မြတ် ဗုဒ္ဓ နှင့် နို့တစ်လုံးဖိုး
(မိဘကျေးဇူးကို ကျေပြေအောင် တုံ့ဆပ်နည်း)
(မိဘကျေးဇူးကို ကျေပြေအောင် တုံ့ဆပ်နည်း)
Researched
by- Myoma
Myint Kywe
မြို့ မ မြင့်ကြွယ်
မြို့ မ မြင့်ကြွယ်
ဘုရားရှင်သည် ဤသာသနာတော်မြတ်ကို လေးသင်္ချေနှင့် ကမ္ဘာတစ်သိန်းဟူသော အချိန် နှင့်ပါရမီတော်များကို အရင်းအနှီးပြု ပြီးမှ တည်ဆောက်ထားခြင်း ဖြစ်ပါ၏။
ကျေးဇူးကြီးလှ မိနှင့်ဖ
မမြင်ခင်က၊ ရှုမ၀တည့်
မြင်ရသောခါ၊ ရတနာတည့်
ငယ်ခါသော် သား၊ ကြီးသော် အားတည့်
မြင့်မားရည်မျှော်၊ တော်ထက်တော်တည့်
လူမော်လူချွန်၊ ဖြစ်ထွန်းရန်တွက်
ကြိမ်ဖန်ဆုံးမ၊ သွန်သင်ပြသည်
မိဘကျေးဇူး မြင်းမိုရ်ဦး။
ငယ်ခါသော် သား၊ ကြီးသော် အားတည့်
မြင့်မားရည်မျှော်၊ တော်ထက်တော်တည့်
လူမော်လူချွန်၊ ဖြစ်ထွန်းရန်တွက်
ကြိမ်ဖန်ဆုံးမ၊ သွန်သင်ပြသည်
မိဘကျေးဇူး မြင်းမိုရ်ဦး။
ပညာကိုသင်၊ ကျောင်းကိုခင်အောင်
စာသင်မပျင်း၊ ဖျင်းညံ့ကင်းအောင်
ပေါင်းသင်းဆက်ဆံ၊ စိတ်ဓာတ်မှန်အောင်
ကိုယ်ခန္ဓာကျန်း၊ သန်မာစွမ်းအောင်
စိတ်ဝမ်းနှလုံး၊ သူတော်ထုံးကို
ပြုံးရင်းဆုံးမ၊ သွန်သင်ပြသည်
မိဘကျေးဇူး မြင်းမိုရ်ဦး။
စကားရိုင်းပျ၊ မပြောရဘူး
ဒေါသမျက်မာန်၊ မခက်ထန်ဘူး
ဆူညံဟိန်းဟောက်၊ မခြိမ်းခြောက်ဘူး
စိတ်ဓာတ်ညင်သာ၊ နှုတ်ချိုသာလျက်
ကြင်နာဆုံးမ၊ သွန်သင်ပြသည်
မိဘကျေးဇူး မြင်းမိုရ်ဦး။
သတ္တိဗျတ္တိ၊
စွမ်းရည်ပြည့်ဖို့
တတ်သိကျွမ်းကျင်၊ လူရာဝင်ဖို့
လျင်မြန်ဖျတ်လတ်၊ ကူညီတတ်ဖို့
စိတ်ဓာတ်တည်ကြည်၊ ယောက်ျားပီဖို့
နားလည်ကျင့်ကြံ၊ လိုက်နာရန်တွက်
ဖန်ဖန်ဆုံးမ၊ ညွှန်ဆုံးပြသည်
မိဘကျေးဇူး မြင်းမိုရ်ဦး။
သြော်-
မကောင်းခွာပယ်၊ တားဆီးဖယ်လျက်
ကောင်းဖွယ်လမ်းမှန်၊ ပြကာညွှန်လျက်
တတ်ပွတ်ပညာ၊ ကိုယ်စီပါလျက်
ဥစ္စာနှီးရင်း၊ လုပ်ခွင်သွင်းလျက်
ချစ်ခြင်းမသွေ၊ လက်ထပ်စေလျက်
မိမွေဖတာ၊ ငါးဖြာမြတ်ဂုဏ်
ကျေရုံမက၊ ပိုလွန်းလှ၏။
မိဘကျေးဇူး၊ မြင်းမိုရ်ဦးကြောင့်
ဆွတ်ခူးအောင်ပန်း၊ လူ့ရပ်ဝန်းမှာ
ဆင်မြန်းကာဖြင့်၊ အခြေတင့်မှ
ကြီးစွာ့မေတ္တာ၊ မနှိုင်းသာဟု
ရင်မှာညွတ်ကိုင်း၊ တွေးမိတိုင်းလျှင်
သွင်သွင်ဦးခိုက်မိတကား...
ကြည်ညိုလေးစား ဦးညွတ်တွား။
-------------------------------------------------------------------------------------
မိဘမေတ္တာသည် အတိုင်းအစမရှိ ကြီးမားလှသည်။ ကျေးဇူးသည်လည်း အနန္တဖြစ်သည်။ သားသမီးတိုင်းသည် မိဘကျေးဇူးကို သိပြီးပြန်ဆပ်တတ်သောသူ လွန်စွာမှ နည်းပါးလှ
သည်။ ကျေးဇူးဆပ်သည်ပဲထားဦး၊ သာမာန်ပုထုဇဉ်များအဖို့ မိဘကျေးဇူးကို ကျေအောင်
ဆပ်နိုင်ဖို့ လွန်စွာ ခဲယဉ်းသည်။ သို့ရာတွင် ဗုဒ္ဓမြတ်စွာဘုရားရှင် ကမူ မိဘကျေးဇူးကို
ကျေအောင်ဆပ်နိုင်ခဲ့သည်။ နတ်၊ လူ၊ ဗြဟ္မာများစွာတို့ကို မြတ်စွာဘုရားက နိဗ္ဗာန်သို့ ပို့ဆောင်ပေးခဲ့သည့်အပြင် ဖခမည်းတော် သုဒ္ဓေါဒနမင်းကြီးကိုလည်း သံသရာမှ လွတ်မြောက်အောင်၊ ရဟန္တာဖြစ်သည်အထိ ဆောင်ရွက်ပေးနိုင်ခဲ့သည်။
ထို့အပြင် နတ်ပြည်တက်၍ မိခင် မယ်တော် မိနတ်သား (မယ်တော်မာယာ) ကို အဘိဓမ္မာတရားဟောကြားပြီး ကျေးဇူးဆပ်တော်မူခဲ့ပါသည်။ မိထွေးတော် ဂေါတမီကိုလည်း ရဟန္တာမ ဖြစ်သည်အထိ ကျေးဇူးဆပ်နိုင်ခဲ့သည်။
မည်သည့်ခေတ်က မည်သည့်ပုဂ္ဂိုလ်က စတင်၍ သုံးနှုန်းခဲ့သည်ဟု မသိပါ။ မြန်မာဗုဒ္ဓ
ဘာသာဝင်များအကြားတွင် အမှန်တရား ပမာ လက်ဆင့်ကမ်းပြောဆို သုံးနှုန်းရေးသားနေသော စကားတစ်ခုရှိသည်။ ယင်းကား "ဘုရားရှင်သော်မှ နို့တစ်လုံးဖိုးသာကျေ" ဟူ၍ဖြစ်သည်။ လုံးဝ မပြုသင့်သော အမှား သာ ဖြစ်ပါ၏။
တတ်သိကျွမ်းကျင်၊ လူရာဝင်ဖို့
လျင်မြန်ဖျတ်လတ်၊ ကူညီတတ်ဖို့
စိတ်ဓာတ်တည်ကြည်၊ ယောက်ျားပီဖို့
နားလည်ကျင့်ကြံ၊ လိုက်နာရန်တွက်
ဖန်ဖန်ဆုံးမ၊ ညွှန်ဆုံးပြသည်
မိဘကျေးဇူး မြင်းမိုရ်ဦး။
သြော်-
မကောင်းခွာပယ်၊ တားဆီးဖယ်လျက်
ကောင်းဖွယ်လမ်းမှန်၊ ပြကာညွှန်လျက်
တတ်ပွတ်ပညာ၊ ကိုယ်စီပါလျက်
ဥစ္စာနှီးရင်း၊ လုပ်ခွင်သွင်းလျက်
ချစ်ခြင်းမသွေ၊ လက်ထပ်စေလျက်
မိမွေဖတာ၊ ငါးဖြာမြတ်ဂုဏ်
ကျေရုံမက၊ ပိုလွန်းလှ၏။
မိဘကျေးဇူး၊ မြင်းမိုရ်ဦးကြောင့်
ဆွတ်ခူးအောင်ပန်း၊ လူ့ရပ်ဝန်းမှာ
ဆင်မြန်းကာဖြင့်၊ အခြေတင့်မှ
ကြီးစွာ့မေတ္တာ၊ မနှိုင်းသာဟု
ရင်မှာညွတ်ကိုင်း၊ တွေးမိတိုင်းလျှင်
သွင်သွင်ဦးခိုက်မိတကား...
ကြည်ညိုလေးစား ဦးညွတ်တွား။
ကိုချိုစံ
-------------------------------------------------------------------------------------
မိဘမေတ္တာသည် အတိုင်းအစမရှိ ကြီးမားလှသည်။ ကျေးဇူးသည်လည်း အနန္တဖြစ်သည်။ သားသမီးတိုင်းသည် မိဘကျေးဇူးကို သိပြီးပြန်ဆပ်တတ်သောသူ လွန်စွာမှ နည်းပါးလှ
သည်။ ကျေးဇူးဆပ်သည်ပဲထားဦး၊ သာမာန်ပုထုဇဉ်များအဖို့ မိဘကျေးဇူးကို ကျေအောင်
ဆပ်နိုင်ဖို့ လွန်စွာ ခဲယဉ်းသည်။ သို့ရာတွင် ဗုဒ္ဓမြတ်စွာဘုရားရှင် ကမူ မိဘကျေးဇူးကို
ကျေအောင်ဆပ်နိုင်ခဲ့သည်။ နတ်၊ လူ၊ ဗြဟ္မာများစွာတို့ကို မြတ်စွာဘုရားက နိဗ္ဗာန်သို့ ပို့ဆောင်ပေးခဲ့သည့်အပြင် ဖခမည်းတော် သုဒ္ဓေါဒနမင်းကြီးကိုလည်း သံသရာမှ လွတ်မြောက်အောင်၊ ရဟန္တာဖြစ်သည်အထိ ဆောင်ရွက်ပေးနိုင်ခဲ့သည်။
ထို့အပြင် နတ်ပြည်တက်၍ မိခင် မယ်တော် မိနတ်သား (မယ်တော်မာယာ) ကို အဘိဓမ္မာတရားဟောကြားပြီး ကျေးဇူးဆပ်တော်မူခဲ့ပါသည်။ မိထွေးတော် ဂေါတမီကိုလည်း ရဟန္တာမ ဖြစ်သည်အထိ ကျေးဇူးဆပ်နိုင်ခဲ့သည်။
မည်သည့်ခေတ်က မည်သည့်ပုဂ္ဂိုလ်က စတင်၍ သုံးနှုန်းခဲ့သည်ဟု မသိပါ။ မြန်မာဗုဒ္ဓ
ဘာသာဝင်များအကြားတွင် အမှန်တရား ပမာ လက်ဆင့်ကမ်းပြောဆို သုံးနှုန်းရေးသားနေသော စကားတစ်ခုရှိသည်။ ယင်းကား "ဘုရားရှင်သော်မှ နို့တစ်လုံးဖိုးသာကျေ" ဟူ၍ဖြစ်သည်။ လုံးဝ မပြုသင့်သော အမှား သာ ဖြစ်ပါ၏။
မိခင်မေတ္တာဖွဲ့ သီချင်းတို့တွင်လည်း ထိုစကားကို ကြားရဖူးပါသည်။
မိဘမေတ္တာဖွဲ့ စာစီစာကုံးတို့တွင်လည်း ထိုစာသားကို တွေ့မြင်ရဖူးသည်။ လူကြီးမိဘတို့က
သားသမီးတို့ကို မိဘကျေးဇူး သိရန် ဆိုဆုံးမသည့် အခါတွင်လည်း ထို"အသုံးအနှုန်း" ကို ကိုးကားပြောဆိုတတ်ကြ၏။
မိဘတွေရဲ့ မေတ္တာကို အထင်သေးတဲ့သဘောမျိုးနဲ့ ပြောဆိုတာ မဟုတ်ပါဘူး။ တကယ်တော့.. သားသမီးတွေ အပေါ်မှာထားတဲ့ မိဘတွေရဲ့ မေတ္တာတော်ဟာ တန်ခိုး အနန္တပါပဲ။
စာရေးသူနှင့် စာရေးသူ၏ မောင်နှမများ သည် လူမှန်းသိသည့်အရွယ်မှ စ၍ မိခင်
ခဲ့ပါသည်။
မိခင်သည် ဘုန်းကြီးကျောင်းမှာသာ ပုံမှန် တရား
ဒေါ်မြင့်မြင့်ဝင်း (ခေါ်) ဒေါ်အမာ နှင့်
ဖခင် မြို့မ ဦးသန်းကြွယ်
တို့ကို စိတ်ချမ်းသာအောင် ထားခဲ့ပါသည်။
ဝေယာဝစ္စများ အတတ်နိုင်ဆုံး ဖြည့်စည်းပေးခဲ့ပါသည်။ မိဘ ၂ ပါး
ဆုံးမ စကားနှင့် လမ်းညွှန်ချက်ကို မောင်နှမများ ကိုယ်စီလိုက်နာခဲ့ပါသည်။ ကျွေးမွေးပြုစု စောင့်ရှောက်ခဲ့ပါသည်။
မိခင်သည် ဘုန်းကြီးကျောင်းမှာသာ ပုံမှန် တရား
အားထုတ်နေသော်လည်း မိုးကုတ် ဝိပဿ နာ ရိပ်သာသို့ တရားစခန်းဝင်ရန်
တိုက်တွန်းပေးခဲ့သည့်အပြင် တရားစခန်းသို့ မှန်မှန်ပို့ပေးခဲ့ပါသည်။ သို့ရာတွင် မိဘကျေးဇူးကို
ဆပ်၍ မကုန်နိုင်ပါ။ မိမိဘဝ၏ ဘယ်သောအခါမှ မမေ့နိုင်သော၊ ကျေးဇူးကြီးမားသော၊
ထာဝရကျေးဇူးရှင်ကြီးများ ဟု သက်မှတ်ယုံကြည်လျက်ရှိပါသည်။ မြန်မာဆိုရိုးစကားတစ်ခုဖြစ်သော
မသေခင် လုပ်ကျွေး၊ သေရင် အမျှပေး ဆိုသည့် စကားနှင့်အညီ မိဘနှစ်ပါး ကွယ်လွန်ပြီးသောနေ့မှစ၍
ယနေ့တိုင် နေ့စဉ် အမျှပေး ကုသိုလ်လုပ်လျက် ရှိပါသည်။
မိမိနှင့် မိမိ၏ မောင်နှမ သာမက မိဘကျေးဇူး
ကြီးမားပုံကိုတော့
လူ တော်တော်
များများ သိပြီးသားဖြစ်မယ်လို့ ယူဆမျှော်လင့်ပါသည်။ သို့ရာတွင် တချို့ လူအများစု လူကြီးရော လူငယ်ပါ
အလွဲသိနေတဲ့
အတွေးလေး ရှင်းသွားစေချင်ပြီး မိဘကျေးဇူး အကျေဆပ်တပ်ဖို့
အတွက်ပါ။
ယင်းစကားမှန်၏ - မှား၏ ဟူသည်ကို မိထွေးတော် ဂေါတမီ၏
မြတ်စွာဘုရားထံ
လျှောက်ထားချက်ကို လေ့လာကြည့်ရုံမျှနှင့် အဖြေမှန်ကို တွေ့နိုင်ပါသည်။
မိထွေးတော် ဂေါတမီက ဘုရားရှင်အား ဤသို့လျှောက်ထားခဲ့ပါ၏။
လျှောက်ထားချက်ကို လေ့လာကြည့်ရုံမျှနှင့် အဖြေမှန်ကို တွေ့နိုင်ပါသည်။
မိထွေးတော် ဂေါတမီက ဘုရားရှင်အား ဤသို့လျှောက်ထားခဲ့ပါ၏။
"သားတော် ဘုရား၊ သားတော်ဘုရားကို မယ်တော်က တိုက်ကျွေးခဲ့တဲ့ ပကတိနို့ရည်က သားတော်ရဲ့ ပကတိ ကိုယ်ခန္ဓာ
ကြီးထွားပြီး
အို၊ နာ၊ သေ ကိုပဲ ပေးစွမ်းနိုင်ပါတယ်။ သားတော်ဘုရားက
မယ်တော်ကို
တိုက်ကျွေးတဲ့ ဓမ္မနို့ရည်က မယ်တော်ရဲ့တရားခန္ဓာကိုယ်ကြီးကို
ကြီးထွားစေပြီး
မအို၊ မနာ၊ မသေရာ မြတ်နိဗ္ဗာန်ကို ပေးပါတယ်။ သားတော် ဘုရားကို မယ်တော်က တိုက်ကျွေးခဲ့တဲ့ ပကတိနို့ရည်ထက် သားတော်ဘုရားက တိုက်ကျွေးခဲ့တဲ့ ဓမ္မနို့ရည်က
တန်ဖိုးကြီးလှပါတယ်။ သားတော်ဘုရားသည် မယ်တော်အပေါ်မှာ နို့ဖိုးအကြွေးမရှိတော့ပါ။ နို့ဖိုးကြွေးကျေပါပြီ "
မိထွေးတော် "ဂေါတမီ" ကိုယ်တော်တိုင်က ဘုရားရှင်အား နို့ဖိုးကြွေးမရှိတော့ပါ ဟု လျှောက်ထားခဲ့ပါလျက် ဘုရားရှင်သော်မှ နို့တစ်လုံးဖိုးကျေ ဟူသော စကားကို စတင်၍ ဖြန့်ဖြူးသူက ဖြန့်ဖြူးပြီး မဝေဖန် မစိစစ်မူလျက် လွယ်လွယ်ပင် နို့သက်ခံခြင်း၊ ယူငင်သိမ်းပိုက်လက်ခံခြင်းမှာ များစွာ ၀မ်းနည်းဖွယ်ကောင်းလှပါ၏။
ဘုရားရှင်သည် မိထွေးတော် "ဂေါတမီ" အပေါ်တွင်သာ
ကျေးဇူး ကို ကျေပြွန်အောင် ပေးဆပ်နိုင်ပါ၏လော။ မွေးမယ်တော်ဖြစ်သော "မယ်တော်မာယာ" အပေါ်တွင်လည်း မွေးကျေးဇူးကို ကျေအောင်ဆပ်နိုင်ပါ၏လော။
ဆန်းစစ်သော် - မြတ်စွာဘုရားသည် မယ်တော်ရင်း မယ်တော်မာယာ ကိုလည်း နတ်ပြည်တက်၍ အဘိဓမ္မာတရားဟောကြားပြီး ကျေးဇူးဆပ်တော်မူခဲ့ပါ၏။
ဘုရားရှင်၏ အဘိဓမ္မာတရားကို နာကြားပြီးသောအခါ "မယ်တော် မိနတ်သား" မှာ
သောတာပန်ဖြစ်သွားပြီး "ဘုံစဉ်စံ အရိယာ" ဖြစ်သွားသောကြောင့်
"အပါယ်ဘေး" မှ လွတ်မြောက်သွားခဲ့ပါသည်။
ဤသို့ဖြင့် ဘုရားရှင်သည် "မိခင်ရင်း" အပေါ်တွင်လည်းကောင်း၊
"မိထွေးတော် ဂေါတမီ" အပေါ်တွင်လည်းကောင်း၊ မိခင်ကျေးဇူးများကို ကျေပြေစေရန် အမြတ်ဆုံးသော လောကုတ္တရာနည်းအားဖြင့် ကျေးဇူးဆပ်တော်မူခဲ့ပါ၏။ မိထွေးတော် ဂေါတမီ ထေရီမ သည် မြတ်စွာဘုရား၏ သာသနာတော်ဝယ် သင်္ကန်းဝတ် မိန်းမတို့တွင် အစဆုံး ရဟန္တာ ဖြစ်ခဲ့သည်။ အမျိုးသမီး ရဟန်းမ ဘိက္ခုနီ သာသနာသို့ အရင်ဝင်ရောက်လာကြသူများမှာ မိထွေးတော် ဂေါတမီ နဲ့ သာကီဝင် မင်းသမီး ငါးရာတို့ဖြစ်ကြသည်။ အမျိုးသမီး ရဟန်းမ သာသနာတွင် သစ္စာလေးပါး အရင်းဆုံးသိသူ ရဟန္တာ မှာ မိထွေးတော် ဂေါတမီ ဖြစ်သည်။
(၁) ဘုရားရှင်သော်မှ မိခင်၏ ကျေးဇူးကို နို့တစ်လုံးဖိုးသာ ကျေအောင် ဆပ်နိုင်တော်မူသည်မှာ "အမှန်တရား" ပေလော။
(၂) ဘုရားရှင်ကိုယ်တော်တိုင်က "သူသည် မိခင်၏ ကျေးဇူးကို နို့တစ်လုံးဖိုးသာကျေအောင် ဆပ်နိုင်သည်" ဟုမိန့်တော်မူခဲ့၍လော။
(၃) မယ်တော် "မာယာ" နှင့် မိထွေးတော် "ဂေါတမီ" တို့က ဘုရားရှင်သည် သူတို့အပေါ် နို့တစ်လုံးဖိုးသာ ကျေအောင် ဆပ်နိုင်သည်ဟု ပြောခဲ့၍လော။
(၄) ထေရ၀ါဒ ပိဋကတ်တော်များတွင် "ဘုရားရှင်သော်မှ နို့တစ်လုံးဖိုးကျေ" ဟူသော စာသားပါဝင်ပါ၏လော။ ဤသို့ဆန်းစစ်လေ့လာသင့်သည်။
စင်စစ်သော် "ဘုရားရှင်သော်မှ နို့တစ်လုံးဖိုးသာကျေ" ဟူသောအသုံးအနှုန်းမှာ
ထေရ၀ါဒ ပိဋကတ်တော်တွင် လုံးဝ မပါဝင်ပါ။
မိခင်ကျေးဇူးကို ဖွဲ့ဆိုရာတွင် အသုံးပြုသော "ဘုရားရှင်သော်မှ နို့တစ်လုံးဖိုးသာကျေ" ဟူသော စကားကြောင့်-
မိထွေးတော် "ဂေါတမီ" ကိုယ်တော်တိုင်က ဘုရားရှင်အား နို့ဖိုးကြွေးမရှိတော့ပါ ဟု လျှောက်ထားခဲ့ပါလျက် ဘုရားရှင်သော်မှ နို့တစ်လုံးဖိုးကျေ ဟူသော စကားကို စတင်၍ ဖြန့်ဖြူးသူက ဖြန့်ဖြူးပြီး မဝေဖန် မစိစစ်မူလျက် လွယ်လွယ်ပင် နို့သက်ခံခြင်း၊ ယူငင်သိမ်းပိုက်လက်ခံခြင်းမှာ များစွာ ၀မ်းနည်းဖွယ်ကောင်းလှပါ၏။
ဘုရားရှင်သည် မိထွေးတော် "ဂေါတမီ" အပေါ်တွင်သာ
ကျေးဇူး ကို ကျေပြွန်အောင် ပေးဆပ်နိုင်ပါ၏လော။ မွေးမယ်တော်ဖြစ်သော "မယ်တော်မာယာ" အပေါ်တွင်လည်း မွေးကျေးဇူးကို ကျေအောင်ဆပ်နိုင်ပါ၏လော။
ဆန်းစစ်သော် - မြတ်စွာဘုရားသည် မယ်တော်ရင်း မယ်တော်မာယာ ကိုလည်း နတ်ပြည်တက်၍ အဘိဓမ္မာတရားဟောကြားပြီး ကျေးဇူးဆပ်တော်မူခဲ့ပါ၏။
ဘုရားရှင်၏ အဘိဓမ္မာတရားကို နာကြားပြီးသောအခါ "မယ်တော် မိနတ်သား" မှာ
သောတာပန်ဖြစ်သွားပြီး "ဘုံစဉ်စံ အရိယာ" ဖြစ်သွားသောကြောင့်
"အပါယ်ဘေး" မှ လွတ်မြောက်သွားခဲ့ပါသည်။
ဤသို့ဖြင့် ဘုရားရှင်သည် "မိခင်ရင်း" အပေါ်တွင်လည်းကောင်း၊
"မိထွေးတော် ဂေါတမီ" အပေါ်တွင်လည်းကောင်း၊ မိခင်ကျေးဇူးများကို ကျေပြေစေရန် အမြတ်ဆုံးသော လောကုတ္တရာနည်းအားဖြင့် ကျေးဇူးဆပ်တော်မူခဲ့ပါ၏။ မိထွေးတော် ဂေါတမီ ထေရီမ သည် မြတ်စွာဘုရား၏ သာသနာတော်ဝယ် သင်္ကန်းဝတ် မိန်းမတို့တွင် အစဆုံး ရဟန္တာ ဖြစ်ခဲ့သည်။ အမျိုးသမီး ရဟန်းမ ဘိက္ခုနီ သာသနာသို့ အရင်ဝင်ရောက်လာကြသူများမှာ မိထွေးတော် ဂေါတမီ နဲ့ သာကီဝင် မင်းသမီး ငါးရာတို့ဖြစ်ကြသည်။ အမျိုးသမီး ရဟန်းမ သာသနာတွင် သစ္စာလေးပါး အရင်းဆုံးသိသူ ရဟန္တာ မှာ မိထွေးတော် ဂေါတမီ ဖြစ်သည်။
(၁) ဘုရားရှင်သော်မှ မိခင်၏ ကျေးဇူးကို နို့တစ်လုံးဖိုးသာ ကျေအောင် ဆပ်နိုင်တော်မူသည်မှာ "အမှန်တရား" ပေလော။
(၂) ဘုရားရှင်ကိုယ်တော်တိုင်က "သူသည် မိခင်၏ ကျေးဇူးကို နို့တစ်လုံးဖိုးသာကျေအောင် ဆပ်နိုင်သည်" ဟုမိန့်တော်မူခဲ့၍လော။
(၃) မယ်တော် "မာယာ" နှင့် မိထွေးတော် "ဂေါတမီ" တို့က ဘုရားရှင်သည် သူတို့အပေါ် နို့တစ်လုံးဖိုးသာ ကျေအောင် ဆပ်နိုင်သည်ဟု ပြောခဲ့၍လော။
(၄) ထေရ၀ါဒ ပိဋကတ်တော်များတွင် "ဘုရားရှင်သော်မှ နို့တစ်လုံးဖိုးကျေ" ဟူသော စာသားပါဝင်ပါ၏လော။ ဤသို့ဆန်းစစ်လေ့လာသင့်သည်။
စင်စစ်သော် "ဘုရားရှင်သော်မှ နို့တစ်လုံးဖိုးသာကျေ" ဟူသောအသုံးအနှုန်းမှာ
ထေရ၀ါဒ ပိဋကတ်တော်တွင် လုံးဝ မပါဝင်ပါ။
မိခင်ကျေးဇူးကို ဖွဲ့ဆိုရာတွင် အသုံးပြုသော "ဘုရားရှင်သော်မှ နို့တစ်လုံးဖိုးသာကျေ" ဟူသော စကားကြောင့်-
(၁) ဤလောက၌ သူတစ်ထူး၏ ကျေးဇူးကို သိတော်မူရ၌
အနှိုင်းမဲ့ဖြစ်တော်မူသော "ဘုရားရှင်" အား ပြစ်မှား စော်ကားရာ
ရောက်ခြင်း။
(၂) ဘုရားရှင်သော်မှ မိခင်ကျေးဇူးကို နို့တစ်လုံးဖိုးသာ ကျေအောင်ဆပ်နိုင်ရာ သာမန်ပုထုဇဉ်လူသားတို့အဖို့ မိခင်ကျေးဇူးကို ကျေပြေအောင် မဆပ်နိုင်သည်မှာ အပြစ်ပြောဖွယ်မလိုဟူ၍ ခံယူကြခြင်း၊ မိခင်ကျေးဇူးကို ဆပ်ရကောင်းမှန်း မသိသူတို့အဖို့ ဆင်ခြေတက်စရာ၊ စောဒကတက်စရာ "စကား" တစ်ခုအဖြစ် အသုံးချနိုင်ခြင်း။
(၃) "မိခင်ကျေးဇူး ကျေပြေအောင်ဆပ်နည်း" ရှိုသည်ဟုပင် မသိတော့ခြင်း။..... ဟူသော "ရလဒ်ဆိုးများ" ထွက်ပေါ်လာပါသည်။
ကျေးဇူးတော်ရှင် မြတ်စွာဘုရားသည် မိဘ၏ ကျေးဇူးကို အထူးအသိအမှတ်ပြုတော်မူပါ၏။
(၂) ဘုရားရှင်သော်မှ မိခင်ကျေးဇူးကို နို့တစ်လုံးဖိုးသာ ကျေအောင်ဆပ်နိုင်ရာ သာမန်ပုထုဇဉ်လူသားတို့အဖို့ မိခင်ကျေးဇူးကို ကျေပြေအောင် မဆပ်နိုင်သည်မှာ အပြစ်ပြောဖွယ်မလိုဟူ၍ ခံယူကြခြင်း၊ မိခင်ကျေးဇူးကို ဆပ်ရကောင်းမှန်း မသိသူတို့အဖို့ ဆင်ခြေတက်စရာ၊ စောဒကတက်စရာ "စကား" တစ်ခုအဖြစ် အသုံးချနိုင်ခြင်း။
(၃) "မိခင်ကျေးဇူး ကျေပြေအောင်ဆပ်နည်း" ရှိုသည်ဟုပင် မသိတော့ခြင်း။..... ဟူသော "ရလဒ်ဆိုးများ" ထွက်ပေါ်လာပါသည်။
ကျေးဇူးတော်ရှင် မြတ်စွာဘုရားသည် မိဘ၏ ကျေးဇူးကို အထူးအသိအမှတ်ပြုတော်မူပါ၏။
တိကအင်္ဂုတ္တိုရ်၊ ၄-ဒေ၀၏နုတ၀ဂ်၊ ၅-၁၁ ဗြဟ္မကသုတ်တွင်
မိဘကျေးဇူးကို
ဤသို့ ဖော်ကျူးမြွက်ကြားတော်မူခဲ့ပါ၏။
"ရဟန်းတို့၊ မိမိအိမ်၌ မိဘတို့ကို ကျွေးမွေးပြုစု စောင့်ရှောက်ထားသော သားသမီးတို့သည် ဗြဟ္မာ နှင့် အတူနေထိုင်သည်မည်၏။ မိမိအိမ်၌ မိဘတို့ကို ကျွေးမွေးပြုစု စောင့်ရှောက်ထားသော သားသမီးတို့သည်
လက်ဦးဆရာနှင့် အတူ နေထိုင်သည်မည်၏။
ရဟန်းတို့၊ ဗြဟ္မာဆိုသည်ကား အမိ အဖ တို့ကိုခေါ်သော အမည်တည်း။
လက်ဦးဆရာ ဆိုသည်ကား အမိ အဖ တို့ကိုခေါ်သော အမည်တည်း။
အဝေးမှ သယ်ပိုးလာရသော ပစ္စည်းကိုပင် ခံယူထိုက်သည့် အလှူခံပုဂ္ဂိုလ်မြတ်ဆိုသည်ကား အမိ အဖ တို့ကိုခေါ်သော အမည်တည်း။
အဘယ့်ကြောင့်နည်းဟူမူကား အမိအဖတို့သည် သားသမီးတို့အား အလွန်ကျေးဇူးများသော ပုဂ္ဂိုလ်၊ ကြီးပြင်းအောင် စောင့်ရှောက်သော ပုဂ္ဂိုလ်၊ ရင်သွေးကို နို့တိုက်၍ မွေးမြူပြုစုသော ပုဂ္ဂိုလ်တို့ ဖြစ်ကြသောကြောင့်တည်း "
ဘုရားရှင်သည် "မိဘတို့၏ ကျေးဇူး" ကို အထက်ပါအတိုင်း အသိအမှတ်ပြု
ဖော်ညွှန်းတော်မူခဲ့ပြီး မိဘကျေးဇူးကို ကျေပြေအောင် တုံ့ဆပ်နည်း ကိုလည်း (ဒုကအင်္ဂုတ္တိရ်။ ၄-သမစိတ္တ၀ဂ်၊ ဒုတိယသုတ်) တွင်
အောက်ပါအတိုင်း နည်းပေးညွှန်ပြ သြ၀ါဒပေးတော်မူခဲ့ပါ၏။
"ရဟန်းတို့၊ ပုဂ္ဂိုလ်နှစ်ဦးကို လွယ်ကူစွာ ကျေးဇူးတုန့်ပြန်ဆပ်နိုင်သည်ဟု ငါမဟောပေ။ အဘယ်ပုဂ္ဂိုလ်နှစ်ဦးဟူမူ မွေးသည့်မိခင် နှင့် မွေးသည့် ဖခင်တို့ ဖြစ်၏။
ဤသို့ ဖော်ကျူးမြွက်ကြားတော်မူခဲ့ပါ၏။
"ရဟန်းတို့၊ မိမိအိမ်၌ မိဘတို့ကို ကျွေးမွေးပြုစု စောင့်ရှောက်ထားသော သားသမီးတို့သည် ဗြဟ္မာ နှင့် အတူနေထိုင်သည်မည်၏။ မိမိအိမ်၌ မိဘတို့ကို ကျွေးမွေးပြုစု စောင့်ရှောက်ထားသော သားသမီးတို့သည်
လက်ဦးဆရာနှင့် အတူ နေထိုင်သည်မည်၏။
ရဟန်းတို့၊ ဗြဟ္မာဆိုသည်ကား အမိ အဖ တို့ကိုခေါ်သော အမည်တည်း။
လက်ဦးဆရာ ဆိုသည်ကား အမိ အဖ တို့ကိုခေါ်သော အမည်တည်း။
အဝေးမှ သယ်ပိုးလာရသော ပစ္စည်းကိုပင် ခံယူထိုက်သည့် အလှူခံပုဂ္ဂိုလ်မြတ်ဆိုသည်ကား အမိ အဖ တို့ကိုခေါ်သော အမည်တည်း။
အဘယ့်ကြောင့်နည်းဟူမူကား အမိအဖတို့သည် သားသမီးတို့အား အလွန်ကျေးဇူးများသော ပုဂ္ဂိုလ်၊ ကြီးပြင်းအောင် စောင့်ရှောက်သော ပုဂ္ဂိုလ်၊ ရင်သွေးကို နို့တိုက်၍ မွေးမြူပြုစုသော ပုဂ္ဂိုလ်တို့ ဖြစ်ကြသောကြောင့်တည်း "
ဘုရားရှင်သည် "မိဘတို့၏ ကျေးဇူး" ကို အထက်ပါအတိုင်း အသိအမှတ်ပြု
ဖော်ညွှန်းတော်မူခဲ့ပြီး မိဘကျေးဇူးကို ကျေပြေအောင် တုံ့ဆပ်နည်း ကိုလည်း (ဒုကအင်္ဂုတ္တိရ်။ ၄-သမစိတ္တ၀ဂ်၊ ဒုတိယသုတ်) တွင်
အောက်ပါအတိုင်း နည်းပေးညွှန်ပြ သြ၀ါဒပေးတော်မူခဲ့ပါ၏။
"ရဟန်းတို့၊ ပုဂ္ဂိုလ်နှစ်ဦးကို လွယ်ကူစွာ ကျေးဇူးတုန့်ပြန်ဆပ်နိုင်သည်ဟု ငါမဟောပေ။ အဘယ်ပုဂ္ဂိုလ်နှစ်ဦးဟူမူ မွေးသည့်မိခင် နှင့် မွေးသည့် ဖခင်တို့ ဖြစ်၏။
ရဟန်းတို့ အသက်တစ်ရာ တမ်း၌ဖြစ်၍ အသက်တစ်ရာရှည်သောသူသည်
(အသက်ထက်ဆုံး) အမိကို လက်ျာပခုံးထက်၌ ထား၍ အဖကိုလက်ဝဲ ပခုံးထက်၌ ထား၍ ထိုပခုံးထက်၌ပင် အမိအဖတို့အား မကောင်းသော
အနံ့အသက်ကင်းအောင်အမွှေးအကြိုင် လိမ်းပေးခြင်း၊ ညောင်းညာပင်ပန်းခြင်း မရှိအောင်
နှိပ်နယ်ပေးခြင်း၊ ရေနွေးတန်လျှင် ရေနွေး၊ ရေအေးတန်လျှင် ရေအေး
ချိုးပေးခြင်း၊ ခြေဆုပ်လက်နယ် ပြုလုပ်ပေးခြင်းဖြင့် လုပ်ကျွေးပြုစုရာ၏။
အမိအဖတို့ကိုလည်း ထိုပခုံးထက်တွင်ပင် ကျင်ကြီးကျင်ငယ်စွန့်ခြင်းကို ပြုကုန်ရာ၏။
အမိအဖတို့ကိုလည်း ထိုပခုံးထက်တွင်ပင် ကျင်ကြီးကျင်ငယ်စွန့်ခြင်းကို ပြုကုန်ရာ၏။
ရဟန်းတို့၊ ဤသို့ပင်
လုပ်ကျွေးပြုစုသော်လည်း အမိအဖတို့အပေါ်၌
လုပ်သင့်လုပ်ထိုက်သည်ကို ပြုလုပ်ပေးသည် မမည်သေး။
အမိအဖတို့အား ကျေးဇူးတုံ့ပြန်ဆပ်သည် မမည်သေးပေ။
ရဟန်းတို့၊ အမှန်စင်စစ်အားဖြင့် အကြင်သူသည် သဒ္ဓါတရား ခေါင်းပါးသော မိဘတို့ကို သဒ္ဓါတရား ရှိအောင် ဆောင်ရွက်ပေး၏။
သီလမရှိသော မိဘတို့ကို သီလရှိအောင် ဆောင်ရွက်ပေး၏။
နှမြောဝန်တို သော မိဘတို့ကို စွန့်ကြဲလှူဒါန်းအောင်ဆောင်ရွက်ပေး၏။
ပညာမရှိသော မိဘ တို့ကို ပညာရှိအောင် ဆောင်ရွက်ပေး၏။
ဤသို့ ပြုလုပ်ဆောင်ရွက်ခြင်းအားဖြင့် အမိအဖတို့အပေါ်၌
လုပ်သင့်လုပ်ထိုက်သည်ကို လုပ်သည် မည်၏။ "
လုပ်သင့်လုပ်ထိုက်သည်ကို ပြုလုပ်ပေးသည် မမည်သေး။
အမိအဖတို့အား ကျေးဇူးတုံ့ပြန်ဆပ်သည် မမည်သေးပေ။
ရဟန်းတို့၊ အမှန်စင်စစ်အားဖြင့် အကြင်သူသည် သဒ္ဓါတရား ခေါင်းပါးသော မိဘတို့ကို သဒ္ဓါတရား ရှိအောင် ဆောင်ရွက်ပေး၏။
သီလမရှိသော မိဘတို့ကို သီလရှိအောင် ဆောင်ရွက်ပေး၏။
နှမြောဝန်တို သော မိဘတို့ကို စွန့်ကြဲလှူဒါန်းအောင်ဆောင်ရွက်ပေး၏။
ပညာမရှိသော မိဘ တို့ကို ပညာရှိအောင် ဆောင်ရွက်ပေး၏။
ဤသို့ ပြုလုပ်ဆောင်ရွက်ခြင်းအားဖြင့် အမိအဖတို့အပေါ်၌
လုပ်သင့်လုပ်ထိုက်သည်ကို လုပ်သည် မည်၏။ "
ဆရာတော် အရှင်ဆန္ဒာဓိက ဆရာတော်ဘုရားက
ဘယ်လိုဆုံးမသြ၀ါဒ ပေးထားသလဲဆိုတော့…။ သားသမီးတွေ အပေါ်မှာ
မိဘကျေးဇူး ကြီးမားတာ မှန်ပါတယ်။ ဒါပေမယ့် မိဘမေတ္တာကို အမွှန်းတင်လွန်းချင်တဲ့ အနေနဲ့ ဘုရားရှင်တောင် မိဘကျေးဇူး ကျေအောင်မဆပ်နိုင်ဘူးလို့ ပြောလိုက်တာဟာ ဘုရားကိုစော်ကားရာ
ရောက်ပါတယ်။
နောက်ပြီး.. ဘုရားကိုစော်ကားရာ ရောက်သလို တရားကိုလည်း စော်ကားရာရောက်ပါတယ် တဲ့။ ဒါ
ဆရာတော်ရဲ့ ဆုံးမသြ၀ါဒ စကားလေးပါ။ ဟုတ်ပါတယ်.. တကယ်တော့ မြတ်စွာဘုရားရှင်ဟာ မိဘကျေးဇူးကို နို့နှစ်လုံးဖိုးလုံး
ကျေအောင်
ဆပ်နိုင်ခဲ့ပါတယ်။ ထေရ၀ါဒ ဗုဒ္ဓ စာပေ စစ်စစ် ပိဋိကတ်တော်မှာ
အခိုင်အမာ
အထင်အရှားရှိပါတယ်။
ပါဠိတော် မူရင်းကတော့- ထေရီ အပဒါန ပါဠိတော်၊ စာမျက်နှာ (၂၀၉)။ ဂါထာ (၁၃၃)မှာ ဖော်ပြထားပါတယ်။ ပါဠိအနက်- မဟာမုနေ - မြတ်စွာဘုရား၊ တွံ - ရှင်တော်မြတ်ဘုရားသည်၊ မယှံ - ဘုရားတပည့်တော်အား၊ ဗန္ဓနာရက္ခနေ - ကိလေသာ အနှောင်အဖွဲ့မှ လွတ်မြောက်အောင် စောင့်ရှောက်ခြင်းကြောင့်၊ မယှံ - တပည့်တော်၏ အပေါ်၌၊ အနဏော - နို့ဖိုးကြွေးကင်းသူသည်၊ ၀ါ - နို့နှစ်လုံးဖိုးလုံးကျေအောင် မိခင်ကျေးဇူး ဆပ်ပြီးသူသည်၊ အသိ - ဖြစ်တော်မူပါပေ၏ဲ့။
ဘာလို့ နို့ဖိုးကျေသွားတယ်ဆိုတာလေး
တစ်ချက်လောက် စဉ်းစားကြည့်ရအောင်…။ မိဘတွေရဲ့ မေတ္တာကို အထင်သေးတဲ့သဘောမျိုးနဲ့ ပြောဆိုတာ မဟုတ်ပါဘူး။
တကယ်တော့..
သားသမီးတွေ အပေါ်မှာထားတဲ့ မိဘတွေရဲ့ မေတ္တာတော်ဟာ တန်ခိုး
အနန္တပါပဲ။
ဒါပေမယ့် မိဘတွေ
တိုက်ကျွေးတဲ့
လောကနို့ရည်ဟာ တဒင်္ဂ နို့ဆာတဲ့ တဏှာကိုပဲ ပယ်ဖျောက်
ပေးနိုင်သလို..
တစ်ဘ၀တာအသက်ရှင်ဖို့ အတွက်ပဲ အထောက်အပန့် ဖြစ်ပါတယ်။
မိခင်နို့ရည်လို့ခေါ်တဲ့ လောကနို့ရည် ဟာ အဆင်း အသံ အနံ့ အရသာ
အထိအတွေဆိုတဲ့
အာရုံငါးပါး ကာမဂုဏ်တရားတွေကို ဆာလောင်မွတ်သိပ်တဲ့
တဏှာ ကိုတော့
ဘယ်လိုနည်းနဲ့မှ ပယ်ဖျောက် မပေးနိုင်ပါဘူး။ မြတ်စွာဘုရားရှင် ဟောကြားလိုက်တဲ့ ဓမ္မနို့ရည်ကျတော့
ဆာလောင်မွတ်သိတ်တဲ့ တဏှာအားလုံးကို အကြွင်းမဲ့ ပယ်ဖျောက် ပေးနိုင်ပါတယ်။ နောက်ပြီး ဘုရားရှင် တိုက်ကျွေးလိုက်တဲ့ ဓမ္မနို့ရည်ကြောင့်
မိထွေးတော်
ဂေါတမီဟာ ရဟန္တာ ဖြစ်သွားပြီး သံသရာမှ လွတ်မြောက်ကာ မအို မနာ
မသေရာ
အမြတ်နိဗ္ဗာန်ကို ဆိုက်ရောက်ခဲ့ရပါတယ်။ နိဗ္ဗာန်ကို
ဆိုက်ရောက်သွားတယ်ဆိုတာ တကယ်တော့
ထပ်ဖန်တလဲလဲ သေနေတဲ့ နေရာကနေ မသေတဲ့နေရာကို ရောက်သွားတာပါ။ အမြဲတမ်း သေရာလမ်းကို
သွားနေတဲ့ မိခင်ကို လမ်းကြောင်းပြောင်းပြီး အမြဲတမ်းမသေရာ နိဗ္ဗာန်ကို ဆိုက်ရောက်အောင် ဓမ္မနို့ရည် တိုက်ကျွေးပြီး
ကျေးဇူးဆပ်လိုက်တဲ့ အတွက်လည်း ဒီတသက်တာ
အသက်ရှင်ဖို့ တိုက်ကျွေးခဲ့တဲ့ နို့ဖိုးကျေးဇူး အားလုံးကျေသွားတာပါ။
ဆိုလိုရင်း အဓိပ္ပါယ်ကတော့
မြတ်စွာဘုရားရှင် ကိုယ်တော်မြတ်ကြီးဟာ သူရဲ့မိထွေးတော် ဂေါတမီ ထေရီမကြီးကို ကိလေသာအနှောင်အဖွဲ့မှ လွတ်မြောက်အောင် စောင့်ရှောက်ကယ်တင်ပြီး နိဗ္ဗာန်သို့
ပို့ဆောင်ပေးခဲ့တဲ့အတွက် မယ်တော့်ကျေးဇူးကို
နို့နှစ်လုံးဖိုးလုံးကျေအောင် ဆပ်နိုင်တယ်ဆိုတဲ့ အဓိပ္ပါယ်ပါပဲ။
ကျေးဇူးတော်ရှင် မြတ်ဘုရားသည် လောကုတ္တရာနည်းအားဖြင့် မိခင်ကျေးဇူးကို ကျေပြေအောင်မိဘကျေးဇူးကို နို့နှစ်လုံးဖိုးလုံး ကျေအောင်
ေ ကျေဇူးဆပ်ပြသွားတဲ့ ဘုရားရှင် ကိုယ်တော်မြတ်ကြီးကိုလည်း ဤနေရာမှ လက်အုပ်ချီမိုး၍ ရှိခိုးကန်တော့ လိုက်ပါတယ်…။ ဘုရားရှင်ကဲ့သို့ နို့နှစ်လုံးဖိုးလုံး ကျေအောင် ကျေဇူးဆပ်နိုင်သော သူတော်ကောင်း သူမြတ်လောင်းများ ဖြစ်ကြပါစေလို့ ဆန္ဒပြု ဆုတောင်း ပေးလိုက်ပါတယ်။
လောဘ-ဒေါသ-မောဟ
လောဘ-ဒေါသ-မောဟ မှာ အကုသိုလ်တရား ၃ ပါး ဖြစ်သည်။
လောဘ = တပ်မက်ခြင်း၊ကာမဂုဏ်အာရုံကို ငြိကပ်တပ်မက်ခြင်းသဘော။
လောဘသည် ကာမဂုဏ် အာရုံ ကိုတမ်းတမ်းစွဲ၊
ငမ်းငမ်းတက်၊တပ်မက်တွယ်တာ လိုချင်သည့် သဘောဖြစ်သည်။ သတ္တဝါတို့အား မည်သည့် အခါမျှ
မရောင့်ရဲ မတင်းတိမ်စေဘဲ အာရုံသစ်များကို အမြဲ ရှာဖွေနေစေသည်။
လောဘနှင့်သေသူ၏လားရာဂတိမှာ ပြိတ္တာပြည်ဖြစ်သည်။
ဒေါသ = ပြစ်မှားခြင်း၊ခက်ထန်ကြမ်းတမ်းခြင်းသဘော။
ဒေါသနှင့်တူသော
အပြစ်သည် မရှိဟူ၍ ဘုရားဟောထားသည်နှင့်အညီ ဒေါသသည် အဖျက်ဆီးတတ်ဆုံးသောတရားဖြစ်၏။ မြွေပွေးမြွေဟောက်နှင့်တူ၏။
တက်ကြွသော ဒေါသကသာဖျက်ဆီးတတ်သည်မဟုတ်။ ဆုတ်နစ်သော ဒေါသကြောင့်ဖြစ်သည့်
စိတ်ပျက်ခြင်း၊ ကြောက်လန့်ခြင်း၊ ဝမ်းနည်းပူဆွေးခြင်း၊ငိုကြွေးခြင်း၊
စိတ်နှလုံးမသာယာခြင်း၊လွန်ကဲစွာပူဆွေးခြင်း တို့ကလည်း ကိုယ်စိတ်နှစ်ပါးကို
ပျက်စီးစေသည်။ ဒေါသနှင့်သေသူ၏လားရာဂတိမှာ ငရဲပြည်ဖြစ်သည်။
မောဟ = တွေဝေခြင်း(မသိတတ်ခြင်း)၊အာရုံ၏သဘောမှန်ကို မသိခြင်း၊ဖုံးကွယ်ခြင်းသဘော။
မောဟသည် ရုပ်နာမ်သဘော၊ကံသဘော၊သစ္စာသဘော
စသည်တို့ကို ဖုံးကွယ်ထားပြီး သတ္တဝါတို့အား အမှောင်တိုက်၌ ကျင်လည်စေသည်..။
မောဟနှင့်သေသူ၏လားရာဂတိမှာ တိရိစ္ဆာန်ပြည်ဖြစ်သည်။
ဒုစရိုက် ၁၀ ပါး
ငရဲ၊ တိရိ စ္ဆာန်၊ ပြိတ္တာ၊ အသူရကာယ် အပါယ်လေးပါးသို့ လားစေတတ်သော ဒုစရိုက်တရား ၁၀-ပါးရှိ၏။
ကာယဒုစရိုက်
၃-ပါး
(၁) ပါဏာတိပါတ- သူ့အသတ်ကိုသတ်ခြင်း
(၂) အဒိန္နာဒါနာ- သူ့ဥစ္စာကို ခိုးယူခြင်း၊
(၃) ကာမေသု မိစ္ဆာစာရာ- သူ့မယားကို သွားလာလွန်ကျူးခြင်း၊
ဤသုံးပါးကို
မကောင်းမှုကို ကိုယ်ဖြင့်ပြုကျင့်သောကြောင့် ကာယဒုစရိုက် ၃-ပါးမည်၏။
ဝစီဒုစရိုက် ၄-ပါး
(၄) မုသာဝါဒ- မဟုတ် မမှန်သောစကားကို အမှန်အဟုတ်
ပြုလုပ်ပြောဆိုခြင်း၊
(၅) ပိသုဏဝါစာ- သူနှစ်ယောက်တို့၏
အချစ်ကိုပျက်အောင် ကုန်းတိုက်ခြင်း၊
(၆) ဖရုသဝါစာ- အကြမ်းအတမ်းငေါက်ငမ်းဆဲရေးခြင်း၊
(၇) သမ္ဖပ္ပလာပဝါစာ- အပေါ့အဖျင်း အနှစ်ကင်းသောစကားကို
ပြောဆိုခြင်း၊
ဤလေးပါးကား
မကောင်းမှုကို နှုတ်ဖြင့်ပြုသောကြောင့် ဝစီဒုစရိုက် ၄-ပါးမည်၏။
မနောဒုစရိုက် ၃-ပါး
(၈) အဘိဇ္ဈာ- သူ၏ဥစ္စာကို ငါ့ဥစ္စာဖြစ်သော် ကောင်းလေစွဟု စိတ်ကအောက်မေ့ခြင်း၊
(၉) ဗျာပါဒ-သူတစ်ပါးကို ငြိုးထားရန်မက် နှိပ်စက်ရအောင်
စိတ်ကကြံဆောင်ခြင်း၊
(၁၀) မိစ္ဆာဒိဠိ (မှားသောအယူ)- ဘုရားဟောမှန်ကျမ်းဓမ္မခန်ကို ပယ်လှန်စိတ်ထား
အယူမှားခြင်း၊
ဤသုံးပါးကား မကောင်းမှုကို စိတ်ဖြင့်ကြံစည်သောကြောင့်
မနောဒုစရိုက် ၃-ပါးမည်၏။
ဥပါဒါန်လေးပါး
ဥပါဒါန်မျိုး ၄-ပါး။ ပြင်းစွာ စွဲလမ်းတတ်သောတရား ၄-ပါး။
(၁) ကာမုဒါဒါန် - ကာမဂုဏ်ကို စွဲလမ်းတတ်သောလောဘ၊
(၂) ဒိဋ္ဌဌုပါဒါန် - မှားသောမြင်ခြင်းဖြင့် စွဲလမ်းတတ်သော ဒိဋ္ဌဌိတရား၊
(၃) သီလဗ္ဗတုပါဒါန် - ခွေး နွား မြင်း စသည်တို့ အလေ့အကျင့်ဖြင့်
သံသရာမှစင်ကြယ်၏ဟု စွဲလမ်းတတ်သော ဒိဋ္ဌဌိတရား၊
(၄) အတ္တဝါဒုပါဒါန် - မိမိ၏အယူဝါဒသာမှန်၏ဟု အယူမှားကိုစွဲလမ်းတတ်သော ဒိဋ္ဌဌိတရား။
ဒိဌိဖြစ်ပေါ်စေသည့်အကြောင်းရင်း ရှစ်ပါး
ခန္ဓာကိုယ်နှင့် ပတ်သက်၍လည်းကောင်း၊
သစ္စာလေးပါးကို မသိ၍ လည်းကောင်း
အတွေ့အထိနှင့် ပတ်သက်၍လည်းကောင်း
မှတ်သားမှုနှင့် ပတ်သက်၍လည်းကောင်း
အကြံအစည်နှင့် ပတ်သက်၍လည်းကောင်း
နှလုံးသွင်းမှား၍ လည်းကောင်း
မိုက်မဲသောပုဂ္ဂိုလ်နှင့်ပေါင်းသင်းမိ၍ လည်းကောင်း၊
သူတစ်ပါး
တရားသံနှင့် ပတ်သက်၍လည်းကောင်း ဒိဌိ
ဖြစ်ပေါ်လာတတ်ပါသည်။
ကုသိုလ်ကံ ၊ အ ကုသိုလ်ကံ
ပြုလုပ်ကျင့်ကြံ အားထုတ်ထားသော ကုသိုလ်ကံ ၊ အ ကုသိုလ်ကံ(The theory of karma is the theory of cause and effect, of action and reaction; it is a natural law, which has nothing to do with the idea of justice or reward and punishment.") တွေကို ဆိုလိုခြင်းဖြစ်သည်။ ကုသိုလ်ကံကြောင့် ကောင်းရာ သုဂတိ ရောက်မည်။ အကုသိုလ်ကံကြောင့် မကောင်းရာ ဒုဂ္ဂတိဘဝရောက်မည်။ မည်သည့်ဘဝသို့ ရောက်စေကာမူ သေရ ဦးမည်ဖြစ်သောကြောင့် ကုသိုလ်ကံ ၊ အကုသိုလ်ကံ တို့မှာလည်း တဖန်သေမည့်ဘဝကိုရအောင် ပြုလုပ်ရာ ရောက်နေသော သတ်တတ်သော ၊ သေစေတတ်သော မာရ်ပင် ဖြစ်သည်။
အဘိဓမ္မာ သဘောအရဆိုပါကလည်း ကံ သည်စေတနာ ပဲဖြစ်သည်။
ကံ- ကံ ၏အကျိုးပါဠိဘာသာ
ကမ္မ မှ လာသည်။ ပြုမူခြင်း၊ ပြုလုပ်ခြင်း၊ အမှုဆောင်ခြင်း ကံ၊ အမှုကိစ္စကိုဆိုလိုသည်။ မြန်မာဗုဒ္ဓဘာသာဝင်အများစုသည်
ကံ အဓိပ္ပာယ်ကို လွဲမှားစွာ ကောက်ယူနားလည်ကြသည်လည်း ရှိသည်။
ကံ ကို English စကားလုံး Action
ကို
Re-action ဟု အနက်ပေးလျှင်
ပိုရှင်းလင်း နားလည်နိုင်ပါသည်။ ထို ကံ (Action) သည် -
၁။ အကျိုးစီးပွားကို ဖြစ်စေတတ်သော ကုသိုလ်ကံ(Good action) နှင့်
၂။
အကျိုးစီးပွားကို ဖြစ်စေသော အကုသိုလ်ကံ(Bad
action) ဟူ၍
နှစ်မျိုးရှိသည်။
ထို အကုသိုလ်ကံ၊
ကုသိုလ်ကံ သည်လည်း -
၁။ ကိုယ်ဖြင့် ပြုလုပ်မှု ကာယကံ၊
၂။
နှုတ်ဖြင့် ပြောဆိုမှု ဝစီကံ၊
၃။
စိတ်ဖြင့် ကြံစည်မှု မနောကံ ဟူ၍ သုံးမျိုးရှိသည်။ ကံ ကံ၏အကျိုး ဖြစ်၏ ။
အောက်ပါ ကံ Karma (သို့မဟုတ်) Kamma ( ၄ ) ချက် ပေါ်မူတည်ပါသည်။ ကံ ၊ ကံ ၏အကျိုး action and re-action (or) law of cause and effect ဖြစ်ထွန်းမှု ကို အတိုချုပ်ရရင်-၁- ချက်ချင်းလက်ငင်း အကျိုး ပေးသော ( ဒိဌဓမ္မ ဝေဒနိယ ကံ ) ၂- နောင်ဘဝမှ အကျိုး ပေးသော ( ဥပ ပဇ္ဇဝေဒနိယ ကံ ) ၃- ချက်ချင်းလက်ငင်း ယခုဘဝရော ၊ နောင်ဘဝမှာပါ အကျိုးမ ပေးသေးဘဲ ၊ တတိယ ဘဝမှသည် ကံပိုင်ရှင် ထိုလူသား နိဗ္ဗာန် မရသေးမီ ကြားကာလ တချိန်ချိန် တွင် အကျိုး ပေးမည်။ ( အပရာပရိယ ဝေဒနိယ ကံ ) ၄- ချက်ချင်းလက်ငင်း လည်း အကျိုးပေးခွင်.မရ ဘဲ ကြာလာရာမှ အခြားအင်အားကြီး ကံ တခုခုရဲ. ဖျက်ဆီးခြင်း ခံလိုက်ရသော ( အဟောသိကံ ) …တို့ဖြစ်သည်။
အဘိဓမ္မာနည်းအရ ဝီထိ တစ်ခုတွင် ပါဝင်သောဇော (၇) ကြိမ် အနက် ပထမဇောစိတ်ဖြင့် ယှဉ်သော စေတနာကံ သည် ဒိဌဓမ္မအကျိုး ပေးမည်။ သတ္တမ (၇) ဇောစိတ်နဲ. ယှဉ်သော စေတနာကံ သည် ဥပ ပဇ္ဇ ဝေဒနိယ (ဒုတိယဘဝ) အကျိုး ပေးမည်။ အလယ်ဇော (၅) ခုသည် အပရာပရိယ ဝေဒနိယအကျိုး ပေးမည် ။ ထိုကံတို. မရင်.ကျက်နိုင်လျှင် အဟောသိကံ ဖြစ်သွားမည်။(က) မကောင်းသောကံများ ရှိသော်လည်း ကောင်းသောကံ အားကြီးစေရန် ကိုယ်တိုင် ပြန်လည်စီရင်နိုင်သည်။( ဥပမာ-အရှင် အင်္ဂုလိမာလ …. လူသတ်မှု အကုသိုလ်ကံများမှာ ရဟန္တာဘဝကို အကျိုးပေးခွင့်မရဘဲ အဟောသိကံ ဖြစ်သွားသည်။ )
(ခ) ကောင်းသောကံများရှိ သော်လည်း မကောင်းသောကံ အားကြီးလွန်းသောအခါ အကျိုးပေးခွင့်မရ နိုင်ရန် တားဆီးခြင်းငှာ မတတ်နိုင်တော့ပေ။ ( ဥပမာ - ပထမသံဃာယနာ ၏ ဒါယိကာ ဘုရင် အဇာတသတ်….. အဖကို သတ်သည့် အကုသိုလ်ကြောင့် ဘုရားအား ကြည်ညိုသည့် ပုထုဇဉ်တွေထဲတွင် အသာဆုံးဖြစ်သော်လည်း လောကကုမ္ဘီ ငရဲတွင် လူနှစ် ( ၆၀ဝ၀ဝ ) ခံရရှာဦးမည် ။သို့သော် ငရဲကလွတ်သောအခါ ဝိစိတာဝီ မည်သော ပစ္စေကဗုဒ္ဓ ဖြစ်မည်။)အရေးကြီးသည်မှာ အကုသိုလ် လုပ်မိလျှင် မတိုးပွားအောင် တိုတိုဖြတ် ၊ သို့မှသာ အကျိုးပေးခွင့်မရ ဘဲ အဟောသိကံ ဖြစ်သွားကြမည်။ ကုသိုလ် လုပ်လျှင် တိုးပွားအောင် အားဆင့်ပေး ၊ သို့မှသာ ကောင်းကျိုးပေးခွင့်ရမည်။ ဒါပေမယ့် ပြုလုပ်တဲ့ ဒါန ၊သီလ ၊ ကံတွေ အပေါ်မှာ လိုချင်တပ်မက်သည့် တဏှာ မကပ်ငြိရပါ။
(မိုးကုတ်ဆရာတော် ဘုရားကြီး အကြိမ်ကြိမ်ဟောလေ့ရှိပါသည်။ နတ်သမီး ၅၀ဝ နှင့် သုဗြဟမ နတ်သားဇာတ်၊ မည်သည့် ဘဝရောက်ရောက် သေရဦးမည် ဆိုသည်ကို ထင်ရှားသော ဇာတ်တော်များကို နာယူကြည့်ခြင်းဖြင့် သိနိုင်ပါသည်။)
နောက် ဒါန ၊သီလ
၊ဘာဝနာ ပြုနေချိန်မှာ ဘယ်လို စိတ်ထားရမယ်ဆိုတာ ဓမ္မစေတီ ဦးကောသလ ၏ ဒသနသမ္ဗဒါ
နည်းဖြင့် ရှင်းလင်းပြသသည့် ဒါန ၊ အမြတ်ဆုံးဒါန ၊ သဒ္ဒါမှသည် နိဗ္ဗာန်ဆီသို့
စသောတရားများကို မှတ်သားကြပါ ။ သို့မှာသာ အဘိသင်္ခါရ မာရ်အား အသိဖြင့်
တားနိုင်မည်။ အရဟတ္တမဂ်၏ တန်ခိုးဖြင့်သာ အဘိသင်္ခါရ မာရ် ကို အမြစ်ပျက်
အောင်နိုင်မည်။
ဗုဒ္ဓဘာသာတွင်အကြောင်းအရာတစ်ခုကိုလေ့လာကျင့်ကြံရာ၌ နည်းစံနစ်ကျသည်။ သိပ္ပံနည်းကျသည်။ ဗုဒ္ဓတရားတော်များသည် အကြောင်းအကျိုး ဆက်စပ်မှုရှိခြင်း၊ ယုတ္တိနည်းကျ လက်တွေ့ကျခြင်း၊ စနစ်တကျ ဖွဲ့စည်းမှု ရှိခြင်း၊ မှန်သည်-မှားသည်၊ လုပ်သင့်သည်-မလုပ်သင့်သည်၊ အကျိုးရှိသည်-အကျိုးမဲ့သည် တို့ကို မိမိတို့ကိုယ်တိုင် ဝေဖန်စမ်းစစ် ခွင့်ရှိခြင်း၊ အချိန်မရွေး၊ နေရာမရွေး၊ လူမျိုး ဘာသာမရွေး လက်တွေ့ကျင့်ကြံပြီး အေးချမ်းမှုကို ကိုယ်တိုင်သိရှိနိုင်ခြင်း၊ အမြဲထာဝရ မှန်ကန်ခြင်း စသော အရည်အချင်းများ ပြည့်စုံသောကြောင့် ဗုဒ္ဓ ၏အဆုံးအမများနှင့် ဗုဒ္ဓဘာသာသည် လက်တွေ့သဘာဝကျသည့် အမှန်ကန်ဆုံးအမှန်တရား လည်း ဖြစ်သည်။
ကမ္ဘာဦးအစမှ ရှိခဲ့ပြီးသော တွေ့ရှိချက်၊ အမှန်တရားတို့သည် အတိုင်းအတာ တစ်ခု၊ အခြေအနေ အချိန်အခါ နေရာဒေသ တစ်ခု၊ လူအုပ်စုတစ်စု အတွက် သာ မှန်ကန်သည့် အမှန်တရား (customary truth and conventional truth) သမုတိသစ္စာမျှသာ ဖြစ်ကြောင်း၊ အမြဲထာဝရ မှန်ကန်သည့် အမှန်တရား (Universal truth and ultimate truth) ပရမတ္တ သစ္စာ တရားမှာ မြတ်ဗုဒ္ဓ၏ တရားတော်၌သာ တွေ့နိုင်ကြောင်း၊ ဝိဇ္ဇာ၊ သိပ္ပံပညာရှင်တို့၏ တွေ့ရှိချက်များ အပါအဝင် အယူဝါဒဆိုင်ရာ အမှန်တရား အားလုံးတို့၏ ရှေ့ပြေး ပထမ အမှန်ဆုံးတရား ဖြစ်သည်။
အာနာပါန တရားရှုမှတ် ကျင့်ကြံအားထုတ်ခြင်းတွင်
ဗုဒ္ဓမြတ်စွာဘုရားသည် ကမ္ဘာပေါ်တွင် အထင်ရှားဆုံး နှင့် အကျော်ကြားဆုံး ဖြစ်သည်။
တရားရှုမှတ်ခြင်းသည် အရာအားလုံးကို ထိန်းချုပ်လေ့ကျင့်မှု တစ်ရပ်ဖြစ်ပြီး
ရှုမှတ်ခြင်းဖြင့် လေ့ကျင့်သူသည် “သိစိတ်ပျံ့လွင့်စိတ်”ကို ကျော်လွန်ပြီး စိတ်အနားပေးခြင်း သို့မဟုတ်
သိမှတ်နေခြင်း၏ အနက်ရှိုင်းဆုံးသော အဆင့်သို့ ရောက်ရှိရန်
ကြိုးပမ်းအားထုတ်ခြင်းဖြစ်သည်။ တရားရှုမှတ်ခြင်းသည် ဘာသာအများစု၏
တစ်စိတ်တစ်ပိုင်းဖြစ်ပြီး ရှေးခေတ်ကတည်းမှပင်
ကျင့်ကြံအားထုတ်ခဲ့ကြသည်။တရားရှုမှတ်ကျင့် ကြံအားထုတ်ခြင်း နှစ်မျိုးဖြစ်ကြသော သမထ
နှင့် ဝိပဿနာ တို့အကြားတွင် ထင်ရှားသည်။
နှစ်မျိုးစလုံးသည်ဉာဏ်အလင်းရရှိရန်အတွက်လိုအပ်သည်။
သမထတွင်အမှတ်တစ်ခုတည်းအာရုံစိုက်ကြည့်ခြင်း
စိတ်တည်ငြိမ်မှုစွမ်းရည်ကိုတိုးတက်ဖြစ်ထွန်းအောင်လေ့ကျင့်အားထုတ်ခြင်းဖြစ်ပြီး၊
ဝိပဿနာသည်ပကတိသဘာဝအမှန်များကိုရှုမြင်ခြင်းအားဖြင့် ထိုးထွင်းသိမြင်ခြင်းနှင့်
ပညာတို့ တိုးတက် ဖွံ့ဖြိုး လာစေရန်ဖြစ်သည်။ တရားရှုမှတ်ကျင့်ကြံခြင်းနှစ်မျိုးအကြား
ကွာခြားမှုနှိုင်းယှဉ်ချက်သည် အမြဲတမ်းပြတ်သား ပေါ်လွင်မှုမရှိပါ။ ကွာခြားမှုသည်
အာနာပါနသတိ ကဲ့သို့သော ကျင့်ကြံမှုများ လေ့လာလိုက်စား သည့်အခါတွင်ထင်ရှားစွာတွေ့မြင်ရသည်။
အာနာပါနသည် သမထကျင့်စဉ်၏အစ တာထွက်ဟု ပြောနိုင်သော်လည်း အဆင့်အမျိုး
မျိုးကိုဖြတ်သန်းသွားပြီး နောက်ဆုံးတွင် ဝိပဿနာကျင့်စဉ်သို့
ရောက်ရှိအဆုံးသတ်သွားသည်။
မိမိ၏ခန္ဓာကိုယ်ကို မိမိကိုယ်တိုင်ရှုမှတ်ခြင်းဖြင့် မိမိ၏ မတင့်တယ်သော စိတ်တို့ကို ဖြူစင်စေသော ကျင့်စဉ်ဖြစ်သည် ။ ပြန့်လွင့်နေသောစိတ်ကို စုစည်းနိုင်ရန်အတွက် ပုံမှန်အတိုင်း အသက်ရှုမှုကို အာရုံစူးစိုက်ပြီး စတင်ရှုမှတ်လေ့ကျင့်မှု ပြုလုပ်ကြရသည်။ စိတ်သည် တည်ကြည်စူးရှမှုရှိပြီး ခန္ဓာကိုယ်ကို အာရုံစူးစိုက်၍ ရှုမှတ်ခြင်းဖြင့် ရုပ်သည်လည်းကောင်း၊ စိတ်သည်လည်းကောင်း၊ ခဏမစဲ မရပ်မနား ပြောင်းလဲနေကြသောတရား၊ စကြာဝဋ္ဌဌာတစ်ခုလုံး၏ သဘာဝဓမ္မ အမှန်တရားကို တွေ့ရှိလာသောအခါ မမြဲခြင်းသဘာဝ(အနိစ္စ)၊ ဆင်းရဲခြင်း(ဒုက္ခ) နှင့် အစိုးမရသော(အနတ္တ) သဘောသဘာဝ အမှန်တို့ကို သိရှိကြသည်။ ဤကဲ့သို့ အမှန်တရား ဓမ္မလက္ခဏာကို ကိုယ်တိုင်ကိုကြ တိုက်ရိုက်သိလာသောအခါ စိတ်အတွင်း၌ မတင့်တယ် မစင်ကြယ်မှုများမှ လွတ်မြောက်၍ စိတ်ကို ဖြူစင်မှု ဖြစ်စေသော တရားကျင့်စဉ်ဖြစ်သည်။
ထေရဝါဒဗုဒ္ဓအယူဝါဒသည်နိဗ္ဗာန်ရောက်ကြောင်း
မဂ္ဂင်ရှစ်ပါး ၏တစ်စိတ်တစ်ပိုင်းဖြစ်သည့်သတိတရား နှင့် အာရုံစူးစိုက်မှုတို့၏ရှုမှတ်ခြင်းဖွံ့ဖြိုးလာမှုကိုဦးစားပေးဆောင်ရွက်သည်။
ဝိပဿ နာ Vipassana
ဂေါတမဗုဒ္ဓမြတ်စွာဘုရားသည်
ကမ္ဘာပေါ်တွင် ဝိပဿနာ ကျင့်စဉ်ကိုဘီစီ (၅၈၈) လွန်ခဲ့သော
နှစ်ပေါင်း၂၆၀ဝ-ကျော်တွင်ပထမဆုံးသော စတင်တွေ့ရှိကျင့်ကြံအားထုတ် ခဲ့ သူဖြစ်သည်။
ဝိပဿ နာ ဆိုသည်မှာ အရှိကိုအရှိအတိုင်း မှန်ကန်စွာသိမြင်ခြင်းဟု အဓိပ္ပါယ်ရရှိသည်။ မိမိ၏ခန္ဓာကိုယ်ကို မိမိကိုယ်တိုင်ရှုမှတ်ခြင်းဖြင့် မိမိ၏ မတင့်တယ်သော စိတ်တို့ကို ဖြူစင်စေသော ကျင့်စဉ်ဖြစ်သည် ။ မိမိ၏ခန္ဓာကိုယ်ကို မိမိကိုယ်တိုင်ရှုမှတ်ခြင်းဖြင့် မိမိ၏ မတင့်တယ်သော စိတ်တို့ကို ဖြူစင်စေသော ကျင့်စဉ်ဖြစ်သည် ။
အသင်သည် ပြန့်လွင့်နေသောစိတ်ကို စုစည်းနိုင်ရန်အတွက် ပုံမှန်အတိုင်း အသက်ရှုမှုကို အာရုံစူးစိုက်ပြီး စတင်ရှုမှတ်လေ့ကျင့်မှု ပြုလုပ်ကြရသည်။
စိတ်သည်
တည်ကြည်စူးရှမှုရှိပြီး ခန္ဓာကိုယ်ကို အာရုံစူးစိုက်၍ ရှုမှတ်ခြင်းဖြင့်
ရုပ်သည်လည်းကောင်း၊ စိတ်သည်လည်းကောင်း၊ ခဏမစဲ မရပ်မနား ပြောင်းလဲနေကြသောတရား၊
စကြာဝဋ္ဌဌာတစ်ခုလုံး၏ သဘာဝဓမ္မ အမှန်တရားကို တွေ့ရှိလာသောအခါ မမြဲခြင်းသဘာဝ(အနိစ္စ)၊
ဆင်းရဲခြင်း(ဒုက္ခ) နှင့် အစိုးမရသော(အနတ္တ) သဘောသဘာဝ အမှန်တို့ကို သိရှိကြသည်။
ဤကဲ့သို့ အမှန်တရား ဓမ္မလက္ခဏာကို ကိုယ်တိုင်ကိုကြ တိုက်ရိုက်သိလာသောအခါ စိတ်အတွင်း၌
မတင့်တယ် မစင်ကြယ်မှုများမှ လွတ်မြောက်၍ စိတ်ကို ဖြူစင်မှု ဖြစ်စေသော
တရားကျင့်စဉ်ဖြစ်သည်။
သုတ္တန်ပိဋကတ်
သုတ္တန်
(Discourses) ပိဋကတ် သည် ဝေနေကျသတ္တဝါတို့၏ စရိုက်ဝါသနာကိုလိုက်၍
လူအများသိရှိနားလည်လွယ်သောဝေါဟာရများကိုအခြေခံကာ ဟောကြားထားသော
တရားတော်များဖြစ်သည်။ ဓမ္မစကြာသုတ် ၊ အနတ္တလက္ခဏာသုတ် ၊ ပဋိစ္စသမုပ္ပါဒ်သုတ် ၊
မဟာသတိပဋ္ဌဌာနသုတ်တော်များသည် သုတ္တန်ပိဋကတ် တွင်ပါဝင်သည်။ သုတ္တန္တပိဋကတ်ကို
ကျမ်း(၃)ကျမ်း နိကာယ် (၅)ရပ်ဖြင့် ခွဲခြားထားပါသည်။
(၁) ဒီဃနိကာယ်
(၂) မဇ္ဈိမနိကာယ်
(၃) သံယုတ္တနိကာယ်
(၄) အင်္ဂ္ဂုတ္တရနိကာယ်
(၅)ခုဒ္ဒကနိကာယ်
ဝိနည်းပိဋကတ်
ဝိနည်း
(Discipline) ပိဋကတ် သည်
မြတ်စွာဘုရားရှင်၏ သာဝကရဟန်းတော်များ လိုက်နာကျင့်ဆုံးဆောက်တည်ရန်
ပညတ်တော်မူခဲ့သော ဝိနည်းသိက္ခာပုဒ်များ ဖြစ်သည်။ ထိုသိက္ခာပုဒ်တို့တွင်
ဘိက္ခုပါတိမောက်၌ပါရှိသော ၂၂၇သွယ် သိက္ခာပုဒ်တို့သည် ရဟန်းတော်တို့အတွက် အခြေခံကြသော
အရေးကြီးသည့် ဝိနည်းများဖြစ်သည်။ ဝိနည်းပိဋကတ်ကို နိကာယ်ငါးရပ် ကျမ်း
(၅)ကျမ်းခွဲခြားထားပါသည်။
(၁) ပါရာဇိကဏ်
(၂) ပါစိတ်
(၃) မဟာဝဂ်
(၄) စူဠဝဂ်
(၅) ပရိဝါ
အဘိဓမ္မာ တရားတော်
အဘိဓမ္မာ
(Ultimate Doctrine) တရားတော် ကိုဟောကြားတော်မူခဲ့ပါသည်။ ထိုသို့ဟောကြားစဉ် နေ့စဉ်ဆွမ်းခံချိန်၌
နတ်ပြည်တွင် နိမ္မိတရုပ်ပွားကို ကိုယ်စားဟောကြားစေပြီး
မြောက်ကျွန်းဥတ္တရကုရုသို့ဆွမ်းခံကြွတော်မူပါသည်။ ထိုနောက်
အနောတတ်အိုင်၌ဆွမ်းဘုဉ်းပေးတော်မူပြီးအရှင်သာရိပုတ္တရာအား အဘိဓမ္မာတရားတော်ကို
အကျဉ်းချုပ်ဟောကြားတော်မူပါသည်။ အရှင်သာရိပုတ္တရာသည် ပညာဧတဒဂ်ဖြစ်သည့်အတွက်
ဘုရားရှင်ဟောကြားအပ်သော တရားအကျဉ်းကို အကျယ်သိမြင်တော်မူပြီး
ရဟန်းတော်များကိုပို့ချခဲ့ပါသည်။ အဘိဓမ္မာပိဋကသည် အရှင်သာရိပုတ္တရာ
ဟောကြားပို့ချခဲ့သော ပိဋက ဖြစ်ပါသည်။
အဘိဓမ္မာ
အဘိဓမ္မာသည် သတ္တလောက
ဩကာသလောက သင်္ခါရရလောက
ဟုဆိုအပ်သော လောကသုံးပါးနှင့်နိဗ္ဗာန် အကြောင်းကို ပရမတ္ထ တရားလေးပါးအဖြစ်
ခွဲခြမ်းစိတ်ဖြာကာ သဘာဝတရားများကိုဖြစ်စဉ်အတိုင်း အကြွင်းမရှိပြည့်စုံစွာ
ဟောကြားတော်မူခဲ့သော ပရမတ္ထဒေသနာတော်ဖြစ်ပါသည်။
နောင်တ ၁၀ မျိုး
(၁) ငယ်စဉ်က ပညာမသင်ခဲ့မိခြင်း။
(၂) ဒုတိယ အရွယ်က ဥစ္စာမစုမိခြင်း။
(၃) သူတစ်ပါး၏ အချစ်ကို ဖျက်ဆီးခဲ့မိခြင်း။
(၄) သူ့အသက်ကို သတ်၍ စားခဲ့မိခြင်း။
(၅) သူ့တပါးသားမယားကို ဖျက်ဆီးခဲ့မိခြင်း။
(၆) ပစ္စည်းရှိလျက် အလှူဒါန မစွန့်ကြဲမိခြင်း။
(၇) မွေးမိ မွေးဘတို့ကို မကွယ်လွန်ပီက မပြုစုခဲ့ရခြင်း။
(၈) သူတော်ကောင်းတို့၏ ဆုံးမစကားကို မနာယူခဲ့မိခြင်း။
(၉) ပညာရှိထံ နည်းနာမခံခဲ့မိခြင်း။
(၁၀) ငယ်စဉ်က အကျင့်မကောင်းခဲ့ခြင်း။
တော်ဝင်သူ ၄-ယောက်
သာသနာဝင်ကျမ်းစာတို့၌
တော်တည့်မွန်မြတ်သည်ဟုချီးကျူးထောပနာပြုခံရသော မိန်းမမြတ် ၄-ယောက်။
(၁) အမရာဒေဝီ - မဟောသဓာ ၏ဇနီး၊
(၂) စန္ဒကိန္နရီ - စန္ဒကိန္နရာ ၏ဇနီး၊
(၃) မဒ္ဒီဒေဝီ - ဝေဿန္တရာမင်း ၏ မိဖုရား၊
(၄) သမ္ဗူလဒေဝီ - သောတ္ထိသေနမင်း ၏ မိဖုရား။
ပဋ္ဌာန်း ၂၄ – ပစ္စည်း အဓိပ္ပါယ်အကျဉ်း
ဟေတုပစ္စယော
ဟိတ် ၆-ပါးဖြစ်၍ ပစ္စယုပ္ပန်တရားတို့အား အမြစ်သဖွယ် ကျေးဇူးပြုတတ်သောတရား။ တနည်း– ပညောင်းပင်
အစရှိသည်တို့၏ အမြစ်သည် ထိုသစ်ပင်အား မြဲမြံခိုင်ခံ့စွာ တည်စေခြင်းငှာ
ကျေးဇူးပြုသကဲ့သို့ (ဟိတ် ၆-ပါးသည် သမ္ပယုတ်တရားတို့အား မြဲမြံခိုင်ခံ့အောင်
အမြစ်သဖွယ်) ကျေးဇူးပြုတတ်သောတရား။
(ကျေးဇူးပြုသည်ဆိုရာ၌–
မဖြစ်ပေါ်သေးသည်ကို ဖြစ်ပေါ်စေခြင်း၊ ဖြစ်ပေါ်ပြီးကို တည်နေစေခြင်း၊
တည်နေသည်ကို တိုးပွားစေခြင်းတို့ပင်တည်း။)
အာရမ္မဏပစ္စယော
အာရုံ ၆-ပါးဖြစ်၍ ကျေးဇူးပြုတတ်သောတရား။ တနည်း– ကြိုးတန်း တောင်ဝှေး အစရှိသည်တို့သည် မစွမ်းမသန်သော သူတို့အား ထခြင်း ရပ်ခြင်း
သွားခြင်းကိစ္စကို
ပြီးစေသကဲ့သို့ အာရုံသည် စိတ်စေတသိတ်တို့အား ဖြစ်ပေါ်လာစေရန် ကျေးဇူးပြုတတ်သောတရား။
အဓိပတိပစ္စယော
အကြီးအမှူးဖြစ်၍ ကျေးဇူးပြုတတ်သောတရား တနည်း– စကြ၀တေးမင်းသည် အထွတ်အထိတ် အချုပ်အချာ
အာဏာတန်းခိုးဖြင့် တပါးသောသူတို့၏ ကြီးသောသတ္တိကို တားမြစ်၍ တိုင်းနိုင်ငံသူ၊
နိုင်ငံသားတို့အား အကြီးအကဲ အစိုးရသောအဖြစ်ဖြင့် ကျေးဇူးပြုသကဲ့သို့
(ပစ္စယုပ္ပန်တို့အား အကြီးအမှူးဖြင့်)
ကျေးဇူးပြုတတ်သောတရား။
အနန္တရပစ္စယော
အခြားမဲ့ (တဆက်တည်း အကြားမရှိ) ဖြစ်၍ ကျေးဇူးပြုတတ်သေားတရား။ တနည်း– စကြာဝတေးမင်း၏
နတ်ရွာ လားခြင်းသည် သားကြီး ရတနာအား မင်းအဖြစ် အဘိသိတ်ခံခြင်းငှာ
ကျေးဇူးပြုသကဲ့သို့ အခြားမဲ့ အခြားမရှိ (တဆက်တည်း) ကျေးဇူးပြုတတ်သောတရား။သမနန္တရပစ္စယော
သဟဇာတပစ္စယော
အတူတကွဖြစ်၍ ကျေးဇူးပြုတတ်သောတရား။ တနည်း– ဆီမီးသည် မိမိတောက်သည်နှင့် တပြိုင်နက်
အတူတကွ အလင်းကို ဖြစ်စေသကဲ့သို့ ထို့အတူ အကြောင်းတရားတို့သည် မိမိတို့ဖြစ်ပေါ်လာသည်နှင့်
တပြိုင်နက် ပစ္စယုပ္ပန်အကျိုးတရားတို့ကိုလည်း တပြိုက်နက် အတူတကွ ဖြစ်ပေါ်လာစေအောင် ကျေးဇူးပြုတတ်သောတရား။
အညမညပစ္စယော
အချင်းချင်း အပြန်အလှန် ကျေးဇူးပြုတတ်သောတရား။ တနည်း– သစ်သားသုံးခွ တိဒဏ္ဍသည်
အချင်းချင်း တစ်ချောင်းသည် တစ်ချောင်းအား ထောက်ပံ့ခိုင်စေခြင်းငှာ အပြန်အလှန်
ကျေးဇူးပြုတတ်သောတရား။မှီရာ တည်ရာ ဖြစ်၍ ကျေးဇူးပြုတတ်သောတရား။ တနည်း– မြေကြီးသည် သစ်ပင်အစရှိသည်တို့အား မှီရာတည်ရာဖြစ်သဖြင့် ကျေးဇူးပြုသကဲ့သို့ မှီရာတည်ရာအဖြစ်ဖြင့် ကျေးဇူးပြုတတ်သောတရား။
အားကြီးသော အကြောင်းဖြစ်၍ ကျေးဇူးပြုတတ်သောတရား။ တနည်း– မိုးတွင်းသုံးလပတ်လုံး ရွာသော မိုးကြီးသည် ထိုမိုးကို မှီကုန်သော သစ်ပင် သတ္တ၀ါ အစရှိသည်တို့အား အားကြီးသော အကြောင်းအဖြစ်ဖြင့် ကျေးဇူးပြုသကဲ့သို့ (အားကြီးသောအကြောင်းအဖြစ်ဖြင့်) ကျေးဇူးပြုတတ်သောတရား။
ပုရေဇာတပစ္စယော
ရှေး၌ ဖြစ်နှင့်၍ ကျေးဇူးပြုတတ်သောတရား။ တနည်း– ကမ္ဘာဦး၌ဖြစ်သော နေ လတို့သည် မိမိတို့ ထင်ရှားရှိခိုက် အလင်းကိုမှီကုန်သော သတ္တ၀ါတို့အား ရှေး၌ဖြစ်နှင့်၍ ကျေးဇူးပြုသကဲ့သို့ (ရှေး၌ ဖြစ်နှင့်၍) ကျေးဇူးပြုသောတရား။
နောက်မှဖြစ်၍ ကျေးဇူးပြုတတ်သောတရား။ တနည်း– လင်းတငယ်တို့၏ အာဟာရ၌ ချင်ခြင်း
စေတနာသည် နောက်မှဖြစ်၍ ထင်းရှားရှိသောကိုယ်အား ကျေးဇူးပြုသကဲ့သို့
နောက်မှဖြစ်၍ ကျေးဇူးပြုတတ်သောတရား။ အရှင်ဗာကုလ ရဟန္တာလောင်းသည်
မွေးခါစ နို့စို့အရွယ် အခါက သမုဒ္ဒရာအလယ်၌ ရေထဲသို့ကျသွားရာ ရေနစ်၍မသေ။
ထိုသို့မသေရခြင်းမှာ နောင်အခါ ရဟန္တာဖြစ်မည့် သတ္တိက အရှင်ဗာကုလအား
မသေစေရန် အကျိုးပြုသောကြောင့်တည်း။ရှေး၌ ဖြစ်နှင့်၍ ကျေးဇူးပြုတတ်သောတရား။ တနည်း– ကမ္ဘာဦး၌ဖြစ်သော နေ လတို့သည် မိမိတို့ ထင်ရှားရှိခိုက် အလင်းကိုမှီကုန်သော သတ္တ၀ါတို့အား ရှေး၌ဖြစ်နှင့်၍ ကျေးဇူးပြုသကဲ့သို့ (ရှေး၌ ဖြစ်နှင့်၍) ကျေးဇူးပြုသောတရား။
အာသေ၀နပစ္စယော
အဖန်တလဲလဲ မှီဝဲထုံအပ်သည်ဖြစ်၍ ကျေးဇူးပြုတတ်သော တရား။ တနည်း– ရှေးရှေး၌ ထုံအပ်သောနံ့သာသည်
နောက်နောက်၌ ထုံအပ်သောနံ့သာအား အဆင်းအနံ့ လွန်စွာတိုးပွားခိုင်မြဲစွာ ဖြစ်ခြင်းငှာ
ကျေးဇူးပြုသကဲ့သို့ ၄င်း၊
ရှေးရှေးသင်အပ်သော ကျမ်းဂန်သည် နောက်နောက် သင်အပ်သော ကျမ်းဂန်အား လေ့ကျက်ခြင်းငှာ
အားရှိ၍ ကျေးဇူးပြုသကဲ့သို့ ၄င်း အဖန်တလဲလဲ မှီဝဲထုံအပ်သည်ဖြစ်၍ ကျေးဇူးပြုတတ်သောတရား။စီရင်ခြင်း သံဝိဓာနကိစ္စနှင့် မျိုးစေ့ဖြစ်စေခြင်း ဗီဇနိဓာနကိစ္စဖြစ်၍ ကျေးဇူးပြုတတ်သောတရား။ တနည်း– ကောင်းစွာ သိုမှီး သိမ်းဆည်းစီရင်အပ်သော မျိုးစေ့သည် အညွန့်အညှောင့်၏ ဖြစ်ခြင်းငှာ အမူအရာ လုံ့လ၏ အဖြစ်ဖြင့် ကျေးဇူးပြုသကဲ့သို့ မျိုးစေ့အဖြစ်ဖြင့် ကျေးဇူးပြုတတ်သောတရား။
အကျိုးဖြစ်၍ ကျေးဇူးပြုတတ်သောတရား။ တနည်း– ချမ်းအေးသော လေသည် ချမ်းအေးသော အရိပ်၌ နေသောသူအား ချမ်းငြိမ်းစေခြင်းငှာ ကျေးဇူးပြုသကဲ့သို့ ကံတို့၏ အကျိုးအဖြစ်ဖြင့် (ငြိမ်းသက်သည်ဖြစ်၍) အထောက်အပံ့ပြုမှုဖြင့် ကျေးဇူးပြုသတ်သောတရား။
အာပာာရပစ္စယော
ထောက်ပံ့ခိုင်ခံ့စေတတ်သည်ဖြစ်၍ ကျေးဇူးပြုတတ်သောတရား။ တနည်း– ထောက်ကန်သောတိုင်သစ်သည်
အိမ်အဟောင်းအား မြဲမြံခိုင်စေခြင်းငှာ ကျေးဇူးပြုသကဲ့သို့ (ထောက်ပံ့တတ်)ဆောင်တတ်သောအဖြစ်ဖြင့်
ကျေးဇူးပြုတတ်သော
တရား။
ဣန္ဒြိယပစ္စယော
အစိုးရသည်ဖြစ်၍ ကျေးဇူးပြုတတ်သောတရား။ တနည်း– တစ်နိုင်ငံ တစ်ပြည်တည်း၌ အသီးသီးဆိုင်ရာ
ကိစ္စတာဝန်ကို ပေးအပ်ခံရသည့် အစိုးရသောလက်အောက်ခံ မင်းတို့သည်
(အချင်းချင်း ထိုအစိုးရသော သတ္တိကို မဖြစ်မူ၍) မိမိတို့၏ တာဝန်အရာ၌
အစိုးတရ ပိုင်ပိုင် နိုင်နိုင် ဆောင်ရွက်သည်၏ အဖြစ်ဖြင့် ကျေးဇူးပြုသကဲ့သို့
အစိုးရသည်၏အဖြစ်ဖြင့် ကျေးဇူးပြုတတ်သောတရား။
ဈာနပစ္စယော
ကပ်၍ စူးစူးစိုက်စိုက် ရှုတတ်သည်၏ အဖြစ်ဖြင့် ကျေးဇူးပြုတတ်သောတရား။ တနည်း– တောင်ဖျား
သစ်ပင်ဖျားသို့ တတ်၍ ကြည်သောသူသည် အဝေးအနီး အရပ်တို့ကို မြင်ခြင်း၊
ထိုမြင်ခြင်း၌ အလိုရှိသောသူအား ကျေးဇူးပြုသကဲ့သို့ ကပ်၍ရှုတတ်သော အဖြစ်ဖြင့်
ကျေးဇူးပြုတတ်သောတရား။
မဂ္ဂပစ္စယော
ထွက်မြောက်ကြောင်း နည်းလမ်းဖြစ်၍ ကျေးဇူးပြုတတ်သောတရား။ တနည်း– ဤမှာဘက်မှ
ထိုမှဘက်သို့ ကူးသောသူသည် ဤမှာဘက်မှ ထွက်မြောက်ကြောင်း ဖြစ်သကဲ့သို့
၎င်း၊ ထိုမှာဘက်မှ ဤမှာဘက်သို့ ကူးလိုသောသူသည် ထိုမှာဘက်မှ ထွက်မြောက်ကြောင်း
ဖြစ်သကဲ့သို့၎င်း ဘ၀တစ်ခုမှ ဘ၀တစ်ခုသို့ ဆောင်ပို့ ထွက်မြောက်ကြောင်း
အဖြစ်ဖြင့် ကျေးဇူးပြုတတ်သောတရား။ယှဉ်သည်ဖြစ်၍ ကျေးဇူးပြုတတ်သောတရား။ တနည်း– နို့ရည်၊ ထောပတ်၊ ပျား၊ သကာဟူသော စတုမဓူ အရသာသည် အချင်းချင်း နှီးနှောရော ပြွမ်းသောအားဖြင့် ကျေးဇူးပြုသကဲ့သို့ အတူတကွ ယှဉ်ခြင်းဖြင့် ကျေးဇူးပြုတတ်သောတရား။
မယှဉ်သည်ဖြစ်၍ ကျေးဇူးပြုတတ်သောတရား။ တနည်း– ခြောက်ပါးသော အရသာသည် အချင်းချင်း မနှီးမနှော မရော ပြွမ်းသောအားဖြင့် ကျေးဇူးပြုသကဲ့သို့ မနှီးမနှော မယှဉ်ခြင်းဖြင့် ကျေးဇူးပြုတတ်သောတရား။
အတ္ထိပစ္စယော
ပစ္စုပ္ပန်၌ ထင်ရှာရှိဆဲဖြစ်၍ ကျေးဇူးပြုတတ်သော တရား။ တနည်း– ဟိမ၀န္တာတောင်မင်းသည် မိမိကိုမှီသောအားဖြင့် သစ်ပင် မြက်ပင် စသည်တို့အား ပြန့်ပွားစေခြင်းငှာ မိမိထင်ရှားရှိနေခြင်းအားဖြင့် ကျေးဇူးပြုသကဲ့သို့ ထင်ရှားရှိသော အဖြစ်ဖြင့် ကျေးဇူးပြုတတ်သောတရား။
ဝိဂတပစ္စယော
မကင်းသည်ဖြစ်၍ ကျေးဇူးပြုတတ်သော တရား။ တနည်း– မဟာသမုဒ္ဒရာသည် မိမိကို မှီကုန်သော ငါးမကာရ်း အစရှိသည်တို့၏ ပီတိ သောမနဿ ပွားခြင်းငှာ မိမိ၏မကင်းသော အဖြစ်ဖြင့် ကျေးဇူးပြုသကဲ့သို့ မကင်းသည်၏ အဖြစ်ဖြင့် ကျေးဇူးပြုတတ်သောတရား။
ပဋ္ဌာန်း ၂၄-ပစ္စည်း (အင်္ဂလိပ် ဘာသာပြန်)
၁။ ဟေတု
ပစ္စယ=The relation way of root.
၂။ အာရမ္မဏ
ပစ္စယ=The relation of object.
၃။ အဓိပတိပစ္စယ=The
relation of dominance.
၎။ အနန္တရ
ပစ္စယ=The relation of contiguity.
၅။ သမနန္တရ
ပစ္စယ=The relation of immediate contiguity.
၆။ သဟဇာတ
ပစ္စယ=The relation of Co-existence.
၇။ အညမည
ပစ္စယ=The relation of reciprocity.
၈။ နိဿယ
ပစ္စယ=The relation of dependence.
၉။ ဥပနိဿယ
ပစ္စယ=The relation of Sufficing condition.
၁၀။ ပုရေဇာတ
ပစ္စယ=The relation of pre-existence.
၁၁။ ပစ္ဆာဇာတ
ပစ္စယ=The relation 0f post-existence.
၁၂။ အာသေ၀န
ပစ္စယ=The relation of habitual recurrence.
၁၃။ ကမ္မ
ပစ္စယ=The relation of Kamma.
၁၄။ ၀ိပါက
ပစ္စယ=The relation of effect.
၁၅။ အာဟာရ
ပစ္စယ=The relation of food.
၁၆။ ဣန္ဒြိယ
ပစ္စယ=The relation of control.
၁၇။ ဈာန
ပစ္စယ=The relation of jhana.
၁၈။ မဂ္ဂပစ္စယ=The
relation of path.
၁၉။ သမ္ပယုတ္တ
ပစ္စယ=The relation of association.
၂၀။ ၀ိပ္ပယုတ္တ
ပစ္စယ=The relation of dissociation.
၂၁။ အတ္ထိ
ပစ္စယ=The relation of presence.
၂၂။ နတ္ထိ
ပစ္စယ=The relation of absence.
၂၃။ ၀ိဂတ
ပစ္စယ=The relation of abeyance.
၂၄။ အ၀ိဂတ
ပစ္စယ=The relation of continuance
မူလစာရေးသူ -->>ငြိမ်းချမ်းသူ(နည်းပညာ)
မူလစာရေးသူ -->>ငြိမ်းချမ်းသူ(နည်းပညာ)
References:
http://www.buddhismbeams.com/2013/05/blog-post_11.html
http://nyeinchanthu3.blogspot.com/2013/11/blog-post_7665.html
http://nyeinchanthu3.blogspot.com/2013/11/blog-post_7665.html
မူလပဏ္ဏာသ။ ပါဠိ။
၃၆၀။ အဋ္ဌကထာ။ ၂၃၄။ နိဒါနဝဂ္ဂသံယုတ်၊ ပါဠိ။ ၃၇၇။ အဋ္ဌကထာ။ ၁၃၃။
TAGS:
Myoma Myint Kywe, Myoma Myint Kywe articles 2014, Karate Myint, Buddhism, Buddha BC 623, Buddha articles 2014, Buddhism booksie, Booksie Myoma Myint Kywe,
Myoma Myint Kywe, Myoma Myint Kywe articles 2014, Karate Myint, Buddhism, Buddha BC 623, Buddha articles 2014, Buddhism booksie, Booksie Myoma Myint Kywe,
မြို
့မ-မြင့်ကြွယ်
Metta 2014, About Metta 2014, Metta
articles 2014, Metta Is Essential (Metta ist wichtig), มิวม่า มิตร
จอย เมตตา Burmese Buddhism 2014, Burmese Buddhism articles, Theravada
Buddhism articles, Theravada Buddhism 2014, Theravada monks 2014, Metta
in Theravada Buddhism, Buddha and Metta, Metta meditation 2014 article,
What is metta in Buddhism, what is Buddhism 2014, Myint Kywe, Myint
Buddhism, Myoma Myint Kywe 2014, Articles of Myoma Myint Kywe, Buddha
was born in BC 623, Buddhist philosophy 2014, Buddhism logic,