Pages

The Buddha (BC 623- BC 543) ဗုဒ္ဓ မြတ်စွာဘုရား နှင့် ဗုဒ္ဓဘာသာ အပိုင်း (၄) by- မြို့ မ မြင့်ကြွယ် Myoma Myint Kywe



The Buddha (BC 623- BC 543)
ဗုဒ္ဓ မြတ်စွာဘုရား နှင့် ဗုဒ္ဓဘာသာ    အပိုင်း () Part 4

Researched by- Myoma Myint Kywe
မြို့ မ မြင့်ကြွယ်

မြန်မာ့ ဗုဒ္ဓသာသနာ အစ ရွှေတိဂုံ က
မြန်မာနိုင်ငံ နိုင်ငံတော်ဘာသာ အစ အနော်ရထာမင်း က

မြန်မာနိုင်ငံ နှင့် ကမ္ဘာပေါ်တွင်ဗုဒ္ဓဘာသာ သည် လွန်ခဲ့သောနှစ်ပေါင်း ၂၆၀၂ ကျော်(ဘီစီ ၅၈၈) တွင် စတင် ပွင့်ထွန်း ပေါ်ပေါက်ခဲ့ပါသည်။ မြန်မာနိုင်ငံ ဗုဒ္ဓဘာသာ သာသနာ သက်တမ်း သည် ရွှေတိဂုံစေတီတော် ၏ သက်တမ်းနှင့် အတူတူဖြစ်ကြောင်း သမိုင်းအထောက်အထားများအရ အတည်ပြု မှတ်သားနိုင်ပါသည်။

ဗုဒ္ဓသာသနာသည် မြန်မာနိုင်ငံ တွင် ဘီစီ ၅၈၈ ကပင် စတင် ပွင့်ထွန်း ပေါ်ပေါက်ခဲ့ကြောင်း သမိုင်းအထောက်အထားများအရ အတည်ပြု မှတ်သားနိုင်ပါသည်။ ဗုဒ္ဓဝင်သမိုင်းကို ပြန်ကြည့်လျှင် ဂေါတမဘုရားရှင် (ဘီစီ ၆၂၃-ဘီစီ ၅၄၃) လက်ထက်၌ မြန်မာနိုင်ငံ တဖုဿနှင့် ဘလ္လိက ကုန်သည်ညီနောင်တို့သည် ထူးခြားစွာ ဘုရားရှင်အား ကမ္ဘာပေါ်တွင်ပထမဆုံး ဆွမ်းကပ်ရသူ ကမ္ဘာပေါ်တွင်ပထမဆုံး သရဏဂုံ တည်သူများ နှင့် ကမ္ဘာပေါ်တွင် ပထမဆုံး ဗုဒ္ဓဘာသာဝင်များ ဖြစ်ခဲ့၏။ မြန်မာ့ ဗုဒ္ဓသာသနာ အစ ရွှေတိဂုံ က ဖြစ်သည်။ ရွှေတိဂုံစေတီတော် သည် ဂေါတမဘုရားရှင်၏ သာသနာတော်မှာ ကမ္ဘာမြေပြင်တွင် ပထမဦးဆုံးစေတီဖြစ်၏။ ထို့ကြောင့် မြန်မာနိုင်ငံ၌ ဗုဒ္ဓသာသနာအစ ရွှေတိဂုံ က ဟု ကဗ္ဗည်းထိုး မော်ကွန်းတင်ခဲ့ပြီ ဖြစ်သတည်း။

ပထမမြန်မာနိုင်ငံတော် ကို ထူထောင်ခဲ့သူ အနော်ရထာမင်း (ခရစ် ၁၀၄၄ - ၁၀၇၈) လက်ထက် တွင်ထေရဝါဒ ဗုဒ္ဓဘာသာသည် မြန်မာနိုင်ငံသို့ စတင် ပြန့်နှံ့လာခဲ့သည်။
အနော်ရထာမင်း နန်းတက်စတွင် ပုဂံပြည်၌ ဘုရား၊ တရား၊ သံဃာ ရတနာသုံးပါးကို လည်းကောင်း၊ လောကနာထကို လည်းကောင်း၊ ဗြဟ္မာ၊ ဗိဿနိုး၊ ပရေမေသွာတို့ကိုလည်းကောင်း၊ နတ်နဂါးနှင့် အရည်းကြီးတို့ကိုလည်းကောင်း အားလုံးစုံကို ရောနှော ယောင်မှား၍ လည်းကောင်း ကိုးကွယ်နေကြလေသည်။ထိုအခါ ယဉ်ကျေးမှုသည် မသန့်မရှင်း ဖြစ်နေလေသည်။ အနော်ရထာမင်းသည် ထိုအယူဝါဒများကို မနှစ်သက်သဖြင့် မှန်သောတရား ကိုသာ တောင့်တ နေခိုက် သထုံပြည်မှ ဓမ္မဒဿီ မည်သော ရဟန်းတော် ရှင်အရဟံသည် ပုဂံသို့ ရောက်လာ၍ ဟောပြောသဖြင့် မင်းနှင့် တကွ တပြည်လုံး ဗုဒ္ဓအယူဝါဒ တည်ကြသည်။

မြန်မာနိုင်ငံ နိုင်ငံတော်ဘာသာ အစ- အနော်ရထာမင်း က ဖြစ်ကြောင်း သမိုင်းအထောက်အထားများအရ အတည်ပြု မှတ်သားနိုင်ပါသည်။ ဗုဒ္ဓ ဘာသာ သာသနာ ကို နိုင်ငံတော်ဘာသာ၊ သာသနာအဖြစ် အနော်ရထာမင်း က စတင်သတ်မှတ်ခဲ့သည်။ နိုင်ငံတော် ဗုဒ္ဓဘာသာ (နိုင်ငံတော် ဘာသာ) သည် ပထမမြန်မာနိုင်ငံတော်ကို ထူထောင်ခဲ့သူ မြန်မာဘုရင် အနော်ရထာမင်း နန်းတက်ခဲ့သည့် ခရစ်နှစ် ၁၀၄၄ က စပြီး ရေတွက်သောကြောင့် လွန်ခဲ့သောနှစ်ပေါင်း ၉၇၀ ပထမ စတင် သတ်မှတ် ခဲ့ကြောင်း သမိုင်းအထောက်အထားများအရ အတည်ပြု မှတ်သားနိုင်ပါသည်။ တစ်နိုင်ငံလုံး အတိုင်းအတာနှင့် နိုင်ငံတော်ဘာသာ လုပ်ခဲ့ခြင်းသည် အနော်ရထာ ဘုရင်မင်းမြတ်မှ စခဲ့ခြင်းဖြစ်သည်။

ဗုဒ္ဓ အယူဝါဒ တည်တံ့ပြန့်ပွား ထွန်းကားရေးအတွက် အနော်ရထာမင်း သည် အားထုတ်တော်မူသည်။ အနော်ရထာမင်းသည် ပုဂံပြည်ရှိ ရဟန်းများအား ဘုရားရှင်၏ ပိဋကတ်တော်အစစ် ကို သင်ကြားစေလေသည်။ သင်ကြားစေနိုင်စိမ့်သောငှာ ပိဋကတ်တော်တို့ကို မွန်အက္ခရာမှ မြန်မာအက္ခရာသို့ ပြန်စေပြီးလျှင် ပုဂံမြို့ တွင် ထိုပိဋကတ်တိုက်တာကို ဆောက်၍ လှူဒါန်းလေသည်။ ထိုပိဋကတ်တိုက်သည် ယခုတိုင် ပုဂံမြို့ ဟောင်း၌ ရှိလေသည်။ ဤသို့ဖြင့် မြန်မာနိုင်ငံဟု လည်းကောင်း၊ မြန်မာနိုင်ငံ ယဉ်ကျေးမှုဟုလည်းကောင်း ခေါ်နိုင်သော ပုဂံပြည်နှင့် ပုဂံယဉ်ကျေးမှုတို့သည် အနော်ရထာမင်းနှင့် ရှင်အရဟံတို့၏ ဉာဏ်ပညာ လုံ့လတို့ကြောင့် ပြည်ထောင်စုသမိုင်းတွင် ပထမဆုံး အကြိမ် ကျယ်ပြန့်၍ စည်းလုံးသော ဘဝကို ရလာလေသည်။
အနော်ရထာဘုရင်လက်ထက်တွင် တောလည်သော မုဆိုးတစ်ယောက်သည် တောထဲ၌ ထူးဆန်းသော အဝတ်အစားနှင့် ပုံသဏ္ဌန်ရှိသည့် လူတစ်ဦးကို တွေ့မြင်သဖြင့်စူးစမ်းရာ ရဟန်းဖြစ်ကြောင်း သိရသဖြင့် ဘုရင်ကို အကြောင်းကြားသည်။ ထိုရဟန်းမှာ ရှင်အရဟံ ဖြစ်သည်။ အနော်ရထာမင်းသည် ရဟန်း၏ အဆုံးအမကို ခံယူပြီးလျှင် ထေရဝါဒ ဗုဒ္ဓဘာသာဝင် ဖြစ်လာခဲ့သည်။ ထို့နောက် အနော်ရထာမင်းသည် တစ်နိုင်ငံလုံးတွင် ရှိသည့် အရည်းကြီး တို့ကို နှိမ်နင်းခဲ့သည်။ ရှင်အရဟံ ဟုဆိုလျှင် မြန်မာနိုင်ငံ သာသနာရေးတွင် အရေးပါသည့် ပုဂ္ဂိုလ် အဖြစ်သိကြသည်။

ပုဂံတွင်အရည်းကြီးတို့ ကြီးစိုးနေသည့်အတွက် အတုအယောင် ဘာသာရေးကို စစ်မှန်သည့် ထေရဝါဒ ဗုဒ္ဓသာသနာ ဖြင့်ပုဂံပြည်သူတို့ကို လမ်းမှန်ရောက်စေခဲ့သူလည်းဖြစ်သည်။ အရည်းကြီးတို့၏ မှားယွင်းယုတ်ညံ့သည့် လုပ်နည်းကိုင်နည်းများကို အဆုံးသတ်စေလိုသော အနော်ရထာနှင့် အောက်မြန်မာနိုင်ငံ မွန်ဒေသတွင် ကာလကြာရှည်ကတည်းက ပွင့်လင်းနေခဲ့ ဗုဒ္ဓဘာသာကို အထက် ပုဂံသို့ ပြန့်ပွားစေရန် သာသနာပြု လာသည့် ရှင်အရဟံ တို့ဆုံစည်းပြီးနောက် မြန်မာ့ ကိုးကွယ်ယုံကြည်မှု သမိုင်းတွင် ကြီးမားသည့် အပြောင်းအလဲတစ်ရပ်ကိုဖြစ်စေခဲ့သည်။ မည်သည့် ကာလနေ့ရက်က မွေးဖွားခဲ့သည်ဟုမသိရသော် လည်း မွန်လူမျိုး ရှင်အရဟံ သည် သာသနာပြုရန် ရည်မှန်းချက်ဖြင့် မိမိမွေးရပ်ဒေသမှ ဝေးကွာလှသည့် ပုဂံသို့ ကြွရောက်လာပြီးနောက်ဆုံး ပုဂံပြည်၌ပင်နေထိုင် ပျံလွန်တော်မူသွားခဲ့သည်။




ဗုဒ္ဓဘာသာ မြန်မာနိုင်ငံတော်

ပြည်ထောင်စုမြန်မာနိုင်ငံတွင် ဗုဒ္ဓဘာသာ ၊ ဟိန္ဒူဘာသာ ၊ ခရစ်ယာန်ဘာသာ၊ အစ္စလာမ်ဘာသာ တို့သည် လွတ်လပ်စွာ ကိုးကွယ်ခွင့်ရှိကြသည် ဟု ဖွဲ့စည်းပုံ အခြေခံ ဥပဒေတွင် ပြဌာန်းခဲ့သည်။ ဖွဲ့စည်းအုပ်ချုပ်ပုံအခြခံဥပဒေတွင် ဗုဒ္ဓဘာသာ သည် နိုင်ငံတော်ဘာသာ ဖြစ်သည် ဟု အသိအမှတ်ပြု ပြဋ္ဌဌာန်း ပါရှိသည်။ ၁၉၄၇ ခုနှစ် ရန်ကုန်မြို့  ဂျူဗလီဟော (Jubilee Hall) တွင် ဖဆပလ အဖွဲ့ချုပ် ပဏာမ ညီလာခံကို ကျင်းပခဲ့ပြီး ဖ.ဆ.ပ.လ အဖွဲ့ချုပ် ဥက္ကဋ္ဌ အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း နှင့် ဖ.ဆ.ပ.လ အဖွဲ့ချုပ် ခေါင်းဆောင်ကြီး ဦးနု ဦးဆောင်၍ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ မူကြမ်းကို ရေးဆွဲခဲ့သည်။

၁၉၄၇ ခုနှစ် မေလ တွင် အာဇာနည်ခေါင်းဆောင်ကြီး ပြန်ကြားရေး ဝန်ကြီးဌာန ဝန်ကြီး ဒီးဒုတ်ဦးဘချို သည် ဗုဒ္ဓဘာသာ ကို နိုင်ငံတော်ဘာသာ အဖြစ် မြန်မာနိုင်ငံ ၁၉၄၇ ခုနှစ်ဖွဲ့စည်းအုပ်ချုပ်ပုံအခြခံဥပဒေတွင်အသိအမှတ်ပြု ပြဋ္ဌဌာန်းရေး ပထမဆုံး အဆိုတင်သွင်းခဲ့သည်။ ရဟန်းသံဃာများ၊ မြန်မာပြည်သူများကလည်း တက်ကြွစွာ ထောက်ခံအားပေးခဲ့ကြသည်။

ရဲတပ်ဗိုလ်ချုပ် ဆာမောင်ကြီး၊ ပါလီမန်လွှတ်တော်အမတ် ဝန်ကြီး သံမဏိ ဗိုလ်ခင်မောင်၊ သီပေါမင်း တရားကြီး နှင့် မိဖုရားခေါင်ကြီး စုဖုရားလတ် တို့၏ မြေးတော် ဗုဒ္ဓဘာသာနိုင်ငံတော်ဘာသာ ဖြစ်မြောက်ရေး အဖွဲ့ ဥက္ကဋ္ဌ တော်ဘုရားလေး(ဦး) အောင်ဇေ၊ ဗုဒ္ဓဘာသာနိုင်ငံတော်ဘာသာ ဖြစ်မြောက်ရေး အဖွဲ့ နာယက မြို့ တော်ဝန် ဝတ်လုံတော်ရ ဦးဘစိုး ပါလီမန်လွှတ်တော်အမတ် ဒေါ်ခင်လှ(စမ်းချောင်း) စသော ခေါင်းဆောင်များသည် ဗုဒ္ဓဘာသာ ကို နိုင်ငံတော်ဘာသာ အဖြစ် မြန်မာနိုင်ငံ၏ ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေတွင် အသိအမှတ်ပြု ပြဌာန်းရေးကြိုးပမ်းဆောင်ရွက်ခဲ့ကြသည်။

၁၉၆၀ ခုနှစ် နိုင်ငံတော်အစိုးရက ဖွဲ့စည်းတာဝန်အပ်နှင်းခဲ့သော ဗုဒ္ဓဘာသာ သာသနာကို နိုင်ငံတော်ဘာသာ၊ သာသနာအဖြစ် သတ်မှတ်ရေးဆိုင်ရာ အကြံပေးအဖွဲ့၏ အတွင်းရေးမှူး (၁) အဖြစ် ပြည်သူ့လွှတ်တော် ဆော်ဩရေးမှူးချုပ် နှင့် သာသနာရေး ဝန်ကြီးဌာန ပါလီမန်အတွင်းဝန် သီရိပျံချီ ဦးသန်းစိန် သည်အစီရင်ခံစာ အပြည့်အစုံ တင်ပြနိုင်သည်အထိ ဆောင်ရွက်ခဲ့သည်။ နွားသတ်ခြင်းကိုလည်း တရားဝင်ပိတ်ပင်ခဲ့သဖြင့် အမဲသားကို တိုးတိုးသား အ‌ဖြစ် ခေါ်ဝေါ်ရသည် အထိဖြစ်ခဲ့သည်။

၁၉၆၁ ခုနှစ် ဩဂုတ်လ (၁၇)ရက်တွင် ဝန်ကြီးချုပ် ဦးနုသည် ဗုဒ္ဓဘာသာ ကို နိုင်ငံတော်ဘာသာ အဖြစ် အသိအမှတ်ပြု ပြဋ္ဌာန်းရေး အက်ဥပဒေမူကြမ်း အဆိုတင်သွင်းခဲ့သည်။ အက်ဥပဒေနှင့် ဥပဒေ (Act and Law) ဥပဒေတရပ်ကို ပါလီမန်မှအတည်ပြုပြဌာန်းခြင်းဖြစ်ပါက အဆိုပါပြဌာန်းသည့်ဥပဒေကို အက်ဥပဒေ ဟုခေါ်ပြီး၊ ပါလီမန်စံနစ်ကို မကျင့်သုံးသော်လည်း၊ ပါလီမန်ကဲ့သို့အလားတူဖြစ်သည့် နိုင်ငံ၏အမြင့်ဆုံး ဥပဒေပြုအဖွဲ့က ပြဌာန်းသည့်ဥပဒေကို ဥပဒေ ဟုပင်ခေါ်ခြင်းဖြစ်ပေသည်၊ အက်ဥပဒေ နှင့်ဥပဒေတို့ကို ဥပဒေ ပြုပိုင်ခွင့်ရှိသည့် အမြင့်ဆုံးအဖွဲ့အစည်းမှ ပြဌာန်းခြင်းဖြစ်သည်။

အဆိုပါဥပဒေများသည် ပြဋ္ဌာန်းဥပဒေများဖြစ်ကြပြီး ၄င်းတို့ကို စတက်ကျု့ (Statute) ဥပဒေ၊ ကိုဓ ဥပဒေ (Code) လည်းခေါ်ဆိုပေသည်။ ၁၉၄၇ခုနှစ် ပြည်ထောင်စုမြန်မာနိုင်ငံ၏ ဖွဲ့စည်းအုပ်ချုပ် ပုံအခြေခံဥပဒေ၏ ပုဒ်မ ၆၅ တွင် ပြည်ထောင်စုနိုင်ငံ၏ ဥပဒေပြုမှုအာဏာသည် ပါလီမန်တွင်တည်ရှိရမည်။ ပါလီမန်တွင် နိုင်ငံတော် သမ္မတ ၊ ပြည်သူ့လွှတ်တော် Chamber of Deputies နှင့် လူမျိုးစုလွှတ်တော် Chamber of Nationalities တို့ပါဝင်ရမည်ဟုဖော်ပြထား ချက်အရ အမြင့်ဆုံးဥပဒေပြု အာဏာမှာ ပါလီမန်တွင်ရှိကြောင်းမြင်တွေ့ရသည်။

ထို့အတူ ၁၉၇၄ခုနှစ် ပြည် ထောင်စုဆိုရှယ်လစ် သမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၄၄ တွင် နိုင်ငံတော်၏ ဥပဒေပြုမှု အာဏာသည် ပြည်သူ့လွှတ်တော်၌သာတည်သည်ဟုပြဋ္ဌာန်းထားသည်ကိုတွေ့ရှိရမည်ဖြစ်ပေသည်။

ပြည်ထောင်စုမြန်မာနိုင်ငံ နိုင်ငံတော်ဝန်ကြီးချုပ် ဦးနု နှင့် နိုင်ငံတော် သမ္မတကြီး ဦးမန်းဝင်းမောင် ခေါင်းဆောင်သော မျိုးချစ်ပုဂ္ဂိုလ်ကြီးများ ၏ ကြိုးပမ်းမှုကြောင့် ၁၉၆၁ ခုနှစ် ဩဂုတ်လ (၂၆)ရက်တွင် ဗုဒ္ဓဘာသာ မှာ နိုင်ငံတော်ဘာသာ ဖြစ်လာခဲ့သည်။ ပါလီမန် က အတည်ပြု ပြဋ္ဌာန်းလိုက်ကြသည်။ ၁၉၆၁ ခုနှစ် ဩဂုတ်လ (၂၉) ရက်တွင် နိုင်ငံတော်အစိုးရ နှင့် ပါလီမန် သည် ဗုဒ္ဓဘာသာ ကို နိုင်ငံတော်ဘာသာအဖြစ် ကြေငြာခဲ့သည်။

ဦးနု သည် မြန်မာအမျိုးသားခေါင်းဆောင်နှင့် အမျိုးသားနိုင်ငံရေးသမား ဖြစ်သည်။ ဦးနုသည် မြန်မာနိုင်ငံ၏ ၁၉၄၇ ခုနှစ်ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေအရ နိုင်ငံ၏ ဝန်ကြီးချုပ်ရာထူးကို ၁၉၄၈ ခုနှစ် ဇန်နဝါရီလ ၄ ရက်မှ ၁၉၅၆ ခုနှစ် ဇွန် ၁၂ ရက်ထိ၊ တစ်ဖန် ၁၉၅၇ ခုနှစ် ဖေဖော်ဝါရီ ၂၈ မှ ၁၉၅၈ ခုနှစ် အောက်တိုဘာ ၁၈ ထိနှင့် နောက်ဆုံး ၁၉၆ဝ ပြည့်နှစ် ဧပြီ ၄ ရက်မှ ၁၉၆၂ ခုနှစ် မတ် ၂ ရက်ထိ ထမ်းဆောင်ခဲ့သူဖြစ်သည်။ သမ္မတကြီး ဦးမန်းဝင်းမောင် သည် ၁၉၅၇-ခုနှစ်၊ မတ်လ ၁၃-ရက် မှ ၁၉၆၂-ခုနှစ်၊ မတ်လ ၂-ရက်ထိ သမ္မတတာဝန် ထမ်းဆောင်ခဲ့သည်။

ဗြိတိသျှတို့ထံမှ လွတ်လပ်ရေးရယူရန် ရေးဆွဲခဲ့သည့် ၁၉၄၇ ဖွဲ့စည်းပုံအခြေခံဥပဒေသည် မြန်မာနိုင်ငံအတွက် ပထမဆုံး ဖွဲ့စည်းပုံအခြေခံဥပဒေဖြစ်ပြီး အိန္ဒိယနှင့် ဗြိတိသျှ တို့မှ ဖွဲ့စည်းပုံများကို အခြေခံကာ ရေးဆွဲခဲ့ခြင်းဖြစ်ကာ ပါလီမန်ဒီမိုကရေစီစနစ်ကို အခြေခံသည်။ မြန်မာနိုင်ငံ ဗုဒ္ဓဘာသာ သမိုင်း၊ မြန်မာ့သမိုင်း နှင့် မြန်မာ့နိုင်ငံရေးလောကတွင် ဝန်ကြီးချုပ်ဦးနု မှာ အလွန်ဩဇာကြီးမားသူဖြစ်သည်။






TAGS:
Myoma Myint Kywe, Myoma Myint Kywe articles 2014, Karate Myint, Buddhism, Buddha BC 623, Buddha articles 2014, Buddhism booksie, Booksie Myoma Myint Kywe,
မြို့ မ-မြင့်ကြွယ်
Metta 2014, About Metta 2014, Metta articles 2014, Metta Is Essential (Metta ist wichtig), มิวม่า มิตร จอย    เมตตา Burmese Buddhism 2014, Burmese Buddhism articles, Theravada Buddhism articles, Theravada Buddhism 2014, Theravada monks 2014, Metta in Theravada Buddhism, Buddha and Metta, Metta meditation 2014 article, What is metta in Buddhism, what is Buddhism 2014, Myint Kywe, Myint Buddhism, Myoma Myint Kywe 2014, Articles of Myoma Myint Kywe, Buddha was born in BC 623, Buddhist philosophy 2014, Buddhism logic,