရတနာသုံးပါးကို တကယ်ပစ်လိုတဲ့ သဘောမဟုတ်တဲ့အတွက် သရဏဂုံကတော့ မပျက်ပါ။
သရဏဂုံတော့ ညစ်နွမ်းနိုင်ပါသည်။ သင်သည် .. ဗုဒ္ဓဘာသာဝင်စစ်စစ် တစ်ယောက်
မှန်ကန်ပါသည်ဆိုပါက သရဏဂုံ မပျက်အောင် အလေးအနက် သတိပြု
ထိန်းသိမ်းစောင့်ရှောက်ရမှာ ဖြစ်ပါသည်။ သရဏံဂုံပျက်လျှင် ဗုဒ္ဓဘာသာမဟုတ်တော့ပါ။
ထိုကြောင့် ဗုဒ္ဓဘာသာဝင်တစ်ဦးသည် မြတ်ဗုဒ္ဓ၏ အဆုံးအမကိုသာ ယုံကြည်လိုက်နာဖို့သာ
လိုအပ်ပါသည်။ ဗုဒ္ဓဘာသာမှ တစ်ပါး တစ်ခြား မည်သည့် အယူဝါဒ၊ မည်သည့် ဘာသာတရားကို မဆို
လက်ခံလိုက်နာစရာ မလိုချေ။ ထိုအချက်ကိုလည်း အလေးအနက် သတိပြု
ထိန်းသိမ်းစောင့်ရှောက်ရမှာ ဖြစ်ပါသည်။ အကယ်၍
အကြောင်းကြောင်းကြောင့် သရဏံဂုံ ပျက်သွားသည်ဟု မိမိကိုမိမိ သံသယ ရှိပါက သံဃာတော် တစ်ပါးပါး၏ ရှေ့မှောက်တွင် လည်းကောင်း၊ မိမိကိုယ်တိုင် မြတ်စွာဘုရားရုပ်ပွားတော် ရှေ့မှောက်တွင် လည်းကောင်း၊ ရိုသေလေးစားစွာဖြင့် “ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ “ “ဓမ္မံ သရဏံ ဂစ္ဆာမိ” “သံဃံ သရဏံ ဂစ္ဆာမိ”
ဟူ၍ သရဏံဂုဏ် ပြန်လည်တည်ဆောက်ပါက ဗုဒ္ဓဘာသာဝင်အဖြစ်
ပြန်လည်ရောက်ရှိမည် ဖြစ်ပါမည်။
ကံ-ကံ၏အကျိုးနှင့် ပတ်သက်ပြီး ဗုဒ္ဓဘာသာတစ်ယောက်သည်
မကောင်းမှုများကိုရှောင်ပြီး To abstain from all evil , ကောင်းမှုဟူသမျှကို ဆောင်ဖို့ To do what is good လိုပါသည်။
စိတ်ကို ဖြူစင်ဖို့လည်း purification of mind အထူးလိုအပ်ပါသည်။
မကောင်းမှုဒုစရိုက်အမှုကို မလုပ်ဖြစ်အောင် ရှောင်ကြဉ်ပြီး ကောင်းမှုသုစရိုက်ကို
လုပ်နိုင်အောင် ကြိုးစားဖို့ လိုပါသည်။ မကောင်းမှု ဒုစရိုက်ကို ရှောင်ဖို့အတွက်
သီလကို ထိန်းသိမ်း စောင့်ရှောက်ရပါမည်။ အနည်းဆုံး ငါးပါးသီလကို လုံခြုံအောင်
စောင့်ထိန်းထားသော သူသည် မကောင်းမှု ဒုစရိုက်ကိုလည်း ရှောင်ကြဉ်ပြီး ဖြစ်ပါသည်။
ကောင်းမှုဆောင် ဆိုသည်မှာ ဗုဒ္ဓဘာသာများ၏ ကောင်းမှုလုပ်ခြင်း ရည်ရွယ်ချက်သည်
နောက်ဆုံးပန်းတိုင်ဖြစ်သော နိဗ္ဗာန်ကို မျက်မှောက်ပြုရေးနှင့် နိဗ္ဗာန်မရခင်
သံသရာလည်ရသည့် အခါတွင်လည်း သံသရာခရီးမှာ ချမ်းသာရေးအတွက် ဖြစ်ပါသည်။ ထိုပန်းတိုင်များကို
လှမ်းကိုင်ဖို့အတွက် နိဗ္ဗာန်ကို မျက်မှောက်ပြုဖို့ သီလကို အခြေခံသော ဘာဝနာ
အလုပ်ကို ကြိုးစားအားထုတ်ရမှာဖြစ်ပြီး နိဗ္ဗာန် မရခင် သံသရာလည်တဲ့ အခါမှာလည်း
ကောင်းရာသုဂတိ ဘဝတွေမှာဖြစ်ဖို့ သီလကုသိုလ်ကို ကောင်းမွန်စွာ ထိန်းသိမ်းပြီး
ဒါနကုသိုလ်ကိုလည်း စွမ်းနိုင်သမျှ ပြုလုပ်ကြရမှာ ဖြစ်ပါသည်။
ဗုဒ္ဓမြတ်စွာဘုရား၏ တရားတော်များကို ကိုယ်တိုင် လက်ခံ ကျင့်သုံးလိုက်နာပြီး sharing the doctrine of Buddha and values of reciprocity စွမ်းနိုင်သမျှ ပြုလုပ်ကြရမှာ ဖြစ်ပါသည်။
ဗုဒ္ဓမြတ်စွာဘုရား၏ တရားတော်များကို ကိုယ်တိုင် လက်ခံ ကျင့်သုံးလိုက်နာပြီး sharing the doctrine of Buddha and values of reciprocity စွမ်းနိုင်သမျှ ပြုလုပ်ကြရမှာ ဖြစ်ပါသည်။
မိမိကောင်းတာလုပ်လျှင်
မိမိကောင်းကျိုး ခံစားရမည်။ မိမိမကောင်းတာလုပ်လျှင် မိမိသည်သာ ဆိုးကျိုးခံစားရမည်။
မိမိတို့ လုပ်ခဲ့သော ကောင်းမှု၊ မကောင်းမှု၊ အတိတ်က ကံအတိုင်း မိမိတို့ ပစ္စုပန်တွင် မလွဲမသေ
ကောင်းမှု၊ မကောင်းမှု ခံစားရမည်။ (Kamma or karma can be put
in the simple language of the child: Do good and good will come to you, now,
and hereafter. Do bad and bad will come to you, now, and hereafter.
In
the language of the harvest, kamma can be explained in this way: if you sow
good seeds, you will reap a good harvest. If you sow bad seeds, you will reap a
bad harvest. In the language of science, kamma is called the law of cause and
effect: every cause has an effect. Another name for this is the law of moral
causation. Moral causation works in the moral realm just as the physical law of
action and reaction works in the physical realm.)
သို့ရာတွင် ယခု ပစ္စုပန်တွင် ပြုမူနေသော
ကောင်းမှု မကောင်းမှုသည် ပို၍ အရေးကြီးသည်ကို နားလည်ရမည်။ အတိတ်က ကုသိုလ်ကံ အကုသိုလ်ကံ
သည် မိမိတို့
မပိုင်သော်လည်း ပစ္စုပန် ကုသိုလ်ကံနှင့် အကုသိုလ်ကံသည် မိမိတို့၏ ပစ္စုပန် ကာလတွင်သာမက
အနာဂတ်နှင့် သံသရာအတွက်ပါ ကောင်းမှု မကောင်းမှု ဖြစ်မည်မှာ မုချ မလွဲဧကန် ဖြစ်သည်။ (In Buddhism,
only intentional actions are karmic "acts of will". In
actuality, Karma literally means "action" - often indicating
intent or cause. Accompanying this usually is a separate tenet called Vipaka,
meaning result or effect. The re-action or effect can itself also influence an
action, and in this way, the chain of causation continues ad infinitum. When
Buddhists talk about karma, they are normally referring to karma that is
'tainted' with ignorance - karma that continues to ensure that the being
remains in the everlasting cycle of samsara.
This
samsaric karma comes in two 'flavours' - good karma, which leads to high
rebirth (as a deva, asura, or human), and bad karma which leads to low rebirth
(as a hell-sufferer, as a preta, or as an animal.To understand the law of kamma
is to realize that we ourselves are responsible for our own happiness and our
own misery. We are the architects of our kamma. Buddhism explains that man has
every possibility to mould his own kamma and thereby influence the direction of
his life. On the other hand, a man is not a complete prisoner of his own
actions; he is not a slave of his kamma.
The
working of kamma can also be compared to a bank account: a person who is
virtuous, charitable and benevolent in his present life is like a person who is
adding to his good kamma. This accrued good kamma can be used by him to
ensure a trouble-free life. But he must replace what he takes or else one day
his account will be exhausted and he will be bankrupt. Then whom will he be
able to blame for his miserable state? He can blame neither others nor fate. He
alone is responsible. Thus a good Buddhist cannot be an escapist. He has to
face life as it is and not run away from it. The kammic force cannot be
controlled by inactivity. Vigorous activity for good is indispensable for one's
own happiness. Escapism is the resort of the weak, and an escapist cannot
escape the effects of the kammic law. )
တစ်ချိန်က လုပ်ခဲ့သော မကောင်းမှု အကုသိုလ်ကံ ရှိပါကလည်း ထိုမကောင်းမှု
အကုသိုလ်ကို တစ်အုံနွေးနွေး ထပ်တလဲလဲ ပြန်လည်စဉ်းစား တွေးတော ဝမ်းနည်းနေခြင်းသည် အကျိုးမရှိချေ။
သို့ရာတွင် ထိုကဲ့သို့ မကောင်းမှု အကုသိုလ်ကို ယနေ့မှသည် ဘဝတစ်သက်တာ တစ်လျှောက်လုံး
နောက်ထပ် မလုပ်အောင် ဆင်ခြင်ထိန်းသိမ်းဖို့ လိုသည်။
ထေရ၀ါဒ ဗုဒ္ဓဘာသာဝင်
စစ်စစ်ဖြစ်လိုပါက ထေရ၀ါဒ ၏ သွန်သင် ညွှန်ပြချက်များကို ကိုယ်တိုင် လက်ခံ ကျင့်သုံးလိုက်နာပြီး
အခြား ထေရ၀ါဒ
ဗုဒ္ဓဘာသာဝင် များကိုလည်း လက်ခံ ကျင့်သုံး လိုက်နာစေရန်
ကြိုးပမ်း အားထုတ်
(all
share the fundamental teachings of the Buddha as Buddhist missionary work) သာသနာပြုသင့်ပါကြောင်း တိုက်တွန်းလိုက် ရပါသည်။
မိမိတို့၏ ပစ္စုပန် မျက်မှောက်ကာလနှင့် အနာဂတ် ကောင်းစားရေးသည်
မိမိတို့သည် ကာယကံ၊ ဝစီကံ၊ မနောကံ ဖြူစင်ခြင်း၊ ကောင်းမွန်ခြင်း အပေါ်တွင်သာ မူတည်သည်။ မည်သည့် တန်ခိုးရှင်၊ ဖန်ဆင်းရှင်၊ တစ်စုံတစ်ယောက်၏ ကောင်းချီးမင်္ဂလာအပေါ် မူမတည်ပါ။
တန်ခိုးရှင်၊ ဖန်ဆင်းရှင် (God and redeemer) တို့ကို ယုံကြည်စရာမလိုကြောင်း အားကိုးစရာမလိုကြောင်း တိတိကျကျ နားလည်ထားဖို့
လိုပါသည်။
ဗုဒ္ဓဘာသာ တစ်ယောက်သည် မိမိကို
မိမိ ယုံကြည်အားကိုးခြင်း we must confidence and reliance in ourselves ၊ ဗုဒ္ဓမြတ်စွာဘုရားကို
ယုံကြည်အားကိုးခြင်း we must
believe in Buddha ၊ ဗုဒ္ဓမြတ်စွာဘုရား၏ တရားတော်များကို ယုံကြည်အားကိုးခြင်း we must
believe in teachings of Buddha ၊ ဗုဒ္ဓဘုရား၏ သားတော်ဖြစ်ကြသော သံဃာတော်အရှင်သူမြတ်များကို
ယုံကြည်အားကိုးခြင်း we must believe in Sangha ၊ သစ္စာလေးပါး၊ မဂ္ဂင်ရှင်ပါး၊ တရားတော်များကို
လက်တွေ့ ကျင့်ကြံမှု we must strive to follow the Noble Eightfold Path and
the Four Noble Truths သည် လွန်စွာမှ အရေးကြီးလှသည်။ အဓိက ပဓါန ဖြစ်သည်။ ဤသည်မှာ ဗုဒ္ဓဘာသာဝင်၏ မဟာတာဝန်ကြီးပင် ဖြစ်ပေတော့သည်။
http://www.mmbookcity.com/2013/12/blog-post_1699.html