Pages

(၆၈) နှစ်မြောက် ပင်လုံညီလာခံ ပြည်ထောင်စုနေ့  (68th Anniversary of Burma’s Union-Day) မြို့ မ မြင့်ကြွယ် Myoma Myint Kywe





(၆၈) နှစ်မြောက် ပြည်ထောင်စုနေ့ 
 (68th Anniversary of Burma’s Union-Day)
                                                                                                      

မြို့ မ မြင့်ကြွယ်


The Panglong Conference (ပင်လုံညီလာခံ), held in February 1947, was an historic meeting that took place at Panglong in the Shan States in Burma between the Shan, Kachin and Chin ethnic minority leaders and General Aung San, head of the interim Burmese government.

U Aung Zan Wai, U Tin Tut, U Pe Khin, Bo Hmu Aung, Sir Maung Gyi , Bo Khin Maung Galay, Thakin Wa Tin, U Sein Mya Maung, Myoma U Than Kywe, U Tin Nyunt, U Maung Maung, U Ko Ko Lay were among the representatives and negotiators of the historical Panglong Conference negotiated with Burmese leader General Aung San and other ethnic leaders in 1947. All these leaders unanimously decided to join the Union of Burma. On the agenda was the united struggle for independence from Britain and the future of Burma after independence as a unified republic. The Panglong Agreement was signed in 1947 by the Kachin leaders and Burmese leader General Aung San.

Thanks to the Panglong Agreement, the Union of Burma came into being after independence on January 4, 1948, and February 12 has been celebrated since as 'Union Day'. 



ပင်လုံစာချုပ်သည် ချင်း၊ ကချင်၊ ရှမ်းခေါင်းဆောင်များနှင့် ထိုစဉ်က ကြားဖြတ်အစိုးရ (Interim Government)ကိုယ်စား မြန်မာပြည်မ ကိုယ်စားလှယ်အဖွဲ့ဝင်များကိုယ်စား ခေါင်းဆောင်ဖြစ်
သူ ဗိုလ်ချုပ်အောင်ဆန်း ကိုယ်တိုင် လက်မှတ် ရေးထိုးခဲ့သော သမိုင်းဝင်စာချုပ်ဖြစ်ပါသည်။ ငြိမ်းချမ်းစွာ အတူယှဉ်တွဲ နေထိုင်လျှက် ပြည်ထောင်စုကြီး တစ်ခုအဖြစ် ခိုင်ခိုင်မာမာ ရပ်တည်ရန် ချုပ်ဆိုခဲ့သော ပြည်ထောင်စု အုတ်မြစ် အခြေခံ စာချုပ်ဖြစ်ပါသည် ။  
ပြည်ထောင်စုနေ့သည် မြန်မာ့လွတ်လပ်ရေး ကြိုးပမ်းမှုသမိုင်းတွင် အရေးပါ အရာရောက်သော နေ့ထူးနေ့မြတ် ဖြစ်သည်။

၇ ခုနှစ် ဖေဖော်ဝါရီ ၁၂ ရက်တွင်  အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း သည် ဆာမောင်ကြီး၊ ဦးတင်ထွဋ်၊ ဦးအောင်ဇံဝေ၊ ဗိုလ်ခင်မောင်ကလေး၊ သခင်ဝတင်၊ ဗိုလ်မှူးအောင်၊ ဦးဖေခင် ၊ ဦးကိုကိုလေး၊ မြို့မ ဦးသန်းကြွယ်၊ ဦးစိန်မြမောင်၊ ဦးတင်ညွန်၊ ဦးမောင်မောင် စသော မြန်မာပြည်မခါင်းဆောင်ကိုယ်စားလှယ်များ နှင့် တိုင်းရင်းသား ခေါင်းဆောင်ကိုယ်စားလှယ်များ နှင့် အတူ ပင်လုံညီလာခံ တွင် တက်ရောက် ခဲ့ကြသည်။ ပင်လုံစာချုပ်ဖြစ်မြောက်ရေး အထူးကြိုးစားဆောင်ရွက်ခဲ့ကြသည်။ 



မြန်မာပြည်မ ကိုယ်စားလှယ်အဖွဲ့ဝင်များကိုယ်စား ခေါင်းဆောင်ဖြစ်သူ ဗိုလ်ချုပ် အောင်ဆန်း က မြန်မာအစိုးရကိုယ်စား တိုင်းရင်းသားခေါင်းဆောင်များနှင့်အတူ ပင်လုံစာချုပ် လက်မှတ်ရေးထိုးချုပ်ဆိုခဲ့သည်။ ဗြိတိသျှတို့ဘက်မှ ဒိုမီနီယန်အတွင်း ဝန်ကလေး ဘော့တွမ်လေ (Mr. Bottomley)၊ မစ္စတာ လက်ဝဒ်ခ်ျ (Mr. W.B.T.Ledwidge)မစ္စတာ ဂျွန်လေဒင် (Mr. John Leyden) အမှူးသော အရာရှိကြီးများနှင့် တောင်တန်းဒေသ မင်းကြီး မစ္စတာ စတီဗင်ဆင် (Mr. Stevenson) တို့လည်းတက်ရောက်ခဲ့ကြသည်။ ကရင်အမျိုးသားအစည်းအရုံး (KNU) အဖွဲ့မှ ဖဒိုဝိရီကျော်၊ သထုံဦးလှဖေ၊ စောစံကေးနှင့် ဦးချစ်တီး တို့လည်းလေ့လာသူအဖြစ် တက်ရောက်ခဲ့သည်။

ပင်လုံစာချုပ် နှင့်ပင်လုံညီလာခံသည် ပြည်ထောင်စုမြန်မာနိုင်ငံ၏ ဂုဏ်ဒြပ်ကို ထည်ဝါခန့်ညားစေခဲ့သည် သာမက တိုင်းရင်းသားတို့သွေးစည်းညီညွတ်ခြင်း၏ ကွယ်ဝှတ်၍ မရသော အမှတ်သင်္ကေတလည်း ဖြစ်သည်။ ဤသို့ဖြင့် ၁၉၄၇ ခုနှစ် ဖေဖော်ဝါရီလ ၁၂ ရက်နေ့ နံနက် ၁၀ နာရီအချိန်တွင် ဗိုလ်ချုပ်အောင်ဆန်းနှင့်အတူ တောင်တန်းဒေသခေါင်းဆောင်ကြီးများသည် မြန်မာ့
လွတ်လပ်ရေးအတွက် အရေးပါ၍ သွေးစည်းညီညွတ်ခြင်းအခြေခံဖြစ်သောပင်လုံစာချုပ်ကိုအသီးသီးလက်မှတ်ရေးထိုးခဲ့လေသည်။ 

ပင်လုံစာချုပ်ကို ရှမ်းစော်ဘွား (၇) ဦး။ ရှမ်းလူထု ကိုယ်စားလှယ် (၂) ဦး၊ ကချင် ကိုယ်စားလှယ် (၅) ဦး၊ ချင်း ကိုယ်စားလှယ် (၃) ဦး၊ မြန်မာအစိုးရကိုယ်စား ဗိုလ်ချုပ်အောင်ဆန်း အပါအဝင် (၂၃) ဦးက လက်မှတ်ရေးထိုးခဲ့ကြသည်။ 

ပင်လုံစာချုပ်တွင် မြန်မာပြည်နှင့်ပြည်နယ်များပူးပေါင်းရေးအချက် ၈ ချက် အပါအဝင် အချက်ပေါင်း ၉ ချက် ပါဝင်သည်။
ပင်လုံစာချုပ်တွင်လက်မှတ်ရေးထိုးခဲ့ကြသော ခေါင်းဆောင် (၂၃) ဦးမှာ-
(၁) ဗိုလ်ချုပ်အောင်ဆန်း   – မြန်မာပြည်အစိုးရ
(၂) စဝ်ခွန်ပန်းစိန်  – တောင်ပိုင်းစော်ဘွား
(၃) စဝ်ရွှေသိုက်   – ညောင်ရွှေစော်ဘွား
(၄) စဝ်ဟုန်ဖ   – မြောက်ပိုင်းသိန္နီစော်ဘွား
(၅) စဝ်နွံ   – လဲချားစော်ဘွား
(၆) စဝ်စံထွန်း   -မိုင်းပွန်စော်ဘွား
(၇) စဝ်ထန်အေး   – သာမိုင်းခမ်းစော်ဘွား
(၈) ဦးခွန်ဖုန်း   – မြောက်ပိုင်းသိန္နီ လူထု ကိုယ်စားလှယ်
(၉) ဦးတင်အေး    – တောင်ကြီးလူထု ကိုယ်စားလှယ်
(၁၀) ဦးကြာပု    – သီပေါလူထု ကိုယ်စားလှယ်
(၁၁)  စဝ်ရစ်ဖ    – သီပေါ လူထု ကိုယ်စားလှယ်
(၁၂)  ဦးခွန်ထီး   – ပင်လုံလူထု ကိုယ်စားလှယ်
(၁၃) ဦးထွန်းမြင့်   – မောက်မယ်လူထု ကိုယ်စားလှယ်
(၁၄) ဦးဖြူ   – ဘီဘိုင်စော်ဘွား ကိုယ်စားလှယ်
(၁၅) ဦးခွန်စော   – ပင်းတယလူထု ကိုယ်စားလှယ်
(၁၆) ဆမားဒူးဝါးဆင်ဝါးနောင်   – မြစ်ကြီးနား ၊ကချင် ကိုယ်စားလှယ်
(၁၇) ဒူဝါးဇော်ရစ်  – မြစ်ကြီးနား ကချင် ကိုယ်စားလှယ်
(၁၈) ဦးဒိန်ရတန်  – ဗန်းမော် ကချင် ကိုယ်စားလှယ်
(၁၉) ဒူးဝါးဇော်ထွန်း  – ဗန်းမော် ကချင် ကိုယ်စားလှယ်
(၂၀) ဦးလဘန်ဂရောင်  – ဗန်းမော် ကချင် ကိုယ်စားလှယ်
(၂၁) ဦးလွှာမုန်း   – ဖလမ်း ချင်း ကိုယ်စားလှယ်
(၂၂) ဦးသောင်ဇာခပ်  – တီးတိန်၊ ချင်း ကိုယ်စားလှယ်
(၂၃) ဦးကီယိုမာန်  – ဟားခါး၊ ချင်း ကိုယ်စားလှယ် တို့ဖြစ်ကြသည်။

သို့သော်ဗြိတိလျှနယ်ချဲ့တို့သည် ပင်လုံစာချုပ်နှင့်တိုင်းရင်းသားတို့၏ဆန္ဒ၊ သဘောထားတို့ကို လိုက်လိုက်လျောလျော အသိအမှတ်မပြုလိုသေးပေ။ ရှမ်း၊ ကချင်၊ မြန်မာ တို့၏ သဘောဆန္ဒအပြင် နယ်စပ်ဒေသ၊ တောင်တန်းဒေသများ တိုင်းရင်းသားလူမျိုးတို့၏ ဆန္ဒကို သိလိုသည်ဟု ဆိုကာ တောင်တန်းဒေသစုံစမ်းရေးကော်မတီ (Frontier Area Enquiry Committee) ကို ဖွဲ့စည်းကာ စုံစမ်းခဲ့သည်။ ကော်မတီ၏ဥက္ကဋ္ဌအဖြစ် ဗြိတိလျှ လွှတ်တော်လေဘာပါတီအမတ်မစ္စတာရီးစ် ဝီလျှံ (Lt.Col D.R.Rees William) ကဆောင်ရွက်ပြီး၊ မြန်မာကိုယ်စားလှယ်များအဖြစ် သခင်နု၊ ဦးတင်ထွဋ်၊ ဗိုလ်ခင်မောင်ကလေး၊ ဦးကျော်ငြိမ်း၊ ဦးမြင့်သိန်း၊ နယ်ခြားဒေသ ကိုယ်စားလှယ်များအဖြစ် မိုင်ပွန်စော်ဘွား စစ်စံထွန်း (ရှမ်း)၊ ဆမားဒူးဝါးဆင်ဝါးနောင် (ကချင်)၊ ဦးဝမ်ကိုဟော (ချင်း)၊ စောစံကေး (ကရင်အမျိုးသားအစည်းအရုံး) တို့ပါဝင်ပြီး အတွင်းရေးမှူး အဖြစ် လန်ဒန်ရှိ မြန်မာနိုင်ငံ ဆိုင်ရာရုံးမှ မစ္စတာ လက်ဝီဂ်ျ ( Mr. W.B.J Ledwidge) ၊ တွဲဖက်အတွင်းရေးမှူးအဖြစ်နယ်ခြား အဖွဲ့ဝင် ဦးထွန်းဖေ၊ လက်ထောက် အတွင်းရေးမှူး အဖြစ် ဗိုလ်မှူးရှမ်းလုံတို့ ပါဝင်ကြသည်။

ထို့နောက်တောင်တန်းဒေသစုံစမ်းရေးကော်မတီသည် မြန်မာပြည်မနှင့် တောင်တန်းဒေသရှိ သက်သေများကို ၁၉၄၇ ခုနှစ် မတ်လ ၁၉ မှ ဧပြီလ ၂၁ ရက်နေ့အထိ မေးမြန်းစုံစမ်းသည်။ တိုင်းရင်းသားတို့တင်ပြခဲ့သော သဘောဆန္ဒများကို မှတ်တမ်းတင်ထားသည့် အစီရင်ခံစာကို ၁၉၄၇ မေလ ၃ တွင် မြန်မာနိုင်ငံ ဘုရင်ခံ ဆာဟူးဘတ်ရန့်စ် Major General Sir Hubert Rance, British Governor of Burma ၏ အမှုတော်ကောင်စီသို့တင်ပြခဲ့သည်။ မေလ ၁၈ ရက်နေ့တွင် ယင်အစီရင်ခံစာကို ဗြိတိလျှ အစိုးရကလည်း လက်ခံအတည်ပြုပြီးခဲ့ပြီးနောက် ပင်လုံစာချုပ်ကို အတည်ပြုပေးခဲ့သည်။

မည်သို့ဆိုစေ…. တောင်တန်းဒေသစုံစမ်းရေးကော်မတီ၏ရှေ့မှောက်၌ ထုတ်ဖော်ခဲ့သော တိုင်းရင်းသားလူမျိုးပေါင်းစုံ ကိုယ်စားလှယ်များ၏ ထိုဆန္ဒဖော်ထုတ်ချက်များသည် ပင်လုံစာချုပ်ကြီး၌ ချမှတ်ဖော်ထုတ်ခဲ့သော ပြည်ထောင်စု တိုင်းရင်းသားတို့၏ ဆန္ဒသဘောထား၊ ပင်လုံ စိတ်ဓါတ်နှင့် ပြည်ထောင်စု သနိဋ္ဌာန်ပြဋ္ဌာန်းမှုလိုအပ်ချက်များကို ဖွင့်ဟအတည်ပြုချက်များပင်ဖြစ်ရာ ထိုကော်မတီ၏ အစီရင်ခံစာများသည်လည်း ပင်လုံစာချုပ်ကြီးကဲ့သို့ပင် ပြည်ထောင်စုသမိုင်းမှတ်တိုင်ကြီးတစ်တိုင် ဖြစ်နေပါတော့သည်။

https://www.facebook.com/notes/kyaw-naing/%E1%80%95%E1%80%84%E1%80%B9%E1%80%9C%E1%80%B6%E1%80%AF%E1%80%87%E1%80%AC%E1%80%90%E1%80%B9%E1%80%B1%E1%81%BE%E1%80%80%E1%80%AC%E1%80%84%E1%80%B9%E1%80%B8-%E1%80%BB%E1%80%95%E1%80%94%E1%80%B9%E1%80%B1%E1%80%BB%E1%80%95%E1%80%AC%E1%80%84%E1%80%B9%E1%80%B8%E1%80%B1%E1%80%9C%E1%80%B7%E1%80%9C%E1%80%AC%E1%80%B1%E1%80%9E%E1%80%AC%E1%80%B9/603280379685955


http://world-news-research.com/IndiaBurma2.html
http://nldamarapura.blogspot.com/2015/01/blog-post_92.html