Pages

ဗုဒ္ဓ မြတ်စွာဘုရား နှင့် ဗုဒ္ဓဘာသာ The Buddha (BC 623- BC 543) အပိုင်း (၆) by- မြို့ မ မြင့်ကြွယ် Myoma Myint Kywe

The Buddha (BC 623- BC 543)
ဗုဒ္ဓ မြတ်စွာဘုရား နှင့် ဗုဒ္ဓဘာသာ

အပိုင်း () Part 6


Researched by- Myoma Myint Kywe
မြို့ မ မြင့်ကြွယ်
 
ဗုဒ္ဓဘာသာ၏ တရားတော် တရားဂုဏ်တော် ၆-ပါး တို့သည် ကမ္ဘာပေါ်တွင်လက်တွေ့သဘာဝကျ အလွန်ကျော်ကြားလှသည်။ မှန်ကန်ကျော်ကြားလှသည်။ တရားဂုဏ်တော် ၂-၃-၄ သည် လက်တွေ့သဘာဝကျ သည့်သိပ္ပံနည်းကျ တရားဂုဏ်တော်များ ဖြစ်ကြောင်း ကမ္ဘာ့သိပ္ပံပညာရှင်တို့မှတ်ချက် ပြုကြသည်။

၂။ သန္ဒိဌိက ဂုဏ်တော် ကိုယ်တိုင်ကျင့်လျှင် ကိုယ်တိုင်သိနိုင်သော "Sanditthiko " (meaning literally " self-realized " and Self-evident; immediately apparent; visible here and now ) တရားဖြစ်ခြင်းဂုဏ်။
၃။ အကာလိက ဂုဏ်တော် အခါမလပ် အကျိုးပေးခြင်း၊ "Akaliko " (meaning literally " followed by fruit without delay (of good immediate results ; immediately effective ; true in all three times (past, present and future)) ") တရားဖြစ်ခြင်းဂုဏ်။ မဂ်ရလျှင် ဖိုလ်ချက်ချင်း ဖြစ်ခြင်းဂုဏ်။
၎။ ဧဟိပဿိ     က  ဂုဏ်တော် 'လာပါ၊ ကျင့်စမ်းပါ' "ehipassiko" (meaning literally "come and see") ဟု ရဲရဲဝံဝံ ဖိတ်ခေါ်ထိုက်ခြင်း၊ အစမ်းသပ်ခံနိုင်ခြင်း(verification of the Dhamma) ဂုဏ်။ (Buddhism recognises no creeds whose uncritical acceptance is expected of its followers. Instead the Buddha enunciated certain basic laws and truths whose veracity he invited his followers to test for themselves. One of the traditional epithets of the Dhamma is "ehipassiko" (meaning literally "come and see") which is an appeal to the empirical verification of the Dhamma)


ကမ္ဘာပေါ်တွင်မြင့်မြတ်ကြည်ညိုဖွယ်ဘုရားသားတော်ရဟန်းသံဃာတော်များ
သည်မြန်မာနိုင်ငံတွင်အများဆုံးရှိသည်  

သံဃဂုဏ်တော်ကိုးပါးရှိ၏။
(၁) အဓိသီလ၊ အဓိစိတ္တ၊ အဓိပညာသိက္ခာသုံးပါးကိုကောင်းစွာကျင့်ခြင်း၊
(၂) အဓိသီလ၊ အဓိစိတ္တ၊ အဓိပညာသိက္ခာသုံးပါးကိုဖြောင့်မတ်စွာကျင့်ခြင်း၊
(၃) အဓိသီလ၊ အဓိစိတ္တ၊ အဓိပညာသိက္ခာသုံးပါးကိုသင့်လျော်စွာကျင့်ခြင်း၊
(၄) အဓိသီလ၊ အဓိစိတ္တ၊ အဓိပညာသိက္ခာသုံးပါးကိုရိုသေစွာကျင့်ခြင်း၊
(၅) ဧည့်သည်အတွက်ထားသောအလှူဝတ္ထုကို ခံယူထိုက်ခြင်း၊
(၆) လက်ဆောင်အတွက်ထားသောအလှူဝတ္ထုကို ခံယူထိုက်ခြင်း၊
(၇) တမလွန်ကျိုးအတွက်ပြုအပ်သောမြတ်သော အလှူဝတ္ထုကို ခံယူထိုက်ခြင်း၊
(၈) လူမင်း၊ နတ်မင်း၊ ဗြဟ္မာမင်းတို့လက်အုပ်ချီမိုး ရှိခိုးခြင်းကိုခံယူထိုက်ခြင်း၊
(၉) အတုမရှိမြတ်သောကောင်းမှု၏စိုက်ပျိုးရာ လယ်ယာမြေကောင်းသဖွယ်ဖြစ်ခြင်း
ဟူ၍သံဃဂုဏ်တော်ကိုးပါးရှိလေသည်။

ဗုဒ္ဓဘုရား ၏ သားတော် ရဟန်း သံဃာ တို့၏ သီလဂုဏ်၊ သမာဓိဂုဏ်၊ ပညာဂုဏ် နှင့် ဗုဒ္ဓဘာသာရဟန်းများသင်ကြားလေ့ကျင့်ရသောသိက္ခာပုဒ်များ သည်လည်း အလွန်မြင့်မြတ်ပြည့်စုံသည်။ ကြည်ညိုဖွယ်ထင်ရှားသည်။ ရဟန်းသံဃာ ဟူသည် - သီလ သမာဓိ ပညာ ဆိုတဲ့ အရည်အချင်းများ ထင်ရှားသူ တရားကို ကောင်းစွာကျင့်ခြင်း ၊ မှန်စွာကျင့်ခြင်း ၊ ကုသိုလ်သည် ကောင်း၏ ဟု နှလုံးသွင်းကျင့်နေသူ ဖြစ်သည်။ 

သာတာပတ္တိမဂ်ပုဂ္ဂိုလ်၊ သောတာပတ္တိဖိုလ်ပုဂ္ဂိုလ်တစုံ၊ သကဒါ ဂါမိမဂ်ပုဂ္ဂိုလ်၊ သကဒါဂါမိဖိုလ်ပုဂ္ဂိုလ်တစ်စုံ၊ အနာဂါမိမဂ်ပုဂ္ဂိုလ်၊ အနာဂါမိဖိုလ်ပုဂ္ဂိုလ်တစ်စုံ၊ အရဟတ္တ မဂ်ပုဂ္ဂိုလ်၊ အရဟတ္တဖိုလ်ပုဂ္ဂိုလ်တစ်စုံ၊ ဤသို့အစုံအားဖြင့်လေးစုံ၊ အရေအတွက်အားဖြင့်ရှစ်ပါး သောအရိ ယာပုဂ္ဂိုလ်အပေါင်းအစုကား ဒက္ခိနေယျသံဃာဖြစ်သည်။

အရိယသံဃာ၏အနွယ်အဆက်ဖြစ်၍ဉာတ်တစ်ကြိမ်၊ ကမ္မဝါသုံးကြိမ်၊ ဉာတ္တိစတုတ္ထကံဖြင့်ရဟန်း ဖြစ်၍နေကြသောရဟန်းအပေါင်းအစုကားသမ္မုတိသံဃာဖြစ်သည်။

ယင်းသမ္မုတိသံဃာသည်လည်း ဝိနည်းဒေသနာတော် အရ ပြုလုပ်ဆောင်ရွက်ရသောသောဝိနည်းကံ၏အစွမ်းအားဖြင့်

(၁) စတုဝဂ်သံဃာ=လေးပါးစုသံဃာ၊
(၂) ပဉ္စဝဂ် သံဃာ=ငါးပါးစုသံဃာ၊
(၃) ဒသဝဂ်သံဃာ=ဆယ်ပါးစုသံဃာ၊
(၄) ဝီသတိဝဂ် သံဃာ=နှစ်ဆယ်စုသံဃာ၊
(၅) တိရေက ဝီသတိဝဂ်သံဃာ =နှစ်ဆယ်ထက်ပိုလွန်သော အများစုသံဃာဟူ၍ငါးပါးရှိသည်။

ဤလေးပါးစုစသော သံဃာသည် မိမိတို့နှင့်သက်ဆိုင်ရာဝိနည်းကံများကို ပြုလုပ်ဆောင်ရွက်
ရသည်။



ပုထုဇဉ် ရဟန်းလေး များကို အထင်မသေးပါ နဲ့

ပုထုဇဉ် ရဟန်းလေး တပါး ကိုရင်လေး တစ်ပါး ဆိုရင် တချို့သောသူများက အထင်သေးတတ်ကြပါတယ်။ ပုထုဇဉ်ကိုရင် ရဟန်းလေးတွေက ဆွမ်းခံရင်း စာပဲသင်ရုံရှိသေးတာပဲ..တရားမှမဟောပြောနိုင်သေးတာ..ဘွဲ့ကြီးတွေမှ မရသေးတာပဲဆိုပြီးတန်ဖိုးမထားတတ်ကြပါဘူး။ တကယ်တော့ ဒီကိုရင်လေး..ရဟန်းတော်လေး ဘ၀ကနေပဲ..သီလ သမာဓိ ပညာနဲ့ ပြည့်စုံတဲ့ ရဟန်းတော်ကြီးများ ဘ၀ကို ရောက်သွားရတာပါပဲ။

ကိုရင် ရဟန်းလေးများဟာလည်း..သာသနာအဆက်အနွယ်ကို ထိန်းသိမ်းထားတာပါ။ သာသနာ့အဆက်အနွယ်ကို ထိန်းထားတယ်ဆိုတာ ဓမ္မအစစ်တွေကို သင်ယူရင်း ထိန်းသိမ်းထားတာပါ။ ဓမ္မအမှန်တရားတွေကို မပျောက်အောင် ထိန်းသိမ်းနေတယ်ဆိုတာဟာ..အများအကျိုးကို ဆောင်ရွက်နေခြင်းပါပဲ။

ဒီကိုရင် ရဟန်းလေးများဟာ ဘယ်လောက် မြင့်မြတ်သလဲ တန်ဖိုးကြီးမားဆိုတာကို ပေါ်လွင်အောင် သီတဂူဆရာတော်ဘုရားကြီးရဲ့ ရဟန်းတပါး၏ တန်ဖိုး တရားတော်ထဲက အချက်များနဲ့ ကောက်နုတ်ဖော်ပြလိုက်ပါတယ်.
လူပုဂ္ဂိုလ်တစ်ယောက်ဟာ (အရိယာအဆင့် သောတပန် သကဒါကမ် မပြောနဲ့ အနာဂါမ်ထိပဲဖြစ်နေပါစေ) ကိုရင်အသစ်ကလေး..ရဟန်းအသစ်ကလေးတွေကို ရှိခိုးရပါတယ်။ သောတပန်အဆင့်ကိုတောင် မဖြစ်သေးတဲ့သူအတွက်တော့ ထည့်ပြောစရာတောင် မလိုတော့ပါဘူး။ လူပုဂ္ဂိုလ်ဘ၀မှာဆိုရင် အနာဂါမ်အဆင့်ဟာ အမြင့်ဆုံးပါပဲ ရဟန္တာအဖြစ်ကိုရောက်ခဲ့ရင်လည်း ရဟန်းဘ၀ကို ပြောင်းကို ပြောင်းရပါတယ်။ ဒါကြောင့် အိမ်နေသူဟာ ရဟန္တာအဖြစ်နဲ့ ရပ်တည်လို့မရပါဘူး။
ဟန်ဆောင်ကင်းမှု၊ ပွင့်လင်းမှု၊ ရိုးသားမှု၊ လောဘ ဒေါသ မောဟ ကင်းမှု
ပုထုဇဉ်ရဟန်းတော်လေးတွေ ဘာတွေအားသာချက်တွေရှိသလဲဆိုတော့ ..
ဖန်ရည်ဆိုးသော အ၀တ် (သင်္ကန်း)ကို ၀တ်ရုံထားခြင်း
ဆံပင်/မုတ်ဆိတ် ကြင်စွယ်တို့ကို ရိတ်ထားခြင်း
ဒီနှစ်ချက်ကို ပဲ အသွင်အပြင်နဲ့ပက်သက်ပြီး အားသာချက်လို့ခေါ်ပါတယ်။
ဒီလိုအသွင်အပြင်ပြောင်းလိုက်ရုံနဲ့ကိုပဲ ရှိခိုးထိုက်သွားပါတယ်။ ဘုရားရှင် မြတ်ဗုဒ္ဓရဲ့ အလိုတော်မှာလည်း တည်သွားပါတယ်။ မြတ်ဗုဒ္ဓဖြစ်စေချင်တာဟာ..ဒီလိုအသွင်အပြင်ပါပဲ။ အဲတော့ မြတ်ဗုဒ္ဓအလိုတော်မှာတည်နေတဲ့သူကို မတည်နိုင်သေးတဲ့သူက ရှိခိုးရပါတယ် တန်ဖိုးထားရပါတယ်ဆိုတာ သဘာဝကျပါတယ်။
ထိုပုထုဇဉ်ရဟန်းလေးဟာ ရဟန္တာကြီးများနဲ့ အသွင်အပြင် အားဖြင့် တူခြင်း (အတူတတန်းထဲ နေရာယူနိုင်ခြင်း၊ ဆွမ်းအတူဘုန်းပေးနိုင်ခြင်း)
မွန်မြတ်သော အဖွဲ့အစည်း အစည်းအဝေးထဲသို့ ၀င်ရောက်ခွင့်ရှိခြင်း။ (ရဟန္တာကြီးများ သိမ်တက်နေရင်သော်လည်းကောင်း၊ အစည်းအဝေးလုပ်နေရင်သော်လည်းကောင်း ပုထုဇဉ်ရဟန်းလေး ဖြစ်နေပါစေ သူဟာ ၀င်ရောက်ခွင့်ရှိပါတယ်)
ပုထုဇဉ်ရဟန်းတို့သည် အာဏာပါတိမောက် ရွတ်ဆိုနေခြင်းကို နာယူခွင့်ရှိခြင်း (အိမ်နေသူဟာ အရိယာကြီးဖြစ်နေပါစေ ဒီလိုအခါမျိုးမှာ ၀င်ရောက် မနာယူနိုင်ပါဘူး)
လူပုဂ္ဂိုလ်စောင့်ထိန်းနိုင်တာထက် သိသိသာသာ များပြားလှသော သီလ သိက္ခာပုဒ်များကို စောင့်ထိန်းထားရခြင်း။
ပုထုဇဉ်ရဟန်းလေးပဲဖြစ်နေပါစေ အခြားသူများကို ရှင်ပြုပေးနိုင်ခြင်း ရဟန်းခံပေးနိုင်ခြင်း၊ သိမ်သမုတ်ပေးနိုင်ခြင်း။ ဒီလို သူတပါးကို ရှင်သာမဏေပြုပေးနိုင်တဲ့ အခွင်အရေးအာဏာဟာ သာသနာကို တိုးပွားစေတာပါပဲ။


ရဟန်းဟူ၍ ဘာ့ကြောင့်ခေါ်သနည်း ?

ဘိက္ခုသုတ်-
ရဟန်းတို့ တရား ခုနစ်မျိုးတို့ကို ဖျက်ဆီးအပ်ပြီး ဖြစ်သောကြောင့် ရဟန်းမည်၏။
အဘယ် ခုနစ်မျိုး တို့နည်း ဟူမူ-
၁။ ထင်ရှားရှိသော ခန္ဓာငါးပါး၌ အမြင်မှားမှု {သက္ကာယဒိဋ္ဌိ} ကို ဖျက်ဆီးအပ်ပြီး ဖြစ်၏။
၂။ မဝေခွဲနိုင်မှု {၀ိစိကိစ္ဆာ} ကို ဖျက်ဆီးအပ်ပြီး ဖြစ်၏။
၃။ ခွေး နွား စသည်တို့၏ အလေ့အကျင့်ကို အမှန်ဟု မှားသောအားဖြင့် သုံးသပ်မှု {သီလဗ္ဗတပရာမာသ} ကို ဖျက်ဆီးအပ်ပြီး ဖြစ်၏။
၎။ စွဲမက်မှု {ရာဂ} ကို ဖျက်ဆီးအပ်ပြီး ဖြစ်၏။
၅။ အမျက်ထွက်မှု {ဒေါသ} ကို ဖျက်ဆီးအပ်ပြီး ဖြစ်၏။
၆။ တွေဝေမှု {မောဟ} ကို ဖျက်ဆီးအပ်ပြီး ဖြစ်၏။
၇။ ထောင်လွှားမှု {မာန} ကို ဖျက်ဆီးအပ်ပြီး ဖြစ်၏။
ဤတရား ခုနစ်မျိုးတို့ကို ဖျက်ဆီးအပ်ပြီး ဖြစ်သောကြောင့် ရဟန်းမည်၏ ဟု
(
မိန့်တော်မူ၏)။
 


ရဟန်းတစ်ပါး၏တန်းဖိုး

သီတဂူဆရာတော်ဘုရားကြီး တရားတော်ထဲက..ဆရာတော်ကြီး အကျဉ်းချုပ် ဟောသွားတဲ့ ရဟန်းတို့ရဲ့တန်ဖိုး (၇)ချက်ပါပဲ။
ဆရာတော်ဘုရားကြီးကတော့ အချိန်ကိုငှဲ့ကွက်ပြီး (၇)ချက်ပဲ ဟောသွားတာပါ။ တကယ်တော့ အိမ်နေသူ အရိယာကြီးထက် ပုထုဇဉ် ရဟန်းလေးရဲ့ အားသာချက်ပေါင်း (၂၂)ချက် ရှိပါတယ်။
အသွင်အပြင် အားဖြင့် (၂)ချက် နဲ့ ကျင့်ဝတ်အားဖြင် (၂၀) ရှိပါတယ်။

ကြည်ညိုချင်စရာကောင်းမှု၊ သိက္ခာရှိမှု၊ တရားပြည့်စုံမှု

အသွင်အားဖြင့် နှစ်ချက်ကိုတော့ ဖော်ပြထားပြီးပြီဖြင့်လို့ ကျင့်ဝတ်နှစ် ဆယ်အား သာချက်တွေ ကို ဖော်ပြလိုက်ပါတယ်။

ကျင့်ဝတ် (၂၀)
* တရားဘာဝနာ၌ မွေ့လျော်ခြင်း
* တစ်လ နှစ်ကြိမ် ဥပုသ်ပြုခြင်း
* ဆွမ်းခံခြင်း
*ကောင်းမွန်စွာ ၀တ်ရုံနေထိုင်ခြင်း
* စက္ခု စသောဣနြေ္ဒကို စောင့်စည်းခြင်း
* ကိုယ်နှုတ်နှလုံးကို စောင့်စည်းခြင်း
* အချမ်းအပူစသည်ကို သည်းခံခြင်း
*ကောင်းသော အကျင့်၌ မွေ့လျော်ခြင်း
* တစ်ပါးတည်း တရားကျင့်ခြင်း
* တစ်ပါးတည်း မွေ့လျော်ခြင်း
* တစ်ပါးတည်း ကိန်းအောင်းခြင်း
* မကောင်းမှုမှ ရှက်ခြင်း
* မကောင်းမှုကို ကြောက်ခြင်း
*ကောင်းမှုကို ပြုစုအားထုတ်ခြင်း
* ကုသိုလ်ကောင်းမှု ၌ မမေ့မလျော့ မပေါ့ဆခြင်း
* သိက္ခာပုဒ်ကို ကောင်းစွာခံယူခြင်း
* ဘုရားဟော ပါဠိတော်ကို သင်ယူခြင်း
* အဋ္ဌကထာကို သင်ယူခြင်း
* သီလစသော သိက္ခာသုံးပါး၌ မွေ့လျော်ခြင်း
* တပ်မက်မောမှု ကင်းလွတ်ခြင်း

စာမျက်နှာ ၁၆၃၊ မိလိန္ဒပဥှာ (မိလိန္ဒမင်းကြီး နှင် အရှင်နာဂသိန် အမေးအဖြေ)
 


 ဒီလိုအချက်များကြောင့် လူပုဂ္ဂိုလ်အရိယာကြီးများဟာ ရဟန်းတော်လေးများကို ရှိခိုး တန်ဖိုးထားရခြင်းဖြစ်ပါတယ်။ တရားတွင်မွေ့လျော် ကျင့်ကြံအားထုတ်တဲ့လူပုဂ္ဂိုလ်အရိယာတောင်မှ ရှိခိုးရတာဆိုတော့ အရိယာအကျင့်မကျင့်သေးနိုင်တဲ့သူဟာ ရှင်ဘုရင်ပဲဖြစ်ဖြစ် လူချမ်းသာကြီးပဲဖြစ်ဖြစ်ဘာကြီးပဲဖြစ်နေဖြစ်နေ.. ဘယ်သူမဆိုရဟန်းတော်လေးတွေကို တန်ဖိုးထားရမယ်ဆိုတာ သိသာထင်ရှားသွားပါပြီ။ သာသနာ(၃)ရပ်ကို အဆက်ဆက် ဆင့်ကာဆင့်ကာ သယ်ဆောင်ပေးခဲ့တာ ထိုရဟန်းများပဲ မဟုတ်ပါလား….

သာသနာတော်အစဉ်မပြတ် တည်တံ့နေပါစေ…………


 
ဂေါတမဗုဒ္ဓ ဟောကြားတော်မူခဲ့သော မင်္ဂလာတရား ၃၈-ပါး ၊ အာနာပါန တရားရှုမှတ်ခြင်း ၊ ဝိပဿ     နာ ကျင့်စဉ်၊ စာရိတ္တကျင့်ဝတ်၊ မြတ်သောအကျင့်သီလ၊ မေတ္တာ၊ မေတ္တာ ကမ္မဋ္ဌဌာန်းစီးဖြန်းခြင်း၊ ဗောဇ္ဈင် ၇ ပါး၊ သတိပဌာန် (၄) ပါး၊ ချစ်ခင်ကြင်နာခြင်း၊ သစ္စာလေးပါး၊ မဂ္ဂင် ၈ ပါး၊ ခွင့်လွှတ်ခြင်းနှင့် သည်းခံခြင်းသည် ကမ္ဘာ့အမှန်တရားဦးဆောင်ပညာအဖြစ် ယနေ့ထက်တိုင်ပင် ကျော်ကြားလှသည်။

ဗုဒ္ဓဘုရားဟောကျမ်းဂန်များစွာမှ လောကီရေးရာများနှင့် ပတ်သက်သည့် အဆိုအမိန့်များကို ထုတ်နှုတ်၍ ထည့်သွင်းပြုစုထားသော လောကနီတိ ကျမ်းသည်ရှေးလူကြီးတွေ ထားရစ်ခဲ့သော စကားပုံများ၊ မှတ်သားလိုက်နာဖွယ် အဆိုအမိန့်များ၊ သင်ခန်းစာရယူဖွယ် ဇာတ်ကြောင်း ပုံပြင်တွေကနေ ကောင်းနိုးရာရာတွေကို စုစည်းထားတဲ့ လူမှုဆိုင်ရာ လောကနီတိကျမ်းသည် ဘာသာမရွေး၊ လူမျိုးမရွေး၊ အရွယ်သုံးပါး လိုက်နာဖွယ် ကောင်းလှပါသည်။

လောကနီတိ သည် လောကအကြောင်းနှင့် စပ်လျဉ်း၍ ကြီးပွားတိုးတက်စေရန် ညွှန်ကြားသော လမ်းညွှန်ကျမ်းဖြစ်သည်။ စင်စစ် ဤကျမ်းသည် လောက၌ လူသားတို့၏ အနှစ်လည်းမည်၏။ မိဘလည်းမည်၏။ ဆရာလည်းမည်၏။ အဆွေခင်ပွန်း လည်းမည်၏။ ထိုကြောင့် ဤ နီတိကျမ်းကို သင်ကြားတတ်မြောက်သော ယောကျာ်းသည် အကြားအမြင်များသော၊ မြင့်မြတ်သော ပညာတတ်ယောင်္ကျား ဖြစ်၏။
ဗုဒ္ဓဘာသာတွင်အကြောင်းအရာတစ်ခုကိုလေ့လာကျင့်ကြံရာ၌ နည်းစံနစ်ကျသည်။ သိပ္ပံနည်းကျသည်။ ဗုဒ္ဓ ၏အဆုံးအမများနှင့် ဗုဒ္ဓဘာသာသည် သိပ္ပံနည်းကျ ဘာသာ အမှန်တရားနှင့် လက်တွေ့သဘာဝကျ သည့် ဘာသာ လည်း ဖြစ်သည်။ ဗုဒ္ဓဘာသာတွင် လူ့ကျင့် ဝတ်တရားနှင့် တိုင်းပြည်အုပ်ချုပ်မှုသဘောတရားများ ၊ တပည့်တို့၏ဝတ္တရား၊ ဆရာတို့၏ဝတ္တရား၊ သားသမီးတို့၏ဝတ္တရား၊ မိဘတို့၏ဝတ္တရား၊ နာယကဂုဏ် ၆-ပါး .... စသည် တို့ရှိရာ ဆရာဝတ် တွင် အတတ်လည်းသင် ပဲ့ပြင်ဆုံးမ သိပ္ပမချန် ဘေးရန်ဆီးကာ သင့်ရာအပ်ပို့ ဆရာတို့ ကျင့်ဖို့ဝတ်ငါးဖြာ ဟုပါရှိသည်။

(၃၈) ဖြာသော မင်္ဂလာ တရားတော် တွင်လည်း အပြစ်ကင်းသော သိပ္ပ အတတ်ပညာတို့ကိုတတ်မြောက်ခြင်းသည်လည်း မင်္ဂလာတစ်ပါးဟု အဆိုရှိပါသည်။ 
"သိပ္ပံပညာရှင်တို့၏တွေ့ရှိချက်နှင့် သာသနာပြင်ပ တရားတို့သည် အတိုင်းအတာ တစ်ခု၊ အခြေအနေ အချိန်အခါ နေရာဒေသ တစ်ခု၊ လူအုပ်စုတစ်စု အတွက် သာ မှန်ကန်သည့် အမှန်တရား (limited truth and customary truth and conventional truth) သမုတိသစ္စာမျှသာ ဖြစ်ကြောင်း၊ အမြဲထာဝရ မှန်ကန်သည့် အမှန်တရား (Universal truth and Ultimate truth) ပရမတ္တ သစ္စာ တရားမှာ မြတ်ဗုဒ္ဓ၏ တရားတော် (သိပ္ပံနည်းကျ ဗုဒ္ဓဘာသာ) ၌ သာ တွေ့နိုင်ကြောင်း၊ ဝိဇ္ဇာ၊ သိပ္ပံပညာရှင်တို့၏ တွေ့ရှိချက်များ အပါအဝင် အယူဝါဒဆိုင်ရာ အမှန်တရား အားလုံးတို့၏ ရှေ့ပြေး ပထမ အမှန်ဆုံးတရား ဖြစ်သည်" ဟု သီတဂူဆရာတော် ဦးဉာဏိဿရ၊ ချမ်းမြေ့ဆရာတော် အရှင်ဇနကာဘိဝံသ၊ ဦးရွှေအောင်၊ ဆရာနန္ဒာသိန်းဇံ၊ ဆရာ ဒေါက်တာ မင်းတင်မွန်၊ ဓမ္မာစရိယ ဆရာ ဦးဌေးလှိုင်၊ Egerton C. Baptist နှင့် ဦးမြင့်ကြွယ် ( မြို့ မ မြင့်ကြွယ်) တို့က မှတ်ချက်ပြုကြသည်။

ဗုဒ္ဓတရားတော်များသည် naturally or universallyသဘာဝနည်းကျအားဖြင့်လည်းကောင်း၊ logically ကြောင်းကျိုးဆက်စပ်ဗေဒအရလည်းကောင်း၊ scientifically သိပ္ပံနည်းကျအားဖြင့်လည်းကောင်း၊ medically ဆေးပညာဗေဒအရလည်းကောင်း မှန်ကန်လှပေသည်။ မိခင်ဝမ်းတွင်း သားသန္ဓေတည်ပုံကို လွန်ခဲ့သော နှစ်ပေါင်း (၂၆၀၂) ကျော်ကတည်းက ဗုဒ္ဓမြတ်စွာဘုရားက မိုက်ခရိုစကုပ် (Microscope) မပါ၊ အာထရာဆောင်း (Ultrasound) မပါ၊ ဓါတ်မှန်မပါ ဉာဏ်တော်ဖြင့် ထိုးထွင်းသိမြင်တော်မူ၍ ရှင်းပြတော်မူနိုင်ခဲ့ပေသည်။

ထို့ပြင် ယနေ့ခေတ် သိပ္ပံဗေဒ ကျန်းမာရေးသုတေသနများအရ သိရှိလာကြရသော စိတ်သည် ဦးနှောက်တွင် ဖြစ်ပေါ်ခြင်းမဟုတ်ဘဲ၊ နှလုံးသား၏အချိုင့်လေးတွင် ဖြစ်ပေါ်ကြောင်းကို ဗုဒ္ဓဘုရား က ဟောပြတော်မူသဖြင့် ဝါရင့်ဗုဒ္ဓဘာသာ မြန်မာများ သိရှိခဲ့ကြသည်မှာလည်း ကြာပြီဖြစ်သည်။ ခန္ဓာဗေဒ ၏ ဖြစ်စဉ်ပျက်စဉ်အကြောင်းကိုလည်း ဗုဒ္ဓဘာသာဝင်များ မြန်မာများက ယနေ့ခေတ် ဆဲလ်များအစားထိုးဖြစ်တည်မှုအကြောင်း သိပ္ပံပညာ က မသိရသေးခင်ကပင် သိရှိခဲ့ကြပြီးဖြစ်သည်။

Anatomy အနတ်တိုမီ(ခေါ်) ခန္ဓာဗေဒ ကိုလည်း ဗုဒ္ဓမြတ်စွာဘုရားက တရားတော်များ၌ ဟောကြားတော်မူခဲ့ပြီးဖြစ်သည်။ ဗုဒ္ဓက ယနေ့ခေတ် သိပ္ပံပညာရှင်တို့ အဏုမြူ အက်တမ် (Atom) အကြောင်း မလေ့လာမီကပင် ပရမာအဏုမြူစသည်ဖြင့် ဟောပြတော်မူခဲ့သည်။ မည်သို့ပင်ဆိုစေကာမူ ဗုဒ္ဓဘုရား၏တရားတော်များသည် သိပ္ပံနည်းကျ၊ ကြောင်းကျိုးဆက်စပ်ဗေဒ၊ ခန္ဓာဗေဒ၊ ဆေးပညာဗေဒစသည်တို့ဖြင့် ကိုက်ညီမှန်ကန်နေလျက်ရှိပြီး၊ ဗုဒ္ဓမြတ်စွာဘုရားဟောကြားတော်မူခဲ့သမျှ တရားတော်များကို ဝိဇ္ဇာ-သိပ္ပံပညာက ယနေ့ထက်တိုင် လိုက်မမီနိုင်သေးသော အနေအထားများ ရှိနေသေးသည်မှာလည်း အမှန်ပင်ဖြစ်သည်။

ဗုဒ္ဓမြတ်စွာဘုရားဟောကြားတော်မူခဲ့သမျှ တရားတော်များမှာသဘာဝတရား၏ ဖြစ်ပျက်ပြောင်းလဲမှုတို့နှင့် ထိုဖြစ်ပျက်ပြောင်းလဲမှုတို့၏အကြောင်း-အကျိုးအမှန်တို့ကို နည်းစံနစ်ကျနစွာလေ့လာအသုံးချနိုင်သောလက်တွေ့ သဘာဝကျ သည့်အမှန်တရားပညာအဖြစ်ယနေ့ထက်တိုင် ကမ္ဘာ့ ဝိဇ္ဇာနှင့်သိပ္ပံပညာ (ARTS & SCIENCE) တို့၏ ရှေ့ဆောင် ဦးဆောင်အနေအထားတွင်ရှိသည်။






TAGS:
Myoma Myint Kywe, Myoma Myint Kywe articles 2014, Karate Myint, Buddhism, Buddha BC 623, Buddha articles 2014, Buddhism booksie, Booksie Myoma Myint Kywe,
မြို့ မ-မြင့်ကြွယ်
Metta 2014, About Metta 2014, Metta articles 2014, Metta Is Essential (Metta ist wichtig), มิวม่า มิตร จอย    เมตตา Burmese Buddhism 2014, Burmese Buddhism articles, Theravada Buddhism articles, Theravada Buddhism 2014, Theravada monks 2014, Metta in Theravada Buddhism, Buddha and Metta, Metta meditation 2014 article, What is metta in Buddhism, what is Buddhism 2014, Myint Kywe, Myint Buddhism, Myoma Myint Kywe 2014, Articles of Myoma Myint Kywe, Buddha was born in BC 623, Buddhist philosophy 2014, Buddhism logic,