Pages

ဗုဒ္ဓဝင် အကျဉ်း A Short History of Buddha by - Myoma Myint Kywe မြို့ မ မြင့်ကြွယ်



ဗုဒ္ဓဝင် အကျဉ်း
A Short History of Buddha 
(BC 623- BC 543)


Researched by - Myoma Myint Kywe
သမိုင်းပညာရှင် မြို့ မ မြင့်ကြွယ်
 
ဗုဒ္ဓ၀င် ခုနစ်နေ့ ဘုရားရှိခိုး

( သန္ဓေတော်ယူသောနေ့)
၁။ သုံးလူ့ရှင်ပင်၊ ကျွန့်ထိပ်တင်၊ သောင်းခွင်စကြာဝဠာ၊ နတ်ဗြဟ္မာတို့၊
ညီညာရုံးစု၊ တောင်းပန်မှုကြောင့်၊ ရတုနဂို၊ ရွှန်းရွှန်းစိုသည်၊ ၀ါဆိုလပြည့်၊
ကြွက်မင်းနေ့ဝယ်၊ ချမ်းမြေ့ကြည်ဖြူ၊ သန္ဓေယူသည်၊
နတ်လူငြိမ်းဖို့-ကိန်းပါကို။ (မ)

(
ဖွားမြင်တော်မူသောနေ့)
၂။ သန္ဓေယူခါ၊ ဆယ်လကြာသော်၊ မဟာသက္ကရာဇ်၊
ခြောက်ဆယ့်ရှစ်ကြုံ၊ ကဆုန် လပြည့်၊ သောကြာနေ့ဝယ်၊
ချမ်းမြေ့စုံညီ၊ လုမ္ဗနီ၌၊ မဟီလှိုက်ဆူ၊ ဖွားတော်မူသည်၊
နတ်လူအောင်မြို့-လမ်းပါကို။ (သိ)

(
တောထွက်တော်မူသောနေ့)
၃။ ဖွားမြင်မြောက်သော်၊ ဆယ်ခြောက်နှစ်ရွယ်၊ ပျိုနုနယ်၌၊ သုံးသွယ်ရွှေနန်း၊ သိမ်းမြန်းပြီးလစ်၊ ဆယ့်သုံးနှစ်လျှင်၊ ဘုန်းသစ်လျှံလူ၊ စံတော်မူ၍၊ ရွယ်မူနုဖြိုး၊ နှစ်ဆယ့် ကိုးဝယ်၊ လေးမျိုးနိမိတ်၊ နတ်ပြဟိတ်ကြောင့်၊ ရွှေစိတ်ငြင်ငြို၊
သံဝေပိုကာ၊ ၀ါဆိုလပြည့်၊ ကျားမင်းနေ့ဝယ်၊ ချမ်းမြေ့ရဂုံ၊ တောရပ်လှုံသည်၊ စုံမြိုင်ပင်ရိပ် ခန်းမှာကို။ (ကြ)

(
ဘုရားဖြစ်တော်မူသောနေ့)
၎။ တောရပ်မြိုင်ပေါ်၊ ခြောက်နှစ်ပျော်၍၊ ခါတော်တဖုံ၊ ပွင့်ချိန်ကြုံက၊
ကဆုန်လပြည့်၊ ဆင်မင်းနေ့ဝယ်၊ မြေ့ပရမေ၊ ပလ္လဗွေထက်၊ ရွှေညောင်
တော်ကြီး၊ ဗိတာန်ထီးနှင့်၊ မငြီးကြည်ဖြူ၊ နေတော်မူလျက်၊ ရန်မြူခပင်း၊
အမိုက်သင်းကို၊ အရှင်းပယ်ဖျောက်၊ အလင်းပေါက်က၊ ထွန်းတောက်
ဘုန်းတော်၊ သောင်းလုံးကျော်သည်၊ သုံးဘော်လူတို့-ငြိမ်းပါကို။ (လျှင်)

(
ဓမ္မကြာ ဟောတော်မူသောနေ့)
၅။ ဘုရားဖြစ်ခါ၊ မိဂဒါသို့၊ စကြာရွှေဘွား၊ ဖြန့်ချီသွား၍၊ ငါးပါးဝဂ္ဂီ၊ စုံအညီနှင့်၊ မဟီတသောင်း၊ တိုက်အပေါင်းမှ၊ ခညောင်းကပ်လာ၊ နတ်ဗြဟ္မာအား၊ ၀ါဆို လပြည့်၊ စနေနေ့ဝယ်၊ ကြွေ့ကြွေ့လျှံတက်၊ ဓမ္မစက်ကို၊ မိန့်မြွက်ထွေပြား၊
ဟောဖော်ကြားသည်၊ တရားနတ်စည်-ရွမ်းတယ်ကို။ (တွေး)

(
ပရိနိဗ္ဗာန်စံတော်မူသောနေ့)
၆။ တရားနတ်စည်၊ ဆော်ရွမ်းလည်က၊ သုံးမည်ဘုံသိုက်၊ တသောင်းတိုက်ဝယ်၊ ကျွတ်ထိုက်သသူ၊ နတ်လူဗြဟ္မာ၊ သတ္တ၀ါကို၊ ခေမာသောင်သို့၊ ဖောင်ကူးတို့ဖြင့်၊ ဆောင်ပို့ပြီးခါ၊ ၀ါလေးဆယ့်ငါး၊ သက်ကားရှစ်ဆယ်၊ စုံပြည့်ကြွယ်က၊ ရာလေး ဆယ့်ရှစ်၊ သက္ကရာဇ်ဝယ်၊ နယ်မလ္လာတိုင်း၊ စံနှိုင်းမယုတ်၊ ကုသိနာရုံ၊ အင်ကြင်းစုံ၌၊ ကဆုန်လပြည့်၊ အင်္ဂါနေ့ဝယ်၊ ချမ်းမြေ့ကြည်ဖြူ၊ စံတော်မူသည်၊
ဝှမ်းဆူသောင်းလုံး-ကျော်တယ်ကို။ (ဆ)

(
တေဇောဓာတ်လောင်တော်မူသောနေ့)
၇။ နိဗ္ဗာန်စံပြီ၊ ရှုမအီသာ၊ သိင်္ဂီရွှေလှော်၊ အလောင်းတော်ကို၊ ထိုရော်ကဆုန်၊ လဆုတ်ကြုံ၍၊ ဂဠုန်နေ့ဝယ်၊ ခိုးငွေ့မနှော၊ ဓာတ်တေဇောလျှင်၊ ရှင်စောဉာဏ်စက်၊ ဓိဋ္ဌာန်ချက်ဖြင့်၊ လျှံတက်ကော်ရော်၊ မီးပူဇော်သည်၊
မွေတော် ရှစ်စိတ်-ကြွင်းတယ်ကို။ (ဦး)

ထိုခုနစ်နေ့၊ သာချမ်းမြေ့ကို၊ ဆွေ့ဆွေ့ကြည်ဖြူ၊ အာရုံယူလျက်၊
သုံးလူတို့နတ်၊ မြတ်ထက်မြတ်သား၊ ကိုယ်တော်ဘုရားကို၊ သုံးပါး
မွန်စွာ၊ဝန္ဒနာဖြင့်၊ သဒ္ဓါဖြိုးဖြိုး၊ ကျွန်ရှိခိုးသည်၊ ကောင်းကျိုးခပ်သိမ်း-
ကြွယ်စေသော်။

သန္ဓေ-တောထွက်-ဓမ္မစက်၊ မိန့်မြွက်သံချို၊ လ-၀ါဆို။
ဆု-ဖွား-ပွင့်-စံ၊ ဤလေးတန်၊ မှတ်ရန် ကဆုန်လ။

ဗုဒ္ဓဝင် အကျဉ်း

ဗျာဒိတ်တော်     ဒီပင်္ကရာ မြတ်စွာဘုရားသည် ရမ္မာမြို့အတွင်းတနေရာ၌ ရွှံ့ပြင်ပေါ်တွင် အလျားစင်း၍ တံတားခင်းနေသော သုမေဓာ ရသေ့၏ ဦးခေါင်း အနီးတွင် ရပ်တော်မူလျက် " သင်သည် နောင် လေးသင်္ခချေနှင့် ကမ္ဘာတသိန်း ရှိသောအခါ ဂေါတမ အမည်ဖြင့် သင် ဆုတောင်းသည့်အတိုင်း ဘုရားအဖြစ်သို့ ရောက်လတ္တံ့ " ဟု ဗျာဒိတ်စကား မိန့်ကြားတော်မူ၏။

ဆုတောင်းပြည့်ရန် အင်္ဂါရှစ်ပါး

လောကသုံးပါး၌ ဘုရားဖြစ်ရန် ဆုတောင်းသော်လည်း ဆုတောင်းတိုင်း ပြည့်စုံသည် မဟုတ်။ အင်္ဂါရှစ်ပါးနှင့် ညီညွတ်သူမှသာ ပြည့်စုံသည်။ အင်္ဂါရှစ်ပါးမှာ...

  • လူသား ဖြစ်ခြင်း၊
  • ယောက်ျား ဖြစ်ခြင်း၊
  • ဆုတောင်းချိန်၌ ရဟန္တာ ဖြစ်နိုင်လောက်သည့် အကြောင်းပါရမီ ပြည့်စုံနေခြင်း၊
  • သက်တော်ထင်ရှား ဘုရားတဆူဆူ အထံတော်၌ ဆုပန်ခြင်း၊
  • ရသေ့ ရဟန်း တမျိုးမျိုး ဖြစ်ခြင်း၊
  • သမာပတ် ၈ ပါး ရသူ ဖြစ်ခြင်း၊
  • မြတ်စွာဘုရားတို့အား အသက်ကို စွန့်လှူထားခြင်း၊
  • ဘုရားဖြစ်ရန် ကြီးမားသော ဆန္ဒ၊ ဝီရိယ ရှိခြင်း။
သုမေဓာ ရသေ့သည် ဤ အင်္ဂါရှစ်ပါးနှင့် ပြည့်စုံသောကြောင့် "ဘုရား ဖြစ်လတ္တံ့" ဟူသော ဗျာဒိတ်စကားကို ဒီပင်္ကရာ ရှင်တော်မြတ်ဘုရား မိန့်ကြားတော်မူခြင်း ဖြစ်လေသည်။

ပါရမီ ၁၀ ပါး

ဗျာဒိတ်ရပြီးလျှင် ဘုရားအဖြစ်ရောက်ရန် ဆယ်တန်သော ပါရမီ တို့ကို သုမေဓာ ရသေ့ ဘဝမှ စ၍ ဖြည့်ကျင့်ရ၏။ ထို ပါရမီများမှာ...

·         ဒါန ပါရမီ  =  စွန့်ကြဲပေးကမ်း လှူဒါန်းခြင်း၊
·         သီလ ပါရမီ  =  သီလ စောင့်ထိန်းခြင်း၊
·         နေက္ခမ္မ ပါရမီ  =  လောကီစည်းစိမ် စွန့်လျက် တောထွက်ခြင်း၊
·         ပညာ ပါရမီ  =  အသိအလိမ္မာ ဉာဏ်ပညာနှင့် ပြည့်စုံခြင်း၊
·         ဝီရိယ ပါရမီ  =  ကြီးမားသော ဝီရိယ ရှိခြင်း၊
·         ခန္တီ ပါရမီ  =  အရာရာ၌ သည်းခံခြင်း၊
·         သစ္စာ ပါရမီ  =  မှန်ကန်သော စကားကို ဆိုခြင်း၊
·         အဓိဋ္ဌာန် ပါရမီ  =  မဖြစ်မနေ စွဲမြဲသည့် ဇွဲစိတ် ရှိခြင်း၊
·         မေတ္တာ ပါရမီ  =  သတ္တဝါ များအား မေတ္တာစိတ် ထားခြင်း၊
·         ဥပေက္ခာ ပါရမီ  =  ဆင်းရဲ ချမ်းသာကို ဥပေက္ခာ ထားခြင်း။
ပါရမီ ဆယ်ပါး ကို ကိုယ်လက်အင်္ဂါ စွန့်ရသည်အထိ ဖြည့်ကျင့်သောအခါ ဥပပါရမီ ဆယ်ပါး ဟု ခေါ်ရ၏။ အသက်ကို စွန့်ရသည်အထိ ဖြည့်ကျင့်သောအခါ ပရမတ္ထ ပါရမီ ဆယ်ပါး ဟုခေါ်ရ၏။
ပါရမီ ( ၁၀ ) ပါး
10 Kinds of the fulfilment of the perfection 

၁ ။ ဒါနပါရမ     - Danaparami               = The fulfilment of the perfection of Charity .

။ သီလပါရမီ  - Silaparami                  = The fulfilment of the perfection of Morality .

၃ ။ နေက္ခမ္မပါရမ - Nekkhammaparami     = The fulfilment of the perfection of Renunciation .

၎ ။ ပညာပါရမ       - Pannaparami              = The fulfilment of the perfection of Wisdom .

၅ ။ ၀ီရိယပါရမ     - Viriyaparami                 = The fulfilment of the perfection of Effort .

၆ ။ ခန္တီပါရမီ         - Khantiparami                = The fulfilment of the perfection of Patience .

၇ ။ သစ္စာပါရမီ      - Saccaparami                = The fulfilment of the perfection of Truthfulness .

၈ ။ အဓိဋ္ဌာနပါရမီ  - Adhitthanaparami         = The fulfilment of the perfection of Resolution .

၉ ။ မေတ္တာပါရမ   - Mettaparami                  = The fulfilment of the perfection of Loving-kindness .

၁၀ ။ ဥပေက္ခာပါရမီ - Upekkhaparami            = The fulfilment of the perfection of Equanimity .

    
When the above 10 are multiplied by 3 perfections , there are all together 30 .

၁ ။ ဒါန ပါရမီ- Danaparami = offering or donation material things.

၂ ။ ဒါန ဥပ ပါရမီ- Danaupaparami = offering or donation body-organs such as eye and kidney .

၃ ။ ဒါန ပရမတ္ထ ပါရမီ- Danaparamatthaparami = offering or donation one's own life to others .

Dāna pāramī : generosity, giving of oneself
Sīla pāramī : virtue, morality, proper conduct
Nekkhamma pāramī : renunciation
Paññā pāramī : transcendental wisdom, insight
Viriya (also spelled vīriya) pāramī : energy, diligence, vigour, effort
Khanti pāramī : patience, tolerance, forbearance, acceptance, endurance
Sacca pāramī : truthfulness, honesty
Adhiṭṭhāna (adhitthana) pāramī : determination, resolution
Mettā pāramī : loving-kindness
Upekkhā (also spelled upekhā) pāramī : equanimity, serenity
Two of the above virtues, metta and upekkha also comprise two of the four immeasurable (brahmavihāra).


ထို့ကြောင့် ပါရမီ ဆယ်ပါး၊ ဥပပါရမီ ဆယ်ပါး၊ ပရမတ္ထ ပါရမီ ဆယ်ပါးအားဖြင့် သုံးဆယ် ရှိ၏။ ပါရမီ ဆယ်ပါးအပြားသုံးဆယ် ဟု အများသိကြ၏။


ဘုရားလောင်းသိဒ္ဓတ္ထ
   
ဘုရားအလောင်းတော်သည် ဤပါရမီတို့ကို လေးသင်္ချေနှင့် ကမ္ဘာတသိန်းပတ်လုံး ဖြည့်ကျင့်တော်မူပြီးလျှင် နောက်ဆုံးဘဝ၌ သာကီဝင်မင်းမျိုးဖြစ်သည့် ကပ္ပိလဝတ်ပြည့်ရှင် ဘုရင် သုဒ္ဓေါဒန၏ မိဖုရားကြီး မဟာ မာယာဒေဝီ၏ ဝမ်း၌ ပဋိသန္ဓေ နေတော်မူ၏။

ပဋိသန္ဓေ ရင့်သောအခါ မဟာ မာယာဒေဝီသည် ခမည်းတော် မယ်တော်များ၏ တိုင်းပြည်သို အသွား လမ်းခရီး အကြားရှိ လုမ္ဗနီ အင်ကြင်းဥယျာဉ် အတွင်း၌ ခေတ္တ အနားယူကာ အင်ကြင်းကိုင်းကို လှမ်းကိုင်နေစဉ်မှာပင် ကမ္မဇလေ လှုပ်ရှား၍ ဘုရားလောင်းကို (ဘီစီ ၆၂၃) တွင်ဖွားမြင်၏။ ဖွားမြင်ပြီးနောက် ၇ ရက်မြောက်သောအခါ မယ်တော် မဟာ မာယာဒေဝီ နတ်ရွာစံလေသည်။

ဘုရားလောင်းကို သိဒ္ဓတ္ထဟု အမည်ပေးကြ၏။ သိဒ္ဓတ္ထကလေး၏ အင်္ဂါလက္ခဏာတို့ကို ကြည့်၍ ပုဏ္ဏားတော် အများစုက စကြဝတေးမင်းသော်လည်း ဖြစ်လိမ့်မည်။ ဘုရားသော်လည်း ဖြစ်လိမ့်မည်ဟု ဟောကြ၏။ ကောဏ္ဍည အမျိုးအနွယ်ဖြစ်သော သုဒတ္တ ပုဏ္ဏားကလေးကမူ မုချ ဘုရားဖြစ်မည်ဟု တခွန်းတည်း အတပ်ဟောလိုက်၏။

သုဒ္ဓေါဒန ဘုရင်ကြီးသည် သားတော် သိဒ္ဓတ္ထ လောကကို ငြီးငွေ့ပြီး တောမထွက်ရေး၊ ဘုရားမဖြစ်ရေးအတွက် နန်းတော်တွင်း၌ ပျော်ပိုက်စေရန် စည်းစိမ်ချမ်းသာ အမျိုးမျိုးကို စီမံဖန်တီး၍ ပေးထား၏။ ထိတ်လန့် သံဝေဂကို ဖြစ်စေနိုင်သော အနိဋ္ဌာရုံများဖြစ်သည့် လူအို လူနာ လူသေ တို့ကို သိဒ္ဓတ္ထ မမြင်ရစေရန်လည်း အမိန့် အမျိုးမျိုးထုတ်ကာ စီမံထား၏။

နိမိတ်လေးပါး    
သိဒ္ဓတ္ထ ဆယ့်ခြောက်နှစ်အရွယ် ရောက်သောအခါ သာကီမျိုး သာကီနွယ်ဖြစ်သည့် သုပ္ပဗုဒ္ဓ ဘုရင်၏သမီးတော် ယသောဓရာနှင့် လက်ထပ်ပေး၏။ သိဒ္ဓတ္ထသည် ယသောဓရာ မင်းသမီးနှင့်အတူ ထီးနန်းစည်းစိမ်ကို ၁၃ နှစ်တိုင်တိုင် ခံစား၍ အသက် ၂၉ နှစ်ရှိသောအခါ တနေ့တွင် ဥယျာဉ်တော် အသွား လူအို၊ လူနာ၊ လူသေ တို့ကို မြင်ရတွေ့ရသဖြင့် ထိတ်လန့် သံဝေဂစိတ်တွေ တဖွားဖွားဖြစ်နေစဉ် တည်ကြည် ငြိမ်သက်သော ဣနြေ္ဒနှင့် ကြည်လင်ချမ်းမြေ့သောမျက်နျာရှိသည့် ရဟန်းတော်တပါးကို မြင်သောအခါ ရဟန်းတော် ကဲ့သို့ ဖြစ်လိုစိတ်တွေ ပေါ်လာ၏။

တောထွက်ခြင်း    
သိဒ္ဓတ္ထသည် ညနေချမ်း အခါ ဥယျာဉ်တော် အတွင်းရေကန် ထဲ၌ရေ ချိုးနေစဉ်မှာလည်း တောထွက်ကာ ရဟန်းပြုလိုစိတ်တွေသာ တဖွားဖွား ဖြစ်ပေါ်နေ၏။ ရေချိုးပြီး၍ ဝတ်စားဆင်ယင်ပြီးနောက် နန်းတော်သို့ပြန်ရန် မြင်းရထားပေါ် တက်သောအခါ ကြင်ယာတော် ယသောဓရာတွင် သားတော်လေး ဖွားကြောင်း နန်းတော်မှ သတင်းပို့လှာ၏။ သိဒ္ဓတ္ထ ပို၍ စိတ်လေးသွား၏။ ဒီလို သံယောဇဉ် အနှောင်အဖွဲ့တွေ များလေ မထွက်နိုင်လေဖြစ်ကာ ဆင်းရဲနေမှာပဲဟု ဆင်ခြင်မိသဖြင့် ရဟန်း မြန်မြန်ပြုနိုင်ရေးကိုသာ တွေးတော စဉ်းစားလျက်နေ၏။

ထိုနေ့ည၌ အနှောင်အဖွဲ့တွေထဲက ရုန်းထွက်ကာ ရဟန်းပြုရေးကိုသာ အပြန်ပြန် အလှန်လှန် စဉ်းစားယင်း သိဒ္ဓတ္ထ အိပ်ပျော်သွား၏။ သန်းခေါင်အချိန်တွင် တရေးနိုးလာသော အခါ၌လည်း ရဟန်းပြုလိုစိတ်သည် သာလျှင် စိတ်ထဲ၌ ဖြစ်ပေါ်နေ၏။ ပြန်အိပ်၍ မရပေ။ အိပ်မရသဖြင့် အနီးပတ်ဝန်းကျင်ကို ကြည့်မိလိုက်ရာ မိမိကို တူရိယာများဖြင့် ဖျော်ဖြေသော အမျိုးသမီးများ တရှူးရှူး တခေါခေါ ဟောက်လျက် ကိုးရိုးကားရား အိပ်ပျော်နေကြသည်ကို မြင်ရသောအခါ " ကြောက်စရာ စက်ဆုပ်စရာ လောကကြီးပါကလား " ဟု ပို၍ ထိတ်လန့်သွား၏။

သို့ဖြင့် ချက်ချင်း စက်ခန်းဆောင်မှ ထွက်၍ ဖွားဘက်တော် ဆန္နကို ခေါ်ကာ ညဥ့်သန်းခေါင် အချိန်၌ပင် ကဏ္ဍက မြင်းကို ကုန်းနှီးတင်စေပြီးလျှင် ဆန္နနှင့်အတူ မြင်းစီးလျက် ထွက်ခဲ့၏။ တညချင်းဖြင့်ပင် တိုင်းပြည်သုံးခုကို ကျော်ဖြတ်ပြီးနောက် ယူဇနာသုံးဆယ်ဝေးသော အနောမာမြစ်ကမ်းသို့ ရောက်လေ၏။

အနောမာ မြစ်ကမ်း၌ ဘုရားလောင်းသည် ဆံတော်ကို သန်လျက်ဖြင့် ရိတ်ဖြတ်ပြီးလျှင် ဃဋိကာရ ဗြဟ္မာကြီး လှူဒါန်းသော ပရိက္ခရာရှစ်ပါးကို ခံယူ၍ သင်္ကန်းကို ဝတ်ကာ မြင့်မြတ်သော ရဟန်းအသွင်ကို ယူလိုက်၏။

ထို့နောက် ဖွားဘက်တော် ဆန္န အမတ်နှင့် ကဏ္ဍက မြင်းကို ပြန်လွှတ်ပြီးလျှင် မလှမ်းမကမ်းရှိ အနုပိယ သရက်တောသို့သွား၍ ထိုသရက်တော၌ ၇ ရက်မျှ ပဗ္ဗဇ္ဇသုခ = ရဟန်း ချမ်းသာ ကို ခံစားလျက်နေ၏။

ဗိမ္ဗိသာရကို ကတိပေးခြင်း    
ထို့နောက် ဘူမိနတ်သန် တရားရမည့် နေရာမှန်ကိုရှာယင်း ခရီးဆက်ခဲ့ရာ ရာဇဂြိုဟ်မြို့အနီး ရောက်လျှင် မြို့တွင်းသို့ ဆွမ်းခံဝင်ပြီးနောက် ပဏ္ဍဝ တောင်ခြေ၌ ဆွမ်းဘုဉ်းပေးလေ၏။ ထူးခြားသော ပုဂ္ဂိုလ်ဖြစ်၍ ရာဇဂြိုဟ်ပြည့်ရှင် ဗိမ္ဗိသာရာဘုရင်လိုက်လာပြီးလျှင် ထီးနန်းကို လွှဲအပ်သောအခါ အလောင်းတော် သိဒ္ဓတ္ထကဘုရားအဖြစ်ရရေးအတွက် တောထွက်ခဲ့ခြင်း  ဖြစ်ကြောင်း ပြောပြီးလျှင်      ငြင်းပယ်လိုက်၏။ ဗိမ္ဗိသာရက ဘုရားအဖြစ်သို့ ရောက်လျှင် သူ့ထံသို့ ရှေးဦးစွာ ကြွလာဖို့လျှောက်ထားသဖြင့် ကြွလာမည်ဖြစ်ကြောင်း ဝန်ခံ ကတိပေးပြီးလျှင် ခရီးဆက်ခဲ့၏။

ဆရာရသေ့ နှစ်ပါး    
ခရီး တနေရာတွင် ကာလာမ အမျိုးအနွယ်ဝင် အာဠာရ ရသေ့ကြီးကို တွေ့၍ သူ့ထံတွင် နည်းခံ ကျင့်ကြံရာ ဈာန် ၇ ပါးကိုရလျှင် ဆရာရသေ့ကြီးက သူ ဤမျှသာ သိကြောင်း ပြောသဖြင့် လိုအပ်သောတရားမရသေး၍ ထွက်ခဲ့၏။ ရာမ၏ သား ဥဒက ရသေ့ကြီးထံနန်းခံ၍ ကျင့်ကြံပြန်ရာ ဈာန်သမာပတ် ၈ ပါးအထိ ချက်ချင်းရလေ၏။ ဥဒက ရသေ့လည်း ထိုထက်ပို၍ မသိသဖြင့် ထွက်ခွာခဲ့ပြန်၏။

ဒုက္ကရစရိယာ အကျင့်မှား    
သိဒ္ဓတ္ထသည် ဥဒက ထံမှ ထွက်ခွာခဲ့ရာ ဥရုဝေလ တောသို့ရောက်လျှင် တော၏ သာယာပုံ၊ မွေ့လျော်ဖွယ်ရှိပုံကို နှစ်သက်သဘောကျ၍ မိမိ ကြားဖူး သိဖူးထားသော ကျင့်နည်းကြံနည်း ဟူသမျှကို ဤတော၌ အပြင်းအထန် ကျင့်ကြံ အားထုတ်တော့၏။

ကပ္ပိလဝက်မှ ကောဏ္ဍည ခေါင်းဆောင်သော ရသေ့ငါးပါးသည်လည်း သိဒ္ဓတ္ထ တောထွက်ရာသို့ လိုက်လာကြရာ ဥရုဝေလ၌ သိဒ္ဓတ္ထကို မီ၍ ဘုရားလောင်း လွတ်လွတ်ကျွတ်ကျွတ် ပြင်းပြင်းထန်ထန် အားထုတ်နိုင်ရန် ဝတ်ကြီးဝတ်ငယ်ပြုလျက် နေကြ၏။

သိဒ္ဓတ္ထ သည် အစာကို တဖြည်းဖြည်း လျှော့၍ ကျင့်ရာမှ နောက်ဆုံးတွင် အစာ ဖြတ်လျက် ကျင့်၏။ ထိုအချိန်တွင် အပ္ပာဏကဈာန် ခေါ်သည့် ထွက်သက်ဝင်သက်ကို ချုပ်ထိန်းထားသော အကျင့်ကို ကျင့်ရာ ကြီးမား ပြင်းထန်လှသော ဝေဒနာကို ခံစားရသဖြင့် ခံနိုင်အား မရှိသော ခန္တာကိုယ်သည် စင်္ကြံဦး၌ သတိမေ့ကာ လဲနေတော့၏။

မျှတရုံမျှ ပြန်၍ ဘုဉ်းပေး၏
ဤနည်းအတိုင်း ခြောက်နှစ်ပတ်လုံး သာမာန်လူတို့ စိတ်ကူးမျှ မထည့်ဝံ့သော ဝီရိယ စွမ်းအားဖြင့် ပြင်းပြင်း ထန်ထန် ကျင့်သော်လည်း ဘုရားဖြစ်နိုင်ရန် ဉာဏ်အရိပ်အရောင် ကိုသော်မှလည်း မတွေ့ရပဲ ကိုယ်ပင်ပန်း ဆင်းရဲရုံမျှသာ ဖြစ်၍ အကျင့်မှား ဖြစ်ကြောင်းဆုံးဖြတ်ပြီးလျှင် ဆွမ်းခံထွက်ကာ အစာအာဟာရကို မျှတရုံမျှ ပြန်၍ ဘုဉ်းပေး၏။

အလုပ်အကျွေး ရသေ့ငါးပါးတို့သည် ဘုရားလောင်း အစာအာဟာရကို ပြန်လည် မှီဝဲသောအခါ သိဒ္ဓတ္ထ ဝီရိယကို လျှော့လိုက်၍ ဘုရားဖြစ်တော့မည် မဟုတ်ဟု ယူဆလျက် ဘုရားလောင်းထံမှ ထွက်ခွာသွားကြ ပြီးလျှင် ၁၈ ယူဇနာ ဝေးသော ဣသိပတန ခေါ်သည့် ဘေးမဲ့တောသို့ သွား၍ နေကြ၏။

ပလ္လင်ကို ရလေ၏   
ဘုရားလောင်းသည် မြစ်ကမ်းပေါ်သို့တက်ပြီးလျှင် တောလုံးဝေအောင် ပွင့်နေသော အင်ကြင်းတောသို့ ဝင်ကာ နေ့သန့်စင်လျက် နေလေ၏။ ညနေချမ်း ရောက်သောအခါ နေရဉ္ဇရာ မြစ်ကို ဖြတ်၍ အနောက်ဘက်ကမ်းသို့ ကူးပြီးလျှင် ဂယာသီသ နှင့် မလှမ်းမကမ်းရှိ တောအုပ်ညို့ညို့ရှိရာသို့ ကြွသွား၏။ တောအုပ် အဝင်တွင် မြက်ရိတ်ပုဏ္ဏား သောတ္တိယ က မြက်ရှစ်ဆုပ် လှူသည်ကို ခံယူပြီးလျှင် အရိပ်ကောင်းသော ညောင်ဗုဒ္ဓဟေ ပင် အောက်၌ ပင်စည်၏ အရှေ့ဘက်တွင် ဖြန့်ခင်းလိုက်ရာ သက် သက်သာသာ ထိုင်စရာ ပလ္လင်ကို ရလေ၏။

ဘုရား အဖြစ်သို့ ရောက်တော်မူလေ၏  
ဘုရားလောင်းသည် ညနေစောင်းတွင် ညောင်ဗုဒ္ဓဟေ ပင်၏ အောက်၌ ခင်းထားအပ် သော ပလ္လင်ထက်ဝယ် ပင်စည်ကို ကျောပေးလျက် အရှေ့ဘက်သို့မျက်နှာမူ၍ ထက်ဝယ်ဖွဲ့ခွေ ထိုင်တော်မူ ပြီးလျှင် " ဘုရား မဖြစ်သမျှ ဤနေရာမှ မထ " ဟု ဓိဋ္ဌာန်တော်မူ၏။ ထိုနေ့ကား - ကဆုန်လပြည့်နေ့တည်း။

ထို့နောက် သူဖွားပြီး၍ မကြာမီပင် သူ့ ခမည်းတော် လယ်ထွန်မင်္ဂလာပွဲ ကျင်းပနေစဉ်က သပြေရိပ်တွင် သူ ဝင်စားခဲ့သော အာနာပါနဈာန်ကို သတိရ၍ ထို ဈာန်ကိုပင် အခြေခံလျက် ကျင့်ကြံအားထုတ်လေ၏။ နေမဝင်မီ လာ၍ နှောင့်ယှက်သော မာရ်နတ် ၏ ရန်ကို အောင်မြင်တော်မူ၏။

ညဥ့်ဦးယံတွင် ရှေးရှေးဘဝများ၌ ဖြစ်ခဲ့ဖူးသည်များကို ပြန်၍ သိသော ပုဗ္ဗေနိဝါသာနုဿတိဉာဏ်၊ သန်းခေါင်ယံ၌ နတ်မျက်စိကဲ့သို့ မြင်နိုင်သော ဒိဗ္ဗစက္ခုဉာဏ်၊ မိုးသောက်ယံ၌ ကိလေသာ အာသဝေါတရား တို့ကို အကြွင်းမဲ့ ကုန်ခမ်းစေသော အာသဝက္ခယဉာဏ် နှင့် သဗ္ဗညုတဉာဏ် ကို ရတော်မူပြီးလျှင် ဘုရား အဖြစ်သို့ ရောက်တော်မူလေ၏။ (ဘီစီ ၅၈၈) သက်တော် ၃၅ နှစ်အရွယ်မျှသာ ရှိသေး၏။

မြတ်စွာဘုရားသည် ဘုရားအဖြစ်သို့ ရောက်တော်မူပြီးနောက် ပထမသတ္တာဟ၌ ထက်ဝယ်ဖွဲ့ခွေထားသော ပလ္လင်ကို ဖြေတော်မမူပဲ ဝိမုတ္တိသုခ = ကိလေသာမှ လွတ်မြောက်ခြင်း ချမ်းသာကို ဘုရားဖြစ်ရာ ပလ္လင်တော်မှာပင် ခုနစ်ရက်ပတ်လုံး ခံစားတော်မူ၏။

ထို့နောက် ဒုတိယသတ္တာဟ၌ ပလ္လင်တော်မှ ထ၍ ဗောဓိပင်၏ အရှေ့မြောက် အရပ်၌ ရပ်တော်မူပြီးလျှင် ဗောဓိပင် နှင့် ပလ္လင်တော်ကို မမှိတ်သော မျက်လုံးတော်ဖြင့် ကြည့်တော်မူလျက် " ဤ ပလ္လင်ထက်၌ သဗ္ဗညုတ ဉာဏ်တော်ကို ရပေသည် " ဟု ဆင်ခြင်တော်မူလျက် ခုနစ်ရက်ပတ်လုံး စံနေတော်မူ၏။

ထို့နောက် တတိယသတ္တာဟ၌ ရပ်တော်မူရာအရပ်နှင့် ပလ္လင်တော်၏ အကြားတွင် လူးလာတုံ့ခေါက် စင်္ကြံလျှောက်တော်မူလျက် ခုနစ်ရက်ပတ်လုံး စံနေတော်မူ၏။

ထို့နောက် စတုတ္ထသတ္တာဟ၌ ဗောဓိပင်၏ အနောက်မြောက် အရပ်တွင် နတ်တို့ ဖန်ဆင်းထားသော ရတနာဃရ ရွှေအိမ်တော်၌ ဝိနည်း၊ သုတ္တန်၊ အဘိဓမ္မာ ပိဋကတ် ၃ ပုံတို့တွင် အဘိဓမ္မာပိဋကတ်ကို အထူးထား၍ ဆင်ခြင်သုံးသပ်တော်မူလျက် ခုနစ်ရက်ပတ်လုံး စံနေတော်မူ၏။ ယင်းသို့ ဆင်ခြင်သုံးသပ်တော်မူစဉ် ကိုယ်တော်မှ ရောင်ခြည်တော် ခြောက်သွယ်တို့ ကွန့်မြူး စံပယ်တော်မူကြလေသည်။

ထို့နောက် ပဉ္စမသတ္တာဟတွင် ဗောဓိပင်၏ အရှေ့အရပ်၌ ရှိသော ဆိတ်ကျောင်း ညောင်ပင်(= အဇပါလ) ရှိရာသို့ ကြွတော်မူ၍ ထို ညောင်ပင်ရင်း၌ တရားတော်တို့ကို ဆင်ခြင် သုံးသပ်လျက် ခုနစ်ရက်ပတ်လုံး စံနေတော်မူ၏။

ယင်းသို့ စံနေစဉ်တွင် တဏှာ၊ အရတိ၊ ရဂါ ဟူသော မာရ်နတ်၏ သမီးသုံးယောက်တို့သည် ဖခင်ကြီး မာရ်နတ်စိတ်ချမ်းသာ ရစေရန် စစ်ကူပေးသည့် အနေဖြင့် မြတ်စွာဘုရားအနီးသို့ လာရောက်၍ ပရိယာယ် မာယာ အဖြာဖြာတို့ဖြင့် ဖြားယောင်းသော်လည်း ကိလေသာခပ်သိမ်း ငြိမ်းလေပြီးသော မြတ်စွာဘုရားမှာမူ မျက်လုံးတော်ကိုမျှ ဖွင့်ကြည့်တော်မမူပဲ ဝိဝေက သုခကို ခံစားမြဲ ခံစားလျက်သာ နေတော်မူ၏။

ထို့နောက် ဆဋ္ဌမသတ္တာဟ ၌ ဗောဓိပင်၏ အရှေ့တောင်အရပ်ရှိ ကျည်းပင်ရင်း (= မုစလိန္ဒ) သို့ ကြွတော်မူ၍ ခုနစ်ရက်ပတ်လုံး ဝိမုတ္တိသုခကို ခံစားတော်မူ၏။ မုစလိန္ဒ နဂါးမင်းသည်လည်း မြတ်စွာဘုရားကို အအေး အပူတို့ မနှိပ်စက်စေခြင်းငှာ မိမိကိုယ်ကို ခုနစ်ခွေ ခွေ၍ ပါးပျဉ်းဖြင့် မိုးကာလျက် ပေး၏။

ထို့နောက် သတ္တမသတ္တာဟ၌ ဗောဓိပင်၏ တောင်အရပ်ရှိ လင်းလွန်းပင် (= ရာဇာယတန) သို့ ကြွတော်မူ၍ လင်းလွန်းပင်ရင်း၌ ခုနစ်ရက်ပတ်လုံး ဝိမုတ္တိသုခကို ခံစားတော်မူလျက် စံနေတော်မူ၏။

ယင်းသို့လျှင် မြတ်စွာဘုရားသည် ခုနစ်ရက် ခုနစ်လီ = ၄၉ ရက်ပတ်လုံး ဆွမ်း အာဟာရကို ဘုဉ်းပေး မျှတတော်မမူပဲ ဗောဓိပင်၏ အနီးတဝိုက်၌ ဝိမုတ္တိသုခ = ကိလေသာမှ လွတ်မြောက်ခြင်း ချမ်းသာကို ခံစားလျက် စံနေတော်မူ၏။

အစဆုံး သရဏဂုံ တည်သူ တပုဿ     နှင့် ဘလ္လိက    
မြတ်စွာဘုရားသည် သတ္တမသတ္တာဟ၌ လင်းလွန်းပင်ရင်းဝယ် စံနေတော်မူစဉ် ဥက္ကလာနယ်မှ ကုန်ရောင်းလာကြသော တပုဿ     နှင့် ဘလ္လိက ကုန်သည် ညီနောင်တို့ ရောက်လာကြပြီး မြတ်စွာဘုရားအား ပျားဆုပ်မုန့်နှင့် မုန့်ကြွက်ကျစ် တို့ကို လှူဒါန်းကြသဖြင့် မြတ်စွာဘုရားက အနုမောဒနာတရား ဟောကြားသောအခါ ဘုရားနှင့်တရား သရဏဂုံ နှစ်ပါး ကို ယုံကြည် ဆည်းကပ်ကြ၏။ ထိုအချိန်၌ သံဃာရတနာ မပေါ်ပေါက်သေးပေ။

ဤ ကုန်သည် ညီနောင်မှာ မြတ်စွာဘုရား၏ ပထမဆုံးသာဝကများလည်းဖြစ်၊ သရဏဂုံနှစ်ပါး အစဆုံး တည်သူများလည်း ဖြစ်ကြ၏။

ကုန်သည် ညီနောင်တို့က အမြဲကိုးကွယ်ဖို့ရာ ပူဇော်ဖွယ်တခုခု ချီးမြှင့်တော်မူပါရန် လျှောက်ထားကြသော အခါ မြတ်စွာဘုရားက ဆံတော်ကို လက်ဖြင့်သပ်၍ လက်တွင် ပါလာသော ဆံတော်ဓာတ်တို့ကို ချီးမြှင့်တော်မူလိုက်၏။ ကုန်သည် ညီနောင်တို့သည် ဥက္ကလာသို့ ပြန်ရောက်သောအခါ ထို ဆံတော်တို့ကို ဌာပနာ၍ စေတီ တည်ထားကြ၏။
(ဤ ကုန်သည် ညီနောင်တို့၏ ဥက္ကလာ နယ်ကိုပင် ဥက္ကလာပ ဟု ခေါ်သော ဒဂုန်မြို့(ရန်ကုန်မြို့  မြန်မာနိုင်ငံ)  ဖြစ်၏။ ယခု ရန်ကုန်မြို့ ရွှေတိဂုံ စေတီတော် ကို ထိုစဉ်က တပုဿ     နှင့် ဘလ္လိက ညီနောင်တို့ တည်ထား၍ ဆံတော်များ ဌာပနာထားခဲ့ကြ၏။)

မြတ်စွာဘုရားသည် ခုနစ်ရက်မြောက် သတ္တာဟ၌ လင်းလွန်းပင်ရင်းဝယ် စံနေတော်မူပြီးနောက် ဆိတ်ကျောင်း ညောင်ပင်သို့ တဖန် ကြွတော်မူ၍ သီတင်းသုံးတော်မူ၏။ ဤနေရာ၌ သီတင်းသုံးတော်မူစဉ် မည်သူ့အား အစဦး တရားဟောသင့်သနည်းဟု ဆင်ခြင်တော်မူရာ ဆရာရသေ့ကြီး နှစ်ပါးဖြစ်ကြသော အာဠာရ နှင့် ဥဒက တို့ ကွယ်လွန်ပြီကို သိရ၍ ပဉ္စဝဂ္ဂီ ငါးပါးတို့အား တရားဟောရန် ဆင်ခြင်ကြည့်သော အခါ ဣသိပတန မိဂဒါဝုန် (ဘေးမဲ့တော) ၌ သီတင်းသုံးနေကြကြောင်း တွေ့ရ၏။

တရားဦး-ဓမ္မစကြာတရား   
သို့ဖြင့် ဝါဆိုလဆန်း ၁၄ ရက်နေ့ ညဥ့်အထိ ဗောဓိမဏ္ဍိုင် အနီး၌ စံနေတော်မူပြီးလျှင် ဝါဆို လပြည့်နေ့၌ မိဂဒါဝုန်သို့ ဦးတည်လျက် ကြွသွားတော်မူ၏။ လမ်းခရီးတွင် ဥပက တက္ကဒွန်း နှင့် တွေ့၍ မိမိ အမည် ဇိန ဖြစ်ကြောင်း မိန့်တော်မူခဲ့၏။

မိဂဒါဝုန် တောတွင် ထို ဝါဆိုလပြည့်နေ့ ည၌ ပဉ္စဝဂ္ဂီ ငါးဦးဟု ခေါ်သော ရသေ့ ငါးဦးအား ဓမ္မစကြာတရား ဟောတော်မူရာ ကောဏ္ဍည ရသေ့ သောတာပတ္တိ မဂ်ဉာဏ် ဖိုလ်ဉာဏ်ကို ရ၍ ရဟန်းပြုပေးတော်မူ၏။ ကျန် ရသေ့များ တရားကို ဆက်လက် အားထုတ်ကြရာ ဝါဆိုလပြည့်ကျော် ၁ ရက်နေ့၌ အရှင် ဝပ္ပ၊ ၂ ရက်နေ့၌ အရှင် ဘဒ္ဒိယ၊ ၃ ရက်နေ့၌ အရှင် မဟာနာမ်၊ ၄ ရက်နေ့၌ အရှင် အဿ     ဇိ တို့ အသီးသီး သောတာပန် ဖြစ်ကြ၏။

ဝါဆိုလပြည့်ကျော် ၅ ရက်နေ့၌ အနတ္တ လက္ခဏသုတ် ဒေသနာကို ဟောတော်မူရာ ပဉ္စဝဂ္ဂီ ငါးပါးလုံး ရဟန္တာဖြစ်ကြ၏။

သာသနာပြု စေလွှတ်တော်မူခြင်း     
မြတ်စွာဘုရားသည် ပထမဝါ၌ မိဂဒါဝုန် တောတွင်ပင် ဝါဆိုတော်မူ၏။ နာလက ရသေ့အား မောနေယျ အကျင့်ကို ဟောတော်မူ၏။ သဌေးသား ယသကို လည်းကောင်း၊ သူ၏ သူငယ်ချင်း ၅၄ ယောက်တို့ကို လည်းကောင်း တရားရစေကာ ဧဟိဘိက္ခု ရဟန်းပြုပေးတော်မူ၏။ ယသ ၏ မိဘများနှင့် ဇနီးဟောင်းတို့ သောတာပန် ဖြစ်ကြ၏။

ဝါကျွတ်သောအခါ ပဝါရဏာ ပြုပြီးလျှင် မြတ်စွာဘုရားသည် ခြောက်ကျိပ်သော တပည့် ရဟန္တာတို့ကို နေရာဖြန့်၍ သာသနာပြု စေလွှတ်တော်မူ၏။

ဘဒ္ဒဝဂ္ဂီ ညီနောင်သုံးကျိပ်    
ဘုရားရှင် ကိုယ်တိုင်မှာမူ တပါးတည်း ဥရုဝေလတောသို့ ကြွတော်မူ၏။ လမ်းခရီး အကြား၌ တပ္ပာသိက တောအုပ်အတွင်း သစ်ပင် တပင်အောက်၌ ခေတ္တ နားနေတော်မူစဉ် ဘဒ္ဒဝဂ္ဂီ ညီနောင် သုံးကျိပ်တို့ မိန်းမ တယောက်ကို လိုက်ရှာရာမှ ဘုရားရှင်နှင့် တွေ့၍ တရားနာရသဖြင့် သောတာပန်၊ သကဒါဂါမ်၊ အနာဂါမ်များ ဖြစ်ကြကာ ရဟန်းပြုကြ၏။

မြတ်စွာဘုရားသည် ဘဒ္ဒဝဂ္ဂီ ရဟန်း သုံးကျိပ်တို့ကိုလည်း အရပ်ဒေသ အနှံ့အပြားသို့ သာသနာပြု စေလွှတ်တော်မူပြီးလျှင် ရှင်တော်ဘုရား တပါးတည်း ဥရုဝေလသို့ ခရီးဆက်တော်မူ၏။

ကဿ    ပ ညီနောင်သုံးပါး    
ဥရုဝေလ တော၌ သုံးလမျှ သီတင်းသုံးလျက် ဥရုဝေလ ရသေ့၏ မီးတင်းကုတ်ထဲမှ နဂါးဆိုးကြီးကို တန်ခိုးဖြင့် နှိမ်နင်းတော်မူပြီးလျှင် ဥရုဝေလကဿ     ပ၊ နဒီကဿ     ပ၊ ဂယာကဿ     ပ    ရသေ့ညီနောင် သုံးဦးတို့နှင့်အတူ သူတို့၏ တပည့် တထောင်ကိုပါ အယူမှားများကို စွန့်စေ၍ ရဟန်းပြုပေးတော်မူ၏။ ထို ရဟန်းတထောင်တို့ကို ဂယာသီသ ၌ အာဒိတ္တပရိယာယ ဒေသနာတော်ကို ဟောကြားသောအခါ အားလုံး ရဟန္တာ ဖြစ်သွားကြ၏။

ရာဇဂြိုဟ်သို့ ကြွတော်မူခြင်း    
ဗိမ္ဗိသာရ ဘုရင်အားပေးခဲ့သည့် ကတိအတိုင်း ပြာသို လပြည့်ကျော် ၁ ရက်နေ့၌ ထိုရဟန်းတော် တထောင် ခြံရံလျက် ရာဇဂြိုဟ်သို့ ကြွတော်မူ၍ အမြိုက်တရား ဟောကြားတော် မူရာ မြတ်စွာဘုရား၏ တရားတော်ကို နာကြားရသော ဗိမ္ဗိသာရ မင်းနှင့် တကွ မြို့သူမြို့သား အများအပြား တရားရကြ၏။ ဗိမ္ဗိသာရဘုရင်က သူ၏ ဝါးတောဥယျာဉ် အတွင်း၌ ကျောင်းဆောက်ပြီးလျှင် မြတ်စွာဘုရားကို လှူဒါန်း၏။ ဝေဠုဝန် ကျောင်းတော်ဟု ထင်ရှား၏။

ဥပတိဿ     နှင့် ကောလိတ    
ထို အချိန်တွင် အမှန်တရားကို ရှာနေကြသော ဥပတိဿ     နှင့် ကောလိတ သူငယ်ချင်း ပရိဗိုဇ် နှစ်ယောက်တို့သည် သိဉ္စည်းဆရာကြီး အထံ၌ တပည့်ခံလျက် ရှိကြ၏။ တနေ့တွင် ပဉ္စဝဂ္ဂီတပါးဖြစ်သော အရှင် အဿ     ဇိ ရဇဂြိုဟ်မြို့တွင်း ဆွမ်းခံကြွရာ ဥပတိဿ    က မြင်၍ ကြည်ညိုသဖြင့် တပည့်ခံကာ တရားမေးမြန်းရာ ကြောင်းကျိုး နိယာမ သဘော ဘုရားဟောသည်ကို အရှင်အဿ     ဇိက ပြန်လည် ဟောပြလိုက်၏။ 

ဥပတိဿ     တရားသဘောပေါက်ကာ သောတာပန် ဖြစ်သွား၍ သိဉ္စည်းကြီး ၏ကျောင်းသို့ ပြန်ရောက်သောအခါသူငယ်ချင်း ကောလိတကို ပြန်ဟောပြရာ ကောလိတလည်း
သောတာပန် ဖြစ်သွား၏။ သူငယ်ချင်းနှစ်ဦးစလုံး တပည့် ငါးရာကိုပါ ခေါ်၍ သိဉ္စည်း၏ အရာမ်မှ ထွက်ခဲ့ကြပြီးနောက် တပို့တွဲလဆန်း ၁ ရက်နေ့တွင် ဘုရားရှင် ထံမှောက်သို့ ရောက်လာကြကာ ရဟန်း အဖြစ်တောင်းသဖြင့် မြတ်စွာဘုရားက ရဟန်းပြုပေးတော်မူ၏။

မြတ်စွာဘုရား တရားဟောတော်မူသေအခါ သူတို့၏တပည့်ငါးရာမှာ ရဟန္တာ ဖြစ်သည်အထိ တရား သိသွားကြ၏။

အရှင် သာရိပုတ္တရာ
အရှင်ဥပတိဿ     သည် တပို့တွဲ လပြည့်နေ့တွင် ဂိဇ္ဈကုဋ် တောင် ဝက်တူး လိုဏ်ခေါင်း၌ မြတ်စွာဘုရား ဒီဃနခ ပရိဗိုဇ် (အရှင်ဥပတိဿ     ၏တူ) အား ဟောကြားသော ဒီဃနခသုတ်တော်ကို နာကြားရ၍ ရဟန္တာ ဖြစ်သွား၏။ ဒီဃနခကား သောတာပန် တည်သွား၏။ ဤ အရှင် ဥပတိဿကား နောင်အခါတွင် အရှင် သာရိပုတ္တရာဟု ထင်ရှားလာသော လက်ယာတော်ရံ အဂ္ဂသာဝက အရှင်မြတ်ကြီးပင် ဖြစ်၏။

အရှင်မောဂ္ဂလ္လာန်    
အရှင် ကောလိတ မှာမူ ကလ္လဝါဠပုတ္တ ရွာကို အမှီပြု၍ တရားဆက်လက် အားထုတ်ရာ စင်္ကြံအလျှောက် များသွား၍ ပင်ပန်းသဖြင့် အိပ်ငိုက်နေသည်ကို ရှင်တော်မြတ်ဘုရား သိတော်မူ၍ ပစလာယမာနသုတ်တော်ကို ဟောတော်မူသဖြင့် တပို့တွဲလဆန်း ၈ ရက်နေ့၌ ရဟန္တာ ဖြစ်တော်မူ၏။ ဤ အရှင်ကောလိတကား လက်ဝဲတော်ရံ အရှင်မောဂ္ဂလ္လာန် ပင်တည်း။

ခမည်းတော်က အပင့်လွှတ်ခြင်း     
မြတ်စွာဘုရား၏ ခမည်းတော် ကပ္ပိလဝတ်ပြည့်ရှင် သုဒ္ဓေါဒန ဘုရင်ကြီးသည် သားဘုရား ရာဇဂြိုဟ်ပြည်တွင် သီတင်းသုံးလျက် ရှိကြောင်း သတင်းကောင်း ကြားရ၏။ ထို့ကြောင့် ပြာသိုလပြည့်ကျော်ချိန်မှ စ၍ အမတ်တယောက်လျှင် အခြွေအရံ တထောင်စီ ခြံရံစေ၍ သားတော် ဘုရားကို ပင့်ရန် ရာဇဂြိုဟ်သို့ စေလွှတ်ရာ ကိုးကြိမ်တိုင်တိုင် လွှတ်သော်လည်း တဦးတယောက်မျှ ပြန်မလာသဖြင့် မည်သည့် သတင်းမျှမရရှိပေ။ အကြောင်းမှာ ထို အမတ်များနှင့် အခြွေအရံကိုးထောင်တို့သည် မြတ်စွာဘုရား၏ တရားတော်ကို နာကြားရ၍ ရဟန္တာများ ဖြစ်သွားကြသောကြောင့်ပင်။

ရှင်ကာဠုဒါယီ     
နောက်ဆုံးတွင် မြတ်စွာဘုရား၏ ဖွားဘက်တော် ကစားဖော်ဖြစ်ခဲ့သော ကာဠုဒါယီ အမတ်ကို ရှေးနည်းအတိုင်း စေလွှတ်ပြန်၏။ ကာဠုဒါယီ အမတ်ကြီးနှင့် အခြွေအရံ တထောင်လည်း ရဟန္တာ ဖြစ်သွားကြပြန်၏။

သို့သော် အရှင်ကာဠုဒါယီသည် မင်းကြီးကို ဝန်ခံခဲ့သည့် အတိုင်း တပေါင်းလပြည့်နေ့တွင် မြတ်စွာဘုရား အထံသို့သွား၍ ဆောင်းကုန် နွေကူး တပေါင်းလ ရာသီထူး၏ မပူမအေး ဖြစ်၍ သာယာပုံ၊ သစ်ပင်များ ရွက်ညွန့်တွေ ထွက်ချိန်ဖြစ်၍ ရှုမငြီး သာယာပုံ၊ ရာသီနှင့် တောတောင်သာယာလှသဖြင့် သားကောင်များ၊ ကျေးငှက်များလည်း သာသာယာယာ တွန်ကျူးလျက် မြူးတူး ရွှင်ပျော်ကြပုံ အစုံစုံတို့ကို ဖော်ပြလျက် မြတ်စွာဘုရား ကပ္ပိလဝတ် ပြည်သို့ကြွရန် အရေးကို တောတောင်ဘွဲ့ ပါဠိကဗျာ ဂါထာပေါင်းခြောက်ဆယ်ကို သီကုံး ရွတ်ဆိုကာ တောတောင် ပန်းချီကားချပ်ကြီး ရေခြယ်သည့်နှယ် အကျယ်တဝင့် တင်ပြ လျှောက်ထားလေ၏။ မြတ်စွာဘုရားက ကြွတော်မူရန် သဘောတူသောအခါ နှစ်လနှင့် ကပ္ပိလဝတ်ပြည်သို့ အရောက် ပင့်ဆောင်လေ၏။

ကပ္ပိလဝတ်၌ ကျေးဇူးဆပ်ခြင်း     
မြတ်စွာဘုရားသည် ကပ္ပိလဝတ်သို့ ရောက်သောအခါ ပထမနေ့၌ တန်ခိုးပြာဋိဟာ ပြ၍ ဆွေမျိုးတို့၏ အပူဇော်ကို ခံတော်မူ၏။ ဒုတိယနေ့၌ ကပ္ပိလဝတ် မြို့တွင်းသို့ ဆွမ်းခံကြွရာမှ ခမည်းတော် မင်းကြီးကို တရားဟောရာ သကဒါဂါမ် ဖြစ်သွား၏။ (နောင်တွင် ထီးဖြူအောက်၌ပင် ရဟန္တာဖြစ်သွား၏။) တတိယနေ့တွင် ညီတော် နန္ဒမင်းသားကို ရဟန်းပြုပေး၏။ သတ္တမနေ့တွင် သားတော် ရာဟုလာ ၇ နှစ်သားကလေးက မယ်တော်၏ သင်ကြားပေးချက်အရ ဘုရားရှင်ထံ အမွေတောင်းသောအခါ ကျောင်းတော်
သို့ ခေါ်ခဲ့ပြီးလျှင် အရှင် သာရိပုတ္တရာထံ အပ်နှံကာ သရဏဂုံ ပေး၍ ရှင်သာမဏေပြုပေးစေ၏။ ထို့နောက် မြတ်စွာဘုရားသည် ရာဇဂြိုဟ်သို့ပင် ပြန်ကြွတော်မူ၏။

ကျောင်းဆောက်လှူဒါန်း ခွင့်ပြုခြင်း     
မြတ်စွာဘုရားသည် ရာဇဂြိုဟ်၌ ဒုတိယဝါ ဆိုတော်မူ၏။ ရာဇဂြိုဟ် သူဌေးသည် သံဃာတော်များ ချုံကြိုချုံကြား သစ်ပင်များအောက်မှာ နေကြသည်ကို မကြည့်ရက်နိုင်သဖြင့် သံဃာတော်များမှ တဆင့် မြတ်စွာဘုရားအား ကျောင်း ခွင့်ပြုဖို့ လျှောက်ထားရာ ဘုရားရှင် ခွင့်ပြုတော်မူ သဖြင့် ကျောင်းဆောက်လှူဒါန်း၏။

အနာထပိဏ်၏ သဒ္ဓါတရား    
ဝါကျွတ်သောအခါ ရာဇဂြိုဟ်သဌေး၏ အဆွေတော် သာဝတ္ထိပြည်မှ အနာထပိဏ် သဌေးကြီးသည် အရောင်းအဝယ် ကိစ္စဖြင့် ရာဇဂြိုဟ်သို့ ရောက်လာ၏။ ဘုရားပွင့်တော်မူကြောင်း သိရသောအခါ မြတ်စွာဘုရား သီတင်းသုံးတော်မူရာ သီတဝန တောကျောင်းသို့သွား၍ ဖူးမြှော်ကာ တရားနာရသဖြင့် သောတာပန် ဖြစ်သွား၏။

အနာထပိဏ်သဌေးသည် နောက်တနေ့တွင်သံဃာတော်များနှင့်တကွ 
မြတ်စွာဘုရားကို ရာဇဂြိုဟ် သဌေး၏ အိမ်၌ပင် ဆွမ်း ဆက်ကပ် လှူဒါန်း၏။ သာဝတ္ထိသို့ ပြန်ရောက်သောအခါ ဇေတဝန် ကျောင်းတော်ကြီးကို ငွေအမြောက်အမြား အကုန်ခံကာ ဆောက်လုပ်ပြီးလျှင် မြတ်စွာဘုရားကို ပင့်၍ လှူဒါန်းလိုက်၏။

ပရိနိဗ္ဗာန် ဝင်စံတော်မူလေ၏
ထို အချိန်မှ စ၍ မြတ်စွာဘုရားသည် ဇေတဝန် ကျောင်းတော်၌သာ များသောအားဖြင့် သီတင်းသုံးလျက် သက်တော် ရှစ်ဆယ်အထိ သတ္တဝါတို့၏ ဆင်းရဲငြိမ်းရေး ချမ်းသာရေးကိုသာ ဆောင်ရွက်တော်မူပြီးလျှင် ကုသိနာရုံ ပြည် မလ္လာမင်း တို့၏ အင်ကြင်းဥယျာဉ်အတွင်းဝယ် သက်တော်ရှစ်ဆယ် ပြည့်သောနှစ် (ဘီစီ ၅၄၃) မဟာသက္ကရာဇ် ၁၄၈-ခု ကဆုန်လပြည့်ညတွင် ရုပ်နာမ်ခပ်သိမ်း ချုပ်ပြတ်ငြိမ်း၍ ပရိနိဗ္ဗာန် ဝင်စံတော်မူလေ၏။

သုံးလူ့သခင် သဗ္ဗညု မြတ်ဗုဒ္ဓ ဘုရားရှင်သည် ဘီစီ ၅၈၈ မှ ဘီစီ ၅၄၃ အထိ (၄၅) ဝါ ကာလပတ်လုံး ဝေနေယျသတ္တဝါတို့အား မင်္ဂလာတရား ၃၈-ပါူး၊ သစ္စာလေးပါူး၊ မဂ္ဂင် (၈) ပါး စသည့် တ‌ရားတို့ကို ဟောပြတော်မူ ကာ လူ၊ နတ်၊ ဗြဟ္မာ နှင့် သတ္တဝါတို့၏ အကျိုးစီးပွားကို ၄၅-ဝါ ကာလပတ်လုံး သတ္တဝါတို့၏ အကျိုးစီးပွားကို မနားမနေဆောင်ရွက်တော်မူခဲ့သည်။

ယခု ဆိုလျှင် မြတ်ဗုဒ္ဓ ရှင်တော်မြတ်ဘုရား ပရိနိဗ္ဗာန် စံတော်မူသည် မှာ နှစ်ပေါင်း ၂၅၅၇ နှစ် ရှိသွားပေပြီ။ မြတ်ဗုဒ္ဓ ပရိနိဗ္ဗာန် ပြုတော်မူပြီးနောက် ပထမအကြိမ် သင်္ဂါယနာ တင်ပြီး သည့် အချိန်မှ စတင် ရေတွက်သည့် ခုနှစ် ကို သာသနာနှစ် ဟု မည်ပါသည်။ ဗုဒ္ဓသာသနာ သည် ယခု ဆိုလျှင် နှစ်ပေါင်း ၂၆၀၂ (၀၁၄ + ဘီစီ ၅၄၃= ၂၆၀၂ ) ရှိပေပြီ။ (သာသနာနှစ် ၂၅၅၇+၄၅-ဝါ= နှစ်ပေါင်း ၂၆၀၂)

ထေရ၀ါဒ ဗုဒ္ဓဘာသာ အစဉ်အလာအရ ခရစ်နှစ် ၁၉၅၆-ခုနှစ်မှာ သာသနာ နှစ် ၂၅၀၀-ပြည့်တယ်လို့ လက်ခံထားပါသည်။ ဗုဒ္ဓမြတ်စွာ ပရိနိဗ္ဗာန် စံဝင်တော်မူတဲ့ နှစ်ကို သာသနာသက္ကရာဇ် ၁-ခုနှစ်လို့ သတ်မှတ်ပြီး စတင် ရေတွက်လာခဲ့ကြတာပါ။ ပရိနိဗ္ဗာန်စံတော်မူတဲ့နှစ်က ဘီစီ ၅၄၃-ခုနှစ် ဖြစ်ပါသည်။ သက်တော် ၈၀ နဲ့ ပြန်တွက်ရင် ဖွားတော်မူနှစ် က ဘီစီ ၆၂၃ ဖြစ်ပါသည်။

ဂေါတမ ဗုဒ္ဓ ဟောကြားတော်မူခဲ့သော မင်္ဂလာတရား ၃၈-ပါး ၊ အာနာပါန တရားရှုမှတ်ခြင်း ၊ ဝိပဿ     နာ  ကျင့်စဉ်၊ စာရိတ္တကျင့်ဝတ်၊ မြတ်သောအကျင့်သီလ၊ မေတ္တာ၊ မေတ္တာ ကမ္မဋ္ဌာန်းစီးဖြန်းခြင်း၊ ဗောဇ္ဈင် ၇ ပါး၊ သတိပဌာန် (၄) ပါး၊ ချစ်ခင်ကြင်နာခြင်း၊ သစ္စာလေးပါး၊ မဂ္ဂင် ၈ ပါး၊ ခွင့်လွှတ်ခြင်းနှင့် သည်းခံခြင်း…. စသည့် တ‌ရားတို့သည် ကမ္ဘာ့အမှန်တရားဦးဆောင်ပညာအဖြစ် ယနေ့ထက်တိုင်ပင် ကျော်ကြားလှသည်။

A Short History of Lord Buddha
(BC 623- BC 543)

သုမေဓာပညာရှိသည် မိဘနှစ်ပါးကွယ်လွန်သောအခါ အမွေအနှစ်များစွာတို့ကိုရရှိသဖြင့် ပစ္စည်းဥစ္စာ ကြွယ်ဝချမ်းသာသော သူဌေးတဦးဖြစ်၍လာလေသည်။ သုမေဓာပညာရှိသည်ငါ၏မိဘတို့ကား စည်းစိမ်ဥစ္စာ များစွာတို့ကို ရှာဖွေ စုဆောင်းနိုင်သော်လည်း ယူမသွားနိုင်ခဲ့ချေ၊ ထို စည်းစိမ်ဥစ္စာတို့ကို ငါ့နောက်သို့ပါအောင် မည်သို့ ယူဆောင်သွားရပါမည်နည်း ဟုဆင်ခြင်မိကာ သူပိုင်ဆိုင်သော ပစ္စည်းဥစ္စာတို့ကို စွန့်ကြဲပေးကမ်းလှူဒါန်းကာ တောထွက်၍ ရသေ့ရဟန်းအသွင်ဖြင့် နေလေ၏။ ထိုသို့ သူတော်စင်တို့နေထိုင်ရာ တောအုပ်ကြီးထဲတွင်နေလျက် သူတော်ကောင်းတရား ပွားများအားထုတ်ခဲ့ရာ ဈာန်အဘိညာဏ်များရရှိကာ နောင်သောအခါတွင် သုမေဓာရှင်ရသေ့ဟူ၍ ထင်ရှား ကျော်ကြားလေသည်။
SUMEDHA , the wise man inherited a vast fortune his parents who left them upon their deaths. Realising the unsatisfactoriness he gave away his fortune and became an ascetic in the forest. He soon gained mastery in mediation and was well-know for his supernormal powers.

တစ်နေ့သောအခါ ရာမ္မာဝတီမြို့သို့ ဒီပင်္ကရာဘုရားမြတ်စွာ ကြွလာမည့်လမ်းမကြီးကို မွန်းမံပြုပြင်နေကြသူများတွင် သုမေဓာရှင်ရသေ့သည်လည်းပါဝင်လေ၏။ ထိုသို့ပြင်ဆင်နေခိုက်မှာပင် ဘုရားရှင်ကြွလာတော်မူသဖြင့် သုမေဓာရှင်ရသေ့သည် မပြီးသေးသောလမ်းတနေရာမှာ ၀မ်းလျားမှောက်၍ တံတားသဖွယ်ခင်းပေးကာ ဘုရားရှင်အား ရွှံ့ညွန်မထိမပေအောင် သူ့ခန္ဓာကိုယ်ပေါ်မှ နင်းကြွရန် လျှောက်ထားလေ၏။ အနီးတွင် သုမိတ္တာ အမည်ရှိသတို့သမီးငယ်သည်လည်း ကြာပန်းရှစ်ခိုင်ကို ကိုင်လျက် ဘုရားရှင်ကို ဖူးမျှော်ရန် စောင့်၍နေလေ၏။ သူမ၏ လက်ထဲမှ ကြာပန်းငါးခိုင်ကို ခွဲ၍ ရှင်ရသေ့အား ပေးလှူလေသော် သုမေဓာရှင်ရသေ့သည် ထိုကြာငါးခိုင်ဖြင့် ဘုရားရှင်အားပူဇော်ယင်း …. အကျွန်ုပ် သည် ဤဘုရားရှင်ကဲ့သို့ ဘုရားတစ်ဆူ ဖြစ်ရပါလို၏ .. ဟု အဓိဌာန်ပြုလေ၏။ ဒီပင်္ကရာမြတ်စွာဘုရားက ရသေ့မြတ်သုမေဓာသည် နောင်အခါ၌ ဂေါတမဟူသော အမည်ဖြင့် ဘုရားတစ်ဆူအဖြစ် ပွင့်တော်မူလိမ့်မည်။ ဤ သုမိတ္တာသတို့သမီးငယ်ကား ရသေ့မြတ်၏ ပါရမီဖြည့်ဘက် ဖြစ်လိမ့်မည်…. ဟု ဗျာဒိတ်စကား မိန့်ကြားတော်မူလေသည်။

When ascetic Sumedha knew of the coming of Dipankara Buddha to the city of Rammavati, he took part in preparing the road for the Buddha. He was still repairing it when the Buddha arrived but he was determined to complete it by prostrating himself into the muddy hollow, in fulfilment of his vow to become a Buddha. Beside him was a young lady named Sumitta bearing eight stalks of lotus flowers. She gave the Ascetic five stalks and kept for herself three stalks for her own aspiration.

When the Buddha Dipankara saw this, He omnisciently declared the Ascetic Sumedha a future Buddha. While He stated that the asspiring young lady Sumitta would be his constant compaion and helpmate.


နတ်ဗြာဟ္မာအပေါင်းတို့သည် တုသိတာနတ်ပြည်၌ နတ်စည်းစိမ်ကိုခံစားနေသော သေတကေတု ဘုရားလောင်းနတ်သားအား အလောင်းမင်း ဘုရားဖြစ်အံ့သော အခါတိုင်ပြီ၊ လူ့ပြည်သို့ဆင်း၍ ဘုရားဖြစ်တော်မူပါ…. ဟု တောင်းပန်ကြလေ၏။ ထိုအခါ ဘုရားလောင်းနတ်သားသည် လူ့ပြည်ဆင်း၍ သန္ဓေယူခါနီး၌ သန္ဓေယူရန်အတွက် လျော် မလျော်ကို ကြည့်လေ့ရှိသော ရှေးဘုရားအလောင်းတော်တို့
နည်းတူ  ကြည့်ခြင်းငါးပါးကို  ကြည့်တော်မူပြီး၍ ထိုနတ်ဗြာဟ္မာတို့၏ တောင်းပန်မှုကို လက်ခံတော်မူ
လေ၏။

ကြည့်ခြင်းကြီးငါးပါးဟူသည်……
၁။ တက်ကပ်ဆုတ်ကပ် ကာလ နှစ်ပါးတို့တွင် ဆုတ်ကပ်ကာလသက်တမ်းကို ကြည့်ခြင်း
၂။ ကျွန်းကြီးလေးကျွန်းအနက် ဇမ္ဗူဒီပခေါ် တောင်ကျွန်းကို ကြည့်တော်မူခြင်း
၃။ တောင်ကျွန်း၏ အလည်ဒေသ ဗဟိုချက်ချာကျသော ဗောဓိပင်ပေါက်ရာအရပ် ကို ကြည့်ခြင်း
၎။ အမျိုးလေးပါးတွင် ဗြာဟ္မဏနှင့် မင်းမျိုးကို သာ ကြည့်တော်မူခြင်း
၅။ ဘုရားလောင်း ဖွားမြင်ပြီးနောက် ၇ ရက်သို့ရောက်လျှင် သေဆုံးမည့်မိခင်၏ သက်တမ်းအပိုင်းအခြား ကို ကြည့်ခြင်း

The Devas (Gods) imploring the Bodhisatta Santussita Deva (whose real name was Setaketu) in Tussita heaven to be rebrn on earth to become a Buddha. He accepted their request after viewing the Five Great Considerations (Panca Maha Vilokana) which  are – time, region, locality, clan and mother.

မဟာသက္ကရာဇ် ၆၈ ခုနှစ် ၀ိသာခပုဏ္ဏမီခေါ် ကဆုန်လပြည့်နေ့တွင် နီပေါနိုင်ငံ လုမ္ဗိနီအင်ကြင်းဥယျာဉ်တော် ၌ အလောင်းတော်မင်းသားလေးကို မီးရှုးသန့်စင် ဖွားမြင်တော်မူလေ၏။ သုဒ္ဓ၀ါသဗြဟ္မာမင်းများက ဇာတဘက်ဖြင့် ခံယူ၍ စာတုမဟာရာဇ်နတ်မင်းကြီးများက သစ်နက်သားမွေးထည်ဖြင့် လှမ်းယူကာ လူတို့လက်သို့ လှမ်းလိုက်လေသည်။ မင်းသားလေးသည် လူတို့လက်မှာဆင်းလျက် မြေ၌ရပ်တော်မူ၍ အရပ်ဆယ်မျက်နှာကို ရှုစားတော်မူရာ အားလုံးသောနတ်ဗြဟ္မာအပေါင်းတို့က အရိုအသေပေးနေကြသည်ကို မြင်ရသဖြင့် ပဒုမ္မာကြာပန်းပေါ်မှ မြောက်အရပ်သို့ ခုနှစ်လှမ်း လှမ်းတော်တော်မူပြီး၍..အဂ္ဂေါဟမသ္မိလောကသ ( တလောကလုံးမှာ ငါသာလျှင်အမြတ်ဆုံး ) ဟု ကြွေးကြော်တော်မူလေ၏။ အလောင်းတော်မင်းသားကလေး ဖွားမြင်တော်မူခြင်းကို ဘုရင်သုဒ္ဓေါဒနမင်းကြီး၊ မိဖုရားကြီးမဟာမာယာမိဘ ၂ပါး နှင့်တကွ သုံးလောကသတ္တ၀ါအများတို့သည် နှစ်ထောင်းအားရ ကြည်နူးဝမ်းမြောက်ကြလေသည်။

At Lumbini Park in Nepal, on Vesakha Full Moon Day, the newly born Prince walked seven steps on the lotus flowers and pointing to the North said, “AGGOHAM ASMI LOKASSA” meaning “Chief Am I in this world”.



အဂ္ဂေါဟ မသ္မိလောကဿ     Aggo ham asmi lokassa

ဇေဌောဟ မသ္မိ လောကဿ      Jetto ham asmi lokassa

သေဌောဟ မသ္မိလောကဿ      Setto ham asmi lokassa

According to Majjhima Sutta No. 123, as soon as the Bodhisatta was born, he took seven steps to the North and declared his position in the world with these words:
Aggo ham asmi lokassa --  I am the chief in the world.
Jetto ham asmi lokassa --  I am the highest in the world.
Setto ham asmi lokassa --  I am the noblest in the world.
Ayam antima jati --    This is my last birth.
Natthi dani punabbhavo -- There is no more becoming for me.

The birth of this baby Prince brought great joy to his royal parents. King Suddhodana and Queen Maha Maya as well as all beings!


သိဒ္ဓတ္ထမင်းသားနှင့် ဘဒ္ဒကဉ္စနာမင်းသမီးတို့၏ ဘိသိက်မင်္ဂလာလက်ထက်ပွဲသဘင်ကို ရွှေနန်းမဆောင်
ကြီးမှာ ကြီးကျယ်ခမ်းနားစွာကျင်းပရန် ခမည်းတော်သုဒ္ဓေါဒနမင်းကြီးက သဘောတူနှစ်သက်တော်မူလေ
သည်။ 

ယင်းမင်္ဂလာပွဲကြီးကို ပျော်ရွှင်ချမ်းမြေ့ဘွယ်ရာအထွေထွေပြည့်နှက်နေသည် ရွှေနန်းမဆောင်ကြီးတွင
ပျော်ရွှင်ဘွယ်ရာအဖုံဖုံတို့ဖြင့် စုံလင်စွာရက်ပေါင်းအတော်ကြာကြာ ဆင်ယင်ကျင်းပပြုလုပ်ကြပေသည်။

(မှတ်ချက်) ဘိသိက်မင်္ဂလာပွဲကြီးအပြီးတွင်း ဘဒ္ဒကဉ္စနာမင်းသမီးကို ယသော်ဓရာဟူသော ဘွဲ့အမည်ဖြင့် တင်စားခေါ်ဝေါ်ကြလေသည်။

The marriage of Prince Siddhattha and Princess Yasodhara (whose real name was Badda-Cancana) took place at the Golden Palace which was presented by his father, King Suddhodana. It was a luxurious palace full of the comforts of life. The celebration lasted many days.

အလောင်းတော်သိဒ္ဓတ္ထမင်းသားသည် ရွှေနန်းစည်းစိမ်ကို ခံစားတော်မူစဉ် မင်းဥယျာဉ်တော်သို့ လှည့်လည်သောအခါ နတ်တို့သည်ဖန်ဆင်း၍ပြအပ်သော သူအို၊ သူနာ၊ သူသေ၊ ရဟန်း ဟူသော နိမိတ်ကြီးလေးပါးအနက် သူအို၊ သူနာ၊ သူသေ တို့ကို လေးလတကြိမ် တစ်ခုစီအစဉ်အတိုင်းမြင်တော်မူ
ရသဖြင့် အိုခြင်းဆင်းရဲ၊ နာခြင်းဆင်းရဲ နှင့် မမြဲသောသေခြင်းတရားတို့ကို သတိသံဝေဂဖြစ်ပေါ်ခဲ့လေ၏။
နောက်လေးလကြာသောအခါ ဥယျာဉ်တော်သို့ထွက်ပြန်ရာ အလောင်းတော်မင်းသားသည်
အေးချမ်းကြည်လင်သည့် အသွင်ရှိသော ရဟန်းတော်တပါးကို ဖူးမြင်ရသဖြင့် ရဟန်းပြုလိုသော စိတ်ဆန္ဒနှင့်အတူ ရွှေနန်းတော်သို့ပြန်ကြွခဲ့လေသည်။

During his visit to the Royal park, Prince Siddhatta saw the four Great Signs, namely – an old man, a sick man, a corpse and a serene mendicant. These made the prince to realise the unsatisfactoriness of life and urged him to ponder deeply about renunciation.

အိုနာသေရေး ဒုက္ခဘေးတို့ကို တွေး၍ ရဟန်းပြုလိုသောဆန္ဒပြင်းပြလျှက်ရှိသော အလောင်းတော် သိဒ္ဓတ္ထမင်းသားသည် ကဆုန်လပြည့်နေ့ သန်းခေါင်ယာမ်အချိန်၌ ကဏ္ဍကမြင်းကိုစီး၍ မြင်းထိမ်း
ဆန္ဒအမတ် နှင့်အတူ ရွှေမြို့တော်မှ ထွက်တော်မူလေသည်။ မာရ်နတ်နှင့် မာရ်နတ်စစ်သည်တို့က အသင်မင်းသားတောမထွက်ပါနှင့် မကြာခင် ၇ ရက်မြောက်၌ စကြာရတနာဆိုက်ရောက်ပါလိမ့်မည် .. ဟု နှောက်ယှက် တားမြစ်သော်လည်း ဂရုမပြု လျစ်လျူရှုတော်မူလျက် တောထွက်တော်မူခဲ့လေသည်။

Mara (the Evil One), with his host tried without success to prevent Prince Siddhatta from his Great Renunciation at midnight. Prince Siddhatta was riding on Kanthaka his favourite stallion and followed by Channa his loyal charioteer.

အလောင်းတော် သိဒ္ဓတ္ထမင်းသားသည် လောကီစည်းစိမ်ချမ်းသာတို့ကို ပယ်စွန့်၍ မြို့တော်မှ ထွက်တော်မူလာရာ အနော်မာမြစ်၏ တစ်ဘက်ကမ်းအရောက်တွင် ငွေသားအဆင်းရှိသော သဲသောင်ပြင်၌ ဆံတော်ကို သန်လျက်ဖြင့်ကိုယ်တိုင် ရိတ်ဖြတ်တော်မူလေ၏ ။ ထို့နောက် ဆံတော်ကို ကောင်းကင်သို့ မြှောက်လိုက်သောအခါ နတ်တို့ဘုရင် သကြားမင်းက ခံယူ၍ တာဝတိံသာနတ်ပြည်၌ စူဠါမဏိစေတီ တည်ထားကိုးကွယ်လေသည်။ ထို့နောက် ဃဋိကာရဗြဟ္မာမင်းက ရဟန်းတော်တို့ အသုံးအဆောင်ဖြစ်သော ပရိက္ခရာရှစ်ပါးတို့ကို သိဒ္ဓတ္ထမင်းသားအား လှူဒါန်းလေ၏။ မြင်းထိန်း ဆန္ဒအမတ်အား မင်းညီမင်းသားတို့ အသုံးအဆောင်များကို ယူ၍ နန်းတော်သို့ပြန်ရန် မိန့်ကြားလေ၏။ ထို့နောက် ဃဋိကာရဗြဟ္မာ လှူသောသင်္ကန်းကို ဆင်မြန်းပြီး ၀တ်လဲတော်ကို ကောင်းကင်သို့မြှောက်ပြန်ရာ ဃဋိကာရဗြဟ္မာမင်းကြီးကပင် ခံယူ၍ အကနိဋ္ဌဗြဟ္မာဘုံ၌ ဒုဿ     စေတီ တည်ထားကိုးကွယ်လေသည်။

Prince Siddhattha cut of his hair to renounce the worldly life at the bank of the Anoma River. Ghatikara Maha Brahma presented the Monk’s Eight Requisites to Ascetic Siddhattha , who commanded his charioteer Channa to take his royal chattels back to the palace.
His hair was received by Sakka, King of Gods and enshrined in CULAMANI CETI (pagoda) in his celestial abode in TAVATIMSA. Similarly, Ghatikara Maha Brahma bore his princely clothes to his higher celestial abode, Akanniiha and enshrined them in the pagoda know as DUSSA CETI.


အလောင်းတော်အရှင်မင်းမြတ်ဗောဓိသတ်သည် ဥရုဝေဠတောသို့ကြွ၍ အရိုးကြေကြေ အရေခန်းခန်း ဟူသောဇွဲသတ္တိဖြင့် ဘုရားဖြစ်ရန်ရည်သန်တော်မူလျက် ခြောက်နှစ်တာကာလပတ်လုံး သာမန်လူသားတို့ ပြုကျင့်နိုင်ခဲသော ဒုက္ကရစရိယာအကျင့်ကို သတိတရားကြီးမားစွားဖြင့် မရပ်မနား ပွားများအားထုတ်လေ၏။ ဤကဲ့သို့ အားထုတ်သဖြင့် အသွေးအသားတွေခန်းခြောက်ပြီး အရိုးနှင့်အရေသာကျန်ရှိသော်လည်း အရွံ့မလှုပ် နောက်မဆုတ်ပဲ ဆက်လက်၍အားထုတ်မြဲ အားထုတ်တော်မူ၏။

The ascetic Bodhisatta spent six years practising austerity and mediation with steadfastness as well as earnestness. prior to his attainment. Even though he was reduced to a mere skeleton, he did not give up practising.

ဘုရားအလောင်းတော်မြတ်သည် အေးမြသာယာသော မဟာဗောဓိပင်အောက်ရှိ ရွှေပလ္လင်ပေါ်၌
မြက်ရိတ်သမား ပုဏ္ဏားထံမှ အလှူခံရရှိသော မြက်ရှစ်ဆုပ်ကို ခင်းတော်မူကာ ထက်ဝယ်ဖွဲ့ခွေထိုင်နေ
တော်မူ၍ ဘုရားမဖြစ်သမျှ ဤထက်ဝယ်တင်ပလ္လင်ကို မဖျက်တော့အံ့…. ဟု အဓိဋ္ဌာန်ဖြင့် ကမ္မဋ္ဌာန်းတရား ပွားများအားထုတ်တော်မူစဉ် အရဟတ္တမဂ်ဥာဏ်နှင့် သဗ္ဗညုတဥာဏ် တည်းဟူသော တရားထူးတရားမြတ်ကို ရ၍ ဘုရားမဖြစ်မီ အချိန်အနည်းငယ်၏ ရှေ့အဘို့၌ မာရ်နတ် နှင့် မာရ်နတ်စစ်သည်တို့သည် လက်နက်အမျိုးမျိုး ဖန်ဆင်းဆွဲကိုင်ပြီးလျှင် ကြောက်မက်ဖွယ်ရာ ဂီရိမေခလာ ဆင်ပြောင်ကြီးကိုစီး၍ ရွှေပလ္လင်ကို အရယူရန် ကြိုးပမ်းကြလေတောသည်။

The Budhisatta was sitting on a Golden Throne under a Bodhi tree and being challenged by Mara (the Evil One) riding on the ferocious elephant Girimekhala, Mara with host tired to capture the Golden Throne just before the Bodhisatta’s Enlightenment.

ဘုရားရှင်သည် သဗ္ဗညုတဥာဏ်တော်ကို ရရှိပြီးနောက် သတ္တသတ္တာဟ ခုနှစ်ရက် ခုနှစ်လီစီ အသီးသီး သီတင်းသုံးတော်မူရာ ဋ္ဌာန တို့၏ နောက်ဆုံး သတ္တာဟမြောက် လင်းလွန်းပင်အောက်တွင် သီတင်းသုံးတော်မူစဉ် ဥက္ကလာပတိုင်းမှ လာရောက်ကြသော တပုဿ     နှင့် ဘလ္လိက ကုန်သည်ညီနောင်
နှစ်ဦးတို့သည် ဘုရားရှင်ကို ဖူးမြင်ရသဖြင့် ၎င်းတို့ပါလာသော ပျားရည်မုယောမုန့်ဆုပ်တို့ဖြင့် ကပ်လှူပူဇော်ကြလေသည်။ ကုန်သည်ညီနောင်တို့၏ လျှောက်ထားချက်အရ ဘုရားရှင်သည် ၎င်းတို့အား ဆံတော်ရှစ်ဆူကို ကိုးကွယ်ရန် ပေးတော်မူ၏။ မြန်မာပြည် ရန်ကုန်မြို့ ရွှေတိဂုံစေတီတော်မြတ်ကြီးတွင် ဌာပနာ၍ထားသော ဆံတော်ရှစ်ဆူဟူသည် ထိုဆံတော်များဖြစ်သည်ဟု ဆိုကြကုန်၏။

It was in the final week (7th week) after his Enlightment, when the two merchanat brothers Tapussa and Bhallika from Ukkalapa passed by the spot and saw the Buddha. They offered the Buddha their own provison. The Buddha, gave eight strands of hair from His head for them to worship as sacred objects of veneration. The hair relics are now enshrined in the Shwedagon Pagoda in Yangon, Myanmar.

မြတ်စွာဘုရားသည် သဗ္ဗညုတဥာဏ်တော်ကိုရတော်မူပြီးနောက် ဗာရဏသီပြည်အနီးရှိ မိဂဒါဝုန်သို့ ကြွရောက်တော်မူသည့်အခါ ဒုက္ကရစရိယာကျင့်စဉ်က ၀တ်ကြီးဝတ်ငယ်ပြုကြသည့် ဓမ္မမိတ်ဆွေဟောင်း
များ ဖြစ်ကြသော ကောဏ္ဍည၊ ၀ပ္ပ၊ ဘဒ္ဒိယ၊ မဟာနာမ၊ အဿဇိ ဟူသော ပဉ္စ၀ဂီငါးဦးတို့နှင့် ဆုံမိလေ၏။ ဘုရားရှင်သည် ၎င်း ပဉ္စ၀ဂီငါးဦးတို့အား ဓမ္မစင်္ကြာတရားတော်ကို ဟောကြားတော်မူလေ၏။ ဓမ္မစင်္ကြာတရားဟူသည် ဗုဒ္ဓ၏တရားတော်ကို စင်္ကြာများ အစဉ်အားဖြင့် လည်ပတ်သကဲ့သို့ တရားတော်များကိုလည်း အစဉ်အားဖြင့် မပြတ်လည်ပတ်အောင် ဟောကြားပြသ ဆိုဆုံးမခြင်း ဖြစ်ပေ
သည်။ ပဉ္စ၀ဂီငါးဦးအနက် အရှင်ကောဏ္ဍညသည် ရှေးဦးစွာ ပထမအဆင့် သောတပန် အရိယာ ပုဂ္ဂိုလ်အဖြစ်သို့ ရောက်လေသည်။ အနတ္တလက္ခဏာသုတ်ကို ဆက်လက်၍ ဟောတော်မူရာ ပဉ္စ၀ဂ္ဂီငါးဦးလုံး အစဉ်အတိုင်း ရဟန္တာပုဂ္ဂိုလ်များ ဖြစ်လာကြသဖြင့် ဘုရားရှင်၏ သာသနာတော်တွင် ပထမဦးဆုံးသော သံဃာတော်များ ဖြစ်ကြလေသည်။

At the Deer Park at Baranasi, the Buddha met the five ascetics, Kondanna, Vappa, Bhaddiya, Mahanama and Assaji all of whom He had known before. He delivered His first sermon to them. It is called the Dhammacakkapavattana Sutta which sets the wheel of the Dhamma in motion. The ascetic Kondanna who was at His childhood Name-giving Ceremony became the first to see light in the Dhamma and attained Sotapanna, the first stage of Sainthood.
Later, all attained Arahantship after hearing the Anatalakkhana Sutta (the Discourse which deals with No-Self)


ဗာရဏသီပြည် မိဂဒါဝုန်တော၌ ပထမဦးဆုံးသောဝါကို ကပ်တော်မူ၍ ၀ါကျွတ်သောအခါ ရှေးဦး တပည့်သာဝက ရဟန္တာ ၆၀ တို့အား အရပ်ဒေသအသီးသီးသို့ သွားရောက်၍ တရားတော်များ
ဟောကြားပြသကာ သာသနာပြုရန် မိန့်ကြားတော်မူလေသည်။ ယင်းသြ၀ါဒများမှာ အိုချစ်သားရဟန်းတို့ လူနတ်ဗြဟ္မာသတ္တ၀ါအပေါင်းတို့၏ အကျိုး စီးပွားကို ရှေးရှုလျက် အရပ်ရှစ်မျက်နှာသို့ လှည့်လည်ခရီးထွက်ကြကုန်လော့၊ သတ္တ၀ါအားလုံးအပေါ် သနားဂရုဏာစိတ်ဖြင့် ဖြန့်ကျက်လျက် တရားတော်ကို ဟောကြား ပြသကုန်လော့၊ တစ်ကြောင်းတည်းသောခရီးကို နှစ်ပါးအတူ မသွားကြကုန်လင့်၊ တရားတော်၏ အစအလယ်အဆုံး သုံးပါးလုံးကောင်းခြင်းကို၎င်း၊ ကျင့်ကြံအားထုတ်ကြသူတို့အား ကောင်းမြတ်သော ဘ၀ချမ်းသာကို ရရှိခြင်းကို ၎င်း၊ တရားတော်၏ ပြည့်စုံခြင်း၊ သန့်ရှင်းဖြူစင်ခြင်းတို့ကို၎င်း ဟောကြားကြကုန်လော့ဟု မိန့်တော်မူလေသည်။

The Buddha exhorted His first sixty Arahant disciple to go forth in different directions to preach the Doctrine using these famous words: — “Go ye, O bikkhus and wander forth for the gain many, for the welfare of the many, in compassion for the world, for the good, for the gain, for the welfare of the Devas (Gods) and men. Proclaim ye, O Bikkhus! the Doctrine glorious, and preach ye a life of holiness, perfect and pure!”

အလောင်းတော်သည် မဂတ၏ မြို့တော် ရာဇဂြိုတ်သို့ ကြွတော်မူသောအခါ ဗိမ္မိသာရဘုရင်မင်းမြတ်သည် သူ၏ နိုင်ငံတော်ကို အလောင်းတော်အားလှူဒါန်းလေ၏။ လောကီစည်းစိမ် ချမ်းသာဟူသမျှကို အပြီးပြတ်စွန့်ပယ်တော်မူပြီးဖြစ်သော အလောင်းတော်သည် ဘုရင်မင်းမြတ်၏ လှူဒါန်းမှုကို လုံးဝဂရုမထား စိတ်မ၀င်စားသဖြင့် လက်ခံတော်မမူပေ။ ဘုရားရှင်၏ တရားတော်ကို ကြားနာရသဖြင့် ဗိမ္မိသာရဘုရင်မင်းကြီးသည် အရိယာပုဂ္ဂိုလ်တို့၏ ပထမဆင့်ဖြစ်သော သောတပန်ဖြစ်လေ၏။ ထို့နောက် ဗိမ္မိသာရဘုရင်မင်းကြီးသည် မင်းဥယျာဉ်တော်ဟုထင်ရှားကြော်ကြားသော ဝေဠုဝန်ပန်းခြံကို ဘုရားရှင်နှင့် တပည့် သာဝကရဟန်းတော်တို့အား ကျောင်းသင်ခန်းအဖြစ်လှူဒါန်းလေ၏။

When the Bodhisatta visited Rajagaha, the capital of Magadha, King Bimbisara offered his kingdom to the Bodhisatta. But He did not accept it because of the worldly pleasures. After listening to the preaching of Buddha, the king attained the first stage of Sainthood (Sotapanna). He than dedicated his Royal park known as Veluvana (Bamboo Grove) to the Buddha and His disciples.

သကျသာကီဝင်မင်းမျိုးတို့သည် ငယ်သူကကြီးသူကို ရိုသေလေးစားအရေးထားရမည် အစဉ်အလာ ရှိခဲ့ပေသည်။ ထို့ကြောင့်သိဒ္ဓတ္တဂေါတမဗုဒ္ဓသည်လည်း ငယ်ရွယ်သူမျှသာဖြစ်သဖြင့် အသက်အရွယ်ကြီးရင့်သော မင်းဆွေမင်းမျိုးတို့အား အရိုအသေပြုသင့်သည်ဟူသော အတွေးအခေါ်တို့ဖြစ်ပေါ်ခဲ့လေသည်။ ထိုမင်းဆွေမင်းမျိုးတို့၏ မာန်မာနကို ချိုးနှိမ်တော်မူလိုသဖြင့် ဘုရားရှင်သည် ခန္ဓာကိုယ်မှ ရေမီးအစုံအစုံ တို့ကို ထွက်ပေါ်လာစေလျှက် ကောင်းကင်သို့ကြွတော်မူကာ တန်ခိုးပြာဋိဟာတို့ကိုပြတော်မူလေသည်။

The Buddha performed the Twin Miracles of emitting fire and water simultaneously from His body, to subdue the pride of his older relative who had erroneously thought that the Buddha being the younger would have to show respects to them.

မြတ်စွာဘုရားသည် ခမည်းတော်ဘုရင် သုဒ္ဓေါဒနမင်းကြီး၏ အကြိမ်ကြိမ် ပင့်လျှေက်ခြင်းကြောင့် ကပိလ၀တ္တု နေပြည်တော်သို့ရောက်၍ ခုနှစ်ရက်မြောက်သောနေ့၌ ယသော်ဓရာမင်းသမီးသည် သားငယ်ရာဟုလာမင်းသားကို ကောင်းစွာ ၀တ်စားဆင်ယင်ပေးပြီးလျှင် .. သားငယ်ရာဟုလာ ဘုရင်မင်းတို့၏ အသွင်အပြင်နှင့်မခြား သံဃာတော်တို့၏ အလယ်၌ တင့်တယ်စွာ စံပယ်တော်မူလျက်ရှိသော အရှင်သူမြတ်သည်ကား သင်၏ဖခင်ရင်းဖြစ်ပေသည်။ အနီးသို့သွား၍ အမွေအနှစ်များ တောင်းချေ …. ဟုညွှန်ပြပြောဆိုလေ၏။ ရာဟုလာမင်းသားလေးသည် မိခင်သွန်သင်
ပြောကြားသည့်အတိုင်းဘုရားရှင်ထံမှောက်သို့သွား၍ လောကီအမွေအနှစ်များကို တောင်းခံ
လေသည်။ ထိုအခါ ဘုရားရှင်သည် ရင်သွေးငယ်သားတော်ရာဟုလာအား လောကီအမွေအနှစ်ထက် အဆပေါင်းများစွာ သာလွန်မွန်မြတ်သော လောကုတ္တရာ အမွေအနှစ်များကို ပေးလိုသဖြင့် သားတော်ရာဟုလာမင်းသားကို ရှင်သာမဏေပြုပေးရန် အရှင်သာရိပုတ္တရာအား မိန့်ကြားတော်မူလေ၏။

On the Seventh day after his arrival in Kapilavatthu, Prince Yasodhara dressed up Prince Rahula and pointing to the Buddha said, “Behold, son, the great Ascetic of majestic appearance is your father. Go up to him and ask for your inheritance!”
As advised by his mother, young Rahula came to His presence and asked for his inheritance. Instead, the Buddha told Venerable Sariputta to ordain Prince Rahula, giving him a spritual inheritance better than one he asked for.


မြတ်စွာဘုရားနှင့်အတူ တပည့်သားသံဃာတော်အပေါင်းတို့သည် ရာဇဂြိုဟ်မြို့တွင်းသို့ ဆွမ်းအလို့ငှာ ရာဇဂြိုဟ်သို့ ကြွလေ၏။ မင်းနန်းတော်အနီးလမ်းခရီး တနေရာတွင် ဗိမ္မိသာရမင်းကြီးနှင့် အတူ ဘုရင်မိသားစုတို့သည် မြတ်စွာဘုရားနှင့် တပည့်သံဃာတော်တို့အား ရိုသေလေးမြတ်စွာ လက်ဆယ်ဖြာထိပ်မှာမိုး၍ ရှိခိုးပူဇော် ကန်တော့ကြလေ၏။

During a subsequent visit to Rajagaha City, the Buddha went for alms-round in the company of His Chief Disciples and other monks. Along the way King Bimbisara and his royal family paid respects to the Buddha and His disciples.

ကပိလ၀တ္ထုနှင့် ကောလိယတိုင်းတို့မှ အင်အားကြီးမားသော နှစ်ပြည်ထောင် စစ်သည်တော်တို့သည်
 ရောဟိနီမြစ်မှ စီးဆင်းလာသည့် ရေများကို ခွဲဝေသုံးစွဲမှုနှင့် ပတ်သက်၍ ယင်းရောဟနီမြစ်၏ ကမ်းပါးတစ်ဖက်တစ်ချက်တွင် ပြင်းထန်စွာ တိုက်ခိုက်ကြရန် အသင့်အနေအထားတွင် ရှိကြလေ
သည်။ မြတ်စွာဘုရားသည် အဆိုပါ နှစ်ပြည်ထောင်စစ်ပွဲကြီး ဖြစ်တော့မည့်ဆဲဆဲတွင် ငြိမ်းချမ်းရေး
တရားဟောကြားတော်မူလေ၏။

The Buddha delivering a sermon of peace to the two powerful warring armies of Kapilavatthu and Koliya at the opposite banks of the Rohini river before the two countries were fighting for the water supply of the river, for pastoral use.

မြတ်စွာဘုရားသည် ဘုရားဖြစ်တော်မူ၍ ငါးနှစ်မြောက်သောအခါ ဘိက္ခူနီသာသနာကို စတင်တည်ထောင်ခွင့်ပြုလိုက်လေသည်။ ခမည်းတော်ဘုရင် သုဒ္ဓေါဒနမင်းကြီးနတ်ရွာစံပြီးနောက် မိဒွေးတော်ပဇာပတိဂေါတမီသည် ဘုရားရှင်၏ သာသနာတော်အတွင်းသို့ ၀င်ရောက်၍ ဘိက္ခူနီ ပြုလုပ်ရန် ဘုရားရှင်ထံ ခွင့်ပန်သော်လည်း အခွင့်မပေးချေ။ မိဒွေးတော်ဂေါတမီ အကြိမ်ကြိမ် တောင်းပန်အသနားခံ၍ မရသည့်အဆုံး၌ အရှင်အာနန္ဒာ ကူညီ၍ တောင်းပန်လျှောက်ထားသောအခါမှ ဘုရားရှင်သည် အမျိုးသမီးတို့သည် ဘိက္ခူနီသာသနဘောင်သို့ ၀င်ရောက်၍ ရဟန်းပြုသော် အလေးအမြတ်ပြုအပ်သည့် အဋ္ဌဂရုဓမ္မ ခေါ် ဂရုဓမ် တရားရှစ်ပါးကို ထိမ်းသိမ်းစောင့်ရှောက်ကြရမည်ဟု အနူးအညွတ် ခွင့်ပြုတော်မူခဲ့လေသည်။ ထိုအခါမှစ၍ မဟာပဇာပတိဂေါတမီနှင့်တကွ သာကီဝင်အမျိုးသမီးတို့သည် ဘုရားရှင်သာသနာသို့ ကိုယ်တိုင်ကိုယ်ကျ ၀င်ရောက်၍ ဘိက္ခူနီများ ပြုလုပ်ကြလေသည်။

The Order of Nuns (Bhikkhuni Sasana) was founded in the fifth years of the Buddha’s Enlightenment. After the death of king Suddhodana, Maha Pajapati Gotami, who was His former foster mother desirous of joining the order, approached the Buddha who was when residing at Kapilavathu and begged permission for women to be admitted into the Order. After hearing and turning down their pleas, the Buddha returned to Vesali for the Rains Retreat. Undaunted by the rebuff, Maha Pajapati Gotami cut off her hair and wearing yellow garments went on foot to Vesali, accompanied by many other Sakyan ladies. They stood outside the porch of the Pinnacled Great Hall in Mahavana where the Buddha was residing. Interceded by Venerable Ananda, the Buddha finally consented to establish the Bhikkhuni Sasana when Maha Pajapati Gotami and othe Sakyan ladies agreed to observe the Eight Disciplinary Rules for nuns. Henceforth Maha Pajapati Gotami and other Sakyan ladies where admitted into the Order.

Later, the Nuns Khema and Uppalavanna where appointed the two Chief Female Disciples; as were Sariputta and Moggalana the two Chief Male Disciples.


အသိပညာအတက်ပညာတို့ဖြင့် ပြည့်ကြပ်နေသော ၀မ်းဗိုက်ကြီးပေါက်မသွားစေရန် သံမဏိခါးပတ်ပြားဖြင့် ပတ်ထားလေ့ရှိသော သစ္စကပရဗိုဇ် သည် မြတ်စွာဘုရားက အမေးပုစ္ဆာကို မေးမြန်းသောအခါ မာနတံခွန်လွန်စွာထောင်လွှားပြီး အမှန်တရားကို ဖြေကြားရန် ငြင်းဆန်နေသဖြင့် သိကြားမင်းက နတ်ဘီလူးယောင်ဆောင်၍ တင်းပုတ်ဖြင့်ထုမည်ဟု ခြိမ်းခြောက်မှသာ ဖြေကြားလေ၏။ ထို့နောက် သစ္စကပရဗိုဇ်သည် သူ၏ မိုက်မဲမှုအယူဝါဒများကို ပယ်ရှားပြီး ဘုရားရှင်၏ တရားတော်ကို နာကြားလေသည်။ ဤကဲ့သို့သော ဓမ္မဒေသနာကုသိုလ်သည် သူ၏အနာဂတ်ရေးအတွက် အမြိုက်ဆေးပင်ဖြစ်ပေသည်။

After losing in lively debate, the haughty hermit Saccaka refused to answer accordingly when the Buddha asked a question. Only when he was threatened to be beaten up by a celestial demon for his arrogance, only then did he finally realise his own folly and listened to the Buddha’s preaching meekly. This wholesome action of his would augur well for his future.

မြတ်စွာဘုရားသည် ဘုရားအဖြစ်သို့ရောက်တော်မူပြီးနောက် ခုနှစ်နှစ်မြောက်သောအခါ၌သန္တုဿိတ အမည်ရှိသော မယ်တော် မိနတ်သားအား ကျေးဇူးဆပ်သည့်အနေဖြင့် အဘိဓမ္မာတရားတော်ကို တာဝတိံသာနတ်ပြည်၌ ဟောကြားတော်မူ၏။ အဆိုပါ အဘိဓမ္မာတရားတော်ကို ၀ါတွင်းသုံးလပတ်လုံး ကြားနာရသောအခါ မယ်တော်နတ်သားနှင့်တကွ နတ်ဗြဟ္မာ အပေါင်းတို့သည် သောတာပန်၊ သကဒါဂါမ်၊ အနာဂါမ်၊ ရဟန္တာ တည်းဟူသော အရိယာပုဂ္ဂိုလ်များအဖြစ်သို့ အသီးသီး ရောက်ရှိကြလေသည်။

On the seventh year after His Enlightenment, the Buddha preached the Abhidhamma (Higher Doctrine) in Tavatimsa Heaven. As a fulfilment of gratitude to his former mother, now a Santussita deva, the Buddha then delivered a sermon on the Higher Doctrine to thousands of Devas (Gods) and Brahmas (Higher celestial begins) who attained the various stages of Noble Sainthood.

ဗုဒ္ဓသာသနာတော်မှတပါး အခြားဖြစ်ကုန်သော တိတ္ထိဂိုဏ်းသားတို့သည် မလိုမုန်းထား ရန်ငြိုးများဖြင့် ဘုရားရှင်၏ တန်ခိုးရှိန်ဝါလွန်စွာကျော်ကြားမှုတို့ကို ဆုံးပါးပျက်စီးစေရန် လိုလားကြကုန်၏။ ထို့ကြောင့် တိတ္ထိဂိုဏ်းသားတို့သည် အလွန်လှပသည့် အမျိုးသမီး စိဉ္စမာဏ်ကို ကိုယ်ဝန်သည်အဖြစ် ဟန်ဆောင်စေ၍ ပရိတ်သတ်လေးပါး အလယ်၌ ဘုရားရှင်အား စွပ်စွဲပြောဆိုခိုင်းလေ၏။ ထိုအခါ နတ်တို့သခင် သိကြားမင်းသည် နတ်သားကို ကြွက်ယောင်ဆောင်စေပြီး ကိုယ်ဝတ်အောက်မှ သစ်သားခြမ်းကို ချည်နှောင်ထားသည့် ကြိုးကို ကိုက်ဖြတ်ခိုင်လေသည်။ သစ်သားပျဉ်ချပ်သည် သူမ၏ ခြေပေါ်သို့
ပြုတ်ကြလေ၏။ ယင်းအချင်းအရာကို မြင်တွေကြကုန်သော သူတို့သည် ၎င်းမိန်းမယုတ်ကို ဒုတ်ကျောက်ခဲ တို့ဖြင့် ပစ်ပေါက်၍ နှင်ထုတ်ကြကုတ်၏။ သူမ ကျောင်းအပြင်ဖက်သို့ ရောက်သောအခါ မဟာပထ၀ီ
မြေကြီးသည် နှစ်ခြမ်းကွဲ၍ မီးတောက်မီးလျှံများ ထွက်ပေါ်လာပြီး နက်ရှိုင်းအဆိုးဝါးဆုံးဖြစ်သော အ၀ီစိငရဲသို့ သူမအား ဆွဲငင်သွားလေသည်။

The non Buddhist sectarians grudgingly wanted to ruin the Buddha’s reputation. They told Cinca Manvika, a beautiful girl to falsely accuse the Buddha for her sham pregnancy in a big and august assembly. King of Devas (Gods) dispatched some Deities disguised as mice to gnaw through the strings holding a block of wood under her garment. Her plot was exposed when the wood fell on her feet. When the people saw that, they threw stones and chased her away. As she was walking away, the earth split open and a flame sprang up to envlop and drag her down to Avici(deepest and worst) Hell.

မြတ်စွာဘုရား ဘုရားဖြစ်ပြီး ဆယ့်ခြောက်နှစ်လောက်အချိန်ကာလမှာ အာဠာဝီပြည်အနီး တနေရာ၌ နေ့စဉ်နေ့တိုင် ကလေးငယ် တစ်ယောက်ဆက်သပူဇော်ရသော လူသားစား အာဠာဝက အမည်ရှိ ဘီလူးကြီးရှိလေသည်။ မြတ်စွာဘုရားသည် ဆိုးသွမ်းရက်စက်သော အာဠာဝကဘီလူးကြီးအား ဆုံးမရန် ထိုဘီလူးကြီးနေရာသို့ ကြွလေ၏။ လူသားစား ဘီလူးကြီးသည် မြတ်စွာဘုရား၏ တရားတော်ကို ကြားရပြီးနောက်၌ ယဉ်ကျေးသိမ်မွေ့လာပြီးလျှင် ယနေ့မှ စ၍ မကောင်းသောအကျင့်များ ကို စွန့်လွှန်ကာ သူတပါးအသက်ကိုလည်း သတ်မစားတော့ပါဟု ကတိပြုလေ၏။ ထိုနေမှစ၍ အာဠ၀ီပြည်မှ ကလေးများ ဘီလူးစာအဖြစ်မကျွေးရတော့ပဲ အေးချမ်းသာယာသွားတော့၏။

On the sixteenth year of His Enlightment, the Buddha tamed the carnivorous Demon King. Alavaka who feasted on human flesh. to give up his habit on devouring at least one human being everyday. After hearing the Buddha’s Teaching, he henceforth gave up his habit, thus sparing the small child offered to him as food on that day.

သူတပါးအား ညှင်းပမ်းနှိပ်စက် နှောက်ယှက်လေ့မရှိသဖြင့် အဟိံ သက ဟုခေါ်သော လူငယ်တစ်ဦးသည် တက္ကသိုလ်ပြည်မှ ဒိသာပါမောက္ခ ကြီးထံ၌ ပညာသင်ကြားနေလေ၏။ သူ့အား မနာလိုသော
ကျောင်းသားများက ပါမောက္ခဆရာကြီးကို ဂုံးချောလေရာ ဆရာကြီးက အထင်မှားပြီး .. တပည့်အဟိံ သက သင်သည် လက်ညှိုးပေါင်းတစ်ထောင်ရလျှင် အကောင်းဆုံးသော ပညာတစ်ခု သင်ပေးမည်”.. ဟုဆိုလေ၏။ အဟိံ သကသည် အားခွန်ဗလနှင့် ပြည့်ဝသူလည်းဖြစ်ပြီး ကောသလတိုင်း သာဝတ္တိပြည် အနီးရှိ တောအုပ်ကြီးထဲသို့ဝင်ကာ လာသမျှခရီးသွားများကို ဖမ်း၍ လက်ညှိုးတို့ကို ဖြတ်ယူလေတော့၏။ အဟိံသကသည် ဖြတ်ပြီးရရှိထားသော လက်ညှိုးများကို မပျောက်ပျက်အောင် သီကုံး၍ ပန်းကုံးသဖွယ် လည်ပင်းမှာ အမြဲဆွဲထားသောကြောင့်အင်္ဂုလိမာလဟု အမည်တွင်လေ၏။ လက်ညှိုးတစ်ထောင်
ပြည့်ရန် တစ်ချောင်းမျှသာလိုတော့သော အချိန်၌ မမျှော်လင့်ပဲ အနီးသို့ရောက်လာသောမိခင်ကြီး၏ လက်ညှိုးကိုပင် ဖြတ်ယူအံ့ဟု ပြေးလွှား၍လိုက်နေစဉ် မဟာကရုဏာတော်ရှင်မြတ်ဗုဒ္ဓနှင့်တွေ့ပြီး တရားနာရသဖြင့် ရဟန်းအဖြစ်သို့ရောက်ရှိလေ၏။ နောင်အခါတွင် အင်္ဂုလိမာလမထေရ် ဟူ၍
ထင်ရှားကျော်ကြားလေသည်။

There was a young harmless student at TAKKASILA University called Ahimsa. His jealous fellow students poisoned the mind of their teacher against him. As a result the teacherasked Ahimsa for a garland of one thousand right index fingers as tuition fee Eager to discharge his obligation, he went inoto the Jalini forest in Kosala to waylay the passing travellers to collect and index finger from the right hand of each victim. The garland was almost completed except for one more single finger. Ahimsa decided to kill even his own mother for the sake of completing the one thousandth finger in the garland. However, Ahimsa was intercepted by the Compassionate Buddha who came to his aid. After listening to His preaching and begin convinced. Ahimsa now known as Angulimala( garland of fingers)joined the Sangha and became a Bhikkhu (monk). The Angulimala Sutta, a discourse ascribed to this Thera(elder/monk) and connected to this event , is well – known in Buddhist countries and often used by pregnant ladiesin travail for easy and safe delivery.

တနေ့သောအခါ မြတ်စွာဘုရားနှင့် တပည့်သာဝကတို့သည် အနောတတ္တအိုင်သို့ ဒေသစာရီကြွတော်
မူသည်။ နန္ဒောပနန္ဒနတ် နဂါးမင်းသည်လည်း မြင့်မိုရ်တောင်ရှိ သူ၏ဗိမာန်တွင် အခြွေအရံများစွာနှင့် အတူ ပျော်ပါး၍နေလေ၏။ အဆိုပါနဂါးမင်းသည် ဒေါသအမျက် ချောင်းချောင်းထွက်လျက် ဘုရားရှင်အား နှောက်ယှက်လိုသဖြင့် မြင့်မိုရ်တောင်ကြီးကို ရစ်ပတ်၍ သူ၏ပါးပျဉ်းမှ အလွန်ပူပြင်းသော အဆိပ်ငွေ့တို့ကို လွှင့်မှုတ်၍ ဘုရားရှင်နှင့် တပည့်သာဝက တို့ အနောတတ္တအိုင်သို့ မသွားနိုင်ရန် မှောင်အတိကျအောင် ကာကွယ်ထားလေ၏။ ထိုအခိုက်တွင် ဘုရားရှင်၏ အမိန့်တော်အရ လက်ဝဲတော်ရံ အဂ္ဂသာဝက အရှင်မဟာမောဂ္ဂလန်သည် နဂါးမင်းကိုယ်ထက်ကြီးသော နဂါးအသွင်ကို ဖန်ဆင်း၍ နဂါးမင်းအပေါ်မှ ဖိကာ မြင့်မိုရ်တောင်ကြီးကို ရစ်ပတ်ထားလိုက်၏။ ထို့နောက် ထို့ထက်ပူပြင်းသော အဆိပ်ငွေ့တို့ကို လွှင့်ထုတ်ကာနန္ဒောပနန္ဒနဂါးမင်း အား ညှင်းပန်းနှိပ်ကွပ်၍ ဆိုဆုံးမလေသော် နဂါးမင်းကြီး အားမတန်မာန်လျှော့၍ အရှုံးပေးရလေတော့သည်။ ထို့နောက် နဂါးမင်းသည် သူ၏အပြစ်ကို ၀န်ချတောင်းပန်ကာ ဘုရား၊ တရား၊ သံဃာ ရတနာသုံးပါးကို မြတ်နိုး
ကိုးကွယ်သူ ဥပသကာ ဖြစ်လာလေသည်။

Once the Buddha and His Disciple went to Lake Anotatta passing by the mansion of Nandopananda the dragon king who was enjoying himself with his retinue.  Angry at the apparent trespassing. Nandopananda coiled itself seven times round Mount meru, coverd the summit with its hood and spewing hot poisonous smoke to prevent the Buddha and his disciples from reaching lake Anotatta. Thereupon Maha Moggalana, (the second Chief Disciple) at once transformed himself into a dragon and likewise coiled round the mountain, crushing Nandopananda. Watched by the Buddha and his disciples, Maha Moggalana too began spewing hot poisonous smoke which greatly distressed Nandopanada who soon lost the challenge and upon realisation of his folly, sought refuge in the Triple Gem of Buddhism.
 
ဗြဟ္မာ့ဘုံသည် အခြားသောဘုံဗိမာန်များထက် သာလွန်ကောင်းမွန်၍ အမြဲထာဝရ တည်နေသော ဘုံလောကဖြစ်၏ဟုမြဲမြန်သည့် မိစ္ဆာ အယူတည်းဟူသော မြွေဆိုးကြီး အကိုက်အခဲခံနေရသော ဗက မည်သော ဗြဟ္မာကြီးသည် ဘုရားရှင်နှင့် ၀ါဒခြင်း တန်ခိုးအရှိန်အ၀ါခြင်း နှိုင်းယှဉ်ပြိုင်ဆိုင်ရာတွင် မရှုမလှရှုံးနိမ့်၍ သွားလေ၏။ ထို့နောက် ဗကမည်သော ဗြဟ္မာကြီးသည် မြတ်စွာဘုရား၏ လွန်စွာနက်နဲ တိကျ မှန်ကန်သော တရားဒေသနာတော်ကို ကြားနာရသဖြင့် သူနှင့်တကွ များစွာသော နတ် ဗြဟ္မာတို့သည် ကျွတ်တန်းဝင်ကြလေ၏။

Baka Brahma, who was bitten by the snake of tenacious heresay (in believing that the Brahma Loka is the best and everlasting world in existence), was duly defeated by the Buddha in a mutual contest to show power. On hearing te Buddha’s profound expounding of the Dhamma (Buddhist Doctrine), he became elightened along with many other Brahmas
(higher celestial beings)

မြတ်စွာဘုရားသည် ရာဇဂြိုဟ်မြို့တော်သို့ ကြွတော်မူရာလမ်းခုလပ်ခရီးမှာ ဒေ၀ဒတ်သည်
ကြောက်မက်ဖွယ်ကောင်းသည့် နာဠါဂီရိ အမည်ရှိသော ဆင်ကြမ်းကြီးကို အရက်သေစာ တိုက်ကြွေး၍ ဘုရားရှင်ကြွတော်မူရာလမ်းခရီးသို့ လွှတ်လိုက်လေ၏။ မြတ်စွာဘုရားအား တိုက်ခိုက်ရန်သွားသော ဆင်ကြီးသွားရာလမ်းတလျှောက်မှ လူအများသည် ကြောက်ရွံ့လျက် ထွက်ပြေးတိမ်းရှောင်ကြလေသည်။ မိခင်နှင့် ခလေးငယ်တဦးသာ ကျန်ရှိရာမှ မိခင်သည်လည်း ကြောက်အားလန့်အားနှင့် ခလေးငယ်ကိုထား၍ ထွက်ပြေးလေ၏။ နာဠါဂီရိဆင်ကြမ်းကြီးသည် အကူအညီမဲ့သော ခလေးငယ်ကို မနင်းပဲ မြတ်စွာဘုရားရှိရာသို့သာ သွားခဲ့လေရာ ဘုရားရှင်၏ မေတ္တာကရုဏာတော်တို့ကြောင့် ကြမ်းတမ်းခက်မာသော ဆင်မိုက်ကြီး၏ အမျက်ဒေါသဟူသမျှသည် လုံးဝချုပ်ငြိမ်းပြီးလျှင် ဘုရားရှင်၏ ရှေ့မှောက်၌ ဒူးတုပ်ဝပ်တွားရလေတော့သည်။

When the Buddha was on his way to the city of Rajagaha, Devadatta ordered the release of the fierce elephant, Nalagiri, to harm Him. As the elephant charged towards the Buddha, everyone ran away leaving a mother and her baby on the ground. The Buddha radiated His infinite Compassion to calm and subdued the elephant before it could trample the helpless baby.

မြတ်စွာဘုရားသည် မကျမ်းမာသည့် တိဿ     မည်သော ဂိလာန ရဟန်းကို ကိုယ်တိုင်ပြုစုစောင့်ရှောက်တော်
မူ၏။ အခြားသော သီတင်းသုံးဖော် ရဟန်းတို့သည် ၎င်းဂိလာန ရဟန်းအား ပြုစုစောင့်ရှောက်ရန် မေ့လျှော့
နေကြကုန်သည်။ ထိုသို့ မဟာကရုဏာတော်ပိုင်ရှင် ဘုရားမြတ်စွာ ကိုယ်တော်တိုင် ပြုစုစောင့်ရှောက်ခြင်း
ဖြင့် တစ်ဦးနှင့်တစ်ဦး အချင်းချင်း ကူညီရိုင်းပင်း ပြုစုစောင့်ရှောက်ခြင်းအကျိုးရှိအောင် ကြိုးပမ်းရွက်ဆောင်ခြင်းတို့ကို လိုလားတောင်းတတော်မူခြင်းကို ပြသလိုက်ခြင်းပင်ဖြစ်ပေ၏။

The Buddha taking care of a sick monk, named Tissa who had been neglected by his unthoughful fellow monks. By so doing, the Buddha wanted to foster mutual care and welfare amongst the Bhikkhus as well as others.

သဗ္ဗညုတဥာဏ်တော်ရှင် မြတ်ဗုဒ္ဓသည် ကုသိနာရုံပြည် မလ္လာမင်းတို့၏ အင်ကြင်းဥယျာဉ်တော်၌
မြောက်ဖက်သို့ ဦးခေါင်းပြု၍ ခန္ဓာကိုယ်ကို လျောင်းတော်မူပြီး နောက်တကြိမ်မထတော့ဟု အဓိဋ္ဌာန်ပြု၍ ပရိနိဗ္ဗာန်စံဝင်တော်မူလေ၏။ မြတ်ဗုဒ္ဓသည် မဟာပရိနိဗ္ဗာန် မစံဝင်မီ တပည့်သာဝကတို့အား အို တပည့် သာဝက တို့ ယခုအခါ သင်တို့အား ငါဘုရားမိန့်ကြားသိစေလိုသည်မှာ ပြုပြင်စီရင်အပ်သော သင်္ခါရတရား မှန်သမျှတို့သည် ပြောင်းလွှဲပျက်စီးခြင်းသဘော ရှိကုန်၏။ ယင်းသဘောတရားများကို မမေ့မလျော့သော သတိတရားနှင့် ပြည့်စုံရစ်ကြကုန်လော့ဟု နောက်ဆုံးပစ္ဆိမဗုဒ္ဓ၀စန အနေဖြင့် မိန့်မှာတော်မူခဲ့လေသည်။
ဒေါဏ္ဏ ပုဏ္ဏားသည် မြတ်စွာဘုရား၏ ဓါတ်တော်မွေတော်များကို ကိုးကွယ်ရန် တောင်းဆိုလာကြသော ရှစ်ပြည်ထောင်မင်းတို့အား အညီအမျှ ရှစ်စုရှစ်ဖို ခွဲဝေ၍ ပေးလေ၏။ ထို့နောက် ဒေါဏ္ဏ ပုဏ္ဏားသည် ဓါတ်တော်များထည့်ဝေ၍ ချင်ပေးသော ရွှေပြည်တောင်းကိုမူကာ ပူဇော်စရာ တစ်ခုအနေဖြင့် သူကိုယ်တိုင် သိမ်းဆည်းထားလေသည်။

The Buddha at Kusinara laid himself between two Sal tree with his head to the North, determined not to rise again. He then delivered his last admonition, ‘Behold, ) Disciples! I exhort you! Subject to change are all component things! Strive on with Diligence!’ before He entered Maha parinibbaba (attainment of Final Emancipation).

Dona, the Brahman divided the Buddha’s relics into eight equal portions and distributed each of them to the Rulers of the eight countries. Then Dona decided that the golden container be kept for himself as an object of respectful veneration.


Buddha's eight great victories:

1.Mara မာရ်နတ်
2. Alavaka အာဠ၀ကဘီလူး
3. Nalagiri နာဠာဂီရိ ဆင်
4. Angulimala အင်္ဂုလိမာလ
5. Cinca Manavika စိဉ္စမာဏ၀ိကာ
6. Saccaka သစ္စကပရိဗိုဇ်
7. Nandopananda.  နန္ဒောပနန္ဒ နဂါးမင်း
8. Brahma Baka (God). ဗကဗြဟ္မာ

http://thitsarrlann.blogspot.com/2013/06/english-life-of-buddha.html
http://csvbooks.blogspot.com/2012/05/blog-post_7268.html
http://mittartayar.blogspot.com/2013/05/blog-post.html
http://yatanavasatemple.ning.com/profiles/blogs/the-life-of-buddha

TAGS:
Myoma Myint Kywe, Myoma Myint Kywe articles 2014, Karate Myint, Buddhism, Buddha BC 623, Buddha articles 2014, Buddhism booksie, Booksie Myoma Myint Kywe,
မြို့ မ-မြင့်ကြွယ်
Metta 2014, About Metta 2014, Metta articles 2014, Metta Is Essential (Metta ist wichtig), มิวม่า มิตร จอย    เมตตา Burmese Buddhism 2014, Burmese Buddhism articles, Theravada Buddhism articles, Theravada Buddhism 2014, Theravada monks 2014, Metta in Theravada Buddhism, Buddha and Metta, Metta meditation 2014 article, What is metta in Buddhism, what is Buddhism 2014, Myint Kywe, Myint Buddhism, Myoma Myint Kywe 2014, Articles of Myoma Myint Kywe, Buddha was born in BC 623, Buddhist philosophy 2014, Buddhism logic,